ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလဆန္းပိုင္းက စစ္ေကာင္စီက ဖမ္းဆီးထိမ္းသိမ္းထားတဲ့ ကခ်င္ႏွစ္ျခင္းအသင္းေတာ္(KBC) ဥကၠ႒ေဟာင္း သိကၡာေတာ္ရ ဆရာေတာ္ ေဒါက္တာခလမ္ဆမ္ဆြန္ကို အၾကမ္းဖက္မႈဥပေဒအမႈစြဲဆိုထားတဲ့အမႈအတြက္ မေန႔က ႐ုံးထုတ္စစ္ေဆးပါတယ္။ ကနဦးစစ္ေဆးေနတဲ့ ပုဒ္မ ၁၇/၁နဲ႔ ပုဒ္မ ၅၀၅-က ပုဒ္မႏွစ္ခုအတြက္ လာမယ့္ ႐ုံးခ်ိန္းမွာ စြဲခ်က္တင္မတင္ဆုံးျဖတ္ဖို႔ ရွိေနတယ္လို႔လည္း သိရပါတယ္။ ရန္ကုန္ကေပးပို႔ထားတဲ့သတင္းကို ကိုေဇာ္၀င္းလႈိင္က ေျပာျပမွာပါ။
မႏွစ္ ဒီဇင္ဘာ ၅ ရက္ မနက္ ၉ နာရီခန႔္က ထိုင္းႏိုင္ငံကို ေဆးသြားကုဖို႔ မႏၲေလးအျပည္ျပည္ဆိုင္ရာေလဆိပ္မွာ ေဒါက္တာခလမ္ဆမ္ဆြမ္ကို စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ေတြက စစ္ေဆး ေမးျမန္း စရာရွိလို႔ဆိုၿပီး ဖမ္းဆီးခဲ့တာပါ။ ၿပီးခဲ့တဲ့ ဇန္နဝါရီ ၁၁ရက္ မွာေတာ့ ဗိုလ္မႉးသူေအာင္ေဇာ္ ဆိုသူ က ျမစ္ႀကီးနားရဲစခန္းမွာ မတရားအသင္း ဆက္သြယ္မႈဥပေဒပုဒ္မ ၁၇/၁၊ တပ္မေတာ္ကိုအၾကည္ညိဳ ပ်က္ေအာင္ ေသြးထိုး လႈံ ေဆာ္မႈ ၅၀၅-ကတို႔နဲ႔ အမႈဖြင့္ခဲ့ၿပီး တရားရင္ဆိုင္ေနရတာပါ။ ထပ္တိုးလိုက္တဲ့ အၾကမ္းဖက္မႈ ဥပေဒ ပုဒ္မ ၅၂(က)စြဲခ်က္ကိုေတာ့ မေန႔က ပထမဆုံးအႀကိမ္႐ုံးထုတ္စစ္ေဆးတယ္လို႔ ေရွ႕ေနျဖစ္သူက ေျပာပါတယ္။
"ဗိုလ္မႈးသူေအာင္ေဇာ္ သူဘဲတရားလိုျပန္လုပ္တာ။ အတူတူဘဲ တရားလိုကေတာ့ ဟိုပုဒ္မေတြနဲ႔အတူတူဘဲ။ ဗိုလ္မႈးသူ ေအာင္ေဇာ္ကတရားလိုလုပ္တယ္။ သူ႔ကိုစစ္တယ္။ ေနာက္တျခား သက္ေသ ၂ ေယာက္စစ္တယ္။ မေန႔က ၃ေယာက္ကိုစစစ္ပါတယ္။"
ကနဦး စြဲဆိုထားတဲ့ ပုဒ္မ ၁၇/၁ နဲ႔ ပုဒ္မ ၅၀၅-က ပုဒ္မႏွစ္ခုအတြက္လဲ မေန႔ကစစ္ေဆးၾကားနာမႈေတြ လုပ္ၿပီး၊ အမႈ ၂ မႈစလုံးကိုစြဲခ်က္တင္သင့္မသင့္ ႏွစ္ဖက္ေလွ်ာက္လဲခ်က္ေပးခဲ့တယ္လို႔သိရပါတယ္။ လာမယ့္ ႐ုံးခ်ိန္းမွာေတာ့ အဲဒီႏွစ္မႈကို စြဲခ်က္တင္မႈ လက္ခံ မခံဆိုတာ တရား႐ုံးက အမိန႔္ခ်မယ္လို႔ ေရွ႕ေနက ေျပာပါတယ္။
"က်မတို႔ဘက္ကေတာ့ စြဲခ်က္မတင္သင့္ေၾကာင္းေလွ်ာက္လဲခ်က္ေပးတယ္။ ႐ုံးခ်ိန္းကေတာ့ အတူတူဘဲ အားလုံး ၂၈ရက္ေန႔ပါ။ အဲဒီမွာက်ေတာ့အမိန႔္ခ်မွတ္လိမ့္မယ္။ စြဲခ်က္တင္လားမတင္လားေပါ့။ စြဲခ်က္တင္မတင္ဆိုတာက တရားသူႀကီးကေတာ့ဆုံးျဖတ္မွာပါ"
က်န္းမာေရးမေကာင္းတာေၾကာင့္ေဆးစစ္ဖို႔သြားခ်ိန္မွာ အခုလိုဖမ္းဆီးခံခဲ့ရတဲ့ ေဒါက္တာခလမ္ဆမ္ဆြန္ရဲ႕ က်န္းမာေရးအေျခအေနနဲ႔ပတ္သတ္လို႔ မိသားစုဘက္က စိတ္ပူေနပါတယ္။ လက္ရွိအခ်ိန္ထိ မိသားစုနဲ႔ ေတြ႕ခြင့္မရေသးဘူးလို႔ မိသားစုဝင္တဦးက ဗြီအိုေအကို ေျပာပါတယ္။
ကခ်င္လူထုအၾကား ဩဇာတိကၠမႀကီးမားတဲ့ ေဒါက္တာခလမ္ဆြမ္ဆြန္ကို ျမစ္ႀကီးနားေထာင္မွာ ခ်ဳပ္ေႏွာင္ ထားတာပါ။ ေဒါက္တာခလမ္ဆမ္ဆြန္ဟာ KIA ဌာနခ်ဳပ္ရွိရာ လိုင္ဇာသို႔သြားေရာက္ၿပီး၊ KIA ထိပ္သီး ေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆုံခဲ့တာေၾကာင့္ ဖမ္းဆီးအေရးယူခံရတာလို႔ နီးစပ္သူေတြက ေျပာပါတယ္။ ဒါနဲ႔ပတ္သတ္လို႔ေတာ့ စစ္ေကာင္စီဘက္ကို ေမးျမန္းေပမယ့္ ျပန္လည္ေျဖဆိုတာေတာ့ မရွိပါဘူး။
KBC ဘက္ကေတာ့ ဆရာေတာ္လြတ္ေျမာက္ေရးအတြက္ ေကာ္မတီတစ္ရပ္ဖြဲ႕ၿပီးေနာက္၊ ဆရာေတာ္နဲ႔ ေတြ႕ခြင့္ရေရး ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ဘက္ကို စာပို႔ထားေပမယ့္ ခုခ်ိန္ထိ အေၾကာင္းျပန္တာမရွိခဲ့ဘူးလို႔ KBC တာဝန္ရွိသူတဦးက ေျပာပါတယ္။
သိကၡာေတာ္ရဆရာ ေဒါက္တာ ခလမ္ဆမ္ဆြမ္ ဟာ KBC ရဲ႕ အေထြေထြအတြင္းေရးမႈးခ်ဳပ္နဲ႔ ဥကၠ႒ တာဝန္ေတြကို ယူခဲ့သူျဖစ္ၿပီး၊ ၿပီးခဲ့တဲ့ ေအာက္တိုဘာလက ကခ်င္ႏွစ္ျခင္း ခရစ္ယာန္အဖြဲ႕ခ်ဳပ္ " KBC ရဲ႕ အထူးအႀကံေပးပုဂၢိဳလ္ " အျဖစ္ ခန႔္အပ္ခံရပါတယ္။
လူနည္းစုတိုင္းရင္းသားေတြအေပၚ ျမန္မာစစ္တပ္က ဘာသာေရး လြတ္လပ္ခြင့္ ဖိႏွိပ္မႈနဲ႔ ပတ္သက္ၿပီး ၂၀၁၉ ခုႏွစ္က အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကို အေမရိကန္ျပည္ေထာင္စုအိမ္ျဖဴေတာ္မွာ ကိုယ္တိုင္သြားေရာက္ တင္ျပခဲ့သူလည္းျဖစ္ပါတယ္။ အဲဒါအတြက္လည္း အဲဒီအခ်ိန္တုန္းက သူ႔ကို ျမန္မာစစ္တပ္က တရားစြဲဆိုခဲ့ဖူးၿပီး၊ ေနာက္ပိုင္း အမႈ ႐ုတ္သိမ္းေပးခဲ့ပါတယ္။
ေဒါက္တာခလမ္ဆြမ္ဆြန္ကို ျပန္လႊတ္ေပးဖို႔ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ေတာင္းဆိုတဲ့ အေၾကာင္း၊ အေမရိကန္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရသူ Ned Price ကလည္း တြစ္တာလူမႈကြန္ယက္မွာ ေရးသားခဲ့ပါတယ္။
{Unicode}
ဒေါက်တာခလမ်ဆမ်ဆွန် စွဲချက်အမှုများကြားနာစစ်ဆေး
ဖေဖော်ဝါရီ ၂၂၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းပိုင်းက စစ်ကောင်စီက ဖမ်းဆီးထိမ်းသိမ်းထားတဲ့ ကချင်နှစ်ခြင်းအသင်းတော်(KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို အကြမ်းဖက်မှုဥပဒေအမှုစွဲဆိုထားတဲ့အမှုအတွက် မနေ့က ရုံးထုတ်စစ်ဆေးပါတယ်။ ကနဦးစစ်ဆေးနေတဲ့ ပုဒ်မ ၁၇/၁နဲ့ ပုဒ်မ ၅၀၅-က ပုဒ်မနှစ်ခုအတွက် လာမယ့် ရုံးချိန်းမှာ စွဲချက်တင်မတင်ဆုံးဖြတ်ဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။ ရန်ကုန်ကပေးပို့ထားတဲ့သတင်းကို ကိုဇော်ဝင်းလှိုင်က ပြောပြမှာပါ။
မနှစ် ဒီဇင်ဘာ ၅ ရက် မနက် ၉ နာရီခန့်က ထိုင်းနိုင်ငံကို ဆေးသွားကုဖို့ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဒေါက်တာခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက စစ်ဆေး မေးမြန်း စရာရှိလို့ဆိုပြီး ဖမ်းဆီးခဲ့တာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ရက် မှာတော့ ဗိုလ်မှူးသူအောင်ဇော် ဆိုသူ က မြစ်ကြီးနားရဲစခန်းမှာ မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇/၁၊ တပ်မတော်ကိုအကြည်ညို ပျက်အောင် သွေးထိုး လှုံ ဆော်မှု ၅၀၅-ကတို့နဲ့ အမှုဖွင့်ခဲ့ပြီး တရားရင်ဆိုင်နေရတာပါ။ ထပ်တိုးလိုက်တဲ့ အကြမ်းဖက်မှု ဥပဒေ ပုဒ်မ ၅၂(က)စွဲချက်ကိုတော့ မနေ့က ပထမဆုံးအကြိမ်ရုံးထုတ်စစ်ဆေးတယ်လို့ ရှေ့နေဖြစ်သူက ပြောပါတယ်။
"ဗိုလ်မှုးသူအောင်ဇော် သူဘဲတရားလိုပြန်လုပ်တာ။ အတူတူဘဲ တရားလိုကတော့ ဟိုပုဒ်မတွေနဲ့အတူတူဘဲ။ ဗိုလ်မှုးသူ အောင်ဇော်ကတရားလိုလုပ်တယ်။ သူ့ကိုစစ်တယ်။ နောက်တခြား သက်သေ ၂ ယောက်စစ်တယ်။ မနေ့က ၃ယောက်ကိုစစစ်ပါတယ်။"
ကနဦး စွဲဆိုထားတဲ့ ပုဒ်မ ၁၇/၁ နဲ့ ပုဒ်မ ၅၀၅-က ပုဒ်မနှစ်ခုအတွက်လဲ မနေ့ကစစ်ဆေးကြားနာမှုတွေ လုပ်ပြီး၊ အမှု ၂ မှုစလုံးကိုစွဲချက်တင်သင့်မသင့် နှစ်ဖက်လျှောက်လဲချက်ပေးခဲ့တယ်လို့သိရပါတယ်။ လာမယ့် ရုံးချိန်းမှာတော့ အဲဒီနှစ်မှုကို စွဲချက်တင်မှု လက်ခံ မခံဆိုတာ တရားရုံးက အမိန့်ချမယ်လို့ ရှေ့နေက ပြောပါတယ်။
"ကျမတို့ဘက်ကတော့ စွဲချက်မတင်သင့်ကြောင်းလျှောက်လဲချက်ပေးတယ်။ ရုံးချိန်းကတော့ အတူတူဘဲ အားလုံး ၂၈ရက်နေ့ပါ။ အဲဒီမှာကျတော့အမိန့်ချမှတ်လိမ့်မယ်။ စွဲချက်တင်လားမတင်လားပေါ့။ စွဲချက်တင်မတင်ဆိုတာက တရားသူကြီးကတော့ဆုံးဖြတ်မှာပါ"
ကျန်းမာရေးမကောင်းတာကြောင့်ဆေးစစ်ဖို့သွားချိန်မှာ အခုလိုဖမ်းဆီးခံခဲ့ရတဲ့ ဒေါက်တာခလမ်ဆမ်ဆွန်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သတ်လို့ မိသားစုဘက်က စိတ်ပူနေပါတယ်။ လက်ရှိအချိန်ထိ မိသားစုနဲ့ တွေ့ခွင့်မရသေးဘူးလို့ မိသားစုဝင်တဦးက ဗွီအိုအေကို ပြောပါတယ်။
ကချင်လူထုအကြား ဩဇာတိက္ကမကြီးမားတဲ့ ဒေါက်တာခလမ်ဆွမ်ဆွန်ကို မြစ်ကြီးနားထောင်မှာ ချုပ်နှောင် ထားတာပါ။ ဒေါက်တာခလမ်ဆမ်ဆွန်ဟာ KIA ဌာနချုပ်ရှိရာ လိုင်ဇာသို့သွားရောက်ပြီး၊ KIA ထိပ်သီး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာကြောင့် ဖမ်းဆီးအရေးယူခံရတာလို့ နီးစပ်သူတွေက ပြောပါတယ်။ ဒါနဲ့ပတ်သတ်လို့တော့ စစ်ကောင်စီဘက်ကို မေးမြန်းပေမယ့် ပြန်လည်ဖြေဆိုတာတော့ မရှိပါဘူး။
KBC ဘက်ကတော့ ဆရာတော်လွတ်မြောက်ရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့ပြီးနောက်၊ ဆရာတော်နဲ့ တွေ့ခွင့်ရရေး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဘက်ကို စာပို့ထားပေမယ့် ခုချိန်ထိ အကြောင်းပြန်တာမရှိခဲ့ဘူးလို့ KBC တာဝန်ရှိသူတဦးက ပြောပါတယ်။
သိက္ခာတော်ရဆရာ ဒေါက်တာ ခလမ်ဆမ်ဆွမ် ဟာ KBC ရဲ့ အထွေထွေအတွင်းရေးမှုးချုပ်နဲ့ ဥက္ကဋ္ဌ တာဝန်တွေကို ယူခဲ့သူဖြစ်ပြီး၊ ပြီးခဲ့တဲ့ အောက်တိုဘာလက ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် " KBC ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် " အဖြစ် ခန့်အပ်ခံရပါတယ်။
လူနည်းစုတိုင်းရင်းသားတွေအပေါ် မြန်မာစစ်တပ်က ဘာသာရေး လွတ်လပ်ခွင့် ဖိနှိပ်မှုနဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အမေရိကန်ပြည်ထောင်စုအိမ်ဖြူတော်မှာ ကိုယ်တိုင်သွားရောက် တင်ပြခဲ့သူလည်းဖြစ်ပါတယ်။ အဲဒါအတွက်လည်း အဲဒီအချိန်တုန်းက သူ့ကို မြန်မာစစ်တပ်က တရားစွဲဆိုခဲ့ဖူးပြီး၊ နောက်ပိုင်း အမှု ရုတ်သိမ်းပေးခဲ့ပါတယ်။
ဒေါက်တာခလမ်ဆွမ်ဆွန်ကို ပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ တောင်းဆိုတဲ့ အကြောင်း၊ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Ned Price ကလည်း တွစ်တာလူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။