သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအကျပ်အတည်း ဒေသတွင်းစိန်ခေါ်မှုအကြီးဆုံးတခုလို့ မလေးသံအမတ်ပြောဆို


ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေး (၂၀၂၃)
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေး (၂၀၂၃)

နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိုထိန်းသိမ်းရေးဟာ ကုလသမဂ္ဂနဲ့ ဒေသတွင်းအဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေးနဲ့ ခွဲခြားလို့ မရနိုင်ဘဲ မြန်မာ့အကျပ်အတည်းဖြေရှင်းရေးအတွက် ဆက်လက်လုပ်ဆောင်မယ်လို့ မလေးရှားက ပြောလိုက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ အောက်တိုဘာ ၂၀ က “တွေ့ဆုံဆွေးနွေးရေးကတဆင့် ငြိမ်းချမ်းရေး” လို့ ခေါင်းစဥ်ပေးထားတဲ့ ပွင့်ပွင့်လင်းလင်း စကားအချေအတင်ပွဲလုပ်ခဲ့ရာမှာ အီရန်နိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး ခိုင်ရီ အိုမာ (Khairi Omar) က ပြောခဲ့တာလို့ ဘာနားမားသတင်းဌာနက ဆိုပါတယ်။ ကုလသမဂ္ဂနဲ့ အခြားအဖွဲ့အစည်းတွေ အထူးသဖြင့် ကုလသမဂ္ဂနဲ့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) တို့ရဲ့ ပူးပေါင်းဆောင်ရွက်ရေးကိုလည်း သံအမတ်ကြီးက ကြိုဆိုလိုက်ပါတယ်။

ဒေသတွင်းရင်ဆိုင်နေရတဲ့ပြဿနာတွေထဲမှာ မြန်မာဟာ စိန်အခေါ်ဆုံးကိစ္စတွေထဲက တခုဖြစ်တယ်လို့ သူကဆိုပါတယ်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ချမှတ်ခဲ့တဲ့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ကို မလေးရှားက ကြိုဆိုကြောင်း ထပ်မံအတည်ပြုပြောကြားလိုက်ပါတယ်။ မြန်မာ့နိုင်ငံရေးအကြပ်အတည်းကို ရေရှည်တည်တံ့ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းနိုင်ဖို့ အားထုတ်ကြရာမှာ လုံခြုံရေးကောင်စီ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ နီးနီးကပ်ကပ်၊ အပြုသဘော ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

သဘောတူမျှချက်ငါးရပ်ကို အပြည့်အဝ ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ လိုအပ်တယ်လို့လည်း မလေးရှားသံအမတ်ကြီးက အလေးအနက် ပြောသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG