သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Titan ပေါ် ပါသွားသူတွေအတွက် ဝမ်းနည်းစကားဆိုနေကြ 

Titanic သင်္ဘောပျက်ရှိရာ မြောက်အတ္တလန္တိတ်သမုဒ္ဒရာ ရေအောက်ကို Titan ရေငုပ်သင်္ဘောယာဉ်ငယ်နဲ့ စူးစမ်းလေ့လာရေးခရီးသွားရင်း အသက်သေဆုံးခဲ့ရသူများ
Titanic သင်္ဘောပျက်ရှိရာ မြောက်အတ္တလန္တိတ်သမုဒ္ဒရာ ရေအောက်ကို Titan ရေငုပ်သင်္ဘောယာဉ်ငယ်နဲ့ စူးစမ်းလေ့လာရေးခရီးသွားရင်း အသက်သေဆုံးခဲ့ရသူများ

Titanic သင်္ဘောပျက်ရှိရာ မြောက်အတ္တလန္တိတ်သမုဒ္ဒရာ ရေအောက်ကို ရေငုပ်သင်္ဘောယာဉ်ငယ်နဲ့ စူးစမ်းလေ့လာရေးခရီးသွားရင်း ပေါက်ကွဲသေဆုံးသွားသူတွေရဲ့ ကျန်ရစ်သူ မိသားစုတွေ မိတ်ဆွေတွေ ဝမ်းနည်းစကားဆိုနေကြပါတယ်။ Titan ရေငုပ်ယာဉ်ငယ်ပေါ်ပါသွားတဲ့ ပါကစ္စတန်နွယ်ဖွား ဗြိတိန်နိုင်ငံသား သားအဖဖြစ်တဲ့ အသက် ၄၈ နှစ်အရွယ် ဘီလျံနာသူဌေး Shahzada Dawood နဲ့ ၁၉ နှစ်အရွယ် Suleman Dawood တို့ကို ဆုံးရှုံးလိုက်ရတာဟာ သိပ်ကိုဝမ်းနည်းကြေကွဲစရာဖြစ်တယ်လို့ ထုတ်ပြန်ပြီး သူတို့အပေါ်ပို့သတဲ့ မေတ္တာနဲ့ ထောက်ပံ့မှုတွေက အခုလို ခက်ခဲတဲ့အချိန်မှာ အားဖြစ်စေတယ်လို့ ပြောကြားပါတယ်။

ဗြိတိန်ဘီလျံနာတဦးလည်းဖြစ် စူးစမ်းလေ့လာသူတဦးလည်းဖြစ်တဲ့ အသက် ၅၈ နှစ်အရွယ် Hamish Harding ရဲ့ မိသားစုကလည်း သူဟာ ဘယ်လိုနေရာ အနေအထားမှာပဲဖြစ်ဖြစ် လေ့လာစူးစမ်းဖို့ စိတ်ရောကိုယ်ပါ ဝါသနာပါသူဖြစ်တယ်လို့ ကြေညာချက်ထုတ်ပြန်ပါတယ်။ သူ့ရဲ့ ဘဝမှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေဟာ သိပ်ကိုထူးခြားလှသလို သူမြတ်နိုးတဲ့ စူးစမ်းမှုလုပ်ရင်း စိတ်မကောင်းစရာ ကွယ်လွန်သွားရတဲ့အတွက် မိသားစုအနေနဲ့ စိတ်ဖြေစရာတခုဖြစ်ပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အသက် ၇၇ နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့ ပြင်သစ်လူမျိုး အဏ္ဏဝါဗေဒပညာရှင် Paul-Henri Nargeolet ကို ဆုံးရှုံးလိုက်ရတဲ့အတွက် ကြီးမားတဲ့ဆုံးရှုံးမှုကြီး ဖြစ်တယ်လို့ ပင်လယ်သမုဒ္ဒရာလေ့လာရေးနဲ့ အဏ္ဏဝါဗေဒပညာရှင် အသိုင်းအဝိုင်းက ဝမ်းနည်းစကား ပြောကြားနေကြပါတယ်။ ပေါက်ကွဲပျက်စီးသွားတဲ့ Titan ရေငုပ်ယာဉ်ငယ်ကို လည်ပါတ်တဲ့ OceanGate ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Stockton Rush လည်း သေဆုံးသွားသူတွေထဲမှာ ပါပါတယ်။ ရေငုပ်ယာဉ်ငယ်ပေါ် ပါသွားသူအားလုံးဟာ စွန့်စွန့်စားစား စူးစမ်းလေ့လာချင်စိတ် ပြင်းပြကြသူတွေဖြစ်တယ်လို့ OceanGate ကုမ္ပဏီက ထုတ်ပြန်ပါတယ်။ ကမ္ဘာ့သမုဒ္ဒရာတွေကို ကာကွယ်စောင့်ရှောက်ကြသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပေါက်ကွဲသွားတဲ့ Titan ရေငုပ် သင်္ဘောယာဉ်ငယ်ထဲမှာ အသက်ဆုံးရှုံးသွားသူတွေရဲ့ မိသားစုတွေ၊ ချင်ခင်သူတွေအတွက် ဝမ်းနည်း စိတ်မကောင်းကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။ ရေငုပ်ယာဉ်ငယ်ကို ဝိုင်းဝန်းရှာဖွေပေးခဲ့ကြတဲ့ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်နဲ့ ပြင်သစ် ကမ်းရိုးတမ်းစောင့် တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ကြောင်း အိမ်ဖြူတော် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ထိခိုက်သေဆုံးသွားတဲ့ ဗြိတိန်နိုင်ငံသား မိသားစုတွေအတွက် လိုအပ်တဲ့ ပံ့ပိုးမှုတွေ ပေးနေတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးကလည်း ပြောကြားခဲ့ပါတယ်။

Titan ပေါ် ပါသွားသူတွေအတွက် ဝမ်းနည်းစကားဆိုနေကြ
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG