သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှု ရှိ၊ မရှိ ထိုင်းအနိုင်ရပါတီခေါင်းဆောင်ကို ကော်မရှင်စစ်ဆေးမည်


ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင် ဖီထာ လဲမ်ဂျာရိုရတ်
ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင် ဖီထာ လဲမ်ဂျာရိုရတ်

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်သစ်ဖြစ်လာဖို့ ရှေ့တန်းနေရာမှာရှိနေတဲ့ Pita Limjareonrat ကို ပြီးခဲ့တဲ့လက ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ သတ်မှတ်ချက်နဲ့ ကိုက်ညီမှုရှိခဲ့ရဲ့လား ဆိုတာကို စုံစမ်းစစ်ဆေးမယ့်အကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြောလိုက်ပါတယ်။ ဒါဟာဆိုရင် စစ်တပ်ထောက်ခံတဲ့ အာဏာရပါတီကို သူဦးဆောင်တဲ့ပါတီ အနိုင်ရခဲ့ပြီးနောက် ဝန်ကြီးချုပ်တာဝန်ယူနိုင်ဖို့ ကြိုးစားနေရတဲ့ Pita အတွက် နောက်ထပ်ကြုံရတဲ့ အခက်အခဲတခုလည်း ဖြစ်လာပါတယ်။

အသက် ၄၂ နှစ်အရွယ် Move Forward ပါတီရဲ့ ခေါင်းဆောင် Pita ဟာ သူ့ရဲ့ ပြိုင်ဘက်တွေဆီက တိုင်တန်းမှုများစွာကိုလည်း ရင်ဆိုင်နေရပါသေးတယ်။ တိုင်တန်းမှု ၃ ခုကိုတော့ အချိန်မီတင်ပြဖို့ ပျက်ကွက်တယ်ဆိုပြီး ကော်မရှင်က ပယ်ချခဲ့သလို၊ နောက်ထပ် ၄ မှုကိုလည်း လက်မခံခဲ့ပါဘူး။

ဒါပေမဲ့လည်း မီဒီယာလုပ်ငန်းတခုမှာ အစုရှယ်ယာတွေ ပိုင်ဆိုင်ထားတဲ့အတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် မှတ်ပုံတင်တာဟာ ရွေးကောက်ပွဲ စည်းမျဉ်းတွေကို ချိုးဖောက်ရာ ရောက်၊ မရောက် စုံစမ်းမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ Ittiporn Boonprakong ကို ကိုးကားပြီး Reuters သတင်းက ဖော်ပြခဲ့တာပါ။

Pita ဖက်ကတော့ ITV မီဒီယာ ကုမ္ပဏီရဲ့ အစုရှယ်ယာတွေကို လွှဲပြောင်းပေးထားကြောင်းနဲ့ ကုမ္ပဏီဟာလည်း လက်ရှိလုပ်ငန်းတွေ လုပ်ကိုင်နေတာ မရှိကြောင်း တုံ့ပြန်ထားပါတယ်။ ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်တယ်လို့ ဆုံးဖြတ်ခဲ့မယ် ဆိုရင်တော့ ကိုယ်စားလှယ်အဖြစ်က ပယ်ဖျက်ခံရမှာဖြစ်သလို၊ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ၁၀ နှစ်ကနေ နှစ် ၂၀ အထိ နိုင်ငံရေးမှာ ပါဝင်ခွင့် တားမြစ်ခံရမှာ ဖြစ်ပါတယ်။

ပါတီငယ် ၆ နဲ့ မဟာမိတ်ဖွဲ့ထားပြီး အစိုးရအဖွဲ့ကို ဝန်ကြီးချုပ်အဖြစ် ဦးဆောင်ဖို့ ကြိုးပမ်းနေတဲ့ Pita ဟာ စစ်တပ်ခန့် အထက်လွှတ်တော်က ဆန့်ကျင်မှုတွေနဲ့ ရင်ဆိုင်ရမယ့် အလားအလာ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG