သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သီေပါမွာ Coronavirus သံသယရွိသူတဦးေတြ႔


(မွတ္တမ္းဓာတ္ပံု)

(Zawgyi/Unicode)

ရွမ္းျပည္နယ္ သီေပါၿမိဳ႕နယ္မွာ တ႐ုတ္ႏိုင္ငံက ျပန္လာတဲ့ လူငယ္တဦး ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ရွိ၊ မရွိ ဓာတ္ခြဲ စစ္ေဆးေနစဥ္ အတြင္း သီေပါေဆး႐ုံ သီးသန႔္ခန္းမွာ ေစာင့္ၾကည့္ေနပါတယ္။ ဒီမက်န္းမာတဲ့ လူငယ္ကို ေဆး႐ုံမွာ သီးသန႔္ခြဲျခား ေစာင့္ၾကည့္မႈ အပါအဝင္ သူ႔ရဲ႕ ေနအိမ္၊ သူနဲ႔ ထိေတြ႕ခဲ့သူေတြကိုပါ သီးျခား ခြဲျခား ေစာင့္ၾကည့္ေနေပမယ့္ ျပည္သူေတြ အစိုးရိမ္ မလြန္ၾကဖို႔လည္း သီေပါေဆး႐ုံအုပ္က တိုက္တြန္းပါတယ္။ သီေပါေဆး႐ုံအုပ္ ေဒါက္တာ နႏၵဝင္းကို ဆက္သြယ္ေမးျမန္းတာမွာ သူက အခုလို စေျပာပါတယ္။

ေဒါက္တာ နႏၵဝင္း။ ။ သူက တ႐ုတ္ျပည္နယ္ ကြမ္က်ိဳး ၿမိဳ႕မွာ သြားေနပါတယ္။ အဲဒီမွာ သြား အလုပ္လုပ္ၿပီး ျပန္လာၿပီး ေခ်ာင္းဆိုးတယ္၊ ၿပီးေတာ့ ကိုယ္လည္း ပူတယ္ ေနာက္ၿပီး အသက္ရႈၾကပ္တယ္ ဆိုတဲ့ အတြက္ေၾကာင့္ က်ေနာ္တို႔က သူ႔ကို လုပ္ထုံး လုပ္နည္းနဲ႔ အညီ ေဆး႐ုံရဲ႕ သီးျခားေဆာင္ Isolation Ward မွာ အခု ေခၚထားၿပီးေတာ့ ဆက္လက္ က်န္းမာေရး စစ္ေဆးၿပီးေတာ့ က်န္းမာေရး ေစာင့္ေရွာက္ေပးလ်က္ ရွိပါတယ္။

လတ္တေလာ အားျဖင့္ေတာ့ က်ေနာ္တို႔က သူ႔ရဲ႕ လည္ပင္းနဲ႔ ႏွာေခါင္း တို႔ဖတ္ကေတာ့ က်ေနာ္တို႔က ရန္ကုန္ကို ပိုၿပီးေတာ့ ဒီကေန႔ ညေနမွာ က်ေနာ္တို႔ ပို႔ရပါတယ္။ ဒီေန႔ မနက္ ေဆး႐ုံတက္တဲ့ အတြက္ေၾကာင့္။ သူ႔ကို ဓာတ္မွန္ ႐ိုက္ၾကည့္တဲ့ အခ်က္အလက္ အရ ညာဘက္ အဆုတ္က ပ်က္စီးတဲ့ အေနအထားကို ေတြ႕ပါတယ္။ဘယ္ဘက္ အဆုတ္ကေတာ့ ေကာင္းပါတယ္။ ​


ေဒါက္တာ နႏၵဝင္း။ ။ က်ေနာ္တို႔ ဒီၿမိဳ႕မွာ Social Surveillance ေပါ့ေနာ္။ Community Surveillance အေနနဲ႔ တပ္လွန႔္ထားပါတယ္။ က်ေနာ္တို႔ ဒီမွာ ရွိတဲ့ ဆိုင္ကယ္ ကယ္ရီသမားေတြ ကားသမားေတြ ၂၄ နာရီ အၿမဲရွိတဲ့ သူေတြကေန ၿပီးေတာ့ တခုခု သံသယ ျဖစ္ဖြယ္ အေနအထား ေတြ႕လို႔ ရွိရင္ က်ေနာ္တို႔ဆီ အေၾကာင္းၾကားဖို႔ အတြက္ကို က်ေနာ္တို႔က အားလုံးကို တပ္လွန႔္ထားပါတယ္ ခင္ဗ်။

သိဂၤ ီထိုက္ ။ ။ ဟုတ္ကဲ့ရွင့္။ ဆရာတို႔ သူ႔အိမ္ကိုလည္း Quarantine (သီးျခားခြဲျခားေစာင့္ၾကည့္)လုပ္ထားတယ္လို႔ ဓာတ္ပုံေတြမွာ ေတြ႕ရပါတယ္။ သူ႔အိမ္ကို လုပ္ထားပါသလား ဆရာ။

အဲေတာ့ မေန႔က သူက ေရာက္လာၿပီးေတာ့မွ လမ္းဆုံက သူ ငွားစီးတဲ့ ဆိုင္ကယ္ တကၠဆီ ကေလးက ေနၿပီးမွ သူသည္ ေခ်ာင္းဆိုးတယ္၊ ဖ်ားတယ္၊ တ႐ုတ္ျပည္က ျပန္လာတယ္ ေျပာတယ္ဆိုၿပီး သူ႔အိမ္ကို လိုက္ပို႔ရင္းနဲ႔ က်ေနာ္တို႔ ဆီကိုလည္း အေၾကာင္းၾကားပါတယ္။

အဲေတာ့ ေလာေလာဆယ္ အေျဖေတြ အားလုံး မသိခင္မွာေတာ့ သူ႔အိမ္ရယ္ ၊ ေနာက္ ခုနတုန္းက သူ႔ကို သယ္ေပးတဲ့ ဆိုင္ကယ္ ကယ္ရီ ေကာင္ေလးရဲ႕ အိမ္ရယ္ အဲဒီ ၂ အိမ္ကိုေတာ့ က်ေနာ္တို႔က Home Quarantine အျဖစ္နဲ႔ ေစာင့္ေရွာက္ၿပီးေတာ့ အဲဒီလူေတြကို က်ေနာ္တို႔က သူတို႔အတြက္ ၃/ ၄/ ၅ ရက္စာ ဆန္၊ ဆီ၊ ဆား၊ င႐ုတ္၊ ၾကက္သြန္ အဲဒါေတာ့ က်ေနာ္တို႔ရဲ႕ အစိုးရ ဘတ္ဂ်က္နဲ႔ မဟုတ္ပါဘူး။ က်ေနာ္တို႔ ေဆး႐ုံ သီေပါ က်န္းမာေရး အဖြဲ႕ရဲ႕ ရန္ပုံေငြ အေနနဲ႔ ထည့္ဝင္ လႉဒါန္းၿပီးေတာ့ သူတို႔အိမ္ေတြကို လတ္တေလာ အျပင္နဲ႔ အထဲ ဆက္သြယ္ခြင့္ကို ခနေလး Restriction (ကန႔္သတ္) Home Quarantine လုပ္ထားပါတယ္ ခင္ဗ်။

သိဂၤ ီထိုက္ ။ ။ ဆရာ သူ႔အေျခအေနကေရာ အခု ဘယ္လို ရွိပါလဲရွင့္။

ေဒါက္တာ နႏၵဝင္း။ ။ လက္ရွိ အေနအထား ကေတာ့ သူ႔ရဲ႕ ညာဘက္ အဆုတ္က ေကာင္းစြာ အလုပ္မလုပ္တဲ့ အတြက္ေၾကာင့္ သူက အသက္ ၂၀ အ႐ြယ္ သန္မာတဲ့ အ႐ြယ္မို႔သာ ခံႏိုင္တာပါ ခင္ဗ်။ ညာဘက္ အဆုတ္ကေတာ့ ေတာ္ေတာ္ကို က်ေနာ္တို႔ အခု ဓာတ္မွန္ ႐ိုက္ခ်က္ အရ ေတာ္ေတာ္ကို ပ်က္စီးေနတာ ေတြ႕ရပါတယ္။

သိဂၤ ီထိုက္ ။ ။ ဒီ COVID 19 နဲ႔ ပတ္သက္ၿပီး အကာအကြယ္ေပါ့ေနာ္ ေဆး႐ုံ ဝန္ထမ္းေတြ အတြက္ အကာအကြယ္ စနစ္တက် လုပ္ႏိုင္တဲ့ အေနအထားေရာ ရွိပါလားရွင့္။

ေဒါက္တာ နႏၵဝင္း။ ။ က်ေနာ္တို႔က ဒီျဖစ္စဥ္ မတိုင္ခင္မွာ က်ေနာ့္ ေဆး႐ုံမွာ ေလ့က်င့္မႈ ၃ ခါ တိတိ လုပ္ႏိုင္ခဲ့ပါတယ္။ နံပတ္ ၁ အစမ္း ေလ့က်င့္မႈကေတာ့ ဒီ ဝန္ထမ္းအားလုံး ပါဝင္ၿပီးေတာ့ လူနာ တေယာက္ ေရာက္လာရင္ လူနာ အတုနဲ႔ေပါ့ေနာ္။ ဘယ္လို ျပဳစုေဆာင္႐ြက္မယ္၊ ဘယ္လိုသြားမယ့္ လမ္းေၾကာင္းေတြ အတိုင္း လုပ္ပါတယ္။ က်င့္ထားၿပီးေတာ့ ဒီေန႔ မနက္လည္း လူနာကို မေခၚခင္မွာ ေနာက္ဆုံးပိတ္ အၿပီးသတ္ အစမ္းေလ့က်င့္ၿပီးေတာ့မွ လုပ္ပါတယ္။ လတ္တေလာ အားျဖင့္ေတာ့ လုံေလာက္တယ္လို႔ ေျပာရမွာပဲ ျဖစ္ပါတယ္ ခင္ဗ်။

သိဂၤ ီထိုက္ ။ ။ သူနဲ႔ အတူ ကားစီးလာတဲ့ သူေတြကိုေရာ သူ႔မွာ ဒီလို သံသယ ရွိသူ အျဖစ္ ေစာင့္ၾကည့္ ေနတယ္ဆိုၿပီးေတာ့ က်န္းမာေရး ဆိုင္ရာ သတိေပးခ်က္ ေပးႏိုင္တဲ့ အေနအထား ရွိပါလားရွင့္ ဆရာ။

ေဒါက္တာ နႏၵဝင္း။ ။ သူက ဘာကားနဲ႔ ျပန္လာလဲ ဆိုတာကို က်ေနာ္တို႔ ေမးလို႔ မရတဲ့ အေနအထား ျဖစ္ေနပါတယ္။ သူသည္ တ႐ုတ္ျပည္ကေန က်ေနာ္တို႔ဆီ ျပန္လာခ်ိန္မွာ တရားမဝင္ လမ္းေၾကာင္းနဲ႔ ျပန္လာတာ ျဖစ္ဖို႔ဘဲ မ်ားပါတယ္။ က်ေနာ္တို႔ ဒီၿမိဳ႕မွာသာ လမ္းဆုံ က်မွသာ ဆိုင္ကယ္ ကို ငွားတဲ့ အတြက္ေၾကာင့္ ဆိုင္ကယ္ ကယ္ရီက တဆင့္ သိရတာပါ။ သူ ဘယ္ကားနဲ႔ ဆင္းလာတယ္၊ ဘယ္ကားနဲ႔ စီးလာတယ္ဆိုတာ ေလာေလာဆယ္ သူကလည္း ေမာေနေသးတဲ့ အတြက္ေၾကာင့္ သူ႔ကိုေတာ့ ေနာက္ေန႔က်မွဘဲ ေမးလို႔ ရမယ့္ အေနအထားပါ။ အခုေတာ့ သူေျပာေတာ့လည္း သူ ကားႀကဳံစီးတယ္လိုလို ဘာကား စီးတယ္လိုလို ေသခ်ာ တိက်တဲ့ အေျဖမ်ိဳး က်ေနာ့္ဆီမွာ လတ္တေလာ မရေသးပါဘူး ခင္ဗ်ာ။

သိဂၤ ီထိုက္ ။ ။ သီေပါေဆး႐ုံအုပ္ႀကီး ေဒါက္တာ နႏၵဝင္း အထူးပဲ ေက်းဇူးတင္ပါတယ္။

ေဒါက္တာ နႏၵဝင္း။ ။ ဟုတ္ကဲ့ ခင္ဗ်ား။ က်ေနာ္တို႔လည္း ဗြီအိုေအကို ေက်းဇူးတင္ပါတယ္။

သီပေါမှာ Coronavirus သံသယရှိသူတဦးတွေ့
please wait

No media source currently available

0:00 0:04:28 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

သီပေါမှာ Coronavirus သံသယရှိသူတဦးတွေ့

ရှမ်းပြည်နယ် သီပေါမြို့နယ်မှာ တရုတ်နိုင်ငံက ပြန်လာတဲ့ လူငယ်တဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ရှိ၊ မရှိ ဓာတ်ခွဲ စစ်ဆေးနေစဉ် အတွင်း သီပေါဆေးရုံ သီးသန့်ခန်းမှာ စောင့်ကြည့်နေပါတယ်။ ဒီမကျန်းမာတဲ့ လူငယ်ကို ဆေးရုံမှာ သီးသန့်ခွဲခြား စောင့်ကြည့်မှု အပါအဝင် သူ့ရဲ့ နေအိမ်၊ သူနဲ့ ထိတွေ့ခဲ့သူတွေကိုပါ သီးခြား ခွဲခြား စောင့်ကြည့်နေပေမယ့် ပြည်သူတွေ အစိုးရိမ် မလွန်ကြဖို့လည်း သီပေါဆေးရုံအုပ်က တိုက်တွန်းပါတယ်။ သီပေါဆေးရုံအုပ် ဒေါက်တာ နန္ဒဝင်းကို ဆက်သွယ်မေးမြန်းတာမှာ သူက အခုလို စပြောပါတယ်။

ဒေါက်တာ နန္ဒဝင်း။ ။ သူက တရုတ်ပြည်နယ် ကွမ်ကျိုး မြို့မှာ သွားနေပါတယ်။ အဲဒီမှာ သွား အလုပ်လုပ်ပြီး ပြန်လာပြီး ချောင်းဆိုးတယ်၊ ပြီးတော့ ကိုယ်လည်း ပူတယ် နောက်ပြီး အသက်ရှုကြပ်တယ် ဆိုတဲ့ အတွက်ကြောင့် ကျနော်တို့က သူ့ကို လုပ်ထုံး လုပ်နည်းနဲ့ အညီ ဆေးရုံရဲ့ သီးခြားဆောင် Isolation Ward မှာ အခု ခေါ်ထားပြီးတော့ ဆက်လက် ကျန်းမာရေး စစ်ဆေးပြီးတော့ ကျန်းမာရေး စောင့်ရှောက်ပေးလျက် ရှိပါတယ်။

လတ်တလော အားဖြင့်တော့ ကျနော်တို့က သူ့ရဲ့ လည်ပင်းနဲ့ နှာခေါင်း တို့ဖတ်ကတော့ ကျနော်တို့က ရန်ကုန်ကို ပိုပြီးတော့ ဒီကနေ့ ညနေမှာ ကျနော်တို့ ပို့ရပါတယ်။ ဒီနေ့ မနက် ဆေးရုံတက်တဲ့ အတွက်ကြောင့်။ သူ့ကို ဓာတ်မှန် ရိုက်ကြည့်တဲ့ အချက်အလက် အရ ညာဘက် အဆုတ်က ပျက်စီးတဲ့ အနေအထားကို တွေ့ပါတယ်။ဘယ်ဘက် အဆုတ်ကတော့ ကောင်းပါတယ်။

သိင်္ဂ ီထိုက် ။ ။ ဟုတ်ကဲ့ရှင့်။ ဆရာတို့ သူ့အိမ်ကိုလည်း Quarantine (သီးခြားခွဲခြားစောင့်ကြည့်)လုပ်ထားတယ်လို့ ဓာတ်ပုံတွေမှာ တွေ့ရပါတယ်။ သူ့အိမ်ကို လုပ်ထားပါသလား ဆရာ။

ဒေါက်တာ နန္ဒဝင်း။ ။ ကျနော်တို့ ဒီမြို့မှာ Social Surveillance ပေါ့နော်။ Community Surveillance အနေနဲ့ တပ်လှန့်ထားပါတယ်။ ကျနော်တို့ ဒီမှာ ရှိတဲ့ ဆိုင်ကယ် ကယ်ရီသမားတွေ ကားသမားတွေ ၂၄ နာရီ အမြဲရှိတဲ့ သူတွေကနေ ပြီးတော့ တခုခု သံသယ ဖြစ်ဖွယ် အနေအထား တွေ့လို့ ရှိရင် ကျနော်တို့ဆီ အကြောင်းကြားဖို့ အတွက်ကို ကျနော်တို့က အားလုံးကို တပ်လှန့်ထားပါတယ် ခင်ဗျ။

အဲတော့ မနေ့က သူက ရောက်လာပြီးတော့မှ လမ်းဆုံက သူ ငှားစီးတဲ့ ဆိုင်ကယ် တက္ကဆီ ကလေးက နေပြီးမှ သူသည် ချောင်းဆိုးတယ်၊ ဖျားတယ်၊ တရုတ်ပြည်က ပြန်လာတယ် ပြောတယ်ဆိုပြီး သူ့အိမ်ကို လိုက်ပို့ရင်းနဲ့ ကျနော်တို့ ဆီကိုလည်း အကြောင်းကြားပါတယ်။

အဲတော့ လောလောဆယ် အဖြေတွေ အားလုံး မသိခင်မှာတော့ သူ့အိမ်ရယ် ၊ နောက် ခုနတုန်းက သူ့ကို သယ်ပေးတဲ့ ဆိုင်ကယ် ကယ်ရီ ကောင်လေးရဲ့ အိမ်ရယ် အဲဒီ ၂ အိမ်ကိုတော့ ကျနော်တို့က Home Quarantine အဖြစ်နဲ့ စောင့်ရှောက်ပြီးတော့ အဲဒီလူတွေကို ကျနော်တို့က သူတို့အတွက် ၃/ ၄/ ၅ ရက်စာ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် အဲဒါတော့ ကျနော်တို့ရဲ့ အစိုးရ ဘတ်ဂျက်နဲ့ မဟုတ်ပါဘူး။ ကျနော်တို့ ဆေးရုံ သီပေါ ကျန်းမာရေး အဖွဲ့ရဲ့ ရန်ပုံငွေ အနေနဲ့ ထည့်ဝင် လှူဒါန်းပြီးတော့ သူတို့အိမ်တွေကို လတ်တလော အပြင်နဲ့ အထဲ ဆက်သွယ်ခွင့်ကို ခနလေး Restriction (ကန့်သတ်) Home Quarantine လုပ်ထားပါတယ် ခင်ဗျ။

သိင်္ဂ ီထိုက် ။ ။ ဆရာ သူ့အခြေအနေကရော အခု ဘယ်လို ရှိပါလဲရှင့်။

ဒေါက်တာ နန္ဒဝင်း။ ။ လက်ရှိ အနေအထား ကတော့ သူ့ရဲ့ ညာဘက် အဆုတ်က ကောင်းစွာ အလုပ်မလုပ်တဲ့ အတွက်ကြောင့် သူက အသက် ၂၀ အရွယ် သန်မာတဲ့ အရွယ်မို့သာ ခံနိုင်တာပါ ခင်ဗျ။ ညာဘက် အဆုတ်ကတော့ တော်တော်ကို ကျနော်တို့ အခု ဓာတ်မှန် ရိုက်ချက် အရ တော်တော်ကို ပျက်စီးနေတာ တွေ့ရပါတယ်။

သိင်္ဂ ီထိုက် ။ ။ ဒီ COVID 19 နဲ့ ပတ်သက်ပြီး အကာအကွယ်ပေါ့နော် ဆေးရုံ ဝန်ထမ်းတွေ အတွက် အကာအကွယ် စနစ်တကျ လုပ်နိုင်တဲ့ အနေအထားရော ရှိပါလားရှင့်။

ဒေါက်တာ နန္ဒဝင်း။ ။ ကျနော်တို့က ဒီဖြစ်စဉ် မတိုင်ခင်မှာ ကျနော့် ဆေးရုံမှာ လေ့ကျင့်မှု ၃ ခါ တိတိ လုပ်နိုင်ခဲ့ပါတယ်။ နံပတ် ၁ အစမ်း လေ့ကျင့်မှုကတော့ ဒီ ဝန်ထမ်းအားလုံး ပါဝင်ပြီးတော့ လူနာ တယောက် ရောက်လာရင် လူနာ အတုနဲ့ပေါ့နော်။ ဘယ်လို ပြုစုဆောင်ရွက်မယ်၊ ဘယ်လိုသွားမယ့် လမ်းကြောင်းတွေ အတိုင်း လုပ်ပါတယ်။ ကျင့်ထားပြီးတော့ ဒီနေ့ မနက်လည်း လူနာကို မခေါ်ခင်မှာ နောက်ဆုံးပိတ် အပြီးသတ် အစမ်းလေ့ကျင့်ပြီးတော့မှ လုပ်ပါတယ်။ လတ်တလော အားဖြင့်တော့ လုံလောက်တယ်လို့ ပြောရမှာပဲ ဖြစ်ပါတယ် ခင်ဗျ။

သိင်္ဂ ီထိုက် ။ ။ သူနဲ့ အတူ ကားစီးလာတဲ့ သူတွေကိုရော သူ့မှာ ဒီလို သံသယ ရှိသူ အဖြစ် စောင့်ကြည့် နေတယ်ဆိုပြီးတော့ ကျန်းမာရေး ဆိုင်ရာ သတိပေးချက် ပေးနိုင်တဲ့ အနေအထား ရှိပါလားရှင့် ဆရာ။

ဒေါက်တာ နန္ဒဝင်း။ ။ သူက ဘာကားနဲ့ ပြန်လာလဲ ဆိုတာကို ကျနော်တို့ မေးလို့ မရတဲ့ အနေအထား ဖြစ်နေပါတယ်။ သူသည် တရုတ်ပြည်ကနေ ကျနော်တို့ဆီ ပြန်လာချိန်မှာ တရားမဝင် လမ်းကြောင်းနဲ့ ပြန်လာတာ ဖြစ်ဖို့ဘဲ များပါတယ်။ ကျနော်တို့ ဒီမြို့မှာသာ လမ်းဆုံ ကျမှသာ ဆိုင်ကယ် ကို ငှားတဲ့ အတွက်ကြောင့် ဆိုင်ကယ် ကယ်ရီက တဆင့် သိရတာပါ။ သူ ဘယ်ကားနဲ့ ဆင်းလာတယ်၊ ဘယ်ကားနဲ့ စီးလာတယ်ဆိုတာ လောလောဆယ် သူကလည်း မောနေသေးတဲ့ အတွက်ကြောင့် သူ့ကိုတော့ နောက်နေ့ကျမှဘဲ မေးလို့ ရမယ့် အနေအထားပါ။ အခုတော့ သူပြောတော့လည်း သူ ကားကြုံစီးတယ်လိုလို ဘာကား စီးတယ်လိုလို သေချာ တိကျတဲ့ အဖြေမျိုး ကျနော့်ဆီမှာ လတ်တလော မရသေးပါဘူး ခင်ဗျာ။

သိင်္ဂ ီထိုက် ။ ။ သီပေါဆေးရုံအုပ်ကြီး ဒေါက်တာ နန္ဒဝင်း အထူးပဲ ကျေးဇူးတင်ပါတယ်။

ဒေါက်တာ နန္ဒဝင်း။ ။ ဟုတ်ကဲ့ ခင်ဗျား။ ကျနော်တို့လည်း ဗွီအိုအေကို ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG