သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ ၆ ဦး ထပ်မံတွေ့ရှိ


ဝေဘာဂီဆေးရုံ
ဝေဘာဂီဆေးရုံ

(Zawgyi/Unicode)

သတင်းထုတ်ပြန်လိုက်တဲ့အတွက် စုစုပေါင်းရောဂါကူးစက်သူ ၁၆၁ ယောက်ရှိသွားပါပြီ။ နေပြည်တော် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ဓာတ်ခွဲဌာနက ဓာတ်ခွဲအတည်ပြုလူနာသစ် ၁ ယောက်အပါအဝင် စုစုပေါင်း ဓာတ်ခွဲအတည်ပြု လူနာသစ် ၆ ယောက်တွေ့ရှိကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ည ၈ နာရီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နေပြည်တော် ဇေယျာသီရိမြို့နယ်က အသက် ၃၃ နှစ်အရွယ် အမျိုးသားကလွဲလို့ ကျန် ၅ ယောက်လုံးက ရန်ကုန်တိုင်းဒေသကြီးထဲက ဖြစ်ကြပါတယ်။ COVID-19 ရောဂါကူးစက်သူအဖြစ် အတည်ပြုလိုက်တဲ့ ၆ ဦးစလုံးဟာ ပြည်ပခရီးသွားဖူးတဲ့ ရာဇဝင်မရှိခဲ့သူတွေ ဖြစ်ပေမဲ့ ဒီအထဲက ၄ ယောက်ကတော့ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိခဲ့တဲ့အတွက် စောင့်ကြည့်ခံနေရသူတွေ ဖြစ်ကြပါတယ်။

နေပြည်တော်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတယောက်မှာ COVID-19 ရောဂါလက္ခဏာတွေပြတဲ့အတွက် ဓါတ်ခွဲနမူနာယူ စစ်ဆေးခဲ့တာမှာ ရောဂါရှိနေတယ်လို့ အတည်ပြုကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကလည်း ဒီနေ့ပဲ သတင်းထုတ်ပြန်ထားပါတယ်။

[Unicode Version]





XS
SM
MD
LG