သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မညီမျှမှုတွေနဲ့ ဖိနှိပ်မှုတွေ တိုးလာမယ့်အရေး ကုလသတိပေး


ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Michelle Bachelet. (စက်တင်ဘာ ၉၊ ၂၀၁၉)
ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Michelle Bachelet. (စက်တင်ဘာ ၉၊ ၂၀၁၉)

(Zawgyi / Unicode)

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးကြောင့် တည်ရှိဆဲ မညီမျှမှုတွေ ပိုပြီး ကြီးထွားလာဖွယ်ရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာ မင်းကြီး Michelle Bachelet က သတိပေးလိုက်ပါတယ်။ အရေးပေါ် ကျန်းမာရေး အခြေအနေကို အကြောင်းပြပြီး ဖိနှိပ်မှုတွေနဲ့ အာဏာကြီးထွားအောင် လုပ်နေတဲ့ အစိုးရတွေကိုလည်း သူက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗွီအိုအေသတင်းထောက် Lisa Schlein ဂျီနီဗာမြို့က ပေးပို့တဲ့သတင်းကို ကိုရဲမင်းထွန်းက တင်ပြပေးထားပါတယ်။

ကပ်ရောဂါကို တုံ့ပြန်တဲ့ အရေးပေါ်အခြေအနေ အရေးယူ ဆောင်ရွက်ချက်တွေကို တလွဲအသုံးပြုနေတဲ့ အစိုးရတွေကြောင့် နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အရေးတွေ ချိုးဖောက်ခံရဖို့ အန္တရာယ် ရှိနေတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Michelle Bachelet က ပြောပါတယ်။ အရေးပေါ် အခြေအနေဟာ လူ့အခွင့်အရေးကို လျစ်လျူရှုပြီး လုပ်ချင်တာလုပ်ဖို့ ခွင့်ပြုထားတာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

“အတားဆီးမဲ့ ပေးထားတဲ့ အရေးပေါ် အာဏာတွေကို လက်ခံကျင့်သုံးနေတဲ့ နိုင်ငံတချို့အတွက် ကျမ အကြီးအကျယ် စိတ်ပူမိတယ်။ တချို့ဆိုရင် ကပ်ရောဂါကို ဗန်းပြပြီး လုပ်ရိုးလုပ်စဉ် ဥပဒေတွေကို ဖိနှိပ်ချုပ်ချယ်ရေး ဥပဒေတွေအဖြစ် ပြောင်းပစ်တာတွေရှိတယ်။ မီဒီယာလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ပြောဆိုခွင့်တွေကို ကန့်သတ်နေတာတွေကိုလည်း စိုးရိမ်မိပါတယ်” လို့ ပြောသွားတာပါ။

ကူးစက်ရောဂါကို အစိုးရတွေ ကိုင်တွယ်ပုံ မဟုတ်လို့ ဝေဖန်မိတာကြောင့် သတင်းထောက်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ အစိုးရ တာဝန်ရှိသူတွေနဲ့ သာမန်ပြည်သူတွေပါ အပြစ်ပေးခံနေကြရကြောင်း၊ ဒီကပ်ရောဂါ အကျပ်အတည်းထဲ အမုန်းတရားတွေနဲ့ ခွဲခြားဆက်ဆံမှုတွေ ရှိသလို ဒီရောဂါကြောင့် ရန်ပြုခံနေရတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

“အားလုံးအတွက် အသက်အန္တရာယ်ရှိနေတဲ့ အချိန်မှာ အမျိုးသားရေးလုပ်ဖို့နဲ့ ဓားစာခံရှာနေဖို့ အချိန်မရှိပါဘူး။ ရွှေ့ပြောင်းဝင်ရောက်သူတွေနဲ့ လူနည်းစုတွေ အပေါ် အပြစ်တင်နေတာတွေ ရှိပါတယ်။ အရှေ့အာရှနွယ်ဖွားတွေအပေါ် နှုတ်နဲ့ရော ကိုယ်ထိလက်ရောက်ပါ ရန်ရှာတိုက်ခိုက်နေတာတွေ ရှိနေပါတယ်။ ဒါတွေကို တုံ့ပြန်အရေးယူဖို့ လိုပါတယ်” လို့ သူက ပြောပါတယ်။

ကပ်ရောဂါတားဆီးဖို့ အသွားအလာတွေ ပိတ်ထားတာဟာ တနေ့တော့ ပြီးပျောက်သွားမှာဖြစ်လို့ အစိုးရတွေအနေနဲ့ ကပ်ရောဂါအလွန် စီးပွားရေး နာလံထူရေးနဲ့ လူ့အခွင့်အရေး ကာကွယ်ရေး ကိစ္စတွေအတွက် ပြင်ဆင်ထားသင့်တယ်လို့ သူက ပြောပါတယ်။

ဒီကပ်ရောဂါဟာ မညီမျှမှုတွေကို ပိုပြီး ဆိုးရွားကြီးထွားစေမှာဖြစ်ပြီး အမျိုးသမီးတွေ၊ ဆင်းရဲနွမ်းပါးသူတွေ၊ မသန်စွမ်းသူတွေနဲ့ အကာအကွယ်မဲ့သူတွေအတွက် အန္တရာယ်အရှိဆုံး ဖြစ်လိမ့်မယ်လို့ သူက သတိပေးပါတယ်။

ကပ်ရောဂါကြောင့် ရိုက်ခတ်တဲ့ စီးပွားရေးနဲ့ လူမှုရေး ဂယက်ဒဏ်ကိုလည်း ဒီလူတွေပဲ အများဆုံး ခံစားရလိမ့်မယ်လို့လည်း သတိပေး ပြောကြားသွားပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------------

(Unicode)










XS
SM
MD
LG