သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုကိုးကျွန်းကို တရုတ်ထောက်လှမ်းရေးအတွက် သုံးမှာ အိန္ဒိယစိုးရိမ်


ကိုကိုးကျွန်း
ကိုကိုးကျွန်း

{{Zawgyi/Unicode}}

ဘင်္ဂလားပင်လယ်အော်ထဲက ကပ္ပလီနဲ့ နီကိုဘာကျွန်းတွေအနီးမှာရှိတဲ့ ကိုးကိုးကျွန်းမှာ မြန်မာစစ်တပ်က ဆောက်လုပ်ရေးလုပ်ငန်းတွေ အကြီးအကျယ် လုပ်ကိုင်နေတာတွေ့ရပြီး ဒါဟာ တရုတ်နိုင်ငံက ထောက်လှမ်းရေးအတွက် အသုံးပြုမယ့် ဆက်သွယ်ရေးအဆောက်အအုံတွေဖြစ်မယ်လို့ သံသယရှိကြောင်း အကဲခတ်တွေရဲ့ပြောကြားချက်တွေကို အိန္ဒိယကလာတဲ့သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့လထဲမှာ လေယာဉ်ပြေးလမ်းတိုးချဲ့တာအပြင် လေယာဉ်သိမ်းဆည်းနိုင်တဲ့ သိုလှောင်ရုံတွေ၊ ရေဒါဆက်သွယ်ရေးစနစ်တွေ တည်ဆောက်နေတာတွေရတယ်လို့ Times of India သတင်းမှာ ဖေါ်ပြထားတာပါ။

ကပ္ပလီနဲ့နီကိုဘာကျွန်းတွေဟာ အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းက ကီလိုမီတာ ၁,၂၀၀ ဝေးတဲ့နေရာမှာရှိပြီး ကိုကိုးကျွန်းကတော့ အိန္ဒိယမြောက်ဘက် ကမ်းခြေ မဟာ‌ဗျူဟာ‌မြောက်နယ်မြေကနေ ၄၅ ကီလိုမီတာလောက်ပဲ အတည့် အကွာအဝေးမှာတည်ရှိတာပါ။

ကိုးကိုးကျွန်းကို တရုတ်စစ်တပ်က စောင့်ကြည့်ရေးဌာနအဖြစ်အသုံးချနေတဲ့အကြောင်း သတင်းတွေထွက်နေတာကြာပြီဖြစ်ပေမဲ့ အတည်ပြချက်တော့ မရခဲ့ပါဘူး။

Maxar နည်းပညာကုမ္ပဏီက နောက်ဆုံးရရှိတဲ့ဆက်သွယ်ရေး ဂြိုဟ်တုကတဆင့် ပုံတွေမှာတော့ ဆောက်လုပ်ရေးလုပ်ဆောင်မှုအသစ်တွေအပြင် မီတာ ၂,၃၀၀ ရှည် လေယာဉ်ပြေးလမ်း ဖေါက်လုပ်နေတာတွေကို တွေ့ရပါတယ်။

ဒီအဆောက်အဦးတွေ ဆောက်လုပ်တာ နောက်မှာ တရုတ်နိုင်ငံပါဝင်နေမယ်ဆိုရင် အိန္ဒိယနိုင်ငံအတွက်လည်း စိုးရိမ်စရာ ဖြစ်မယ်လို့ အိန္ဒိယအရာရှိတဦးရဲ့ ပြောကြားချက်ကို The Times of India သတင်းစာမှာ ရေးသားထားပါတယ်။
===========

{{Unicode}}









XS
SM
MD
LG