ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္ နမ့္ဖတ္ကာအနီးမွာ စစ္ေကာင္စီတပ္နဲ႔ ကခ်င္လြတ္ေျမာက္ေရးတပ္ဖြဲ႕ KIA အၾကား တိုက္ပြဲျပင္းထန္ေနၿပီး KIA ရဲ႕ တပ္စခန္းကို စစ္ေကာင္စီက ေလေၾကာင္းက ႏွစ္ရက္ဆက္ ပစ္ခတ္ တိုက္ခိုက္ေနပါတယ္။ ရွမ္းျပည္ေျမာက္ပိုင္းက တိုက္ပြဲသတင္းေပးပို႔ခ်က္ကို ကိုေဇာ္၀င္းလႈိင္က တင္ျပေပးပါမယ္။
ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း စစ္ေကာင္စီတပ္နဲ႔ KIA အၾကား တိုက္ပြဲေတြဟာ ဒီလ ၉ရက္ေန႔တည္းက စတင္ျဖစ္ပြား လာတာပါ။ ဒီရက္ပိုင္းမွာေတာ့ ကြတ္ခိုင္ၿမိဳ႕နယ္ နမ့္ဖတ္ကာအနီးရွိ ခိုမုန္း႐ြာနဲ႔ ၁၀ မိုင္ေလာက္အကြာမွာရွိတဲ့ KIA တပ္ရင္း ၉ စခန္းမွာ တိုက္ပြဲျပင္းထန္ေနပါတယ္။
ဒီေန႔ထိ စစ္ေကာင္စီက ေလေၾကာင္းကေန ႏွစ္ရက္ဆက္ ပစ္ခတ္တိုက္ခိုက္ေနေၾကာင္း နဲ႔ လက္နက္ႀကီးနဲ႔လည္း ပစ္ခတ္ေနေၾကာင္း ေဒသခံတစ္ဦးက ေျပာပါတယ္။
“ ေစာေစာကေန နမ့္ဖတ္ကာအေျခစိုက္တပ္မကေန လက္နက္ႀကီးနဲ႔ ပစ္ကူတယ္။ တိုက္ေလယာဥ္လည္း ၃ခါေလာက္ရွိသြားၿပီ။ ၂ရက္ေပါ့။ မေန႔ကေရာ၊ ဒီေန႔ေရာ တိုက္ေလယာဥ္နဲ႔ လာႀကဲတာ။ အခုျဖစ္ေနတဲ့ေနရာက ျပည္ေထာင္စုလမ္းမႀကီးကေန ေျခလ်င္ေလွ်ာက္ရင္ေတာင္ ၂နာရီခြဲ ၃နာရီေလာက္ ေလွ်ာက္ရမယ့္ ေနရာ။ ခိုမုန္းကေန ေျခလ်င္ေလွ်ာက္ရင္ အဲေလာက္ၾကတယ္။ ခိုမုန္းကေနဆိုရင္ လက္နက္ငယ္သံေတြက အစ ၾကားေနရတာ။”
၁၄ရက္ေန႔က ေန႔ခင္း ၁နာရီေလာက္မွာ ေလေၾကာင္းက တိုက္ခိုက္တာရွိခဲ့ၿပီး ဒီကေန႔မွာလည္း ေန႔ခင္း ၁နာရီေလာက္မွာ ထပ္မံ တိုက္ခိုက္တာျဖစ္ပါတယ္။ KIA ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႈးႀကီးေနာ္ဘူကေတာ့ တပ္ရင္း ၉စခန္းတိုက္ပြဲဟာ ၃ရက္ဆက္ ျဖစ္ပြားေနတာျဖစ္ေၾကာင္းနဲ႔ တိုက္ပြဲျပင္းထန္ေနတဲ့အေျခအေနကို အခုလို ေျပာပါတယ္။
“ ဒီေန႔လည္း မနက္ကတည္းကေန အခု ညေနအထိေပါ့ေနာ္။ ေျမျပင္ကေနလည္း တက္လာတာရွိတယ္။ ေနာက္ၿပီးေတာ့ ေလေၾကာင္းကလည္း စစ္ကူတာေတြ ရွိတယ္။ ေလေၾကာင္းကနဲ႔ေတာ့ ၄- ၅ ေခါက္ေလာက္ ပတ္ၿပီးမွ ဗုံးႀကဲတိုက္ခိုက္တာ က်ေနာ္တို႔ ခံေနရပါတယ္။ ၃ရက္ေန႔ေျမာက္ ေျမျပင္ကေန ထိုးစစ္ဆင္တာဟာ အခု ေတာ္ေတာ္ေလး သူတို႔ဘက္မွာလည္း အထိနာတဲ့ပုံရွိပါတယ္။ အဲဒါေတြေၾကာင့္ စစ္ကူေတြကိုေတာ့ ေလေၾကာင္းစစ္ကူေတြ ၊ ေျမျပင္စစ္ကူေတြ ပို႔တဲ့ သေဘာမ်ိဳးရွိပါတယ္။”
ႏွစ္ဘက္ ထိခိုက္က်ဆုံးတဲ့ စာရင္းေတာ့ သတင္းရရွိတာမရွိေသးေၾကာင္း ေျပာပါတယ္။ ၉ရက္ေန႔နဲ႔ ၁၃ရက္ေန႔မွာေတာ့ လက္နက္ႀကီး က်ည္ထိမွန္တာေၾကာင့္ နမ့္ဖလြန္းက အဖိုးအိုတစ္ဦးနဲ႔ နမ့္ဖတ္ကာက အမ်ိဳးသမီးတစ္ဦးတို႔ ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။
ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္မွာ ၉ရက္နဲ႔ ၁၀ရက္ေန႔ေတြက မန္ၿပိန္း၊ နမ့္ဖလြန္း၊ ရႈခင္းသာဘက္ေတြမွာ စစ္ေကာင္စီတပ္နဲ႔ KIA အၾကားတိုက္ပြဲေတြ ျဖစ္ပြားခဲ့ၿပီး ဒီရက္ပိုင္းမွာေတာ့ KIA တပ္ရင္း၉ စခန္းမွာ တိုက္ပြဲေတြ ျပင္းထန္လာတာျဖစ္ပါတယ္။ ဒီတိုက္ပြဲနဲ႔ပတ္သက္လို႔ ျမန္မာစစ္ေကာင္စီက ထုတ္ျပန္ေၾကညာတာမရွိေသးပါဘူး။
{Unicode}
နမ့်ဖတ်ကာ KIA တပ်စခန်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်
ဖေဖော်ဝါရီ ၁၅၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA အကြား တိုက်ပွဲပြင်းထန်နေပြီး KIA ရဲ့ တပ်စခန်းကို စစ်ကောင်စီက လေကြောင်းက နှစ်ရက်ဆက် ပစ်ခတ် တိုက်ခိုက်နေပါတယ်။ ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲသတင်းပေးပို့ချက်ကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲတွေဟာ ဒီလ ၉ရက်နေ့တည်းက စတင်ဖြစ်ပွား လာတာပါ။ ဒီရက်ပိုင်းမှာတော့ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာအနီးရှိ ခိုမုန်းရွာနဲ့ ၁၀ မိုင်လောက်အကွာမှာရှိတဲ့ KIA တပ်ရင်း ၉ စခန်းမှာ တိုက်ပွဲပြင်းထန်နေပါတယ်။
ဒီနေ့ထိ စစ်ကောင်စီက လေကြောင်းကနေ နှစ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်နေကြောင်း နဲ့ လက်နက်ကြီးနဲ့လည်း ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
“ စောစောကနေ နမ့်ဖတ်ကာအခြေစိုက်တပ်မကနေ လက်နက်ကြီးနဲ့ ပစ်ကူတယ်။ တိုက်လေယာဉ်လည်း ၃ခါလောက်ရှိသွားပြီ။ ၂ရက်ပေါ့။ မနေ့ကရော၊ ဒီနေ့ရော တိုက်လေယာဉ်နဲ့ လာကြဲတာ။ အခုဖြစ်နေတဲ့နေရာက ပြည်ထောင်စုလမ်းမကြီးကနေ ခြေလျင်လျှောက်ရင်တောင် ၂နာရီခွဲ ၃နာရီလောက် လျှောက်ရမယ့် နေရာ။ ခိုမုန်းကနေ ခြေလျင်လျှောက်ရင် အဲလောက်ကြတယ်။ ခိုမုန်းကနေဆိုရင် လက်နက်ငယ်သံတွေက အစ ကြားနေရတာ။”
၁၄ရက်နေ့က နေ့ခင်း ၁နာရီလောက်မှာ လေကြောင်းက တိုက်ခိုက်တာရှိခဲ့ပြီး ဒီကနေ့မှာလည်း နေ့ခင်း ၁နာရီလောက်မှာ ထပ်မံ တိုက်ခိုက်တာဖြစ်ပါတယ်။ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကတော့ တပ်ရင်း ၉စခန်းတိုက်ပွဲဟာ ၃ရက်ဆက် ဖြစ်ပွားနေတာဖြစ်ကြောင်းနဲ့ တိုက်ပွဲပြင်းထန်နေတဲ့အခြေအနေကို အခုလို ပြောပါတယ်။
“ ဒီနေ့လည်း မနက်ကတည်းကနေ အခု ညနေအထိပေါ့နော်။ မြေပြင်ကနေလည်း တက်လာတာရှိတယ်။ နောက်ပြီးတော့ လေကြောင်းကလည်း စစ်ကူတာတွေ ရှိတယ်။ လေကြောင်းကနဲ့တော့ ၄- ၅ ခေါက်လောက် ပတ်ပြီးမှ ဗုံးကြဲတိုက်ခိုက်တာ ကျနော်တို့ ခံနေရပါတယ်။ ၃ရက်နေ့မြောက် မြေပြင်ကနေ ထိုးစစ်ဆင်တာဟာ အခု တော်တော်လေး သူတို့ဘက်မှာလည်း အထိနာတဲ့ပုံရှိပါတယ်။ အဲဒါတွေကြောင့် စစ်ကူတွေကိုတော့ လေကြောင်းစစ်ကူတွေ ၊ မြေပြင်စစ်ကူတွေ ပို့တဲ့ သဘောမျိုးရှိပါတယ်။”
နှစ်ဘက် ထိခိုက်ကျဆုံးတဲ့ စာရင်းတော့ သတင်းရရှိတာမရှိသေးကြောင်း ပြောပါတယ်။ ၉ရက်နေ့နဲ့ ၁၃ရက်နေ့မှာတော့ လက်နက်ကြီး ကျည်ထိမှန်တာကြောင့် နမ့်ဖလွန်းက အဖိုးအိုတစ်ဦးနဲ့ နမ့်ဖတ်ကာက အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ ၉ရက်နဲ့ ၁၀ရက်နေ့တွေက မန်ပြိန်း၊ နမ့်ဖလွန်း၊ ရှုခင်းသာဘက်တွေမှာ စစ်ကောင်စီတပ်နဲ့ KIA အကြားတိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဒီရက်ပိုင်းမှာတော့ KIA တပ်ရင်း၉ စခန်းမှာ တိုက်ပွဲတွေ ပြင်းထန်လာတာဖြစ်ပါတယ်။ ဒီတိုက်ပွဲနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီက ထုတ်ပြန်ကြေညာတာမရှိသေးပါဘူး။