သံုးရလြယ္ကူေစသည့္ Link မ်ား

ျမစ္ႀကီးနားက စစ္ေဘးေရွာင္ခန္းေတြပိတ္ပစ္ဖို႔ စစ္ေကာင္စီ ျပင္ဆင္ေန


ျမစ္ႀကီးနားၿမိဳ႕အနီးရွိ ဒုကၡသည္စခန္းတခုထဲတြင္ ေတြ႔ရသည့္ စစ္ေျပးဒုကၡသည္ ကေလးငယ္မ်ား။ (ေမ ၂၁၊ ၂၀၂၀)

ျမန္မာႏိုင္ငံအတြင္း အေျခအေနေတြ ပုံမွန္ ျပန္ျဖစ္ေနၿပီဆိုတာကို ျပသဖို႔အတြက္ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားမွာ ဖြင့္ထားတဲ့ အိုးအိမ္စြန႔္ခြါထြက္ေျပးလာၾကသူေတြရဲ႕ စခန္း ၂၅ ခုေလာက္ကို စစ္ေကာင္စီက ပိတ္‌ေတာ့မွာ ျဖစ္တာေၾကာင့္ မတ္လကုန္ ‌ေနာက္ဆုံးထားၿပီး စခန္းေတြကထြက္ၾကဖို႔ အမိန႔္ထုတ္ထားေၾကာင္း ေဒသခံေတြကို ကိုးကားၿပီး Union of Catholic Asian News (UCA News) က ေျပာပါတယ္။

ျမစ္ႀကီးနားၿမိဳ႕ဟာ ခရစ္ယန္အမ်ားစုေနထိုင္တဲ့ ၿမိဳ႕ျဖစ္ၿပီး၊ အဲဒီ IDP စခန္းေတြကို ကက္သလစ္ဘာသာဝင္ေတြနဲ႔ Baptist ဘာသာဝင္ေတြက ၂၀၁၁ ခုႏွစ္ကတည္းက ကူညီေစာင့္ေရွာက္ခဲ့တာပါ။

လူသားခ်င္းစာနာေထာက္ထားေရး ကုလသမဂၢ ေပါင္းစပ္ညႇိဳႏႈိင္းေရး႐ုံး အလိုအရ စခန္းမွာ ေနရပ္စြန႔္လာၾကသူေတြ ၁၁,၀၀၀ ဝန္းက်င္ ရွိပါတယ္။ ခုေတာ့ ခိုကိုး ေနထိုင္သူေတြဟာ မူရင္းအရပ္ကို ျပန္လိုကျပန္၊ စခန္းအသစ္ကို ေ႐ႊ႕ခ်င္သူေ႐ႊ႕ ဒါမွမဟုတ္ ကိုယ့္အစီအစဥ္နဲ႔ ကိုယ္ေနထိုင္ဆိုတဲ့ ေ႐ြးစရာ သုံးခုေပးထားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

စခန္းတစ္ခုက မိသားစု ၆၀ ေလာက္ကေတာ့ သူတို႔ေနရပ္မွာ လုံၿခဳံေရး စိတ္မခ်ရေသးေပမဲ့ ျပန္သြားၾကၿပီလို႔ သတင္းက ဆိုပါတယ္။ တခ်ိဳ႕ကေတာ့ မျပန္ရဲၾကေသးဘဲ သူ႔အစီအစဥ္နဲ႔သူ ေနထိုင္ၾကဖို႔ စဥ္းစားေနၾကပါတယ္။ ေနရပ္ျပန္သြားၾကသူေတြရဲ႕ လုံၿခဳံေရးအတြက္ အာမခံခ်က္ေတာ့ မရွိပါဘူး။

ကခ်င္ျပည္နယ္အတြင္းက IDP စခန္း အသီးသီးမွာ လူေပါင္း ၁၀၁၅၀၀ ေက်ာ္ ရွိတယ္လို႔ ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာ႐ုံးရဲ႕ ေဖေဖာ္ဝါရီလ ၁၆ ရက္ေန႔ထုတ္ျပန္ခ်က္က ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

မြစ်ကြီးနားက စစ်ဘေးရှောင်ခန်းတွေပိတ်ပစ်ဖို့ စစ်ကောင်စီ ပြင်ဆင်နေ

မြန်မာနိုင်ငံအတွင်း အခြေအနေတွေ ပုံမှန် ပြန်ဖြစ်နေပြီဆိုတာကို ပြသဖို့အတွက် ကချင်ပြည်နယ်၊ မြစ်ကြီးနားမှာ ဖွင့်ထားတဲ့ အိုးအိမ်စွန့်ခွါထွက်ပြေးလာကြသူတွေရဲ့ စခန်း ၂၅ ခုလောက်ကို စစ်ကောင်စီက ပိတ်‌တော့မှာ ဖြစ်တာကြောင့် မတ်လကုန် ‌နောက်ဆုံးထားပြီး စခန်းတွေကထွက်ကြဖို့ အမိန့်ထုတ်ထားကြောင်း ဒေသခံတွေကို ကိုးကားပြီး Union of Catholic Asian News (UCA News) က ပြောပါတယ်။

မြစ်ကြီးနားမြို့ဟာ ခရစ်ယန်အများစုနေထိုင်တဲ့ မြို့ဖြစ်ပြီး၊ အဲဒီ IDP စခန်းတွေကို ကက်သလစ်ဘာသာဝင်တွေနဲ့ Baptist ဘာသာဝင်တွေက ၂၀၁၁ ခုနှစ်ကတည်းက ကူညီစောင့်ရှောက်ခဲ့တာပါ။

လူသားချင်းစာနာထောက်ထားရေး ကုလသမဂ္ဂ ပေါင်းစပ်ညှိုနှိုင်းရေးရုံး အလိုအရ စခန်းမှာ နေရပ်စွန့်လာကြသူတွေ ၁၁,၀၀၀ ဝန်းကျင် ရှိပါတယ်။ ခုတော့ ခိုကိုး နေထိုင်သူတွေဟာ မူရင်းအရပ်ကို ပြန်လိုကပြန်၊ စခန်းအသစ်ကို ရွှေ့ချင်သူရွှေ့ ဒါမှမဟုတ် ကိုယ့်အစီအစဉ်နဲ့ ကိုယ်နေထိုင်ဆိုတဲ့ ရွေးစရာ သုံးခုပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စခန်းတစ်ခုက မိသားစု ၆၀ လောက်ကတော့ သူတို့နေရပ်မှာ လုံခြုံရေး စိတ်မချရသေးပေမဲ့ ပြန်သွားကြပြီလို့ သတင်းက ဆိုပါတယ်။ တချို့ကတော့ မပြန်ရဲကြသေးဘဲ သူ့အစီအစဉ်နဲ့သူ နေထိုင်ကြဖို့ စဉ်းစားနေကြပါတယ်။ နေရပ်ပြန်သွားကြသူတွေရဲ့ လုံခြုံရေးအတွက် အာမခံချက်တော့ မရှိပါဘူး။

ကချင်ပြည်နယ်အတွင်းက IDP စခန်း အသီးသီးမှာ လူပေါင်း ၁၀၁၅၀၀ ကျော် ရှိတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာရုံးရဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ထုတ်ပြန်ချက်က ဆိုပါတယ်။

XS
SM
MD
LG