သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 အတွက် တိုင်းနဲ့ပြည်နယ်တွေမှာ ဘာတွေပြင်ဆင်ထားလဲ


ရန်ကုန်မြို့ရှိ လမ်းတနေရာမှာ ပိုးသတ်ဆေး ဖြန်းနေတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းတဦး (သတင်းဓာတ်ပုံ - မတ် ၂၆၊ ၂၀၂၀)
ရန်ကုန်မြို့ရှိ လမ်းတနေရာမှာ ပိုးသတ်ဆေး ဖြန်းနေတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းတဦး (သတင်းဓာတ်ပုံ - မတ် ၂၆၊ ၂၀၂၀)

(Zawgyi/Unicode)

တိုင်းနှင့်ပြည်နယ် တော်တော်မျာများမှာ COVID-19 ရောဂါအတွက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ Quarantine Center တွေကို WHO ရဲ့ စည်းကမ်းသတ်မှတ်ချက်တွေနဲ တတ်နိုင်သမျှ ကိုက်ညီအောင် ပြင်ဆင်နေကြတဲ့ အကြောင်းကို ပြောပြပေးပါမယ်။

တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ ကော်မတီတွေ ဖွဲ့စည်းပြီး COVID-19 ရောဂါစောင့်ကြည့်တဲ့ Quarantine Center တွေကို WHO ရဲ့ စံသတ်မှတ်ချက်တွေနဲ့ အတတ်နိုင်ဆုံး ကိုက်ညီမှုရှိအောင် ဆောင်ရွက်နေကြပါပြီ။ ကချင်ပြည်နယ် ဝိုင်းမော်မြို့က ကျန်းမာရေးဦးစီးဌာနမှူးက သူတို့ရဲ မြို့နဲ့ ဆေးရုံတွေမှာ ပြင်ဆင်ထားတဲ့ Quarantine Center တွေနဲ့ ပတ်သက်လို့ ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“အကုန်လုံး ပြင်ဆင်နေကြပါတယ်ခင်ဗျ။ ဆေးရုံတွေက ပြင်ဆင်တာတွေရှိသလို မြို့နယ်နဲ့ ပေါင်းစပ်ပြီးတဲ့ အခါကျလို့ရှိရင် မြို့နယ်နဲ့ သင့်တော်တဲ့ နေရာတွေမှာ Quarantine Center တွေကို သတ်မှတ်ထားတာပေါ့နော်။ Facility Quarantine ပေါ့နော်။ သူ့မြို့နယ်အလိုက်ပေါ့၊ တချို့မြို့နယ်ကျတော့ အားကစားရုံ၊ တချို့မြို့နယ်ကျတော့လည်း ဘုန်းကြီးကျောင်း၊ တချို့မြို့နယ်ကျတော့လည်း စာသင်ကျောင်းပေါ့။ မြို့နယ်တိုင်းပေါ့။ အဓိကကတော့ ဆေးရုံတွေမှာ စီမံထားတယ်ပေါ့။ ဆေးရုံတွေကတော့ အကျယ်ကြီးတော့ မရှိဘူးပေါ့။ များများစားစားအတွက် လိုအပ်လို့ရှိရင် အားကစားရုံတွေ ဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတွေ နောက် ခရစ်ယာန် ဘုရားကျောင်းတွေ နောက် ယဉ်ကျေးမှု ဗိမာန်တွေ အဲ့လိုနေရာမျိုးတွေမှာပေါ့။ မြို့နယ်အလိုက် မြို့နယ်အလိုက် စီစဉ်ထားကြပါတယ်။ အားလုံးစီစဉ်ထားတယ်။ မြို့နယ်တိုင်းမှာ ကော်မတီတွေ ဖွဲ့ထားတယ်။ ကော်မတီတွေကနေ ခေါင်းဆောင်ပြီးတော့ စီစဉ်ထားကြတယ်။ WHO စံနှုန်းဆိုတာကတော့ မှီတာတွေလည်းရှိမယ်။ လိုအပ်လို့ ပေါင်းစပ်ပြီးတော့ ဖြည့်ရတာတွေလည်း ရှိမယ်။ ဒါတွေကတော့ လိုတာတွေလည်း ရှိမယ်၊ ပြည့်စုံတာတွေလည်း ရှိမယ်။”

COVID-19 ရောဂါ ကာကွယ်ကုသတာနဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်ချင်တဲ့ Volunteer တွေကိုလည်း ဆောင်ရန်ရှောင်ရန်တွေနဲ့ ဘယ်လိုနေရာတွေမှာ ဆောင်ရွက်ကြရမယ်၊ ဘယ်လို ဆောင်ရွက်ကြရမယ်ဆိုတာတွေကို သင်တန်းပေးနေတယ်လို့ တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနတွေဆီကနေ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာတော့ Quarantine Center တွေ ပြင်ဆင်ထားပြီးပေမယ့် PPE ဝတ်စုံတွေက အစုံ ၂၀ လောက်ပဲ ရှိသေးတယ်လို့ ဆိုပါတယ်။ လိုအပ်ချက်တွေရှိနေပေမဲ့ အဆင်ပြေအောင်ဆောင်ရွက်ပေးနေတယ်လို့ ဧရာဝတီတိုင်း ကျန်းမာရေး ဦးစီးဌာနမှူးက ပြောပြပါတယ်။

“လောလောဆယ်ကတော့ ကျနော်တို့ Install လုပ်ထားတာတော့ ၂၀ စာပေါ့နှော်၊ နောက်ထပ်ကတော့ ၆၀ စာ၊ ၇၀ စာ လောက်တော့ Install လုပ်ဖို့ လုပ်နေပါတယ်။ လိုအပ်ချက်တွေက နည်နည်းတော့ များတယ်ဗျ။ လုပ်နေပါတယ်။ ကြိုးစားပြီးတော့တော လုပ်နေပါတယ်။”

WHO ရဲ့ စံညွှန်းတွေနဲ့ မညီဘူးဆိုတာမျိုး မဟုတ်ဘဲ အဓိကက တယောက်ကနေ နောက်တစ်ယောက်ကို ရောဂါ မကူးစက်နိုင်ဖို့ ကာကွယ်တာမျိုးဖြစ်တဲ့ အတွက် ရှိတဲ့ နေရာ အဆောက်အဦးနဲ့ အကောင်းဆုံးဖြစ်အောင် မြန်မာနိုင်ငံရဲ့ စံချိန်နဲ့ အကောင်းဆုံး စီမံဆောင်ရွက်ထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အခု လက်ရှိ ရန်ကုန်မှာ Facility Quarantine အတွက် ၁၆ နေရာ သတ်မှတ်ဆောင်ရွက်ထားပြီး လူဦးရေ ၂,၀၀၀ လောက်ထားနိုင်းမယ်လို့ ခန့်မှန်းတယ်လို့ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။

“Quarantine နေရာက လောလောဆယ်ပေါ့နှော် ဆေးရုံက ဝေဘာဂီနဲ့ တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံအပါအဝင် ဆိုရင် အားလုံးပေါင်း ၁၆ နေရာရှိပါတယ်။ ၁၆ နေရာဆိုပေမယ့် တကယ်သုံးတာပေါ့နော်။ တကယ်သုံးတာက လောလောဆယ် ၁၀ နေရာပြ ရှိသေးတယ်။ ပြင်ထားတဲ့ နေရာက နောက်ထပ် ၆ နေရာ ရှိတယ်ပေါ့နော်။ ၁၆ နေရာမှာ လူဦးရေ ၂,၀၀၀ လောက်တော့ ဆံ့မယ်လို့ ခန့်မှန်းပါတယ်ဗျ။”

နိုင်ငံခြားပြန်လည် ဝင်ရောက်လာသူတွေ၊ စောင့်ကြည့်လူနာတွေအတွက်သာမက ကျန်းမာရေးနဲ့ ပတ်သက်တဲ့ တာဝန်ရှိသူတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေ၊ အကူတွေ အတွက်ပါ နေထိုင်စားသောက် ရေးအတွက် အဆင်ပြေအောင် ကြိုးစားဆောင်ရွက်ပေးနေတယ်လို့လည်း ပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးတွေ့ရှိသူ ၃ ဦး၊ သံသယနဲ့ စောင့်ကြည့်လူနာ ၂၇၅ ဦးရှိပါတယ်။ အဲ့ဒီထဲကမှ ဓာတ်ခွဲနမူနာ ပေးပို့ဆဲနဲ့ စစ်ဆေးဆဲက ၆၁ ဦးနှင့် ရောဂါပိုးမတွေ့ရှိသူ ၂၁၂ ဦး ရှိပါတယ်။ မတ်လ ၂၅ ရက် နေ့အထိ မြန်မာနိုင်ငံမှာ အသွားအလာ ကန့်သတ်ထားသူဦးရေက ၅၀၄ ဦး ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG