သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ျမန္မာ ေစာင့္ၾကည့္လူနာ ၂ ဦးနဲ႔ သံသယလူနာ ၁ ဦး စစ္ေဆးရလဒ္မထြက္ခင္ ကြယ္လြန္


ရန္ကုန္ေ၀ဘာဂီေဆးရံု (မွတ္တမ္းဓာတ္ပံု - ဇန္န၀ါရီ ၃၁၊ ၂၀၂၀)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါပိုး ကူးစက္ထားမႈရွိမရွိ ေစာင့္ၾကည့္ေနတဲ့ လူနာ ၂ ဦးနဲ႔ သံသယလူနာ တဦးတို႔ ကြယ္လြန္သြားပါတယ္။ သူတို႔မွာ အရင္ကတည္းက ရွိထားတဲ့ အခံေရာဂါေတြေၾကာင့္ ကြယ္လြန္တာလို႔ လတ္တေလာ ေကာက္ခ်က္ခ်ထားၿပီး ကို႐ိုနာဗိုင္းရပ္စ္ပိုး တကယ္တမ္း ရွိေနသလား ဆိုတာကေတာ့ ေသာၾကာညနဲ႔ စေနေန႔ေတြမွာ သိရမယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။ အျပည့္အစံုကုိ မစုစုက ဆက္ေျပာျပပါမယ္။

COVID- 19 နဲ႔ ပတ္သက္ၿပီး က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ သတင္းထုတ္ျပန္ခ်က္ထဲမွာ ေစာင့္ၾကည့္လူနာ ၂ ဦးနဲ႔ သံသယလူနာ ၁ ဦးတုိ႔ဟာ ေရာဂါရွိ၊ မရွိ အေျဖမထြက္ခင္ကာလမွာပဲ တျခားေရာဂါေတြေၾကာင့္ ေသဆံုးခဲ့တယ္လို႔ လတ္တေလာ သံုးသပ္ထားပါတယ္။

အဲဒီလူနာေတြကေတာ့ ရန္ကုန္ျပည္သူ႔ေဆးရံုႀကီးမွာ ေစာင့္ၾကည့္ကုသေပးေနတဲ့ အသက္ ၃၄ ႏွစ္အရြယ္ အမ်ိဳးသား တဦးနဲ႔ လားရိႈးျပည္သူ႔ေဆးရံုႀကီးမွာ သံသယလူနာအျဖစ္ သတ္မွတ္ကုသေပးေနတဲ့ အသက္ ၄၀ အရြယ္အမ်ိဳးသား တဦးအျပင္ မႏၱေလးၿမိဳ႕၊ ကန္ေတာ္နဒီေဆးရံုႀကီးမွာ ေစာင့္ၾကည့္လူနာအျဖစ္ ကုသမႈခံယူေနတဲ့ ၆၈ ႏွစ္အရြယ္ အမ်ိဳးသမီး တဦးတုိ႔ ျဖစ္ပါတယ္။

သူတို႔ရဲ႕ ဓာတ္ခြဲနမူနာေတြကုိ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆုိင္ရာ ဌာန NHL ကို ေပးပို႔ထားၿပီး ေရာဂါရွိ မရွိဆုိတာကိုေတာ့ အတည္မျပဳႏုိင္ေသးပါဘူး။

အခုလို အတည္မျပဳႏုိင္ခ်ိန္မွာ ေသဆံုးခဲ့ သူေတြနဲ႔ ပတ္သက္ၿပီး NHL က ေပးပို႔လာမယ့္ အေျဖ ဘယ္လိုပဲျဖစ္ျဖစ္ ျပည္သူေတြကုိ သတင္းအမွန္ကို အျမန္ဆံုး ထုတ္ျပန္ေပးသြားမယ္လို႔ ဗဟိုကူးစက္ေရာဂါ တုိက္ဖ်က္ေရးဌာန ဒုတိယညႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက ဗီြအိုေအကိုေျပာပါတယ္။

“သူ႔ဟာသူ အေျဖသည္ မည္သို႔ပင္ျဖစ္ေစကာမူ က်မတုိ႔ကေတာ့ ဒါကိုထုတ္ျပန္မွာပဲေလ။ ဒါေတြက ဖံုးထားလုိ႔လည္း ဘယ္သူ႔အတြက္မွ အက်ိဳးမရွိဘူး။ ဒီဥစၥာက ခုထက္ထိကို အေျဖမသိရေသးဘူး။ က်မကိုယ္တုိင္လည္း ေစာင့္ေနတာပဲ။”

ရန္ကုန္ျပည္သူ႔ေဆးရံုႀကီးက အသက္ ၃၄ ႏွစ္အရြယ္ အမ်ိဳးသားကေတာ့ COVID- 19 ေရာဂါ ျဖစ္ပြားေနတဲ့ ႏုိင္ငံေတြကုိသြားတဲ့ ခရီးသြားရာဇဝင္ မရွိေပမဲ့ လတ္တေလာ အသက္ရႈ လမ္းေၾကာင္းဆိုင္ရာေရာဂါ လကၡဏာ ဆုိးရြားလာၿပီး ဒီကေန႔ ညေန ၄နာရီခြဲမွာ ေသဆံုးသြားတာပါ။ သူ႔ရဲ႕ ဓာတ္ခြဲနမူနာကိုေတာ့ NHL ကို ဒီကေန႔ ညမွာပဲ ေပးပို႔ထားၿပီး ေရာဂါရွိ မရွိဆုိတာကိုေတာ့ ေစာင့္ရဦးမွာပါ။

လားရႈိးျပည္သူ႔ေဆးရံုႀကီးက အသက္ ၄၀ အရြယ္ အမ်ိဳးသားကိုေတာ့ သံသယလူနာအျဖစ္နဲ႔ သတ္မွတ္ထားၿပီး ႏွလံုးအလုပ္ေကာင္းေကာင္း မလုပ္နုိင္ေတာ့ဘဲ ဆီးခ်ဳိေရာဂါနဲ႔ အဆုတ္ေရာင္ေရာဂါတုိ႔ေၾကာင့္ မေန႔က ည ၉ နာရီ မိနစ္ ၄၀ မွာ ေသဆံုုးသြားတာပါ။ သူ႔ရဲ႕ ဓာတ္ခြဲနမူနာကို NHL ကို ေပးပို႔ထားၿပီး ေရာဂါရွိ မရွိဆိုေတာကိုလည္း ေစာင့္ရဦးမွာ ျဖစ္ပါတယ္။

မႏၱေလးၿမိဳ႕၊ ကန္ေတာ္နဒီေဆးရုံႀကီးက အသက္ ၆၈ ႏွစ္အရြယ္ အမ်ိဳးသမီးကေတာ့ သူ႔မွာ နာတာရွည္ႏွလံုးေရာဂါနဲ႔ ဆီးခ်ဳိေရာဂါရွိလို႔ ဒီေရာဂါအခံေတြေၾကာင့္ ေသဆံုးသြားတာလို႔ ကနဦးသံုးသပ္ထားတယ္လို႔ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

အခုလိုေသဆံုးသြားတဲ့ သူေတြမွာ ေရာဂါရွိ မရွိစစ္ေဆးခ်က္အေျဖကို ဒီညနဲ႔ မနက္ျဖန္မွာ ထုတ္ျပန္ႏုိင္လိမ့္မယ္လို႔ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆုိင္ရာဌာန NHL ရဲ႕ ဒုတိယညႊန္ၾကားေရးမွဴး ေဒါက္တာဥမၼာေဆြတင္က ဗီြအုိေအကိုေျပာပါတယ္။

“လားရႈိးက လူနာရဲ႕ Sample နဲ႔ ရန္ကုန္ေဆးရံုႀကီးက လူနာ Sample က မနက္ျဖန္မွ Run ရမွာ။ ဘာျဖစ္လုိ႔လည္းဆိုေတာ့ အခုညမွေရာက္တာ ဆုိေတာ့ေလ အစ္မတို႔ ဒီညေတာ့ မRunေတာ့ဘူး။ ကန္ေတာ္နဒီကေတာ့ ဒီညထြက္မယ္ Run ထားတုန္းမုိ႔လို႔။”

ဒီကေန႔ ည ၆ နာရီအခ်ိန္အထိ လူနာ ၅ ဦးကို သက္ဆုိင္ရာေဆးရံုေတြမွာ ေစာင့္ၾကပ္ၾကည့္ရႈ ကုသမႈေပးေနတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

တရုတ္ႏို္င္ငံ၊ ဟူေပျပည္နယ္၊ ဝူဟန္ၿမိဳ႕ေန စတင္ျဖစ္ပြားခဲ့တဲ့ COVID- 19 ကိုရုိနာေရာဂါပိုးဟာ အျခားႏုိင္ငံေပါင္း ၉၂ ႏုိင္ငံကုိ ကူးစက္ခဲ့ၿပီး ဒီကေန႔ မတ္လ ၆ရက္ ညေနခင္းစာရင္းအရ လူေပါင္း ၉၈,၈၇၆ ကူးစက္ခံေနရတာပါ။ ဒါဟာ ကမာၻလွည့္အေပ်ာ္စီး သေဘၤာ Diamond Princess ေပၚက ကူးစက္ခံရသူ ၆၉၆ ေယာက္နဲ႔ ေသဆံုးသူ ၆ ဦးရဲ႕ စာရင္းကိုပါ ထည့္တြက္ထားၿပီး စုစုေပါင္း ေသဆံုးသူကေတာ့ ၃,၃၉၀ အထိရွိေနၿပီး တရုတ္ႏုိင္ငံမွာ အမ်ားဆံုးျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

COVID-19 မြန်မာ စောင့်ကြည့်လူနာ ၂ ဦးနဲ့ သံသယလူနာ ၁ ဦး စစ်ဆေးရလဒ်မထွက်ခင် ကွယ်လွန်

မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး ကူးစက်ထားမှုရှိမရှိ စောင့်ကြည့်နေတဲ့ လူနာ ၂ ဦးနဲ့ သံသယလူနာ တဦးတို့ ကွယ်လွန်သွားပါတယ်။ သူတို့မှာ အရင်ကတည်းက ရှိထားတဲ့ အခံရောဂါတွေကြောင့် ကွယ်လွန်တာလို့ လတ်တလော ကောက်ချက်ချထားပြီး ကိုရိုနာဗိုင်းရပ်စ်ပိုး တကယ်တမ်း ရှိနေသလား ဆိုတာကတော့ သောကြာညနဲ့ စနေနေ့တွေမှာ သိရမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကို မစုစုက ဆက်ပြောပြပါမယ်။

COVID- 19 နဲ့ ပတ်သက်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ သတင်းထုတ်ပြန်ချက်ထဲမှာ စောင့်ကြည့်လူနာ ၂ ဦးနဲ့ သံသယလူနာ ၁ ဦးတို့ဟာ ရောဂါရှိ၊ မရှိ အဖြေမထွက်ခင်ကာလမှာပဲ တခြားရောဂါတွေကြောင့် သေဆုံးခဲ့တယ်လို့ လတ်တလော သုံးသပ်ထားပါတယ်။

အဲဒီလူနာတွေကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြည့်ကုသပေးနေတဲ့ အသက် ၃၄ နှစ်အရွယ် အမျိုးသား တဦးနဲ့ လားရှိုးပြည်သူ့ဆေးရုံကြီးမှာ သံသယလူနာအဖြစ် သတ်မှတ်ကုသပေးနေတဲ့ အသက် ၄၀ အရွယ်အမျိုးသားတဦးအပြင် မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ် ကုသမှုခံယူနေတဲ့ ၆၈ နှစ်အရွယ် အမျိုးသမီး တဦးတို့ ဖြစ်ပါတယ်။

သူတို့ရဲ့ ဓာတ်ခွဲနမူနာတွေကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန NHL ကို ပေးပို့ထားပြီး ရောဂါရှိ မရှိဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။

အခုလို အတည်မပြုနိုင်ချိန်မှာ သေဆုံးခဲ့ သူတွေနဲ့ ပတ်သက်ပြီး NHL က ပေးပို့လာမယ့် အဖြေ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူတွေကို သတင်းအမှန်ကို အမြန်ဆုံး ထုတ်ပြန်ပေးသွားမယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေကိုပြောပါတယ်။

“သူ့ဟာသူ အဖြေသည် မည်သို့ပင်ဖြစ်စေကာမူ ကျမတို့ကတော့ ဒါကိုထုတ်ပြန်မှာပဲလေ။ ဒါတွေက ဖုံးထားလို့လည်း ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး။ ဒီဥစ္စာက ခုထက်ထိကို အဖြေမသိရသေးဘူး။ ကျမကိုယ်တိုင်လည်း စောင့်နေတာပဲ။”

ရန်ကုန်ပြည်သူ့ဆေးရုံကြီးက အသက် ၃၄ နှစ်အရွယ် အမျိုးသားကတော့ COVID- 19 ရောဂါ ဖြစ်ပွားနေတဲ့ နိုင်ငံတွေကိုသွားတဲ့ ခရီးသွားရာဇဝင် မရှိပေမဲ့ လတ်တလော အသက်ရှု လမ်းကြောင်းဆိုင်ရာရောဂါ လက္ခဏာ ဆိုးရွားလာပြီး ဒီကနေ့ ညနေ ၄နာရီခွဲမှာ သေဆုံးသွားတာပါ။ သူ့ရဲ့ ဓာတ်ခွဲနမူနာကိုတော့ NHL ကို ဒီကနေ့ ညမှာပဲ ပေးပို့ထားပြီး ရောဂါရှိ မရှိဆိုတာကိုတော့ စောင့်ရဦးမှာပါ။

လားရှိုးပြည်သူ့ဆေးရုံကြီးက အသက် ၄၀ အရွယ် အမျိုးသားကိုတော့ သံသယလူနာအဖြစ်နဲ့ သတ်မှတ်ထားပြီး နှလုံးအလုပ်ကောင်းကောင်း မလုပ်နိုင်တော့ဘဲ ဆီးချိုရောဂါနဲ့ အဆုတ်ရောင်ရောဂါတို့ကြောင့် မနေ့က ည ၉ နာရီ မိနစ် ၄၀ မှာ သေဆုံးသွားတာပါ။ သူ့ရဲ့ ဓာတ်ခွဲနမူနာကို NHL ကို ပေးပို့ထားပြီး ရောဂါရှိ မရှိဆိုတောကိုလည်း စောင့်ရဦးမှာ ဖြစ်ပါတယ်။

မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံကြီးက အသက် ၆၈ နှစ်အရွယ် အမျိုးသမီးကတော့ သူ့မှာ နာတာရှည်နှလုံးရောဂါနဲ့ ဆီးချိုရောဂါရှိလို့ ဒီရောဂါအခံတွေကြောင့် သေဆုံးသွားတာလို့ ကနဦးသုံးသပ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အခုလိုသေဆုံးသွားတဲ့ သူတွေမှာ ရောဂါရှိ မရှိစစ်ဆေးချက်အဖြေကို ဒီညနဲ့ မနက်ဖြန်မှာ ထုတ်ပြန်နိုင်လိမ့်မယ်လို့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန NHL ရဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာဆွေတင်က ဗွီအိုအေကိုပြောပါတယ်။

“လားရှိုးက လူနာရဲ့ Sample နဲ့ ရန်ကုန်ဆေးရုံကြီးက လူနာ Sample က မနက်ဖြန်မှ Run ရမှာ။ ဘာဖြစ်လို့လည်းဆိုတော့ အခုညမှရောက်တာ ဆိုတော့လေ အစ်မတို့ ဒီညတော့ မRunတော့ဘူး။ ကန်တော်နဒီကတော့ ဒီညထွက်မယ် Run ထားတုန်းမို့လို့။”

ဒီကနေ့ ည ၆ နာရီအချိန်အထိ လူနာ ၅ဦးကို သက်ဆိုင်ရာဆေးရုံတွေမှာ စောင့်ကြပ်ကြည့်ရှု ကုသမှုပေးနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့နေ စတင်ဖြစ်ပွားခဲ့တဲ့ COVID- 19 ကိုရိုနာရောဂါပိုးဟာ အခြားနိုင်ငံပေါင်း ၉၂ နိုင်ငံကို ကူးစက်ခဲ့ပြီး ဒီကနေ့ မတ်လ ၆ရက် ညနေခင်းစာရင်းအရ လူပေါင်း ၉၈,၈၇၆ ကူးစက်ခံနေရတာပါ။ ဒါဟာ ကမ္ဘာလှည့်အပျော်စီး သင်္ဘော Diamond Princess ပေါ်က ကူးစက်ခံရသူ ၆၉၆ ယောက်နဲ့ သေဆုံးသူ ၆ ဦးရဲ့ စာရင်းကိုပါ ထည့်တွက်ထားပြီး စုစုပေါင်း သေဆုံးသူကတော့ ၃,၃၉၀ အထိရှိနေပြီး တရုတ်နိုင်ငံမှာ အများဆုံးဖြစ်ပါတယ်။

XS
SM
MD
LG