သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် တိုက်ပွဲတွေကြား ရိုဟင်ဂျာတွေ ကြားညပ်မယ့်အရေး စိုးရိမ်မှုတွေထွက်ပေါ်


ယခင်မှတ်တမ်းရုပ်ပုံ | စစ်ဘေးရှောင်မွတ်ဆလင်များကို AA ကကြိုဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့်မှတ်တမ်းဓာတ်ပုံ (မေ ၁၃၊ ၂၀၂၄)
ယခင်မှတ်တမ်းရုပ်ပုံ | စစ်ဘေးရှောင်မွတ်ဆလင်များကို AA ကကြိုဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့်မှတ်တမ်းဓာတ်ပုံ (မေ ၁၃၊ ၂၀၂၄)

မြန်မာနိုင်ငံအနောက်ဖက်ခြမ်း ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြား ရိုဟင်ဂျာတွေ ကြားညပ်မယ့်အရေး စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။ ရခိုင်တိုင်းရင်းသား လက်နက်ကိုင် အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မောင်တောမှာ နေထိုင်ကြတဲ့ ထောင်သောင်းချီတဲ့ ရိုဟင်ဂျာတွေ စစ်ပွဲတွေကြား ပိတ်မိမှာကို စိုးရိမ်နေကြတာပါ။ AA အဖွဲ့ကတော့ မောင်တောမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းတွေကို ထိန်းချုပ်ဖို့ ပြင်ဆင်နေပြီး ဒေသခံတွေ မနေ့ညက နောက်ဆုံးထား ထွက်ခွာကြဖို့ သတိပေးထားပါတယ်။

AA ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေမှာ အတူပူးတွဲနေထိုင်တာမျိုး မလုပ်ဖို့ကိုလည်း သတိပေးထားပါတယ်။ မောင်တောမြို့က အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီက လတ်တလော သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး
ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေး ဒုဝန်ကြီးဖြစ်တဲ့ ဦးအောင်ကျော်မိုးကတော တိုက်ပွဲတွေကြားမှာ ပိတ်မိနေတဲ့ ရိုဟင်ဂျာလူဦးရေဟာ ၇ သောင်းလောက်ရှိနေပြီး၊ ပြေးစရာမြေ မရှိဘူးလို့လည်း ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကတော့ ရိုဟင်ဂျာတွေ နယ်စပ်ဖြတ်ကျော် တိမ်းရှောင်တာမျိုး ခွင့်ပြုမှာ မဟုတ်ကြောင်း ပြောဆိုထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ မေလအတွင်းက ထုတ်ပြန်တဲ့ အစီရင်ခံစာ မှာတော့ စစ်ကောင်စီဘက်ကရော AA ဘက်ကပါ ရိုဟင်ဂျာအရပ်သားတွေကို လုံလောက်တဲ့ ကြိုတင် ကာကွယ်မှုတွေလုပ်ဖို့ ပျက်ကွက်ခဲ့ကြတယ်လို့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG