သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် တရားရုံးက အာမခံခွင့်ပြု


 ပြည်ပမှာ ၁၅ နှစ်ကြာ တိမ်းရှောင်နေခဲ့ပြီးတဲ့နောက် ပြန်ရောက်လာတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) ကို ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်မှာ တွေ့ရစဉ် (ဩဂုတ် ၂၂၊ ၂၀၂၃)
ပြည်ပမှာ ၁၅ နှစ်ကြာ တိမ်းရှောင်နေခဲ့ပြီးတဲ့နောက် ပြန်ရောက်လာတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) ကို ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်မှာ တွေ့ရစဉ် (ဩဂုတ် ၂၂၊ ၂၀၂၃)

ထိုင်းနိုင်ငံမှာ လက်ရှိအစိုးရကို အားပေးထောက်ခံတဲ့ သြဇာရှိသူလည်းဖြစ် ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) ကို ဒီကနေ့ပဲ တရားရုံးက အာမခံပေးလိုက်ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြလိုက်တာကြောင့် ၂၀၁၅ ခုနှစ်က မေးမြန်းခန်းတခုမှာ ဘုရင်ကို ပုတ်ခတ်စော်ကား ပြောဆိုမှုနဲ့ ချုပ်ရက်ယူ ဖမ်းဆီးခံရမယ့် အရေးက ရှောင်ရှားနိုင်လိုက်ပါတယ်။
ဘီလျံနာသူဋ္ဌေး ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို တမှုချင်းကို အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်အထိ အပြစ်ပေးနိုင်တဲ့ တော်ဝင်မိသားစုအပေါ် စော်ကားမှုနဲ့ ရှေ့နေချုပ်က ဘန်ကောက်မြို့တော် တရားရုံးမှာ စွဲချက်တင်လိုက်ပြီးနောက် ဝန်ကြီးချုပ်ဟောင်းက အာမခံ လျှောက်ထားခဲ့တာပါ။ အသက် ၇၄ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်းကို ဒေါ်လာ ၁၃,၆၀၀ နဲ့ အာမခံပေးခဲ့ကြောင်း အစိုးရရုပ်သံဌာနဖြစ်တဲ့ ThaiPBS အပါအဝင် ထိုင်းသတင်းတွေက ဖော်ပြကြပါတယ်။

ထိုင်းနိုင်ငံမှာ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ ရင်ဆိုင်နေရတဲ့ အမှု ၄ ခုကို ဒီကနေ့ တရားရုံးက ကြားနာရာမှာ ဝန်ကြီးချုပ်ဟောင်း Thaksin ရဲ့ အမှုက ပထမဆုံးဖြစ်ပါတယ်။ ဝန်ကြီးချုပ် Srettha Thavisin ဟာ ပြစ်မှုဟောင်းရှိသူ ရှေ့နေတယောက်ကို အစိုးရအဖွဲ့ထဲ ထည့်သွင်းမှုနဲ့ အထက်လွှတ်တော်အမတ်တချို့က တိုင်ကြားထားတဲ့ အမှုကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဒီကနေ့မှာပဲ သီးခြား ကြားနာစစ်ဆေးသွားမှာပါ။ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့မယ် ဆိုရင်တော့ ဝန်ကြီးချုပ် ရာထူးက ထွက်ရတဲ့အထိ ဖြစ်လာနိုင်ပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) ရဲ့ ရှေ့နေ Winyat Chatmontree ဘန်ကောက်မြို့ တရားရုံးမှာ မီဒီယာတွေကို ဖြေကြားနေစဉ် (ဇွန် ၁၈၊ ၂၀၂၄)
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) ရဲ့ ရှေ့နေ Winyat Chatmontree ဘန်ကောက်မြို့ တရားရုံးမှာ မီဒီယာတွေကို ဖြေကြားနေစဉ် (ဇွန် ၁၈၊ ၂၀၂၄)

တချိန်တည်းမှာပဲ ဘုရင်မိသားစုကို ပုတ်ခတ်စော်ကားသူတွေကို အရေးယူနိုင်တဲ့ ဥပဒေကို ပြင်ဆင်ဖို့ကြိုးစားတဲ့ Move Forward ပါတီကို ဖျက်သိမ်းဖို့အတွက် တရားစွဲဆိုထားတာကိုလည်း သီးခြားကြားနာစစ်ဆေးမှာ ဖြစ်ပါတယ်။ လက်ရှိဝန်ကြီးချုပ် အပါအဝင် ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ အမှုရင်ဆိုင်နေရတာကြောင့် အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ဒုတိယစီးပွားရေး အင်အားကြီး နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဟာ မတည်မငြိမ်ဖြစ်မယ့် အလားအလာတွေရှိနေပါတယ်။

Forum

XS
SM
MD
LG