သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆး ဆင္းရဲသားေတြ ဦးစားေပးမယ္ - ဖိလစ္ပိုင္သမၼတ


ဘတ္စ္ကားစီးဖို႔ တန္းစီးေနၾကသူမ်ားကို ဖိလစ္ပိုင္ႏိုင္ငံ မနီလာၿမိဳ႕ကို ေတြ႔ရ။ (ဇူလိုင္ ၀၇၊ ၂၀၂၀)

[Zawgyi/Unicode]

ဖိလစ္ပို္င္သမၼတ ဒူတာေတး
ဖိလစ္ပို္င္သမၼတ ဒူတာေတး

အခုႏွစ္ကုန္မွာ ကို႐ုိနာဗုိင္းရပ္စ္ကာကြယ္ေဆး ရလာမယ္ဆိုရင္ ဆင္းရဲသားေတြကို ဦးစားေပးၿပီးေတာ့ ကာကြယ္ေဆး အခမဲ့ ထုိးေပးသြားမွာျဖစ္တယ္လို႔ ဖိလစ္ပို္င္သမၼတ ဒူတာေတးက ေျပာလိုက္ပါတယ္။

“အစိုးရဆီကေန အေထာက္အပံ့ေတြ ယူေနရတဲ့ ဆင္းရဲသားေတြကို ပထမဆုံး ဦးစားေပးၿပီး အခမဲ့ ကာကြယ္ေဆးေတြ ေပးသြားမွာပါ။ အဲဒီေနာက္ ဒုတိယအေနနဲ႔ လူလတ္တန္းစားေတြကို ေပးသြားမွာျဖစ္ၿပီး ရဲတပ္ဖဲြ႔နဲ႔ စစ္တပ္ကိုလည္း ေပးသြားမွာျဖစ္တယ္။" လို႔ သမၼတဒူတာေတးက ေျပာပါတယ္။

ၿမိဳ႕ေတာ္မနီလာမွာေတာ့ ဗုိင္းရပ္စ္နဲ႔ ပတ္သက္ၿပီး ကန္႔သတ္မႈေတြ လုပ္ထားတာကို ၾသဂုတ္လလည္အထိ ထပ္တုိးလိုက္တယ္လို႔ ဒီေန႔မွာ ေၾကျငာပါတယ္။ မနီလာၿမိဳ႕တ၀ိုက္အပါအ၀င္ ေတာင္ပိုင္းကျပည္နယ္ေတြနဲ႔ အလယ္ပို္္င္းကၿမိဳ႕ေတြမွာ လူေတြကို အသြားအလာကန္႔သတ္ထားၿပီ စီးပြားေရးလုပ္ငန္းေတြကိုလည္း အကန္႔အသတ္နဲ႔ ဖြင့္ခြင့္ျပဳထားပါတယ္။

ဖိလစ္ပိုင္ႏုိင္ငံဟာ အေရွ႕ေတာင္အာရွမွာေတာ့ အခုလအတြင္း ေန႔စဥ္ေသဆုံးမႈ အမ်ားဆုံး နဲ႔ တရက္တည္း ကူးစက္မႈႏႈန္း အမ်ားဆုံး ႏုိင္ငံျဖစ္ပါတယ္။ ဒါ့အျပင္ ေဒသတြင္းမွာ အင္ဒိုနီးရွားၿပီးရင္ ကူးစက္မႈအမ်ားဆုံးႏုိင္ငံျဖစ္ၿပီး ကူးစက္သူ ၈၉,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၁,၉၈၃ ေယာက္ထက္မနည္း ရွိပါတယ္။

အိႏၵိယႏုိင္ငံမွာေတာ့ ဒီေန႔မွာ ဗုိင္းရပ္စ္ကူးစက္သူ ၅၅,၀၀၀ ေက်ာ္ရွိခဲ့တာေၾကာင့္ ေန႔စဥ္ကူးစက္မႈႏႈန္း ေနာက္ထပ္စံခ်ိန္တင္ခဲ့ပါတယ္။ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ေသဆုံးသူ ၇၇၉ ေယာက္ရွိတာေၾကာင့္ ေသဆုံးသူစုစုေပါင္း ၃၅,၇၄၇ ေယာက္နဲ႔ ဗုိင္းရပ္စ္ကူးစက္သူ ၁,၆၀၀,၀၀၀ ေက်ာ္သြားၿပီျဖစ္ပါတယ္။ ဒါ့အျပင္ ၿပီးခဲ့တဲ့ မတ္လကစၿပီး ညမထြက္ရအမိန္႔ထုတ္ထားတာကို မနက္ျဖန္ကစၿပီး ႐ုပ္သိမ္းသြားမယ္လို႔ အိႏိၵယ ျပည္ထဲေရး၀န္ႀကီးဌာနက ေျပာပါတယ္။

ဗီယက္နမ္ႏုိင္ငံမွာေတာ့ ဒီေန႔မွာ ဗုိင္းရပ္စ္ကူးစက္သူ ေနာက္ထပ္ ၄၅ ေယာက္ ထပ္ေတြ႔ရွိခဲ့ၿပီး ၾသစေၾတးလ်ႏုိင္ငံ ဗစ္တုိးရီးယားျပည္နယ္မွာေတာ့ ဒီေန႔မွာ ကူးစက္သူ ၆၂၇ ေယာက္ ေသဆုံးသူ ရွစ္ ေယာက္ရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကာကွယ်ဆေး ဆင်းရဲသားတွေ ဦးစားပေးမယ် - ဖိလစ်ပိုင်သမ္မတ

အခုနှစ်ကုန်မှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ရလာမယ်ဆိုရင် ဆင်းရဲသားတွေကို ဦးစားပေးပြီးတော့ ကာကွယ်ဆေး အခမဲ့ ထိုးပေးသွားမှာဖြစ်တယ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောလိုက်ပါတယ်။

ဖိလစ္ပို္င္သမၼတ ဒူတာေတး
ဖိလစ္ပို္င္သမၼတ ဒူတာေတး

“အစိုးရဆီကနေ အထောက်အပံ့တွေ ယူနေရတဲ့ ဆင်းရဲသားတွေကို ပထမဆုံး ဦးစားပေးပြီး အခမဲ့ ကာကွယ်ဆေးတွေ ပေးသွားမှာပါ။ အဲဒီနောက် ဒုတိယအနေနဲ့ လူလတ်တန်းစားတွေကို ပေးသွားမှာဖြစ်ပြီး ရဲတပ်ဖွဲ့နဲ့ စစ်တပ်ကိုလည်း ပေးသွားမှာဖြစ်တယ်။" လို့ သမ္မတဒူတာတေးက ပြောပါတယ်။

မြို့တော်မနီလာမှာတော့ ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကန့်သတ်မှုတွေ လုပ်ထားတာကို သြဂုတ်လလည်အထိ ထပ်တိုးလိုက်တယ်လို့ ဒီနေ့မှာ ကြေငြာပါတယ်။ မနီလာမြို့တဝိုက်အပါအဝင် တောင်ပိုင်းကပြည်နယ်တွေနဲ့ အလယ်ပို်င်းကမြို့တွေမှာ လူတွေကို အသွားအလာကန့်သတ်ထားပြီ စီးပွားရေးလုပ်ငန်းတွေကိုလည်း အကန့်အသတ်နဲ့ ဖွင့်ခွင့်ပြုထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ အရှေ့တောင်အာရှမှာတော့ အခုလအတွင်း နေ့စဉ်သေဆုံးမှု အများဆုံး နဲ့ တရက်တည်း ကူးစက်မှုနှုန်း အများဆုံး နိုင်ငံဖြစ်ပါတယ်။ ဒါ့အပြင် ဒေသတွင်းမှာ အင်ဒိုနီးရှားပြီးရင် ကူးစက်မှုအများဆုံးနိုင်ငံဖြစ်ပြီး ကူးစက်သူ ၈၉,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁,၉၈၃ ယောက်ထက်မနည်း ရှိပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ ဒီနေ့မှာ ဗိုင်းရပ်စ်ကူးစက်သူ ၅၅,၀၀၀ ကျော်ရှိခဲ့တာကြောင့် နေ့စဉ်ကူးစက်မှုနှုန်း နောက်ထပ်စံချိန်တင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၇၇၉ ယောက်ရှိတာကြောင့် သေဆုံးသူစုစုပေါင်း ၃၅,၇၄၇ ယောက်နဲ့ ဗိုင်းရပ်စ်ကူးစက်သူ ၁,၆၀၀,၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လကစပြီး ညမထွက်ရအမိန့်ထုတ်ထားတာကို မနက်ဖြန်ကစပြီး ရုပ်သိမ်းသွားမယ်လို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ဒီနေ့မှာ ဗိုင်းရပ်စ်ကူးစက်သူ နောက်ထပ် ၄၅ ယောက် ထပ်တွေ့ရှိခဲ့ပြီး သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်မှာတော့ ဒီနေ့မှာ ကူးစက်သူ ၆၂၇ ယောက် သေဆုံးသူ ရှစ် ယောက်ရှိခဲ့ပါတယ်။

XS
SM
MD
LG