သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အမ်ိဳးသမီးထုအား ေႏြဦးေတာ္လွန္ေရး အသက္


အမ်ိဳးသမီးထုအား ေႏြဦးေတာ္လွန္ေရး အသက္
please wait

No media source currently available

0:00 0:16:36 0:00

အာဏာသိမ္းမႈ ၂ ႏွစ္အတြင္း ဘယ္လို အေျခအေန အေျပာင္းအလဲေတြကို အမ်ိဳးသမီးေတြ အဓိက ႀကဳံေတြ႕ၾကရပါသလဲ။ ဘယ္လို ေမွ်ာ္လင့္ခ်က္ ခံယူခ်က္ေတြနဲ႔ ရင္ဆိုင္ ျဖတ္သန္းေနၾကပါလဲ။ ဒီတပတ္အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးတင္ျပထားပါတယ္။

[Unicode]

အမျိုးသမီးထုအား နွေဦးတော်လှန်ရေး အသက် (အမျိုးသမီးကဏ္ဍ)

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ် အကြာ မြန်မာနိုင်ငံမှာ အမျိုးသမီး အခွင့်အရေး အပါအဝင် လူ့အခွင့်အရေး အခြေအနေတွေ အဘက်ဘက်က ဆုတ်ယုတ် ကျဆင်း လာခဲ့တယ်လို့ ကုလသမဂ္ဂ၊ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူတွေက ထောက်ပြ ပြောဆိုထားပါတယ်။ အာဏာသိမ်းမှု ၂ နှစ်အတွင်း ဘယ်လို အခြေအနေ အပြောင်းအလဲတွေကို အမျိုးသမီးတွေ အဓိက ကြုံတွေ့ကြရပါသလဲ။ ဘယ်လို မျှော်လင့်ချက် ခံယူချက်တွေနဲ့ ရင်ဆိုင် ဖြတ်သန်းနေကြပါလဲ။ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ဆက်ထားပါတယ်။

စစ်တပ်က အရပ်သားအစိုးရကို ဖယ်ရှားပြီး ပြည်သူတွေရဲ့ ဒီမိုကရေစီလိုလားချက်တွေနဲ့ လူငယ်တွေရဲ့ ဘ၀ အိပ်မက်တွေကို ရိုက်ချိုး အာဏာသိမ်းယူခဲ့တာ အခုဆိုရင် ၂ နှစ်ပြည့်သွားခဲ့ပါပြီ။ အမျိုးသမီး အမျိုးသား၊ လူငယ်၊ ကလေးငယ် အရွယ်စုံ ပြည်သူလူထုတွေရဲ့ ဘဝတွေ ဒီ ၂ နှစ်အတွင်း သိသိသာသာ ပြောင်းလဲသွားခဲ့တာပါ။ ဖမ်းဆီး ထိန်းသိမ်းခံရတာ၊ နှိပ်စက်ညှင်းပမ်း သတ်ဖြတ်ခံရတာ၊ ကျေးရွာတွေ မီးရှို့ခံရတာ၊ စာသင်ကျောင်းတွေပါ မကျန် ကုန်ကြောင်း လေကြောင်းကနေ တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်တွေ နိုင်ငံဒေသအနှံ့ ကြုံခဲ့ကြရသလို အရပ်သား ထိခိုက်သေဆုံးမှု ထောင်နဲ့ချီ ရှိခဲ့ပါတယ်။

အာဏာသိမ်းမှု ၂ နှစ်အတွင်း ဒီလို ဆိုးရွားတဲ့ အခြေအနေတွေကို ခါးစည်းခံရသူတွေထဲမှာ အမျိုးသမီးတွေ ထိပ်ဆုံးက ပါ ပါတယ်။

“ဒီ ၂ နှစ်အတွင်းမှာ အမျိုးသမီးတွေ သူတို့ လုပ်ကိုင်စားသောက်နေကျ တနိုင်တပိုင် စီးပွားရေးကို လုံး၀ မလုပ်ကိုင် မစားသောက်နိုင် တော့ဘူး။ တချို့ အမျိုးသမီးတွေ ဆိုရင် ပိုင်ဆိုင်ထားတဲ့အိမ်တွေ လက်နက်ကြီးကျလို့၊ မီးလောင်တဲ့အထဲ ပါသွားတာ ရှိသလို စစ်ကောင်စီက တမင် ရည်ရွယ်ချက်ရှိရှိ အကုန်လုံး ဖျက်ဆီးလိုက်တာမျိုး၊ အိမ်တွေကို တမင်တကာ ဖျက်ဆီးတာ မီးရှို့တာမျိုးတွေ ရှိပါတယ်။ ဆိုတော့ ဒီလိုမျိုးအခြေအနေမှာ သူတို့ အိမ်ပြန်စရာ မရှိဘူး။ တချို့ အိမ် ပြန်စရာရှိရင်တောင် ပြန်လုပ်ကိုင် စားသောက်လို့ရတဲ့ အနေအထားမျိုး အခြေအနေ မပေးတော့ဘူး။ ဆိုတော့ ဒါက တော်တော်လေး ဆိုးရွားတဲ့ အခြေအနေ တခုလို့ ပြောလို့ရပါတယ်။”

ဒါကတော့ အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်လာတဲ့ ကရင်နီဒေသက အမျိုးသမီးတွေရဲ့ အခြေအနေတချို့ကို ကရင်နီအမျိုးသမီး အစည်းအရုံး အတွင်းရေးမှူး - ၂ မော်ဖရေးမြာက ပြောပြသွားတာပါ။ ကရင်နီဒေသ အပါအဝင် ကရင်၊ ချင်း၊ ကချင် စတဲ့ တိုင်းရင်းသားဒေသတွေ နဲ့ အရင်က လက်နက်ကိုင် ပဋိပက္ခတွေ မရှိခဲ့တဲ့ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေမှာပါ အကြမ်းဖက် တိုက်ခိုက်မှုတွေ ပိုမို ပြင်းထန် ကျယ်ပြန့်လာခဲ့သလို၊ အာဏာသိမ်းမှု နောက်ပိုင်း စစ်ပြေး ဒုက္ခသည် ၁ သန်းခွဲ ကျော်အထိ တိုးလာတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက လည်း ထောက်ပြပါတယ်။ ဒီအထဲမှာလည်း အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေပါ။

စစ်အာဏာသိမ်းမှုကြောင့် ဘဝတွေ ဇောက်ထိုးမိုးမျှော် ပြောင်းလဲ သွားခဲ့ရသူတွေထဲ CDM စစ်သား မိသားစုတွေလည်း ပါ ပါတယ်။ စစ်အုပ်ချုပ်ရေးကို အကြမ်းမဖက်နည်းနဲ့ ဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်လို့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ခြိမ်းခြောက်မှုတွေ ကြုံခဲ့ရတယ်လို့ CDM စစ်သား ဇနီးသည်တဦးဖြစ်တဲ့ မဆုသစ်က ပြောပါတယ်။ ထင်မှတ်မထားတဲ့ အပြောင်းအလဲတွေ ကြုံခဲ့ရတာလို့ သူက ပြောပြပါတယ်။

“ဘယ်လောက်အထိ ပြောင်းလဲသွားလဲ ဆိုတော့ အတော်ကြီးကို ပြောင်းလဲသွားပါတယ်။ စ စချင်း အာဏာသိမ်းတဲ့ တရက် နှစ်ရက် ကတော့ အဲ့လောက်ကြီးထိ ဖြစ်မယ်လို့ မထင်ဘူး။ နောက် တဖြည်းဖြည်းနဲ့ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ဖြစ်လာတဲ့အခါမှာ ကျမ အမျိုးသားကိုလည်း စစ်တပ်ထဲမှာ မရှိစေချင်တော့ဘူး။ ဒါပေမဲ့ စစ်တပ်ကလည်း လွယ်လွယ်နဲ့ထွက်လို့ ရတဲ့ဟာမျိုး မဟုတ်ဘူးပေါ့နော်။ မဟုတ်တဲ့အခါ ကျတော့ ကျမတို့ ဘဝတခုလုံး ရင်းရမယ့် အနေအထားမျိုးကို ရောက်ရှိသွားတယ်ပေါ့နော်။ အသက်ညှာဆုံး အသက်သာဆုံး နည်းလမ်းကို စဉ်းစားပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တဲ့အခါ ကျတော့ နောက်ဆုံး CDM လုပ်ပြီး စစ်တပ်ထဲကနေ ထွက်လာခဲ့တယ်။ ထွက်လာခဲ့တဲ့ အခါမှာ ခြိမ်းခြောက်မှုတွေနဲ့ ပထမဆုံး အရမ်း ခက်ခဲ ခဲ့ရတယ်။ ကျမ မှာလည်း အသက်ကြီးတဲ့ မိဘတွေ ရှိတယ်။ မိသားစုတွေ ရှိတယ်။ ဆိုတော့ ဒီလူတွေကို နှောက်ယှက်ဖျက်စီးမှာတွေ ကြောက်တာပေါ့နော်။ နောက်ပြီးတော့ ကိုယ့်အမျိုးသားရဲ့ အသက် အန္တရာယ်ကိုလည်း စိုးရိမ်တာပေါ့နော်။ ဆိုတော့ သူ ထွက်လာပြီ ဆိုကတည်းက စစ်တပ်က ဖုန်းတွေ တောက်လျှောက် ဆက်တာမျိုး၊ လိုက်မေးတာမျိုးတွေ ခံရတယ်။ နောက်ပြီးတော့ ကိုယ့်မြေကိုယ့်ရေမှာ မနေရတော့ဘူး။ လွတ်မြောက်တဲ့ နေရာတွေကို ထွက်ပြေးရတယ်။ ဒါတွေကတော့ ကြီးမားတဲ့ အပြောင်းအလဲပေါ့။ အဲ့ဒီအချိန်မှာ ကျမက အပြင်မှာ အလုပ် လုပ်တဲ့ အမျိုးသမီး တယောက် ဖြစ်တဲ့အခါကျတော့ ကျမရဲ့ courier ဆုံးရှုံးရတယ်။ ကျမရဲ့ အလုပ်တွေ၊ လစာတွေ အကုန် ဆုံးရှုံးရတယ်။ ဒါတွေက ကြိုမတွက်ထားဘူးလား ဆိုတော့ ကြိုတွက်ထားတဲ့ အရာတွေပဲ။ ဒါပေမဲ့ ဒီလမ်းကို ကျမတို့ ရွေးချယ်ရတော့မှာဖြစ်တဲ့အတွက် ဆုံးရှုံးရလည်း စွန့်လွှတ်ရလည်း ကိစ္စမရှိဘူး ဆိုပြီး လုပ်ခဲ့ကြတယ်။”

သူတို့မိသားစု လိုပဲ စစ်ဖိနပ်အောက်မှာ မနေချင်လို့ CDM လှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ တပ်မတော်သား မိသားစုတွေလည်း အများအပြား ရှိနေပြီး စစ်တပ်ဒေါက်တိုင်ဘ၀ အရောက်မခံဘဲ၊ ကောင်းရောင်းကောင်းဝယ် လုပ်စားရင်း စစ်အုပ်ချုပ်ရေးကို ဆက်လက် တော်လှန်နေကြတယ်လို့လည်း မဆုသစ်က ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှု တွေကြောင့် အမျိုးသမီးတွေ အပါအဝင် ပြည်သူလူထု တရပ်လုံးရဲ့ စားဝတ်နေထိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး စသဖြင့် အခြေအနေတွေကတော့ ၂ နှစ်အတွင်းမှာ အဘက်ဘက်က ဆုတ်ယုတ် ကျဆင်းသွားခဲ့ရတယ်လို့ အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူ မခင်လေးက ပြောပါတယ်။

“အာဏာသိမ်း ၂ နှစ်ပြည့်ပြီးတဲ့နောက်မှာတော့ ကျမတို့ အမျိုးသမီးတွေရဲ့ ယေဘုယျ အခြေအနေကို ခြုံပြီး ပြောရမယ်ဆိုရင်တော့ တိုင်းပြည်မှာရှိတဲ့ တခြားသော တိုင်းသူပြည်သားတွေနဲ့ အတူတူပဲပေါ့။ ဒုက္ခတွေနဲ့ပဲ ပိုပြီးတော့ ကြုံနေရတယ်။ ပိုပြီးတော့ ဆိုးရွားသထက် ဆိုးရွားတဲ့ ဒုက္ခမျိုးစုံကို ရင်ဆိုင်နေရတယ်။ အထူးသဖြင့်တော့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပေါ့။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုက ပိုပြီးတော့ ဆိုးဆိုးရွားရွား ဖြစ်လာတယ်။ အာဏာသိမ်း စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ၊ ထောင်တွင်းမှာ၊ စစ်ကြောရေး စခန်းတွေမှာ၊ ရပ်ရွာတွေထဲမှာ မထင်ရင် မထင်သလို လွယ်လင့်တကူ မုဒိမ်းကျင့်တာ၊ သတ်ဖြတ်တာ၊ စော်ကားတာတွေ ကလည်း အစုံရှိနေတယ်။ နောက်တခုက သာမန် အခြေအနေမှာဆိုရင်လည်း ကျမတို့ အမျိုးသမီးတွေဟာ ရိုးရိုးသာမန် နိုင်ငံရေးနဲ့ မပတ်သက်ဘူး ဆိုတဲ့ အမျိုးသမီးတွေတောင်မှ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးလာတယ်။ အဲ့ဒီအခါကျတော့ သူတို့က နယ်စပ်ဖြတ်ကျော်ပြီးတော့ အလုပ်အကိုင်တွေ လုပ်ရတယ်။ အဲ့လိုလုပ်တဲ့အခါမှာလည်း တခြား တိုင်းပြည်တွေကို ထွက်ပြီး လုပ်ရတဲ့အခါမှာ လူကုန်ကူးမှု ပြဿနာတွေနဲ့ ရင်ဆိုင်ရတယ်။ အဲ့ဒီလို ပြဿနာတွေကိုလည်း ဝိုင်းဝန်းကူညီ ဖြေရှင်းပြီးတော့ ဆောင်ရွက်ပေးဖို့ အကူအညီတောင်းသော်လည်း အကူအညီရတဲ့ အနေအထား မျိုးမှာလည်း မရှိဘူး။ ဆိုတော့ ခြုံပြီးပြောရရင်တော့ ကျမတို့အမျိုးသမီးနဲ့ ပတ်သက်တဲ့ အခွင့်အရေး၊ အမျိုးသမီးတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ သူတို့ရဲ့ဘ၀ လုံခြုံရေးတွေဟာ အင်မတန်မှ ဆိုးရွားတဲ့ အခြေအနေကို ရောက်နေတယ်လို ပြောလို့ရပါတယ်။”

အာဏာသိမ်းမှုကြောင့် ဘဝတွေ ဆုံးရှုံးပြီး အနာဂတ် ရည်မှန်းချက်အိပ်မက် ပျက်ခဲ့ရသူတွေ အမြောက်အများ ရှိတာမှာ အနာဂတ် မျိုးဆက် လူငယ်တွေကတော့ ဆုံးရှုံးနစ်နာမှုက အဆိုးဆုံးလို့ ဆိုရမှာပါ။ နဂိုကတည်းက ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေးကဏ္ဍတွေမှာ အမျိုးသားတွေထက် နိမ့်ကျနေတဲ့ အမျိုးသမီးလူငယ်တွေ ဆိုရင်တော့ ဆုံးရှုံးနစ်နာမှုက ပိုလို့တောင် ကြီးမားတယ်လို့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ လူငယ်အမျိုးသမီး တက်ကြွ လှုပ်ရှားသူ မအက်စတာဇေနော က ပြောပါတယ်။

“ကျမရဲ့ တကိုယ်ရည်အရ ဆိုရင်လည်း အရင်တုန်းက PhD တက်ဖို့အတွက် စဉ်းစားခဲ့တဲ့သူ ဖြစ်တယ်။ သို့ပေမဲ့လည်း အခုချိန်မှာဆိုရင် ကျမ အတွက်က ဒီအိပ်မက်ကို ဖျောက်ရမလား။ ဒါမှမဟုတ်ရင်လဲ ဘာဆက်လုပ်ရမလဲ ဆိုတာက တော်တော်လေးကို ဝေဝါးတဲ့ အခင်းအကျင်း ဖြစ်တာပေါ့လေ။ ဆိုတော့ ဒါမျိုး ကျမလို ကြုံရတဲ့သူတွေ အမြောက်အများ ရှိမယ်။ ကျမထက် ပိုဆိုးပြီးတော့ ဘာမှ မပြင်ဆင်ရသေးတဲ့ လူငယ် အမျိုးသမီးတွေလည်း အမြောက်အများ ရှိပါတယ်။ ပညာရေးမှာဆိုရင်လည်း မတတ်လိုက်ရတဲ့ အခြေအနေပေါ့။ ဆုံးခန်းတိုင်ဖို့ မပြောနဲ့ စတောင် မစ လိုက်ရတဲ့ လူငယ်တွေ။ ဒါတွေကို ကျမ အင်မတန်မှ စိတ်မကောင်း ဖြစ်ရတယ်။ နောက်ပြီးတော့ ကျောင်းတော့ပြီးပါရဲ့ ဒါပေမဲ့ လုပ်ငန်းခွင် အတွေ့အကြုံကို ထိုက်သင့်တဲ့အရွယ်မှာ မရလိုက်တဲ့လူငယ် အမျိုးသမီးတွေပေါ့။ ဒါတွေကကျတော့ နောက်ပိုင်း ကျမတို့ လူငယ် အမျိုးသမီး ဖွံ့ဖြိုးရေးတွေ လုပ်တဲ့အခါကျရင် စိုးရိမ်ရတဲ့ အခြေအနေတခု ဖြစ်တယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နဂိုကတည်းက ကျမတို့အမျိုးသမီးတွေရဲ့ ပါဝင်ခွင့်နဲ့ ပညာရေးမှာ အရည်အချင်း ဘယ်လောက်ရှိနေပါစေ၊ လုပ်ငန်းကိုင်ငန်းမှာဆိုရင်လည်း ဘယ်လောက်ပဲ အရည်အချင်းရှိရှိနဲ့ လုပ်ကိုင်တတ်ပါစေ။ အမျိုးသမီးဖြစ်ခြင်းကြောင့် ရှုမြင်တဲ့အမြင်တွေက ကွဲပြားနေသေးတဲ့ လူ့အဖွဲ့အစည်းထဲမှာ ရှိနေတော့ ကိုယ်ကိုယ်တိုင်က အချိန်ကိုက် ဖြည့်မထားနိုင်ဘူးဆိုရင် ကြုံရမယ့်ဖိအားတွေက ပိုများတယ်။ ဆိုတော့ ကျမ အနေနဲ့ကတော့ ဒီလို လူအများဆုံး ပါဝင်နေတဲ့ အသက်အရွယ် အပိုင်းအခြားထဲက ပညာရေးကို မပြင်ဆင်ထားနိုင်သေးတဲ့ အမျိုသမီးငယ်တွေ၊ လုပ်ငန်းကိုင်ငန်းအတွက် ဘာမှ အတွေ့အကြုံ မယူထားရသေးတဲ့သူတွေ အတွက် တော်တော်လေးကို စိတ်မကောင်း ဖြစ်ရပါတယ်။”

ဒီလို စိတ်မကောင်းစရာ ဆုတ်ယုတ်မှုတွေ ရှိပေမဲ့၊ တဘက်မှာလည်း နွေဦးတော်လှန်ရေးကနေ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေနဲ့ ရင့်ကျက်မှုတွေကို လူငယ်တွေ ရခဲ့ကြပြီး တော်လှန်ရေး အောင်မြင်ဖို့ ခြေလှမ်းတွေနဲ့ ခွန်အားတွေ ဖြစ်ခဲ့တယ်လို့လည်း မအက်စတာဇေနော က ပြောပါတယ်။

“ဆုတ်ယုတ်သွားတဲ့အရာတွေ ရှိသလိုမျိုး တဘက်မှာလည်း ပိုပြီးတော့ တိုးတက်လာတဲ့အရာတွေ အများကြီး ရှိပါတယ်။ အသက်အရွယ်နဲ့ မလိုက်အောင် တာဝန်ယူရတဲ့ တာဝန်ခံရတဲ့ အခြေအနေတွေမှာ စိတ်ပိုင်းဆိုင်ရာအရ ပိုပြီး ရင့်ကျက်လာကြတယ်။ ဘဝမှာ ဘယ်အရာမဆို ရင်ဆိုင်သွားနိုင်တယ်။ ရင်ဆိုင်မယ်ဆိုတဲ့ စိတ်ခွန်အား တွေ ပိုပြီး ပြင်းပြလာတယ်။ ရှိလာတယ်။ ဘယ်လို အခက်အခဲတွေကပဲ ဖြစ်စေ အဟန့်အတား မဖြစ်နိုင်ဘူးဆိုတဲ့ ယုံကြည်ချက်ပေါ့။ ဒါတွေလည်း ပိုပြီးတော့ အားဖြစ်လာတယ်။ ဆက်လက်ပြီးတော့ ရင်ဆိုင်ဖို့အတွက်ကို လည်း ဒီအရာတွေက အင်မတန် အားကောင်းတဲ့ ခွန်အားလို့ မြင်ပါတယ်။ အခုလက်ရှိ ပါဝင်နေတဲ့ လူတွေ အနေနဲ့က အလွယ်တကူနဲ့ ပြောင်းလဲသွားဖို့ ဆိုတာမှာ ပိုပြီး ရာခိုင်နှုန်း နည်းသွားတယ်လို့ ကျမအနေနဲ့ ယူဆတယ်။ အခု ၂ နှစ်ကာလအတွင်းမှာ ဆိုရင်လည်း ကျမ အနေနဲ့ ဒါကို ပိုပြီးတော့ ယုံကြည်မှု ရှိလာတယ်။ ဒါက မဖြစ်မနေ တွန်းတွန်းတိုက်တိုက် လုပ်သွားရမယ့်ကိစ္စ၊ လုပ်ဖို့လည်း အားလုံးက စိုင်းပြင်းနေတဲ့ကိစ္စ။ စိတ်ဓာတ်ခိုင်မာနေပြီးသား ဖြစ်တယ်ဆိုတာကို မြင်ရပါတယ်။ ဒါက ထင်ရှားတယ်လို့လည်း ယူဆပါတယ်။”

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ဖယ်ရှားနိုင်တဲ့အထိ လူငယ်တွေ၊ အမျိုးသမီးတွေကတော့ ဆက်လက် တိုက်ပွဲဝင်နေဦးမှာပါ ပဲလို့လည်း မအက်စတာ ကပြောပါတယ်။ စစ်အုပ်ချုပ်ရေး ၂ နှစ်တာ ကြာလာပေမဲ့ ယုံကြည်ချက် ပျက်သွားဖို့မရှိဘူးလို့ မဆုသစ် ကလည်း ပြောပါတယ်။

“ကျမတို့ ယုံကြည်တယ်။ ၂ နှစ်ဆိုတဲ့ အတိုင်းအတာ ကာလမှာ အခြေအနေကောင်းတခု ဆိုတဲ့ အကျိုးရလဒ်တွေ ကျမတို့ မြင်တွေ့နေရပြီ ဖြစ်တယ်။ ကျမတို့ဘဝတွေ ပေးဆပ်ခဲ့ရတာနဲ့ တန်အောင် ကျမတို့ ကြိုးစားမယ်။ အဆုံးထိ ကြိုးစားမယ်။ တတ်နိုင်တဲ့အထိ ရပ်တည်သွားမယ်။ ကြိုးစားသွားမယ်။ အခုဆိုရင်လဲ ကျမတို့ လုပ်ဆောင်နေတယ် ဆိုတာက စစ်တပ်ရဲ့ဒေါက်တိုင် ဖြစ်တဲ့ စစ်သားတွေ ထွက်လာအောင်လို့ပေါ့နော်။ တဘက်တလမ်းကနေ လုပ်ဆောင်နေတာ ဖြစ်တယ်။ ဒီလုပ်ငန်းတွေကိုလည်း ဒီ ၂၀၂၃ မှာ အရှိန်အဟုန် မြှင့်ပြီးတော့ လုပ်ဆောင်သွားဖို့အတွက် ပြင်ဆင် ဆောင်ရွက်နေပါတယ်။ လက်ရှိမှာလည်း လုပ်ဆောင်နေပါတယ်ရှင့်။”

လတ်တလော အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုတွေ၊ အသံတွေကို အာဏာသိမ်းမှု အစောပိုင်း ကာလတွေမှာ တွေ့ခဲ့ရသလောက် ကျယ်ကျယ်လောင်လောင် မကြားရ မတွေ့ရပေမဲ့၊ ဒါဟာ အလံ လိပ်သွားတာမဟုတ်ဘဲ လှုပ်ရှားမှု ပုံစံ ပြောင်းသွားတာပါလို့ မခင်လေး ပြောပါတယ်။

“အသံတိတ်တာဟာ အလံလိပ်တာ မဟုတ်ပါဘူး။ ပြောရလို့ရှိရင်တော့ ကျမတို့ တော်လှန်ရေးအစမှာကျတော့ ကျမတို့ အမျိုးသမီးတွေဟာ အများပြည်သူ သတ်မှတ်ကြသလို အားနွှဲ့တယ်။ ကြောက်တတ်တယ်။ သတ္တိမရှိဘူး။ မစွန့်စားရဲဘူးလို့ အများပြည်သူ သတ်မှတ်ကြတဲ့ သတ်မှတ်ချက်တွေကနေ ဖောက်ထွင်းပြီး တော်လှန်ရေးမှာ ဆန္ဒပြပွဲတွေမှာ ရှေ့ဆုံးကနေ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပြီးတော့ ပြည်သူလူထုကိုပါ အကြောက်တရားမရှိအောင် စွဲဆောင် စည်းရုံးခဲ့တာဖြစ်တယ်။ အခုလည်း ကျမတို့ အမျိုးသမီးတွေက အသံတိတ်တယ်လို့ ထင်ရပေမဲ့။ အသံတိတ်တယ် ဆိုတာလဲ ပြောရရင်တော့ လူမှုစာမျက်နှာတွေပေါ်မှာပဲ ဖြစ်ဖြစ်၊ သတင်းမီဒီယာတွေပေါ်မှာပဲ ဖြစ်ဖြစ် မတွေ့ရဘူး ဆိုတာ မှန်တယ်။ ဒါဟာ ကျမတို့ရဲ့ နည်းဗျူဟာ ပြောင်းသွားတာလည်း ပါတယ်။ နောက်တနည်းကတော့ စစ်ကောင်စီရဲ့ မတရားညှဉ်းပမ်း နှိပ်စက်မှုတွေဟာ ပြည်တွင်းမှာ နေထိုင်တဲ့သူတွေ၊ နယ်စပ်မှာ နေထိုင်သူတွေပါ မကျန် အလွတ်မပေးဘဲ နှိပ်စက်နေမှုတွေက အရမ်း ရက်စက်တဲ့အခါကျတော့ ကျမတို့ အမျိုးသမီးတွေ အနေနဲ့ ပါးပါးနပ်နပ် ပညာသားပါပါ လုပ်ရတဲ့ကိစ္စတွေ ရှိတယ်။ ပထမပိုင်းမှာတော့ ပြည်သူလူထုတွေ ပါဝင်လာအောင်၊ နိုင်ငံတကာက အာရုံစိုက်လာအောင် ကျမတို့က များများ ပြောရတယ်။ ဆိုရတယ်။ လှုံ့ဆော်ရတယ်ပေါ့။ အခုနောက်ပိုင်း ကျတော့ တော်လှန်ရေးကာလ ကြာလာတဲ့အခါမှာ ကျမတို့က လှုံ့ဆော်မှုတွေ လုပ်စရာ မလိုတော့ဘူး။ ကျန်တဲ့မူဝါဒပိုင်းတွေမှာ နောက်ထပ် အနာဂတ် ဒီမိုကရေစီနိုင်ငံကို သွားဖို့အတွက် ကျမတို့ အမျိုးသမီးတွေ ဒီ့ထက်ပိုပြီး ထဲထဲဝင်ဝင် ပါနိုင်အောင် တိုးတိုးတိတ်တိတ်နဲ့ လုပ်စရာရှိတာကို လုပ်ရတယ်။ ခြုံပြီး ပြောရရင်တော့ အသံတိတ်တာဟာ အလံလိပ်တာ မဟုတ်ပါဘူး။ ကျမတို့ အမျိုးသမီးတွေဟာ သူ ပါဝင်ခွင့် ပါဝင်သင့်တဲ့နေရာတွေမှာ ဆက်ပြီး ပါဝင်နေပါတယ်လို့ ပြောချင်ပါတယ်။”

လက်ရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေဟာ ကျရာနေရာကနေ ပါဝင်ခဲ့ကြသလို၊ အာဏာသိမ်းမှု ၂ နှစ်ပြည့်လာချိန်မှာလည်း ဆက်လက် ပါဝင် လှုပ်ရှားနေကြဆဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေ အများအပြား ပါဝင်တဲ့ ဒီကေန့ နွေဦးတော်လှန်ရေး လူထုလှုပ်ရှားမှုတွေဟာ အာဏာရှင်စနစ် အမြစ်ဖြတ်ဖို့တင်မကဘဲ၊ လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှုတွေကိုပါ တပါတည်း တိုက်ဖျက်သွားရမယ့် တော်လှန်ရေးတခု ဖြစ်တယ်လို့ မအက်စတာဇေနောက ပြောပါတယ်။

“ကျမတို့ အခု ဒီကာလက ခေတ်ပြောင်းတော်လှန်ရေး တခုပဲ ဖြစ်တယ်။ ခေတ်ပြောင်းတော်လှန်ရေး ဆိုတာက ဖက်ဆစ်ဝါဒရဲ့ ဝိသေသ လက္ခဏာတွေ ဖြစ်တဲ့ အာဏာရှင်စနစ်တို့၊ ဗဟိုထိန်းချုပ် ချုပ်ကိုင်မှုစနစ်တို့၊ အစွန်းရောက် အမျိုးသားရေးနဲ့ ဘူဇွာ လူတန်းစား စနစ် ဆိုတာတွေကို တပါတည်း တိုက်ဖျက်နေကြတာ ဖြစ်တယ်။ ဆိုတော့ အမျိုးသမီးတွေကို ဖိနှိပ်ခြင်း၊ နေရာမပေးခြင်း ဆိုတာကလည်း ဖက်ဆစ်ဝါဒရဲ့ ဝိသေသ လက္ခဏာတွေထဲက တခုဖြစ်တယ်။ ဆိုတဲ့အတွက်ကြောင့်မို့ ခေတ်ပြောင်းတော်လှန်ရေး ဖက်ဆစ်ဝါဒကို ကျမတို့ အမြစ်ဖြတ် တော်လှန်မယ်လို့ ပြောတဲ့အခါကျရင် ကျမတို့ကိုယ်တိုင်မှာရှိတဲ့ လိင်ပိုင်းဆိုင်ရာအရ ခွဲခြား ဆက်ဆံမှုတွေကို တကိုယ်ရည်အရ ပြောင်းလဲဖို့ လိုအပ်တယ်။ အရင်ကာလတုန်းကတော့ အမျိုးသမီးတွေ အနေနဲ့ လက်စွမ်းပြဖို့ အခြေအနေ မပေးခဲ့ဘူး။ အစွမ်းရှိရင်တောင်မှ ကျမတို့ ထုတ်ဖော်ခွင့် မရှိခဲ့ဘူး။ ဒါပေမဲ့ ခုချိန်မှာတော့ လူဦးရေအရရော ပိုပြီးတော့များတဲ့ အနေအထားမှာ၊ အခုလို တွန်းတွန်းတိုက်တိုက် လုပ်ရတဲ့အချိန်မှာ ကျမတို့ အမျိုးသမီးတွေ လုပ်နိုင်စွမ်းကို အရင်လို ဖယ်ကြဉ်ထားလို့ မရတော့ဘူး။ ဆိုတဲ့အတွက် အမျိုးသမီးတွေ အနေနဲ့ ကလည်း အခုချိန်မှာ ကျမတို့ရဲ့ လုပ်နိုင်စွမ်းကို ကိုယ့်ကိုယ်ကို မနှိမ့်ချလိုက်ဘဲနဲ့ ကိုယ်လုပ်နိုင်သမျှကို အစွမ်းကုန် ပါဝင်ပါ။ ဒါဟာ တနည်းအားဖြင့် အမျိုးသမီးတွေရဲ့ ပါဝင်မှုကို ကျမတို့ရဲ့ လူ့အဖွဲ့အစည်းကနေ လက်သင့်ခံလာအောင်၊ ပုံမှန်အနေအထားတခု ဖြစ်အောင် ကျမတို့က စိမ့်ဝင်နေတာဖြစ်တယ်။ ဒီအတွက်ကြောင့် ကိုယ့်ရဲ့ ပါဝင်မှုကို လုံး၀ မလျှော့ချလိုက်ပါနဲ့။ တခြား အမျိုးသားတွေ အနေနဲ့လည်း အမျိုးသား အမျိုးသမီးနှစ်ဦးပဲ ရှိတဲ့အနေအထားမှာ ကျမတို့ အမျိုးသမီးတွေရဲ့ ပါဝင်မှုကို ဖယ်ကြဉ်ထားတာက တဘက်က ကိုယ့်ရဲ့ လုပ်နိုင်စွမ်းရည်ကို လျှော့ချလိုက်တာနဲ့ အတူတူပဲ။ ကိုယ်အောင်မြင်နိုင်သလောက်ကို အောင်မြင်ခွင့် မပေးလိုက်တာနဲ့ အတူတူပဲ။ ဒါကြောင့် အမျိုးသမီးတွေရဲ့ပါဝင်ခွင့်ကိုလည်း အစွမ်းကုန် မြှင့်တင်ကြဖို့ တိုက်တွန်းပါတယ်။”

ဒီကနေ့ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပြည်သူလူထုရဲ့ ပူးပေါင်း ပါဝင်မှုအားဟာ ဘယ်တုန်းကမှနဲ့မတူအောင် အရှိန်အဟုန် ကောင်းခဲ့သလို၊ ဒီလို လူထုလို့ဆိုတဲ့ နေရာမှာ လူဦးရေ ထက်ဝက်က အမျိုးသမီးတွေ ဖြစ်တယ်ဆိုတာကို မေ့ထားလို့ မရပါဘူး။ ဒါကြောင့် လူထုရဲ့ ပူးပေါင်း ပါဝင်မှုလို့ ပြောရင် အမျိုးသမီးတွေရဲ့ ပူးပေါင်း ပါဝင်မှုကို လစ်လျူရှုထားလို့ မရနိုင်ဘူးဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါ။ ကျမ ခင်ဖြူထွေးပါရှင့်။

==============================

[Zawgyi]

အမ်ိဳးသမီးထုအား ေႏြဦးေတာ္လွန္ေရး အသက္ (အမ်ိဳးသမီးက႑)

စစ္တပ္အာဏာသိမ္းၿပီး ၂ ႏွစ္ အၾကာ ျမန္မာႏိုင္ငံမွာ အမ်ိဳးသမီး အခြင့္အေရး အပါအဝင္ လူ႔အခြင့္အေရး အေျခအေနေတြ အဘက္ဘက္က ဆုတ္ယုတ္ က်ဆင္း လာခဲ့တယ္လို႔ ကုလသမဂၢ၊ ႏိုင္ငံတကာ လူ႔အခြင့္အေရး အဖြဲ႕ေတြနဲ႔ အမ်ိဳးသမီးေရး တက္ႂကြလႈပ္ရွားသူေတြက ေထာက္ျပ ေျပာဆိုထားပါတယ္။ အာဏာသိမ္းမႈ ၂ ႏွစ္အတြင္း ဘယ္လို အေျခအေန အေျပာင္းအလဲေတြကို အမ်ိဳးသမီးေတြ အဓိက ႀကဳံေတြ႕ၾကရပါသလဲ။ ဘယ္လို ေမွ်ာ္လင့္ခ်က္ ခံယူခ်က္ေတြနဲ႔ ရင္ဆိုင္ ျဖတ္သန္းေနၾကပါလဲ။ ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက စုစည္း တင္ဆက္ထားပါတယ္။

စစ္တပ္က အရပ္သားအစိုးရကို ဖယ္ရွားၿပီး ျပည္သူေတြရဲ႕ ဒီမိုကေရစီလိုလားခ်က္ေတြနဲ႔ လူငယ္ေတြရဲ႕ ဘ၀ အိပ္မက္ေတြကို ႐ိုက္ခ်ိဳး အာဏာသိမ္းယူခဲ့တာ အခုဆိုရင္ ၂ ႏွစ္ျပည့္သြားခဲ့ပါၿပီ။ အမ်ိဳးသမီး အမ်ိဳးသား၊ လူငယ္၊ ကေလးငယ္ အ႐ြယ္စုံ ျပည္သူလူထုေတြရဲ႕ ဘဝေတြ ဒီ ၂ ႏွစ္အတြင္း သိသိသာသာ ေျပာင္းလဲသြားခဲ့တာပါ။ ဖမ္းဆီး ထိန္းသိမ္းခံရတာ၊ ႏွိပ္စက္ညႇင္းပမ္း သတ္ျဖတ္ခံရတာ၊ ေက်း႐ြာေတြ မီးရႈိ႕ခံရတာ၊ စာသင္ေက်ာင္းေတြပါ မက်န္ ကုန္ေၾကာင္း ေလေၾကာင္းကေန တိုက္ခိုက္ခံရတဲ့ ျဖစ္ရပ္ေတြ ႏိုင္ငံေဒသအႏွံ႔ ႀကဳံခဲ့ၾကရသလို အရပ္သား ထိခိုက္ေသဆုံးမႈ ေထာင္နဲ႔ခ်ီ ရွိခဲ့ပါတယ္။

အာဏာသိမ္းမႈ ၂ ႏွစ္အတြင္း ဒီလို ဆိုး႐ြားတဲ့ အေျခအေနေတြကို ခါးစည္းခံရသူေတြထဲမွာ အမ်ိဳးသမီးေတြ ထိပ္ဆုံးက ပါ ပါတယ္။

“ဒီ ၂ ႏွစ္အတြင္းမွာ အမ်ိဳးသမီးေတြ သူတို႔ လုပ္ကိုင္စားေသာက္ေနက် တႏိုင္တပိုင္ စီးပြားေရးကို လုံး၀ မလုပ္ကိုင္ မစားေသာက္ႏိုင္ ေတာ့ဘူး။ တခ်ိဳ႕ အမ်ိဳးသမီးေတြ ဆိုရင္ ပိုင္ဆိုင္ထားတဲ့အိမ္ေတြ လက္နက္ႀကီးက်လို႔၊ မီးေလာင္တဲ့အထဲ ပါသြားတာ ရွိသလို စစ္ေကာင္စီက တမင္ ရည္႐ြယ္ခ်က္ရွိရွိ အကုန္လုံး ဖ်က္ဆီးလိုက္တာမ်ိဳး၊ အိမ္ေတြကို တမင္တကာ ဖ်က္ဆီးတာ မီးရႈိ႕တာမ်ိဳးေတြ ရွိပါတယ္။ ဆိုေတာ့ ဒီလိုမ်ိဳးအေျခအေနမွာ သူတို႔ အိမ္ျပန္စရာ မရွိဘူး။ တခ်ိဳ႕ အိမ္ ျပန္စရာရွိရင္ေတာင္ ျပန္လုပ္ကိုင္ စားေသာက္လို႔ရတဲ့ အေနအထားမ်ိဳး အေျခအေန မေပးေတာ့ဘူး။ ဆိုေတာ့ ဒါက ေတာ္ေတာ္ေလး ဆိုး႐ြားတဲ့ အေျခအေန တခုလို႔ ေျပာလို႔ရပါတယ္။”

ဒါကေတာ့ အာဏာသိမ္းမႈေနာက္ပိုင္း လက္နက္ကိုင္ ပဋိပကၡေတြ ျပင္းထန္လာတဲ့ ကရင္နီေဒသက အမ်ိဳးသမီးေတြရဲ႕ အေျခအေနတခ်ိဳ႕ကို ကရင္နီအမ်ိဳးသမီး အစည္းအ႐ုံး အတြင္းေရးမႉး - ၂ ေမာ္ဖေရးျမာက ေျပာျပသြားတာပါ။ ကရင္နီေဒသ အပါအဝင္ ကရင္၊ ခ်င္း၊ ကခ်င္ စတဲ့ တိုင္းရင္းသားေဒသေတြ နဲ႔ အရင္က လက္နက္ကိုင္ ပဋိပကၡေတြ မရွိခဲ့တဲ့ ျမန္မာႏိုင္ငံအလယ္ပိုင္း ေဒသေတြမွာပါ အၾကမ္းဖက္ တိုက္ခိုက္မႈေတြ ပိုမို ျပင္းထန္ က်ယ္ျပန႔္လာခဲ့သလို၊ အာဏာသိမ္းမႈ ေနာက္ပိုင္း စစ္ေျပး ဒုကၡသည္ ၁ သန္းခြဲ ေက်ာ္အထိ တိုးလာတယ္လို႔ လူ႔အခြင့္အေရး အဖြဲ႕ေတြက လည္း ေထာက္ျပပါတယ္။ ဒီအထဲမွာလည္း အမ်ားစုက အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြပါ။

စစ္အာဏာသိမ္းမႈေၾကာင့္ ဘဝေတြ ေဇာက္ထိုးမိုးေမွ်ာ္ ေျပာင္းလဲ သြားခဲ့ရသူေတြထဲ CDM စစ္သား မိသားစုေတြလည္း ပါ ပါတယ္။ စစ္အုပ္ခ်ဳပ္ေရးကို အၾကမ္းမဖက္နည္းနဲ႔ ဖီဆန္တဲ့ CDM လႈပ္ရွားမႈမွာ ပါဝင္လို႔ အသက္အႏၲရာယ္ စိုးရိမ္ရတဲ့အထိ ၿခိမ္းေျခာက္မႈေတြ ႀကဳံခဲ့ရတယ္လို႔ CDM စစ္သား ဇနီးသည္တဦးျဖစ္တဲ့ မဆုသစ္က ေျပာပါတယ္။ ထင္မွတ္မထားတဲ့ အေျပာင္းအလဲေတြ ႀကဳံခဲ့ရတာလို႔ သူက ေျပာျပပါတယ္။

“ဘယ္ေလာက္အထိ ေျပာင္းလဲသြားလဲ ဆိုေတာ့ အေတာ္ႀကီးကို ေျပာင္းလဲသြားပါတယ္။ စ စခ်င္း အာဏာသိမ္းတဲ့ တရက္ ႏွစ္ရက္ ကေတာ့ အဲ့ေလာက္ႀကီးထိ ျဖစ္မယ္လို႔ မထင္ဘူး။ ေနာက္ တျဖည္းျဖည္းနဲ႔ စစ္တပ္ရဲ႕ ရက္စက္ၾကမ္းၾကဳတ္မႈေတြ ျဖစ္လာတဲ့အခါမွာ က်မ အမ်ိဳးသားကိုလည္း စစ္တပ္ထဲမွာ မရွိေစခ်င္ေတာ့ဘူး။ ဒါေပမဲ့ စစ္တပ္ကလည္း လြယ္လြယ္နဲ႔ထြက္လို႔ ရတဲ့ဟာမ်ိဳး မဟုတ္ဘူးေပါ့ေနာ္။ မဟုတ္တဲ့အခါ က်ေတာ့ က်မတို႔ ဘဝတခုလုံး ရင္းရမယ့္ အေနအထားမ်ိဳးကို ေရာက္ရွိသြားတယ္ေပါ့ေနာ္။ အသက္ညႇာဆုံး အသက္သာဆုံး နည္းလမ္းကို စဥ္းစားေပမဲ့ ဘယ္လိုမွမျဖစ္ႏိုင္တဲ့အခါ က်ေတာ့ ေနာက္ဆုံး CDM လုပ္ၿပီး စစ္တပ္ထဲကေန ထြက္လာခဲ့တယ္။ ထြက္လာခဲ့တဲ့ အခါမွာ ၿခိမ္းေျခာက္မႈေတြနဲ႔ ပထမဆုံး အရမ္း ခက္ခဲ ခဲ့ရတယ္။ က်မ မွာလည္း အသက္ႀကီးတဲ့ မိဘေတြ ရွိတယ္။ မိသားစုေတြ ရွိတယ္။ ဆိုေတာ့ ဒီလူေတြကို ေႏွာက္ယွက္ဖ်က္စီးမွာေတြ ေၾကာက္တာေပါ့ေနာ္။ ေနာက္ၿပီးေတာ့ ကိုယ့္အမ်ိဳးသားရဲ႕ အသက္ အႏၲရာယ္ကိုလည္း စိုးရိမ္တာေပါ့ေနာ္။ ဆိုေတာ့ သူ ထြက္လာၿပီ ဆိုကတည္းက စစ္တပ္က ဖုန္းေတြ ေတာက္ေလွ်ာက္ ဆက္တာမ်ိဳး၊ လိုက္ေမးတာမ်ိဳးေတြ ခံရတယ္။ ေနာက္ၿပီးေတာ့ ကိုယ့္ေျမကိုယ့္ေရမွာ မေနရေတာ့ဘူး။ လြတ္ေျမာက္တဲ့ ေနရာေတြကို ထြက္ေျပးရတယ္။ ဒါေတြကေတာ့ ႀကီးမားတဲ့ အေျပာင္းအလဲေပါ့။ အဲ့ဒီအခ်ိန္မွာ က်မက အျပင္မွာ အလုပ္ လုပ္တဲ့ အမ်ိဳးသမီး တေယာက္ ျဖစ္တဲ့အခါက်ေတာ့ က်မရဲ႕ courier ဆုံးရႈံးရတယ္။ က်မရဲ႕ အလုပ္ေတြ၊ လစာေတြ အကုန္ ဆုံးရႈံးရတယ္။ ဒါေတြက ႀကိဳမတြက္ထားဘူးလား ဆိုေတာ့ ႀကိဳတြက္ထားတဲ့ အရာေတြပဲ။ ဒါေပမဲ့ ဒီလမ္းကို က်မတို႔ ေ႐ြးခ်ယ္ရေတာ့မွာျဖစ္တဲ့အတြက္ ဆုံးရႈံးရလည္း စြန႔္လႊတ္ရလည္း ကိစၥမရွိဘူး ဆိုၿပီး လုပ္ခဲ့ၾကတယ္။”

သူတို႔မိသားစု လိုပဲ စစ္ဖိနပ္ေအာက္မွာ မေနခ်င္လို႔ CDM လႈပ္ရွားမႈမွာ ပါဝင္ေနၾကတဲ့ တပ္မေတာ္သား မိသားစုေတြလည္း အမ်ားအျပား ရွိေနၿပီး စစ္တပ္ေဒါက္တိုင္ဘ၀ အေရာက္မခံဘဲ၊ ေကာင္းေရာင္းေကာင္းဝယ္ လုပ္စားရင္း စစ္အုပ္ခ်ဳပ္ေရးကို ဆက္လက္ ေတာ္လွန္ေနၾကတယ္လို႔လည္း မဆုသစ္က ေျပာပါတယ္။

အာဏာသိမ္းစစ္ေကာင္စီရဲ႕ ရက္စက္ၾကမ္းၾကဳတ္မႈ ေတြေၾကာင့္ အမ်ိဳးသမီးေတြ အပါအဝင္ ျပည္သူလူထု တရပ္လုံးရဲ႕ စားဝတ္ေနထိုင္ေရး၊ ပညာေရး၊ က်န္းမာေရး၊ လုံၿခဳံေရး စသျဖင့္ အေျခအေနေတြကေတာ့ ၂ ႏွစ္အတြင္းမွာ အဘက္ဘက္က ဆုတ္ယုတ္ က်ဆင္းသြားခဲ့ရတယ္လို႔ အမ်ိဳးသမီးေရး တက္ႂကြလႈပ္ရွားသူ မခင္ေလးက ေျပာပါတယ္။

“အာဏာသိမ္း ၂ ႏွစ္ျပည့္ၿပီးတဲ့ေနာက္မွာေတာ့ က်မတို႔ အမ်ိဳးသမီးေတြရဲ႕ ေယဘုယ် အေျခအေနကို ၿခဳံၿပီး ေျပာရမယ္ဆိုရင္ေတာ့ တိုင္းျပည္မွာရွိတဲ့ တျခားေသာ တိုင္းသူျပည္သားေတြနဲ႔ အတူတူပဲေပါ့။ ဒုကၡေတြနဲ႔ပဲ ပိုၿပီးေတာ့ ႀကဳံေနရတယ္။ ပိုၿပီးေတာ့ ဆိုး႐ြားသထက္ ဆိုး႐ြားတဲ့ ဒုကၡမ်ိဳးစုံကို ရင္ဆိုင္ေနရတယ္။ အထူးသျဖင့္ေတာ့ အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈေပါ့။ အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္မႈက ပိုၿပီးေတာ့ ဆိုးဆိုး႐ြား႐ြား ျဖစ္လာတယ္။ အာဏာသိမ္း စစ္ေကာင္စီရဲ႕ အၾကမ္းဖက္မႈေတြ၊ ေထာင္တြင္းမွာ၊ စစ္ေၾကာေရး စခန္းေတြမွာ၊ ရပ္႐ြာေတြထဲမွာ မထင္ရင္ မထင္သလို လြယ္လင့္တကူ မုဒိမ္းက်င့္တာ၊ သတ္ျဖတ္တာ၊ ေစာ္ကားတာေတြ ကလည္း အစုံရွိေနတယ္။ ေနာက္တခုက သာမန္ အေျခအေနမွာဆိုရင္လည္း က်မတို႔ အမ်ိဳးသမီးေတြဟာ ႐ိုး႐ိုးသာမန္ ႏိုင္ငံေရးနဲ႔ မပတ္သက္ဘူး ဆိုတဲ့ အမ်ိဳးသမီးေတြေတာင္မွ အလုပ္အကိုင္ အခြင့္အလမ္းေတြ ရွားပါးလာတယ္။ အဲ့ဒီအခါက်ေတာ့ သူတို႔က နယ္စပ္ျဖတ္ေက်ာ္ၿပီးေတာ့ အလုပ္အကိုင္ေတြ လုပ္ရတယ္။ အဲ့လိုလုပ္တဲ့အခါမွာလည္း တျခား တိုင္းျပည္ေတြကို ထြက္ၿပီး လုပ္ရတဲ့အခါမွာ လူကုန္ကူးမႈ ျပႆနာေတြနဲ႔ ရင္ဆိုင္ရတယ္။ အဲ့ဒီလို ျပႆနာေတြကိုလည္း ဝိုင္းဝန္းကူညီ ေျဖရွင္းၿပီးေတာ့ ေဆာင္႐ြက္ေပးဖို႔ အကူအညီေတာင္းေသာ္လည္း အကူအညီရတဲ့ အေနအထား မ်ိဳးမွာလည္း မရွိဘူး။ ဆိုေတာ့ ၿခဳံၿပီးေျပာရရင္ေတာ့ က်မတို႔အမ်ိဳးသမီးနဲ႔ ပတ္သက္တဲ့ အခြင့္အေရး၊ အမ်ိဳးသမီးေတြရဲ႕ က်န္းမာေရး၊ ပညာေရး၊ သူတို႔ရဲ႕ဘ၀ လုံၿခဳံေရးေတြဟာ အင္မတန္မွ ဆိုး႐ြားတဲ့ အေျခအေနကို ေရာက္ေနတယ္လို ေျပာလို႔ရပါတယ္။”

အာဏာသိမ္းမႈေၾကာင့္ ဘဝေတြ ဆုံးရႈံးၿပီး အနာဂတ္ ရည္မွန္းခ်က္အိပ္မက္ ပ်က္ခဲ့ရသူေတြ အေျမာက္အမ်ား ရွိတာမွာ အနာဂတ္ မ်ိဳးဆက္ လူငယ္ေတြကေတာ့ ဆုံးရႈံးနစ္နာမႈက အဆိုးဆုံးလို႔ ဆိုရမွာပါ။ နဂိုကတည္းက ပညာေရး၊ စီးပြားေရး၊ ႏိုင္ငံေရးက႑ေတြမွာ အမ်ိဳးသားေတြထက္ နိမ့္က်ေနတဲ့ အမ်ိဳးသမီးလူငယ္ေတြ ဆိုရင္ေတာ့ ဆုံးရႈံးနစ္နာမႈက ပိုလို႔ေတာင္ ႀကီးမားတယ္လို႔ စစ္အာဏာရွင္ ဆန႔္က်င္ေရး လႈပ္ရွားမႈေတြမွာ ပါဝင္ခဲ့တဲ့ လူငယ္အမ်ိဳးသမီး တက္ႂကြ လႈပ္ရွားသူ မအက္စတာေဇေနာ က ေျပာပါတယ္။

“က်မရဲ႕ တကိုယ္ရည္အရ ဆိုရင္လည္း အရင္တုန္းက PhD တက္ဖို႔အတြက္ စဥ္းစားခဲ့တဲ့သူ ျဖစ္တယ္။ သို႔ေပမဲ့လည္း အခုခ်ိန္မွာဆိုရင္ က်မ အတြက္က ဒီအိပ္မက္ကို ေဖ်ာက္ရမလား။ ဒါမွမဟုတ္ရင္လဲ ဘာဆက္လုပ္ရမလဲ ဆိုတာက ေတာ္ေတာ္ေလးကို ေ၀ဝါးတဲ့ အခင္းအက်င္း ျဖစ္တာေပါ့ေလ။ ဆိုေတာ့ ဒါမ်ိဳး က်မလို ႀကဳံရတဲ့သူေတြ အေျမာက္အမ်ား ရွိမယ္။ က်မထက္ ပိုဆိုးၿပီးေတာ့ ဘာမွ မျပင္ဆင္ရေသးတဲ့ လူငယ္ အမ်ိဳးသမီးေတြလည္း အေျမာက္အမ်ား ရွိပါတယ္။ ပညာေရးမွာဆိုရင္လည္း မတတ္လိုက္ရတဲ့ အေျခအေနေပါ့။ ဆုံးခန္းတိုင္ဖို႔ မေျပာနဲ႔ စေတာင္ မစ လိုက္ရတဲ့ လူငယ္ေတြ။ ဒါေတြကို က်မ အင္မတန္မွ စိတ္မေကာင္း ျဖစ္ရတယ္။ ေနာက္ၿပီးေတာ့ ေက်ာင္းေတာ့ၿပီးပါရဲ႕ ဒါေပမဲ့ လုပ္ငန္းခြင္ အေတြ႕အႀကဳံကို ထိုက္သင့္တဲ့အ႐ြယ္မွာ မရလိုက္တဲ့လူငယ္ အမ်ိဳးသမီးေတြေပါ့။ ဒါေတြကက်ေတာ့ ေနာက္ပိုင္း က်မတို႔ လူငယ္ အမ်ိဳးသမီး ဖြံ႕ၿဖိဳးေရးေတြ လုပ္တဲ့အခါက်ရင္ စိုးရိမ္ရတဲ့ အေျခအေနတခု ျဖစ္တယ္လို႔ ထင္တယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ နဂိုကတည္းက က်မတို႔အမ်ိဳးသမီးေတြရဲ႕ ပါဝင္ခြင့္နဲ႔ ပညာေရးမွာ အရည္အခ်င္း ဘယ္ေလာက္ရွိေနပါေစ၊ လုပ္ငန္းကိုင္ငန္းမွာဆိုရင္လည္း ဘယ္ေလာက္ပဲ အရည္အခ်င္းရွိရွိနဲ႔ လုပ္ကိုင္တတ္ပါေစ။ အမ်ိဳးသမီးျဖစ္ျခင္းေၾကာင့္ ရႈျမင္တဲ့အျမင္ေတြက ကြဲျပားေနေသးတဲ့ လူ႔အဖြဲ႕အစည္းထဲမွာ ရွိေနေတာ့ ကိုယ္ကိုယ္တိုင္က အခ်ိန္ကိုက္ ျဖည့္မထားႏိုင္ဘူးဆိုရင္ ႀကဳံရမယ့္ဖိအားေတြက ပိုမ်ားတယ္။ ဆိုေတာ့ က်မ အေနနဲ႔ကေတာ့ ဒီလို လူအမ်ားဆုံး ပါဝင္ေနတဲ့ အသက္အ႐ြယ္ အပိုင္းအျခားထဲက ပညာေရးကို မျပင္ဆင္ထားႏိုင္ေသးတဲ့ အမ်ိဳသမီးငယ္ေတြ၊ လုပ္ငန္းကိုင္ငန္းအတြက္ ဘာမွ အေတြ႕အႀကဳံ မယူထားရေသးတဲ့သူေတြ အတြက္ ေတာ္ေတာ္ေလးကို စိတ္မေကာင္း ျဖစ္ရပါတယ္။”

ဒီလို စိတ္မေကာင္းစရာ ဆုတ္ယုတ္မႈေတြ ရွိေပမဲ့၊ တဘက္မွာလည္း ေႏြဦးေတာ္လွန္ေရးကေန တန္ဖိုးမျဖတ္ႏိုင္တဲ့ အေတြ႕အႀကဳံေတြနဲ႔ ရင့္က်က္မႈေတြကို လူငယ္ေတြ ရခဲ့ၾကၿပီး ေတာ္လွန္ေရး ေအာင္ျမင္ဖို႔ ေျခလွမ္းေတြနဲ႔ ခြန္အားေတြ ျဖစ္ခဲ့တယ္လို႔လည္း မအက္စတာေဇေနာ က ေျပာပါတယ္။

“ဆုတ္ယုတ္သြားတဲ့အရာေတြ ရွိသလိုမ်ိဳး တဘက္မွာလည္း ပိုၿပီးေတာ့ တိုးတက္လာတဲ့အရာေတြ အမ်ားႀကီး ရွိပါတယ္။ အသက္အ႐ြယ္နဲ႔ မလိုက္ေအာင္ တာဝန္ယူရတဲ့ တာဝန္ခံရတဲ့ အေျခအေနေတြမွာ စိတ္ပိုင္းဆိုင္ရာအရ ပိုၿပီး ရင့္က်က္လာၾကတယ္။ ဘဝမွာ ဘယ္အရာမဆို ရင္ဆိုင္သြားႏိုင္တယ္။ ရင္ဆိုင္မယ္ဆိုတဲ့ စိတ္ခြန္အား ေတြ ပိုၿပီး ျပင္းျပလာတယ္။ ရွိလာတယ္။ ဘယ္လို အခက္အခဲေတြကပဲ ျဖစ္ေစ အဟန႔္အတား မျဖစ္ႏိုင္ဘူးဆိုတဲ့ ယုံၾကည္ခ်က္ေပါ့။ ဒါေတြလည္း ပိုၿပီးေတာ့ အားျဖစ္လာတယ္။ ဆက္လက္ၿပီးေတာ့ ရင္ဆိုင္ဖို႔အတြက္ကို လည္း ဒီအရာေတြက အင္မတန္ အားေကာင္းတဲ့ ခြန္အားလို႔ ျမင္ပါတယ္။ အခုလက္ရွိ ပါဝင္ေနတဲ့ လူေတြ အေနနဲ႔က အလြယ္တကူနဲ႔ ေျပာင္းလဲသြားဖို႔ ဆိုတာမွာ ပိုၿပီး ရာခိုင္ႏႈန္း နည္းသြားတယ္လို႔ က်မအေနနဲ႔ ယူဆတယ္။ အခု ၂ ႏွစ္ကာလအတြင္းမွာ ဆိုရင္လည္း က်မ အေနနဲ႔ ဒါကို ပိုၿပီးေတာ့ ယုံၾကည္မႈ ရွိလာတယ္။ ဒါက မျဖစ္မေန တြန္းတြန္းတိုက္တိုက္ လုပ္သြားရမယ့္ကိစၥ၊ လုပ္ဖို႔လည္း အားလုံးက စိုင္းျပင္းေနတဲ့ကိစၥ။ စိတ္ဓာတ္ခိုင္မာေနၿပီးသား ျဖစ္တယ္ဆိုတာကို ျမင္ရပါတယ္။ ဒါက ထင္ရွားတယ္လို႔လည္း ယူဆပါတယ္။”

ျမန္မာႏိုင္ငံမွာ စစ္အာဏာရွင္စနစ္ကို အၿပီးတိုင္ ဖယ္ရွားႏိုင္တဲ့အထိ လူငယ္ေတြ၊ အမ်ိဳးသမီးေတြကေတာ့ ဆက္လက္ တိုက္ပြဲဝင္ေနဦးမွာပါ ပဲလို႔လည္း မအက္စတာ ကေျပာပါတယ္။ စစ္အုပ္ခ်ဳပ္ေရး ၂ ႏွစ္တာ ၾကာလာေပမဲ့ ယုံၾကည္ခ်က္ ပ်က္သြားဖို႔မရွိဘူးလို႔ မဆုသစ္ ကလည္း ေျပာပါတယ္။

“က်မတို႔ ယုံၾကည္တယ္။ ၂ ႏွစ္ဆိုတဲ့ အတိုင္းအတာ ကာလမွာ အေျခအေနေကာင္းတခု ဆိုတဲ့ အက်ိဳးရလဒ္ေတြ က်မတို႔ ျမင္ေတြ႕ေနရၿပီ ျဖစ္တယ္။ က်မတို႔ဘဝေတြ ေပးဆပ္ခဲ့ရတာနဲ႔ တန္ေအာင္ က်မတို႔ ႀကိဳးစားမယ္။ အဆုံးထိ ႀကိဳးစားမယ္။ တတ္ႏိုင္တဲ့အထိ ရပ္တည္သြားမယ္။ ႀကိဳးစားသြားမယ္။ အခုဆိုရင္လဲ က်မတို႔ လုပ္ေဆာင္ေနတယ္ ဆိုတာက စစ္တပ္ရဲ႕ေဒါက္တိုင္ ျဖစ္တဲ့ စစ္သားေတြ ထြက္လာေအာင္လို႔ေပါ့ေနာ္။ တဘက္တလမ္းကေန လုပ္ေဆာင္ေနတာ ျဖစ္တယ္။ ဒီလုပ္ငန္းေတြကိုလည္း ဒီ ၂၀၂၃ မွာ အရွိန္အဟုန္ ျမႇင့္ၿပီးေတာ့ လုပ္ေဆာင္သြားဖို႔အတြက္ ျပင္ဆင္ ေဆာင္႐ြက္ေနပါတယ္။ လက္ရွိမွာလည္း လုပ္ေဆာင္ေနပါတယ္ရွင့္။”

လတ္တေလာ အမ်ိဳးသမီးေတြရဲ႕ လႈပ္ရွားမႈေတြ၊ အသံေတြကို အာဏာသိမ္းမႈ အေစာပိုင္း ကာလေတြမွာ ေတြ႕ခဲ့ရသေလာက္ က်ယ္က်ယ္ေလာင္ေလာင္ မၾကားရ မေတြ႕ရေပမဲ့၊ ဒါဟာ အလံ လိပ္သြားတာမဟုတ္ဘဲ လႈပ္ရွားမႈ ပုံစံ ေျပာင္းသြားတာပါလို႔ မခင္ေလး ေျပာပါတယ္။

“အသံတိတ္တာဟာ အလံလိပ္တာ မဟုတ္ပါဘူး။ ေျပာရလို႔ရွိရင္ေတာ့ က်မတို႔ ေတာ္လွန္ေရးအစမွာက်ေတာ့ က်မတို႔ အမ်ိဳးသမီးေတြဟာ အမ်ားျပည္သူ သတ္မွတ္ၾကသလို အားႏႊဲ႕တယ္။ ေၾကာက္တတ္တယ္။ သတၱိမရွိဘူး။ မစြန႔္စားရဲဘူးလို႔ အမ်ားျပည္သူ သတ္မွတ္ၾကတဲ့ သတ္မွတ္ခ်က္ေတြကေန ေဖာက္ထြင္းၿပီး ေတာ္လွန္ေရးမွာ ဆႏၵျပပြဲေတြမွာ ေရွ႕ဆုံးကေန ရဲရဲဝံ့ဝံ့ ရင္ဆိုင္ၿပီးေတာ့ ျပည္သူလူထုကိုပါ အေၾကာက္တရားမရွိေအာင္ စြဲေဆာင္ စည္း႐ုံးခဲ့တာျဖစ္တယ္။ အခုလည္း က်မတို႔ အမ်ိဳးသမီးေတြက အသံတိတ္တယ္လို႔ ထင္ရေပမဲ့။ အသံတိတ္တယ္ ဆိုတာလဲ ေျပာရရင္ေတာ့ လူမႈစာမ်က္ႏွာေတြေပၚမွာပဲ ျဖစ္ျဖစ္၊ သတင္းမီဒီယာေတြေပၚမွာပဲ ျဖစ္ျဖစ္ မေတြ႕ရဘူး ဆိုတာ မွန္တယ္။ ဒါဟာ က်မတို႔ရဲ႕ နည္းဗ်ဴဟာ ေျပာင္းသြားတာလည္း ပါတယ္။ ေနာက္တနည္းကေတာ့ စစ္ေကာင္စီရဲ႕ မတရားညႇဥ္းပမ္း ႏွိပ္စက္မႈေတြဟာ ျပည္တြင္းမွာ ေနထိုင္တဲ့သူေတြ၊ နယ္စပ္မွာ ေနထိုင္သူေတြပါ မက်န္ အလြတ္မေပးဘဲ ႏွိပ္စက္ေနမႈေတြက အရမ္း ရက္စက္တဲ့အခါက်ေတာ့ က်မတို႔ အမ်ိဳးသမီးေတြ အေနနဲ႔ ပါးပါးနပ္နပ္ ပညာသားပါပါ လုပ္ရတဲ့ကိစၥေတြ ရွိတယ္။ ပထမပိုင္းမွာေတာ့ ျပည္သူလူထုေတြ ပါဝင္လာေအာင္၊ ႏိုင္ငံတကာက အာ႐ုံစိုက္လာေအာင္ က်မတို႔က မ်ားမ်ား ေျပာရတယ္။ ဆိုရတယ္။ လႈံ႕ေဆာ္ရတယ္ေပါ့။ အခုေနာက္ပိုင္း က်ေတာ့ ေတာ္လွန္ေရးကာလ ၾကာလာတဲ့အခါမွာ က်မတို႔က လႈံ႕ေဆာ္မႈေတြ လုပ္စရာ မလိုေတာ့ဘူး။ က်န္တဲ့မူဝါဒပိုင္းေတြမွာ ေနာက္ထပ္ အနာဂတ္ ဒီမိုကေရစီႏိုင္ငံကို သြားဖို႔အတြက္ က်မတို႔ အမ်ိဳးသမီးေတြ ဒီ့ထက္ပိုၿပီး ထဲထဲဝင္ဝင္ ပါႏိုင္ေအာင္ တိုးတိုးတိတ္တိတ္နဲ႔ လုပ္စရာရွိတာကို လုပ္ရတယ္။ ၿခဳံၿပီး ေျပာရရင္ေတာ့ အသံတိတ္တာဟာ အလံလိပ္တာ မဟုတ္ပါဘူး။ က်မတို႔ အမ်ိဳးသမီးေတြဟာ သူ ပါဝင္ခြင့္ ပါဝင္သင့္တဲ့ေနရာေတြမွာ ဆက္ၿပီး ပါဝင္ေနပါတယ္လို႔ ေျပာခ်င္ပါတယ္။”

လက္ရွိ စစ္အာဏာရွင္ ဆန႔္က်င္ေရး လႈပ္ရွားမႈေတြမွာ အမ်ိဳးသမီးေတြဟာ က်ရာေနရာကေန ပါဝင္ခဲ့ၾကသလို၊ အာဏာသိမ္းမႈ ၂ ႏွစ္ျပည့္လာခ်ိန္မွာလည္း ဆက္လက္ ပါဝင္ လႈပ္ရွားေနၾကဆဲ ျဖစ္ပါတယ္။ အမ်ိဳးသမီးေတြ အမ်ားအျပား ပါဝင္တဲ့ ဒီေကန႔ ေႏြဦးေတာ္လွန္ေရး လူထုလႈပ္ရွားမႈေတြဟာ အာဏာရွင္စနစ္ အျမစ္ျဖတ္ဖို႔တင္မကဘဲ၊ လိင္ပိုင္းဆိုင္ရာ ခြဲျခားဆက္ဆံမႈေတြကိုပါ တပါတည္း တိုက္ဖ်က္သြားရမယ့္ ေတာ္လွန္ေရးတခု ျဖစ္တယ္လို႔ မအက္စတာေဇေနာက ေျပာပါတယ္။

“က်မတို႔ အခု ဒီကာလက ေခတ္ေျပာင္းေတာ္လွန္ေရး တခုပဲ ျဖစ္တယ္။ ေခတ္ေျပာင္းေတာ္လွန္ေရး ဆိုတာက ဖက္ဆစ္ဝါဒရဲ႕ ဝိေသသ လကၡဏာေတြ ျဖစ္တဲ့ အာဏာရွင္စနစ္တို႔၊ ဗဟိုထိန္းခ်ဳပ္ ခ်ဳပ္ကိုင္မႈစနစ္တို႔၊ အစြန္းေရာက္ အမ်ိဳးသားေရးနဲ႔ ဘူဇြာ လူတန္းစား စနစ္ ဆိုတာေတြကို တပါတည္း တိုက္ဖ်က္ေနၾကတာ ျဖစ္တယ္။ ဆိုေတာ့ အမ်ိဳးသမီးေတြကို ဖိႏွိပ္ျခင္း၊ ေနရာမေပးျခင္း ဆိုတာကလည္း ဖက္ဆစ္ဝါဒရဲ႕ ဝိေသသ လကၡဏာေတြထဲက တခုျဖစ္တယ္။ ဆိုတဲ့အတြက္ေၾကာင့္မို႔ ေခတ္ေျပာင္းေတာ္လွန္ေရး ဖက္ဆစ္ဝါဒကို က်မတို႔ အျမစ္ျဖတ္ ေတာ္လွန္မယ္လို႔ ေျပာတဲ့အခါက်ရင္ က်မတို႔ကိုယ္တိုင္မွာရွိတဲ့ လိင္ပိုင္းဆိုင္ရာအရ ခြဲျခား ဆက္ဆံမႈေတြကို တကိုယ္ရည္အရ ေျပာင္းလဲဖို႔ လိုအပ္တယ္။ အရင္ကာလတုန္းကေတာ့ အမ်ိဳးသမီးေတြ အေနနဲ႔ လက္စြမ္းျပဖို႔ အေျခအေန မေပးခဲ့ဘူး။ အစြမ္းရွိရင္ေတာင္မွ က်မတို႔ ထုတ္ေဖာ္ခြင့္ မရွိခဲ့ဘူး။ ဒါေပမဲ့ ခုခ်ိန္မွာေတာ့ လူဦးေရအရေရာ ပိုၿပီးေတာ့မ်ားတဲ့ အေနအထားမွာ၊ အခုလို တြန္းတြန္းတိုက္တိုက္ လုပ္ရတဲ့အခ်ိန္မွာ က်မတို႔ အမ်ိဳးသမီးေတြ လုပ္ႏိုင္စြမ္းကို အရင္လို ဖယ္ၾကဥ္ထားလို႔ မရေတာ့ဘူး။ ဆိုတဲ့အတြက္ အမ်ိဳးသမီးေတြ အေနနဲ႔ ကလည္း အခုခ်ိန္မွာ က်မတို႔ရဲ႕ လုပ္ႏိုင္စြမ္းကို ကိုယ့္ကိုယ္ကို မႏွိမ့္ခ်လိုက္ဘဲနဲ႔ ကိုယ္လုပ္ႏိုင္သမွ်ကို အစြမ္းကုန္ ပါဝင္ပါ။ ဒါဟာ တနည္းအားျဖင့္ အမ်ိဳးသမီးေတြရဲ႕ ပါဝင္မႈကို က်မတို႔ရဲ႕ လူ႔အဖြဲ႕အစည္းကေန လက္သင့္ခံလာေအာင္၊ ပုံမွန္အေနအထားတခု ျဖစ္ေအာင္ က်မတို႔က စိမ့္ဝင္ေနတာျဖစ္တယ္။ ဒီအတြက္ေၾကာင့္ ကိုယ့္ရဲ႕ ပါဝင္မႈကို လုံး၀ မေလွ်ာ့ခ်လိုက္ပါနဲ႔။ တျခား အမ်ိဳးသားေတြ အေနနဲ႔လည္း အမ်ိဳးသား အမ်ိဳးသမီးႏွစ္ဦးပဲ ရွိတဲ့အေနအထားမွာ က်မတို႔ အမ်ိဳးသမီးေတြရဲ႕ ပါဝင္မႈကို ဖယ္ၾကဥ္ထားတာက တဘက္က ကိုယ့္ရဲ႕ လုပ္ႏိုင္စြမ္းရည္ကို ေလွ်ာ့ခ်လိုက္တာနဲ႔ အတူတူပဲ။ ကိုယ္ေအာင္ျမင္ႏိုင္သေလာက္ကို ေအာင္ျမင္ခြင့္ မေပးလိုက္တာနဲ႔ အတူတူပဲ။ ဒါေၾကာင့္ အမ်ိဳးသမီးေတြရဲ႕ပါဝင္ခြင့္ကိုလည္း အစြမ္းကုန္ ျမႇင့္တင္ၾကဖို႔ တိုက္တြန္းပါတယ္။”

ဒီကေန႔ အာဏာရွင္ ဆန႔္က်င္ေရး လႈပ္ရွားမႈေတြမွာ ျပည္သူလူထုရဲ႕ ပူးေပါင္း ပါဝင္မႈအားဟာ ဘယ္တုန္းကမွနဲ႔မတူေအာင္ အရွိန္အဟုန္ ေကာင္းခဲ့သလို၊ ဒီလို လူထုလို႔ဆိုတဲ့ ေနရာမွာ လူဦးေရ ထက္ဝက္က အမ်ိဳးသမီးေတြ ျဖစ္တယ္ဆိုတာကို ေမ့ထားလို႔ မရပါဘူး။ ဒါေၾကာင့္ လူထုရဲ႕ ပူးေပါင္း ပါဝင္မႈလို႔ ေျပာရင္ အမ်ိဳးသမီးေတြရဲ႕ ပူးေပါင္း ပါဝင္မႈကို လစ္လ်ဴရႈထားလို႔ မရႏိုင္ဘူးဆိုတာ တင္ျပရင္း ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲ ရပ္နားခြင့္ျပဳပါ။ က်မ ခင္ျဖဴေထြးပါရွင့္။

XS
SM
MD
LG