သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမစ္ႀကီးနားၿမိဳ႕ေပၚ စစ္ေရွာင္တခ်ိဳ႕ ေနရပ္ျပန္ဖို႔ စီစဥ္


ျမစ္ႀကီးနားၿမိဳ႕အနီးက စစ္ေရွာင္စခန္း

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ေပၚရွိ စစ္ေရွာင္စခန္းတခ်ိဳ႕က ျပည္သူေတြ ဒီလကုန္ပိုင္းေလာက္မွာ ေနရပ္ျပန္ဖို႔ စီစဥ္တာေတြ ရွိေနပါတယ္။ ဒီလိုေျပာင္းေ႐ႊ႕မယ့္သူေတြဟာ အရင္ ကိုဗစ္ကပ္ေရာဂါမျဖစ္ပြားခင္က ေဖာ္ေဆာင္ေနတဲ့အစီအစဥ္အတိုင္း ေျပာင္းေ႐ႊ႕ၾကမွာျဖစ္ပါတယ္။ လတ္တေလာစစ္ေရွာင္ေတြ ေျပာင္းေ႐ႊ႕မယ့္သတင္းေပးပို႔ခ်က္ ကိုစံေက်ာ္က တင္ျပေပးပါမယ္။

ကခ်င္ျပည္နယ္ ေဒသအေတာ္မ်ားမ်ားမွာ တိုက္ပြဲေတြျဖစ္ပြားေနခ်ိန္မွာပဲ ျမစ္ႀကီးနားၿမိဳ႕ေပၚက စစ္ေရွာင္စခန္းက ျပည္သူေတြဟာ ေနရပ္ျပန္ဖို႔ စီစဥ္တာေတြ ရွိေနတာပါ။ ျမစ္ႀကီးနားၿမိဳ႕ ဂ်မိုင္ေကာင္စခန္းက စစ္ေရွာင္တခ်ိဳ႕ဟာ ဒီလ ၂၈ရက္ေန႔မွာ ေနရပ္ျပန္ဖို႔ စီစဥ္တာေတြ ရွိေနတဲ့အေၾကာင္း စခန္းရွိ တာဝန္ရွိသူတစ္ဦးက VOA ကို အခုလို ေျပာပါတယ္။

“ ဒီ ၂၈ နဲ႔ မတ္လေလာက္မွာကက်ေတာ့ ဟိုးအရင္တုံးက သေဘာတူၿပီးေတာ့ အစိုးရကေန ေဆာက္ထားေပးတဲ့၊ အိမ္ေဆာက္ထားၿပီးတဲ့ဟာေတြကို က်ေတာ့ ေ႐ႊ႕ျဖစ္မယ္လို႔ သတင္းေတာ့ ၾကားတယ္။ အတိအက်ရယ္လို႔ စာေတြ ဘာေတြေတာ့ ဘာမွေတာ့ မေရာက္ေသးဘူး။ ကိုဗစ္မျဖစ္ခင္တုံးက သူတို႔နဲ႔ သေဘာတူၿပီး မိမိဆႏၵအရ ျပန္မယ္ဆိုတဲ့ဟာေတြ အဲဒီမွာက် သူတို႔ အိမ္ေဆာက္ေပးထားတာေတြ ရွိတယ္။ KBC ကေရာ အစိုးရကေန ေဆာက္ေပးတဲ့ဟာ၊ ဒဘတ္ရယ္၊ ဂါးဒါယန္ရယ္၊ တာေလာႀကီးရယ္ေပါ့။ သူက အားလုံးရယ္ေတာ့ မဟုတ္ဘူး။ ”

စစ္ေရွာင္ျပည္သူအမ်ားစုအေနနဲ႔ ေနရပ္ေဒသျပန္ဖို႔ ျပင္ဆင္ရတဲ့အေျခအေနကို အခုလို ဆက္ေျပာပါတယ္။

“ ဘယ္ဌာနဆိုင္ရာမဆို က်ေနာ္တို႔ သိရသေလာက္ေတာ့ က်ေနာ္တို႔ စခန္းျပန္မယ့္ကိစၥကိုပဲ ဦးစားေပးေနတယ္။ အဲလိုက်ေတာ့ ဒီမွာေနမယ္ဆိုရင္လည္း အဆင္မေျပမယ့္အတူတူေပါ့။ ဒီမွာေနလည္း ပိုၿပီးေတာ့ အခက္အခဲ ျဖစ္လာမလားေပါ့။ အားလုံးကေတာ့ အဲလိုမ်ိဳး စိုးရိမ္ခ်က္ေတြေၾကာင့္ေပ့ါ။ အခုကေတာ့ အားလုံးသိတဲ့အတိုင္းပဲေလ၊ ဘယ္ေနရာမွ ၿငိမ္းခ်မ္းတယ္ဆိုတာေတာ့ မရွိေသးပါဘူး။ အဆင္ေျပတယ္ ၿငိမ္းခ်မ္းလို႔ ျပန္တယ္လို႔ေတာ့ မဟုတ္ဘူးေပါ့။ သူတို႔ ကူညီေပးမယ္ဆိုတဲ့အခါမွာ မျပန္ရင္ ေနာက္ ပိုၿပီးေတာ့ ဒုကၡေရာက္လာမလားေပါ့။ အားလုံးကေတာ့ အဲလိုေတြပဲ စိုးရိမ္ေနၾကတာ။ ”

ဂ်မိုင္ေကာင္စခန္းဟာ၂၀၁၁ခုႏွစ္ ကခ်င္စစ္ပြဲ တေက်ာ့ျပန္ ျဖစ္ပြားခဲ့တဲ့ေနာက္ ဖြင့္လွစ္ခဲ့တာျဖစ္ၿပီး လူဦးေရ ၇၃၀ ေက်ာ္ေနထိုင္ေနတာပါ။ ေလာေလာဆည္မွာ WFP ကမာၻစားနပ္ရိကၡာအဖြဲ႕ တစ္ဦးကို စားနပ္ရိကၡာအတြက္ တစ္လ ၁၅၀၀ က်ပ္ ေထာက္ပံထားပါတယ္။ တျခား လိုအပ္တဲ့အရာေတြအတြက္ ကခ်င္ႏွစ္ျခင္းခရစ္ယာန္ အဖြဲ႕ခ်ဳပ္ KBC နဲ႔ ကုလသမဂၢဒုကၡသည္မ်ား ဆိုင္ရာမဟာမင္းႀကီး႐ုံး UNHCR စတာေတြက ေထာက္ပံ့ထား တာပါ။

ျမစ္ႀကီးနားၿမိဳ႕က အင္ဂ်န္ဒုံစခန္းက ဂါးဒါယန္႐ြာသားေတြလည္း ျပန္ဖို႔ အစီအစဥ္ရွိေၾကာင္း အင္ဂ်န္ဒုံစခန္းက စစ္ေရွာင္တစ္ဦးက ေျပာပါတယ္။

“ က်ေနာ္တို႔ အင္ဂ်န္ဒုံမွာက အခုေနာက္အပတ္ ၂၈ရက္ေန႔မွာေတာ့ ဂါးဒါယန္ ႐ြာသားေတြေတာ့ ျပန္ဖို႔ အစီအစဥ္ေတာ့ ရွိတယ္။ အင္ဂ်န္ဒုံ camp မွာေတာ့ စခန္းပိတ္သိမ္းဖို႔ ဘာလုပ္ဖို႔ ဆိုၿပီးေတာ့ လာေျပာတာေတာ့ မရွိဘူး။ ဒါေပမဲ့ က်ေနာ္တို႔ camp သားေတြက သူတို႔ဖာသာသူတို႔ ကိုယ့္စိတ္ကူးနဲ႔ကိုယ္ ႐ြာျပန္ၾကတာေတာ့ အဲလိုမ်ိဳးေတြေတာ့ ရွိတယ္။ ”

အင္ဂ်န္ဒုံစခန္းမွာ လူဦးေရ ၃၂၅ ဦးရွိၿပီး စစ္ေရွာင္အခ်ိဳ႕ဟာ ၂၀၂၂ခုႏွစ္ကတည္းက ျပန္တာေတြလည္း ရွိေၾကာင္း ေျပာပါတယ္။

စစ္ေရွာင္ေတြ ေနရပ္ျပန္ေရးအစီအစဥ္ကို ၂၀၁၉ခုႏွစ္ကတည္းက ကခ်င္လူသားခ်င္းစာနာ ေထာက္ထားမႈေကာ္မတီ KHCC ၊ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနနဲ႔ တပ္မေတာ္တို႔ ပူးေပါင္းေဆာင္႐ြက္ခဲ့တာျဖစ္ပါတယ္။

၂၀၂၁ ခုႏွစ္မွာ အိမ္ေျခ ၅၀၀၀ ေလာက္ျပန္ပို႔ဖို႔ ရည္႐ြယ္ခဲ့သလို ၂၀၂၃ မွာ အကုန္ျပန္ပို႔ဖို႔ စီစဥ္ခဲ့တာလည္း ျဖစ္ပါတယ္။ ဒီအစီအစဥ္ဟာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္မွာ ရပ္တန႔္သြားခဲ့ရပါတယ္။

ျမစ္ႀကီးနားၿမိဳ႕မွာ စစ္ေရွာင္စခန္း ၂၆ ခုခန႔္ရွိသလို နမၼတီး၊ ဝိုင္းေမာ္နဲ႔ ဗန္းေမာ္ စတဲ့ၿမိဳ႕ႀကီးေတြမွာလည္း စစ္ေရွာင္စခန္းေတြ တည္ရွိေနတာပါ။ ကခ်င္လြတ္ေျမာက္ေရးတပ္ဖြဲ႕ KIA ထိမ္းခ်ဳပ္နယ္ေျမမွာေတာ့ အနည္းဆုံးစခန္း ၈ ခုေလာက္ ရွိပါတယ္။

ေလာေလာဆည္မွာေတာ့ စစ္ေရွာင္ျပည္သူေတြကို မိမိေနရပ္ျပန္ဖို႔၊ အစိုးရက သတ္မွတ္ေပးတဲ့ေနရာမွာ ေနဖို႔ ဒါမွမဟုတ္ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ ေနထိုင္ဖို႔ ဆိုၿပီး ေ႐ြးခ်ယ္ခြင့္ ၃ခု ေပးထားပါတယ္။

၂၀၁၁ ခုႏွစ္ ကခ်င္တေက်ာ့ျပန္စစ္ပြဲျဖစ္ပြားၿပီးေနာက္မွာေတာ့ ကခ်င္ျပည္နယ္မွာ စစ္ေရွာင္ျပည္သူ ၁ သိန္း ေက်ာ္ရွိေၾကာင္း UNHCR က ထုတ္ျပန္ထားပါတယ္။

{Unicode}

တိုက္႐ိုက္ လင့္ခ္

မြစ်ကြီးနားမြို့ပေါ် စစ်ရှောင်တချို့ နေရပ်ပြန်ဖို့ စီစဉ်
ဖေဖော်ဝါရီ ၂၀၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ရှောင်စခန်းတချို့က ပြည်သူတွေ ဒီလကုန်ပိုင်းလောက်မှာ နေရပ်ပြန်ဖို့ စီစဉ်တာတွေ ရှိနေပါတယ်။ ဒီလိုပြောင်းရွှေ့မယ့်သူတွေဟာ အရင် ကိုဗစ်ကပ်ရောဂါမဖြစ်ပွားခင်က ဖော်ဆောင်နေတဲ့အစီအစဉ်အတိုင်း ပြောင်းရွှေ့ကြမှာဖြစ်ပါတယ်။ လတ်တလောစစ်ရှောင်တွေ ပြောင်းရွှေ့မယ့်သတင်းပေးပို့ချက် ကိုစံကျော်က တင်ပြပေးပါမယ်။

ကချင်ပြည်နယ် ဒေသအတော်များများမှာ တိုက်ပွဲတွေဖြစ်ပွားနေချိန်မှာပဲ မြစ်ကြီးနားမြို့ပေါ်က စစ်ရှောင်စခန်းက ပြည်သူတွေဟာ နေရပ်ပြန်ဖို့ စီစဉ်တာတွေ ရှိနေတာပါ။ မြစ်ကြီးနားမြို့ ဂျမိုင်ကောင်စခန်းက စစ်ရှောင်တချို့ဟာ ဒီလ ၂၈ရက်နေ့မှာ နေရပ်ပြန်ဖို့ စီစဉ်တာတွေ ရှိနေတဲ့အကြောင်း စခန်းရှိ တာဝန်ရှိသူတစ်ဦးက VOA ကို အခုလို ပြောပါတယ်။

“ ဒီ ၂၈ နဲ့ မတ်လလောက်မှာကကျတော့ ဟိုးအရင်တုံးက သဘောတူပြီးတော့ အစိုးရကနေ ဆောက်ထားပေးတဲ့၊ အိမ်ဆောက်ထားပြီးတဲ့ဟာတွေကို ကျတော့ ရွှေ့ဖြစ်မယ်လို့ သတင်းတော့ ကြားတယ်။ အတိအကျရယ်လို့ စာတွေ ဘာတွေတော့ ဘာမှတော့ မရောက်သေးဘူး။ ကိုဗစ်မဖြစ်ခင်တုံးက သူတို့နဲ့ သဘောတူပြီး မိမိဆန္ဒအရ ပြန်မယ်ဆိုတဲ့ဟာတွေ အဲဒီမှာကျ သူတို့ အိမ်ဆောက်ပေးထားတာတွေ ရှိတယ်။ KBC ကရော အစိုးရကနေ ဆောက်ပေးတဲ့ဟာ၊ ဒဘတ်ရယ်၊ ဂါးဒါယန်ရယ်၊ တာလောကြီးရယ်ပေါ့။ သူက အားလုံးရယ်တော့ မဟုတ်ဘူး။ ”

စစ်ရှောင်ပြည်သူအများစုအနေနဲ့ နေရပ်ဒေသပြန်ဖို့ ပြင်ဆင်ရတဲ့အခြေအနေကို အခုလို ဆက်ပြောပါတယ်။

“ ဘယ်ဌာနဆိုင်ရာမဆို ကျနော်တို့ သိရသလောက်တော့ ကျနော်တို့ စခန်းပြန်မယ့်ကိစ္စကိုပဲ ဦးစားပေးနေတယ်။ အဲလိုကျတော့ ဒီမှာနေမယ်ဆိုရင်လည်း အဆင်မပြေမယ့်အတူတူပေါ့။ ဒီမှာနေလည်း ပိုပြီးတော့ အခက်အခဲ ဖြစ်လာမလားပေါ့။ အားလုံးကတော့ အဲလိုမျိုး စိုးရိမ်ချက်တွေကြောင့်ပေ့ါ။ အခုကတော့ အားလုံးသိတဲ့အတိုင်းပဲလေ၊ ဘယ်နေရာမှ ငြိမ်းချမ်းတယ်ဆိုတာတော့ မရှိသေးပါဘူး။ အဆင်ပြေတယ် ငြိမ်းချမ်းလို့ ပြန်တယ်လို့တော့ မဟုတ်ဘူးပေါ့။ သူတို့ ကူညီပေးမယ်ဆိုတဲ့အခါမှာ မပြန်ရင် နောက် ပိုပြီးတော့ ဒုက္ခရောက်လာမလားပေါ့။ အားလုံးကတော့ အဲလိုတွေပဲ စိုးရိမ်နေကြတာ။ ”

ဂျမိုင်ကောင်စခန်းဟာ၂၀၁၁ခုနှစ် ကချင်စစ်ပွဲ တကျော့ပြန် ဖြစ်ပွားခဲ့တဲ့နောက် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လူဦးရေ ၇၃၀ ကျော်နေထိုင်နေတာပါ။ လောလောဆည်မှာ WFP ကမ္ဘာစားနပ်ရိက္ခာအဖွဲ့ တစ်ဦးကို စားနပ်ရိက္ခာအတွက် တစ်လ ၁၅၀၀ ကျပ် ထောက်ပံထားပါတယ်။ တခြား လိုအပ်တဲ့အရာတွေအတွက် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် KBC နဲ့ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး UNHCR စတာတွေက ထောက်ပံ့ထား တာပါ။

မြစ်ကြီးနားမြို့က အင်ဂျန်ဒုံစခန်းက ဂါးဒါယန်ရွာသားတွေလည်း ပြန်ဖို့ အစီအစဉ်ရှိကြောင်း အင်ဂျန်ဒုံစခန်းက စစ်ရှောင်တစ်ဦးက ပြောပါတယ်။

“ ကျနော်တို့ အင်ဂျန်ဒုံမှာက အခုနောက်အပတ် ၂၈ရက်နေ့မှာတော့ ဂါးဒါယန် ရွာသားတွေတော့ ပြန်ဖို့ အစီအစဉ်တော့ ရှိတယ်။ အင်ဂျန်ဒုံ camp မှာတော့ စခန်းပိတ်သိမ်းဖို့ ဘာလုပ်ဖို့ ဆိုပြီးတော့ လာပြောတာတော့ မရှိဘူး။ ဒါပေမဲ့ ကျနော်တို့ camp သားတွေက သူတို့ဖာသာသူတို့ ကိုယ့်စိတ်ကူးနဲ့ကိုယ် ရွာပြန်ကြတာတော့ အဲလိုမျိုးတွေတော့ ရှိတယ်။ ”

အင်ဂျန်ဒုံစခန်းမှာ လူဦးရေ ၃၂၅ ဦးရှိပြီး စစ်ရှောင်အချို့ဟာ ၂၀၂၂ခုနှစ်ကတည်းက ပြန်တာတွေလည်း ရှိကြောင်း ပြောပါတယ်။

စစ်ရှောင်တွေ နေရပ်ပြန်ရေးအစီအစဉ်ကို ၂၀၁၉ခုနှစ်ကတည်းက ကချင်လူသားချင်းစာနာ ထောက်ထားမှုကော်မတီ KHCC ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ တပ်မတော်တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်မှာ အိမ်ခြေ ၅၀၀၀ လောက်ပြန်ပို့ဖို့ ရည်ရွယ်ခဲ့သလို ၂၀၂၃ မှာ အကုန်ပြန်ပို့ဖို့ စီစဉ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ရပ်တန့်သွားခဲ့ရပါတယ်။

မြစ်ကြီးနားမြို့မှာ စစ်ရှောင်စခန်း ၂၆ ခုခန့်ရှိသလို နမ္မတီး၊ ဝိုင်းမော်နဲ့ ဗန်းမော် စတဲ့မြို့ကြီးတွေမှာလည်း စစ်ရှောင်စခန်းတွေ တည်ရှိနေတာပါ။ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ထိမ်းချုပ်နယ်မြေမှာတော့ အနည်းဆုံးစခန်း ၈ ခုလောက် ရှိပါတယ်။

လောလောဆည်မှာတော့ စစ်ရှောင်ပြည်သူတွေကို မိမိနေရပ်ပြန်ဖို့၊ အစိုးရက သတ်မှတ်ပေးတဲ့နေရာမှာ နေဖို့ ဒါမှမဟုတ် ကိုယ့်အစီအစဉ်နဲ့ကိုယ် နေထိုင်ဖို့ ဆိုပြီး ရွေးချယ်ခွင့် ၃ခု ပေးထားပါတယ်။

၂၀၁၁ ခုနှစ် ကချင်တကျော့ပြန်စစ်ပွဲဖြစ်ပွားပြီးနောက်မှာတော့ ကချင်ပြည်နယ်မှာ စစ်ရှောင်ပြည်သူ ၁ သိန်း ကျော်ရှိကြောင်း UNHCR က ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG