သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့် ဆိပ်မူရွာ စစ်ကောင်စီတပ်ကို KIA ပူးပေါင်းတပ် တိုက်ခိုက်


(ယခင်မှတ်တမ်းရုပ်ပုံ ) KIA က နန့်စီပွန်ကျောက်စိမ်းမှော်ရှိ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်မှုကြောင့် မီးခိုးလုံးတွေ ဖုံးလွှမ်းနေမှုမြင်ကွင်း။ (မေ ၂၂၊ ၂၀၂၁)
(ယခင်မှတ်တမ်းရုပ်ပုံ ) KIA က နန့်စီပွန်ကျောက်စိမ်းမှော်ရှိ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်မှုကြောင့် မီးခိုးလုံးတွေ ဖုံးလွှမ်းနေမှုမြင်ကွင်း။ (မေ ၂၂၊ ၂၀၂၁)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်ကို KIA နဲ့ ပူးပေါင်းတပ်တွေက ဒီမနက် သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက်၊ ဖားကန့်မြို့အတွင်း လုံခြုံရေးတင်းကျပ်နေပါတယ်။ ဒီလပိုင်းအတွင်းမှာပဲ ဖားကန့်မြို့နယ်တွင်း ပစ်ခတ်သတ်ဖြတ်မှုတွေလည်း မကြာမကြာဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့ထားတဲ့သတင်းကို ကိုဇော်ဝင်းလှိုင်က ပြောပြပေးပါမယ်။

ဒီမနက်ပစ်ခတ်တိုက်ခိုက်မှုဟာ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ ယူမာရပ်ကွက်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက် တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲက မိနစ် ၃၀လောက်ဖြစ်ပွားပြီး အထိအခိုက်အခြေအနေ မသိရသေးကြောင်းနဲ့ စစ်ဆေးမှုတွေ တင်းကျပ်နေကြောင်း ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက VOA ကို ပြောပါတယ်။

“ ယူမာရွာအပေါ်မှာ Ever Winner ကုမ္ပဏီရှိတယ်။ အဲဒီ Ever Winner ကုမ္ပဏီဝင်းထဲမှာ ရဲဘော်တွေရှိတယ်လေ။ တပ်အထိုင်ချထားတာ။ အဲဒါကို လာပစ်တာ။ မနက် ၅နာရီကျော်ကျော်လောက်။ မိနစ် ၃၀လောက်ပေါ့။ တခြားတော့ ဘာမှ မကြားဘူး။ ရွာမှာ စစ်ဆေးမှုတွေ ဘာတွေတော့ လုပ်နေတယ်။ အဲဒီဘေလီတံတားထိပ်မှာလေ။ ”

အခြားဒေသခံအမျိုးသမီးတစ်ဦးကလည်း ဖားကန့်မြို့ လုံခြုံရေးအခြေအနေကို အခုလို ပြောပါတယ်။

“ ဒီနေ့ ဆိုရင်လည်း ဟို လုံးခင်းအထွက်တို့၊ ဖားကန့်အထွက်အဝင်၊ ဆိုင်းတောင် အထွက်အဝင် ကားစစ်တဲ့ဟာစစ်။ အကုန်လုံးပြန်စစ်။ တမြန်နေ့ကတော့ လုံးခင်း အဲဒီပေါ်ဦးရှေ့မှာလည်း နှစ်ယောက်ကို ပစ်သတ်ထားတယ်လေ။ ခေါင်းမှာပဲ ပစ်လိုက်တာပေါ့။ သေနတ်နဲ့။ လူသတ်မှုလို့ပဲ ပြောရမလား။ လူသေမှုလို့ပဲ ပြောရမလား။ အဲဒါကတော့ အချိန်တိုင်း နေရာတိုင်းမှာဖြစ်နေတာ။ ”

သေဆုံးသွားသူ အမျိုးသား ၂ ဦးဟာ အသက် ၃၀ ဝန်းကျင်လောက်ရှိကြောင်းနဲ့ ဘယ်သူက ဘာကြောင့် ပစ်တယ်ဆိုတာ မသိရကြောင်း ပြောပါတယ်။ ဒီလပိုင်းတွေအတွင်း လူသေဆုံးမှုတွေ မြင့်တက်လာနေကြောင်းလည်း ဖားကန့်ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

“အခြေအနေတော့ မကောင်းပါဘူး ဖားကန့်မှာ။ လူသေမှုပေါ့ အဲဒါမျိုးတွေတော့ တအားများလာတယ်။ တစ်လ တစ်လကို ၅လောင်း၊ ၆လောင်း အဲလို သေနေတာလေ။ အဲလောက် အခြေအနေ ဆိုးလာတယ် ဖားကန့်မှာ။”

ဒီလ ၂၁ရက်နေ့ ညနေပိုင်းကလည်း ဖားကန့်မြို့ အထွေထွေအုပ်ချုပ်ရေးရုံးမှာ ပေါက်ကွဲမှု ၅ကြိမ်ခန့် ဖြစ်ပွားခဲ့တာကြောင့် ရဲ ၂ဦး ထိခိုက်ပြီး တစ်ဦးသေဆုံးကြောင်း ဆက်ပြောပါတယ်။ အချို့ဒေသခံတွေကတော့ ရုံးဆင်းချိန်ပေါက်ကွဲတာကြောင့် အထိအခိုက်မရှိကြောင်းပြောဆိုပေမဲ့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။

ဒီလ ၄ရက်နေ့ကလည်း ဖားကန့်မြို့ အထွေထွေ အုပ်ချုပ်ရေးရုံးမှာ လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပချိန်မှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက လောင်ချာနဲ့ပစ်ခတ်ခဲ့လို့ ဝန်ထမ်းအချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဖားကန့်အခြေစိုက် စစ်ကောင်စီတပ်စခန်းတွေကလည်း ညစဉ်လို လက်နက်ကြီးပစ်ခတ်တာတွေ ရှိသလို၊ လက်နက်ကြီးတွေ လူနေရပ်ကွက်အတွင်းကျရောက်တာတွေ ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}





“ ယူမာရှာအပေါျမှာ Ever Winner ကုမ်ပဏီရှိတယျ။ အဲဒီ Ever Winner ကုမ်ပဏီဝငျးထဲမှာ ရဲဘောျတှရှေိတယျလေ။ တပျအထိုငျခထြားတာ။ အဲဒါကို လာပဈတာ။ မနကျ ၅နာရီကြောျကြောျလောကျ။ မိနဈ ၃၀လောကျပေါ့။ တခွားတော့ ဘာမှ မကွားဘူး။ ရှာမှာ စဈဆေးမှုတှေ ဘာတှတေော့ လုပျနတေယျ။ အဲဒီဘလေီတံတားထိပျမှာလေ။ ”







XS
SM
MD
LG