သံုးရလြယ္ကူေစသည့္ Link မ်ား

ဝိုင္းေမာ္ၿမိဳ႕နယ္က စစ္ေကာင္စီ ဒုတပ္ရင္းမွဴးနဲ႔ တပ္ဖြဲ႕ဝင္တခ်ိဳ႕ကို KIA ဖမ္းဆီး


ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္ KIA တပ္ဖဲြ႕၀င္မ်ား (ယခင္မွတ္တမ္း႐ုပ္ပံု)

ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္အတြင္းမွာ စစ္ေကာင္စီတပ္က ဒုတပ္ရင္းမႈးနဲ႔ တပ္ဖြဲ႕ဝင္အခ်ိဳ႕ကို ကခ်င္လြတ္ေျမာက္ေရးတပ္ဖြဲ႕ KIA က ဖမ္းဆီးသြားေၾကာင္း ေဒသတြင္း သတင္းမီဒီယာေတြမွာ ေဖာ္ျပထားပါတယ္။ KIA ျပန္ၾကားေရးတာဝန္ခံက စစ္ေကာင္စီတပ္ဖြဲ႕ဝင္အခ်ိဳ႕ ဖမ္းဆီးတဲ့သတင္းရေပမယ့္ ဒုတပ္ရင္းမွဴးအဆင့္ဟုတ္မဟုတ္ကို စီစစ္ဆဲျဖစ္တယ္လို႔ဆိုပါတယ္။ ကခ်င္ျပည္နယ္နဲ႔ ရွမ္းျပည္ေျမာက္ပိုင္းက တိုက္ပြဲသတင္းေပးပို႔ခ်က္ကိုေတာ့ ကိုစံေက်ာ္က ေျပာျပမွာပါ။

ဝိုင္းေမာ္ၿမိဳ႕နယ္အတြင္းမွာ စစ္ေကာင္စီတပ္က ဒုတပ္ရင္းမွဴးအပါအဝင္ တပ္ဖြဲ႕ဝင္ေတြကို ဒီလ ၁၃ရက္ေန႔က KIA ကခ်င္လြတ္လပ္ေရးတပ္က ဖမ္းဆီးသြားတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

ေဒသတြင္း သတင္းမီဒီယာေတြမွာေတာ့ ခလရ ၃၈၉က ဒုတပ္ရင္းမွဴးနဲ႔အဖြဲ႕ဟာ ေ႐ႊေမွာ္ေတြကို စစ္ေဆးၿပီး အိမ္စီးကားနဲ႔ ျပန္လာစဥ္မွာ ေဖေဖာ္ဝါရီလ ၁၃ရက္ေန႔ မနက္မွာ ဝိုင္းေမာ္နဲ႔ ဆဒုံးအၾကားက ဘြမ္ေတာင္႐ြာအနီးမွာ KIA က ဖမ္းဆီးတာျဖစ္ေၾကာင္း ေဖာ္ျပၾကပါတယ္။

ဒီဖမ္းဆီးမႈနဲ႔ပတ္သက္ၿပီး KIA ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မွဴးႀကီးေနာ္ဘူကို ေမးျမန္းရာမွာေတာ့ -

“ အဲဒါ သတင္းကေတာ့ online မွာေတာ့ ရွိပါတယ္။ ဒါေပမဲ့ Confirm ကေတာ့ မရေသးဘူး။ မေန႔က ျပည္သူလူထု စီးလာတဲ့ ကားေပၚမွာ စကစက ဝန္ထမ္းေတြကို စစ္ေဆး ရမိတဲ့သတင္းကေတာ့ တရားဝင္ အေၾကာင္းၾကားလာတာ ရွိပါတယ္။ ႏွစ္ေယာက္၊ သုံးေယာက္ေလာက္ေတာ့ ေျပာၾကတယ္။ ဒါေပမဲ့ ဘယ္အဆင့္ရွိတယ္။ ဘာတာဝန္ထမ္းေဆာင္တဲ့ စစ္မႈထမ္းလားဆိုတာကေတာ့ တိတိက်က်ေတာ့ မသိေသးဘူးခင္ဗ်။ တပ္ရင္းမႈးတို႔ ဒုတပ္ရင္းမႈးတို႔ ဆိုတာကေတာ့ အတည္ျပဳလို႔ မရေသးဘူး။ အခု အားလုံးျပန္ၿပီးမွ စိစစ္ခိုင္းတဲ့အေနအထားေလာက္ပဲ ရွိပါတယ္။ ”

ဒီသတင္းနဲ႔ပတ္သက္ၿပီး ဝိုင္းေမာ္ေဒသခံတစ္ဦးက အခုလို ေျပာပါတယ္။

“ ဖမ္းတာကေတာ့ ၁၁ရက္ေန႔တုံးကလို႔ ေျပာတယ္။ ဆဒုံးဗ်ဴဟာက ၃၈၉က ဗိုလ္ႀကီး မ်ိဳးေအာင္လို႔ ေျပာတာ။ သူတစ္ေယာက္တည္းပဲလို႔ ေျပာၾကတယ္။ အဲလိုပဲ ၾကားတာပဲ။ ေ႐ႊေမွာ္က ေ႐ႊလုပ္တဲ့ လုပ္ငန္းရွင္ေတြနဲ႔ေတြ႕ဖို႔ အလာမွာ ဖမ္းတယ္လို႔ ေျပာတာပဲ။ ဖမ္းတာက ဒီဆဒုံးမေရာက္ခင္ ဘြမ္ေတာင္႐ြာနားမွာ ဖမ္းတယ္ဆိုတာေတာ့ ဟုတ္တယ္။ ”

ေဒသတြင္းသတင္းမီဒီယာေတြမွာေတာ့ ဒုတပ္ရင္းမွဴး ဖမ္းဆီးခံရၿပီးေနာက္ စစ္တပ္နဲ႔ KIA အၾကား တိုက္ပြဲျဖစ္ပြားေၾကာင္းနဲ႔ ဆဒုံးၿမိဳ႕မွာလည္း ည၉နာရီေနာက္ပိုင္း အျပင္မထြက္ရတဲ့ ဆိုတဲ့ အမိန႔္ထုတ္ျပန္ထားေၾကာင္း ေဖာ္ျပထားေပမယ့္ ဗီြအိုေအအေနနဲ႔ သီးျခား အတည္ျပဳႏိုင္တာ မရွိပါဘူး။

ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္ဘက္မွာေတာ့ စစ္ေကာင္စီတပ္နဲ႔ KIA အၾကားမွာ ၃ရက္ဆက္တိုက္ တိုက္ပြဲျဖစ္ပြားေနပါတယ္။ ဗိုလ္မွဴးႀကီးေနာ္ဘူက KIA တပ္ရင္း၉နယ္ေျမအတြင္းကို စစ္ေကာင္စီက စစ္ေၾကာင္းထိုးလာတာေၾကာင့္ တိုက္ပြဲေတြျဖစ္ပြားေနတာလို႔ ေျပာပါတယ္။

“ တိုက္ပြဲျဖစ္တာကေတာ့ အတည္ျပဳ ေျပာလို႔ ရပါတယ္။ အခု ဒီေန႔နဲ႔ဆိုရင္ေတာ့ ၃ရက္ ဆက္တိုက္ တိုက္ပြဲျဖစ္တာ ရွိပါတယ္။ က်ေနာ္တို႔ KIA ရဲ႕ တပ္ရင္း ၉နယ္ေျမဘက္မွာ စကစက စစ္ေၾကာင္းေတြ ၃ေၾကာင္းနဲ႔ ထိုးစစ္ဆင္လာလို႔ က်ေနာ္တို႔ ခုခံတိုက္ပြဲ ျဖစ္တာျဖစ္ပါတယ္ခင္ဗ်။ ”

တပ္ရင္း ၉ဘက္ကို ဒီကေန႔ ေန႔ခင္းပိုင္းက ေလေၾကာင္းက တိုက္ခိုက္တာေတြလည္းရွိေၾကာင္း ေျပာပါတယ္။ ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း တိုက္ပြဲေတြဟာ ဒီလ ၉ရက္ေန႔က စတင္ၿပီးျဖစ္ပြားခဲ့တာပါ။ မေန႔က ျဖစ္တဲ့တိုက္ပြဲမွာ နမ့္ဖတ္ကာေက်း႐ြာအတြင္း လက္နက္ႀကီး ၂လုံးက်ေရာက္ေပါက္ကြဲၿပီး အမ်ိဳးသမီးတစ္ဦး ထိခိုက္ဒဏ္ရာရခဲ့ေၾကာင္းနဲ႔ ၉ရက္ေန႔ တိုက္ပြဲမွာေတာ့ နမ့္ဖလြန္း႐ြာမွာ အသက္၉၀အ႐ြယ္ အဖိုးအိုတစ္ဦး လက္နက္ႀကီးထိမွန္ေၾကာင္း ေဒသတြင္း သတင္းမီဒီယာေတြမွာ ေဖာ္ျပၾကပါတယ္။

၂၀၂၁ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္အာဏာသိမ္းမႈကို KIO ကခ်င္လြတ္လပ္ေရးအဖြဲ႕အစည္းအေနနဲ႔ ေျဗာင္းေျဗာင္းတင္းတင္းဆန႔္က်င္ခဲ့သလို စစ္ေကာင္စီကို လက္နက္ကိုင္ခုခံၾကတဲ့ PDF ေဒသကာကြယ္ေရးအဖြဲ႕ေတြကို KIA က ကူညီေထာက္ပံ့မႈေတြလုပ္ခဲ့ပါတယ္။ စစ္ကိုင္းတိုင္းနဲ႔ ကခ်င္ျပည္နယ္တြင္း အၾကမ္းဖက္တိုက္ခိုက္မႈေတြမွာ PDF နဲ႔ KIA တပ္ဖြဲ႕ေတြ က်ဴးလြန္တာလို႔ စစ္ေကာင္စီကလည္း မၾကာမၾကာ ထုတ္ျပန္ေလ့ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

ဝိုင်းမော်မြို့နယ်က စစ်ကောင်စီ ဒုတပ်ရင်းမှူးနဲ့ တပ်ဖွဲ့ဝင်တချို့ကို KIA ဖမ်းဆီး

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က ဒုတပ်ရင်းမှုးနဲ့ တပ်ဖွဲ့ဝင်အချို့ကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA က ဖမ်းဆီးသွားကြောင်း ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ KIA ပြန်ကြားရေးတာဝန်ခံက စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးတဲ့သတင်းရပေမယ့် ဒုတပ်ရင်းမှူးအဆင့်ဟုတ်မဟုတ်ကို စီစစ်ဆဲဖြစ်တယ်လို့ဆိုပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲသတင်းပေးပို့ချက်ကိုတော့ ကိုစံကျော်က ပြောပြမှာပါ။

ဝိုင်းမော်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင်တွေကို ဒီလ ၁၃ရက်နေ့က KIA ကချင်လွတ်လပ်ရေးတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒေသတွင်း သတင်းမီဒီယာတွေမှာတော့ ခလရ ၃၈၉က ဒုတပ်ရင်းမှူးနဲ့အဖွဲ့ဟာ ရွှေမှော်တွေကို စစ်ဆေးပြီး အိမ်စီးကားနဲ့ ပြန်လာစဉ်မှာ ဖေဖော်ဝါရီလ ၁၃ရက်နေ့ မနက်မှာ ဝိုင်းမော်နဲ့ ဆဒုံးအကြားက ဘွမ်တောင်ရွာအနီးမှာ KIA က ဖမ်းဆီးတာဖြစ်ကြောင်း ဖော်ပြကြပါတယ်။

ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို မေးမြန်းရာမှာတော့ -

“ အဲဒါ သတင်းကတော့ online မှာတော့ ရှိပါတယ်။ ဒါပေမဲ့ Confirm ကတော့ မရသေးဘူး။ မနေ့က ပြည်သူလူထု စီးလာတဲ့ ကားပေါ်မှာ စကစက ဝန်ထမ်းတွေကို စစ်ဆေး ရမိတဲ့သတင်းကတော့ တရားဝင် အကြောင်းကြားလာတာ ရှိပါတယ်။ နှစ်ယောက်၊ သုံးယောက်လောက်တော့ ပြောကြတယ်။ ဒါပေမဲ့ ဘယ်အဆင့်ရှိတယ်။ ဘာတာဝန်ထမ်းဆောင်တဲ့ စစ်မှုထမ်းလားဆိုတာကတော့ တိတိကျကျတော့ မသိသေးဘူးခင်ဗျ။ တပ်ရင်းမှုးတို့ ဒုတပ်ရင်းမှုးတို့ ဆိုတာကတော့ အတည်ပြုလို့ မရသေးဘူး။ အခု အားလုံးပြန်ပြီးမှ စိစစ်ခိုင်းတဲ့အနေအထားလောက်ပဲ ရှိပါတယ်။ ”

ဒီသတင်းနဲ့ပတ်သက်ပြီး ဝိုင်းမော်ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

“ ဖမ်းတာကတော့ ၁၁ရက်နေ့တုံးကလို့ ပြောတယ်။ ဆဒုံးဗျူဟာက ၃၈၉က ဗိုလ်ကြီး မျိုးအောင်လို့ ပြောတာ။ သူတစ်ယောက်တည်းပဲလို့ ပြောကြတယ်။ အဲလိုပဲ ကြားတာပဲ။ ရွှေမှော်က ရွှေလုပ်တဲ့ လုပ်ငန်းရှင်တွေနဲ့တွေ့ဖို့ အလာမှာ ဖမ်းတယ်လို့ ပြောတာပဲ။ ဖမ်းတာက ဒီဆဒုံးမရောက်ခင် ဘွမ်တောင်ရွာနားမှာ ဖမ်းတယ်ဆိုတာတော့ ဟုတ်တယ်။ ”

ဒေသတွင်းသတင်းမီဒီယာတွေမှာတော့ ဒုတပ်ရင်းမှူး ဖမ်းဆီးခံရပြီးနောက် စစ်တပ်နဲ့ KIA အကြား တိုက်ပွဲဖြစ်ပွားကြောင်းနဲ့ ဆဒုံးမြို့မှာလည်း ည၉နာရီနောက်ပိုင်း အပြင်မထွက်ရတဲ့ ဆိုတဲ့ အမိန့်ထုတ်ပြန်ထားကြောင်း ဖော်ပြထားပေမယ့် ဗွီအိုအေအနေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ဘက်မှာတော့ စစ်ကောင်စီတပ်နဲ့ KIA အကြားမှာ ၃ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေပါတယ်။ ဗိုလ်မှူးကြီးနော်ဘူက KIA တပ်ရင်း၉နယ်မြေအတွင်းကို စစ်ကောင်စီက စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေဖြစ်ပွားနေတာလို့ ပြောပါတယ်။

“ တိုက်ပွဲဖြစ်တာကတော့ အတည်ပြု ပြောလို့ ရပါတယ်။ အခု ဒီနေ့နဲ့ဆိုရင်တော့ ၃ရက် ဆက်တိုက် တိုက်ပွဲဖြစ်တာ ရှိပါတယ်။ ကျနော်တို့ KIA ရဲ့ တပ်ရင်း ၉နယ်မြေဘက်မှာ စကစက စစ်ကြောင်းတွေ ၃ကြောင်းနဲ့ ထိုးစစ်ဆင်လာလို့ ကျနော်တို့ ခုခံတိုက်ပွဲ ဖြစ်တာဖြစ်ပါတယ်ခင်ဗျ။ ”

တပ်ရင်း ၉ဘက်ကို ဒီကနေ့ နေ့ခင်းပိုင်းက လေကြောင်းက တိုက်ခိုက်တာတွေလည်းရှိကြောင်း ပြောပါတယ်။ ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲတွေဟာ ဒီလ ၉ရက်နေ့က စတင်ပြီးဖြစ်ပွားခဲ့တာပါ။ မနေ့က ဖြစ်တဲ့တိုက်ပွဲမှာ နမ့်ဖတ်ကာကျေးရွာအတွင်း လက်နက်ကြီး ၂လုံးကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းနဲ့ ၉ရက်နေ့ တိုက်ပွဲမှာတော့ နမ့်ဖလွန်းရွာမှာ အသက်၉၀အရွယ် အဖိုးအိုတစ်ဦး လက်နက်ကြီးထိမှန်ကြောင်း ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို KIO ကချင်လွတ်လပ်ရေးအဖွဲ့အစည်းအနေနဲ့ ဗြောင်းဗြောင်းတင်းတင်းဆန့်ကျင်ခဲ့သလို စစ်ကောင်စီကို လက်နက်ကိုင်ခုခံကြတဲ့ PDF ဒေသကာကွယ်ရေးအဖွဲ့တွေကို KIA က ကူညီထောက်ပံ့မှုတွေလုပ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ PDF နဲ့ KIA တပ်ဖွဲ့တွေ ကျူးလွန်တာလို့ စစ်ကောင်စီကလည်း မကြာမကြာ ထုတ်ပြန်လေ့ရှိပါတယ်။

XS
SM
MD
LG