သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Titan ရေငုပ်ယာဉ်ငယ် ပေါက်ကွဲပြီး ငါးဦးလုံးသေဆုံးဟု ကန် ကမ်းရိုးတန်းစောင့်တပ် ထုတ်ပြန်


မြောက်အတ္တလန္တိတ်သမုဒ္ဒရာတွင်း တိုက်တန်းနစ် သင်္ဘောပျက်ခဲ့တဲ့နေရာကို လေ့လာရေးခရီးထွက်ရင်း တနင်္ဂနွေနေ့က ပျောက်ဆုံးသွားတဲ့ တိုင်တန် (Titan) ခရီးသွား ရေငုပ်ယာဉ်ငယ်ဟာ တိုက်တန်းနစ် သင်္ဘောပျက်အနီးမှာပဲ ပေါက်ကွဲပြီး ယာဉ်ပေါ်ပါတဲ့ လူငါးဦးလုံး သေဆုံးသွားကြပြီလို့ အမေရိကန် ကမ်းရိုးတန်းစောင့်တပ်က ကြေညာပါတယ်။

သေဆုံးသူတွေရဲ့ မိသားစုတွေကို အကြောင်းကြားခဲ့ပြီးပြီလို့လည်း ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ကမ်းရိုးတန်းစောင့်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။ တွေ့ရှိရတဲ့ ယာဉ်ငယ်အပိုင်းအစတွေကို ကြည့်ခြင်းအားဖြင့် ယာဉ်ငယ်ဟာ ပေါက်ကွဲပျက်စီးသွားပြီလို့ အမေရိကန် ကမ်းရိုးတန်းစောင့်တပ်က ရေတပ်ဗိုလ်ချုပ်ကြီး John Mauger က ပြောပါတယ်။

ဒီခရီးစဉ်စီစဉ်တဲ့ ကုမ္ပဏီကလည်း ပျောက်ဆုံးသွားတဲ့တိုင်တန် (Titan) ခရီးသွား ရေငုပ်ယာဉ်ငယ်ပေါ် ပါသွားတဲ့ ခရီးသည်လေးဦးနဲ့ မောင်းနှင်သူတဦး စုစုပေါင်းငါးဦးလုံး သေဆုံးသွားပြီလို့ ယူဆရတဲ့အကြောင်း ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ ယာဉ်ငယ်ရဲ့ မာလိန်မှူး Stockton Rush နဲ့အတူ ခရီးသည်တွေဖြစ်တဲ့ Shahzada Dawood နဲ့ သားဖြစ်သူ Suleman Dawood ၊ Hamish Harding နဲ့ Paul-Henri Nargeolet တို့ ကြေကွဲစရာ ပျောက်ဆုံးသွားကြပြီလို့ OceanGate Expedition ကုမ္ပဏီက ကြာသပတေးနေ့မှာပဲ ထုတ်ပြန်လိုက်ပါတယ်။

တိုင်တန် ယာဉ်ငယ်ပေါ်မှာ ပါတဲ့ ၉၆ နာရီကြာခံမယ့် အောက်ဆီဂျင်ဓါတ်ငွေ့ဟာ ကြာသပတေးနေ့ အစောပိုင်းမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ OceanGate ကုမ္ပဏီဟာ တိုက်တန်းနစ်သင်္ဘောပျက်နဲ့ ရေအောက်ဂေဟစနစ်တွေကို လေ့လာရေးခရီးစဉ်အဖြစ် ၂၀၂၁ ခုနှစ်ကတည်းက စတင် ပြေးဆွဲနေခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG