သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတလောင်းနှစ်ဦး စကားစစ်ထိုးပွဲအတွက် ပြင်ဆင်


ဒီမိုကရက် ပါတီ သမ္မတလောင်း Hillary Clinton နဲ့ ရီပတ်ပလီကန် သမ္မတလောင်း Donald Trump တို့ တနင်္ဂနွေနေ့ည ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွင့်မယ့် ဒုတိယအကြိမ် စကားစစ်ထိုးပွဲ ကျင်းပမယ်။
ဒီမိုကရက် ပါတီ သမ္မတလောင်း Hillary Clinton နဲ့ ရီပတ်ပလီကန် သမ္မတလောင်း Donald Trump တို့ တနင်္ဂနွေနေ့ည ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွင့်မယ့် ဒုတိယအကြိမ် စကားစစ်ထိုးပွဲ ကျင်းပမယ်။

ဒီမိုကရက် ပါတီ သမ္မတလောင်း Hillary Clinton နဲ့ ရီပတ်ပလီကန် သမ္မတလောင်း Donald Trump တို့ ဒီကနေ့ တနင်္ဂနွေနေ့ည ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွင့်မယ့် ဒုတိယ အကြိမ် စကားစစ်ထိုးပွဲမှာ မျက်နှာချင်းဆိုင် တွေ့ဆုံကြ မှာ ဖြစ်ပါတယ်။ မစ္စစ် ကလင်တန် အနိုင်ရတယ်လို့ အများက ရှုမြင်ခဲ့ကြတဲ့ ပြီးခဲ့တဲ့ ပထမအကြိမ် စကားစစ်ထိုးပွဲအပြီးမှာတော့ မစ္စတာ ထရမ့် အနေနဲ့ ပြည်ထောင်စု အစိုးရကို ပေးဆောင်ရမယ့် အခွန်ငွေတွေ နှစ်ပေါင်းများစွာ မပေးခဲ့ဘူးလို့ ရှုမြင်ခံရတဲ့ အနေအထား အပါအဝင် မဲဆန္ဒရှင်တွေရဲ့ စိုးရိမ်ချက် အတော်များများ ကို ဖြေရှင်းနေရတာပါ။

ဒါပေမယ့်လည်း လွန်ခဲ့တဲ့ ၁၁ နှစ်တုန်းက အမျိုးသမီးတွေ အပေါ် ညစ်ညမ်း ရိုင်းပြစွာ ပြောဆိုထားတဲ့ မစ္စတာ ထရမ့်ရဲ့ အသံသွင်း ဗွီဒီယိုတိပ် တခု သောကြာနေ့က ထွက်ပေါ်လာပြီး နောက်မှာတော့ အရင်က လူထု စိတ်ဝင်စားတဲ့ အကြောင်းအရာတွေ ဘေးရောက်သွားခဲ့ပါတယ်။

မစ္စစ် ကလင်တန် အနေနဲ့ကတော့ ဝီကီလိခ်က ဖွင့်ချလိုက်တဲ့ Wall Street နဲ့ သူမကြားက ပတ်သက်ဆက်နွယ်မှု၊ ကုန်သွယ်ရေး အပါအဝင် ရှေ့မျိုး နောက်တမျိုး ပြောဆိုထားတဲ့ ကိစ္စရပ် အများအပြားနဲ့ ပတ်သက်ပြီး ဖြေရှင်းရမယ့် အနေအထား ရှိပါတယ်။ လူထု သဘောထား စစ်တမ်းတွေမှာတော့ မစ္စစ် ကလင်တန် အပေါ် ယုံကြည်စိတ်ချရမှုကို မေးခွန်းထုတ်ကြတဲ့ အမေရိကန် အရေအတွက်က မနည်းလှပါဘူး။

ဒီသဘောထား စစ်တမ်းတွေကလည်း ပြီးခဲ့တဲ့ သောကြာနေ့ ဝီကီလိခ်ကနေ အချက်အလက်တွေ မဖွင့်ချခင်က ကောက်ယူထားတာ ဖြစ်ပါတယ်။ သမ္မတ ရာထူးနဲ့ မတိုက်တန်ဘူးလို့ ပြိုင်ဘက်က ပေါ်တင် ပြောဆိုခံထားရတဲ့ ဟီလာရီ ကလင်တန် အနေနဲ့ သမ္မတ ရာထူးနဲ့ ထိုက်တန်ကြောင်း ပြသရမယ့် အခွင့်အလမ်း တခုကိုလည်း ဒီကနေ့ တနင်္ဂနွေနေ့ စကားစစ်ထိုးပွဲမှာ ရရှိမှာ ဖြစ်ပါတယ်။

Missouri ပြည်နယ် St. Louis မှာ ဒီကနေ့ တနင်္ဂနွေနေ့ စကားစစ်ထိုးပွဲမှာတော့ ဟီလာရီ ကလင်တန် အနေနဲ့ ဒေါ်နယ် ထရမ့်ရဲ့ ညစ်ညမ်း ရိုင်းပြတဲ့ ပြောဆိုချက်တွေနဲ့ သူ့ရဲ့ ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်ချက်တွေကို ဘယ်လို အစဆွဲထုတ်နိုင်မလဲ ဆိုတာကို အားလုံးက စောင့်ကြည့်ကြမှာ ဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့် အနေနဲ့ကတော့ သမ္မတ ရာထူးတာဝန်ကို ထမ်းဆောင်နိုင်မယ့် အစွမ်းအစ၊ နောက် စိတ်နေသဘောထားနဲ့ အပြုအမူတွေအပေါ် သူ့ပါတီရဲ့ စိုးရိမ်ချက်တွေကို ချေဖျက်နိုင်မယ့် အခွင့်အလမ်းကို ဒီကနေ့ စကားစစ်ထိုးပွဲမှာ ရရှိမှာ ဖြစ်ပါတယ်။ အမေရိကန် အဓိက ပါတီကြီး ၂ ခုတို့က သမ္မလောင်းတွေရဲ့ တတိယ အကြိမ် စကားစစ်ထိုးပွဲကိုတော့ လာမယ့် အောက်တိုဘာလ ၁၉ ရက်နေ့ နီဗားဒါး ပြည်နယ် Las Vegas မြို့မှာ ကျင်းပဖို့စီစဉ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG