သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာင္ကိုရီးယားမွာ ႏွာေခါင္းစည္းမတပ္သူေတြ ဒဏ္ေငြ႐ိုက္ၿပီ


ေတာင္ကိုရီးယားႏိုင္ငံ Seoul ၿမိဳ႕မွာ ေတြ႔ရတဲ့ လမ္းသြားလမ္းလာတခ်ိဳ႕။ (ၾသဂုတ္ ၂၅၊ ၂၀၂၀)

[Zawgyi/Unicode]

ေတာင္ကိုရီးယားႏုိင္ငံမွာ ေန႔စဥ္ဗုိင္းရပ္စ္ကူးစက္မႈေတြဟာ ရက္ေပါင္း ၇၀ အတြင္းမွာ အမ်ားဆုံးျဖစ္လာခဲ့ၿပီး ေတာင္ကိုရီးယားအစိုးရက အျပင္ထြက္တဲ့အခါမွာ ႏွာေခါင္းစည္းမတပ္တဲ့သူေတြကို စတင္ၿပီးေတာ့ ဒဏ္႐ုိက္ေနပါတယ္။ ေတာင္ကိုရီးယားမွာ ဒီေန႔ ဗုိင္းရပ္စ္ကူးစက္ခံရသူ ၁၉၁ ေယာက္ရွိၿပီး ဒါဟာ စက္တင္ဘာ ၄ ရက္ေနာက္ပိုင္း ေန႔စဥ္ကူးစက္မႈမွာ အမ်ားဆုံးျဖစ္သလို ကူးစက္သူ ၁၀၀ ေက်ာ္သြားခဲ့တာ ၆ ရက္ ဆက္တုိက္ရွိသြားၿပီျဖစ္ပါတယ္။ ဒီေန႔ေရာဂါပိုးေတြ႔ရွိသူေတြထဲက ၁၂၀ ေက်ာ္ဟာ ဆုိးလ္ၿမိဳ႕တ၀ိုက္က ျဖစ္ပါတယ္။ ဒီေန႔ကစၿပီး အမ်ားျပည္သူနဲ႔ သက္ဆုိင္တဲ့ေနရာေတြမွာႏွာေခါင္းစည္းေသခ်ာမတပ္ဆင္တဲ့သူေတြကို အေမရိကန္ေဒၚလာ ၉၀ ဒဏ္ေငြ ႐ုိက္မွာျဖစ္ပါတယ္။

မြန္ဂိုလီးယားႏုိင္ငံမွာေတာ့ ဗုိင္းရပ္စ္ကူးစက္မႈအသစ္ေတြ ေတြ႔ရွိၿပီးတဲ့ေနာက္ ၿမိဳ႕ေတာ္ အူလမ္ဘာတာအပါအ၀င္ ႏုိင္ငံတ၀န္းမွာ လူေတြကို လာမယ့္ အဂၤါေန႔အထိ အျပင္မထြက္ဘဲ အိမ္ထဲမွာေနဖို႔႔ အမိန္႔ထုတ္ထားပါတယ္။ ေဒသခံေတြအေနနဲ႔ ေစ်း၀ယ္ဖို႔၊ ေဆးခန္းျပဖို႔ စတဲ့ကိစၥေတြအတြက္ပဲ အျပင္ထြက္ခြင့္ရတာျဖစ္ၿပီး အျပင္ထြက္တဲ့အခါမွာလည္း တစ္ေယာက္နဲ႔ တစ္ေယာက္ခပ္ခြာေနၾကဖို႔ ညႊန္ၾကားထားပါတယ္။

အိႏၵိယႏုိင္ငံ နယူးေဒလီၿမိဳ႕မွာေတာ့ အစိုးရေဆး႐ုံေတြမွာ ကိုဗစ္ ၁၉ ေရာဂါကူးစက္ခံရတဲ့သူေတြကို လက္ခံႏုိင္တဲ့ ပမာဏ ျပည့္သြားၿပီျဖစ္လို႔ ေဒလီၿမိဳ႕က ပုဂၢလိက ေဆး႐ုံ ၃၃ ခုက အေရးေပၚကုသေဆာင္ရဲ႕ ကုတင္ ၈၀% ေလာက္ကို ခ်န္ထားေပးဖို႔ နယူးေဒလီၿမိဳ႕ အစိုးရအာဏာပိုင္ ေတြကေျပာလိုက္ပါတယ္။ အိႏၵိယႏုိင္ငံတ၀န္းမွာ ဒီေန႔ ေန႔စဥ္ဗုိင္းရပ္စ္ကူးစက္မႈဟာ ၄၄,၀၀၀ ေက်ာ္ ေသဆုံးသူ ၅၄၇ ေယာက္ရွိပါတယ္။ အခုခ်ိန္ထိေတာ့ အိႏၵိယႏုိင္ငံမွာ ဗုိင္းရပ္ကူးစက္ခံရသူ ၈.၇ သန္းေက်ာ္ နဲ႔ ကမာၻေပၚမွာ ဒုတိယအမ်ားဆုံးျဖစ္ပါတယ္။

ဂ်ပန္ႏုိင္ငံမွာေတာ့ တာ၀န္ရွိသူေတြအေနနဲ႔ ဗုိင္းရပ္စ္စစ္ေဆးတာေတြနဲ႔ ေျခရာခံလိုက္တာေတြတုိးလုပ္ဖို႔ နဲ႔ လူေတြအေနနဲ႔ ႏွာေခါင္းစည္းတပ္တာ၊ လက္ေဆးတာစတဲ့ ဗုိင္းရပ္စ္ကာကြယ္ေရးေတြကို မျဖစ္မေန ဆက္လုပ္ဖို႔ ဂ်ပန္၀န္ႀကီးခ်ဳပ္ Suga က ေျပာလိုက္ပါတယ္။ ဖိလစ္ပိုင္မွာေတာ့ ဒီေန႔မွာ ကူးစက္သူ ၁,၉၀၂ ေယာက္ နဲ႔ ေသဆုံးသူ ၃၁ ေယာက္ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တောင်ကိုရီးယားမှာ နှာခေါင်းစည်းမတပ်သူတွေ ဒဏ်ငွေရိုက်ပြီ

တောင်ကိုရီးယားနိုင်ငံမှာ နေ့စဉ်ဗိုင်းရပ်စ်ကူးစက်မှုတွေဟာ ရက်ပေါင်း ၇၀ အတွင်းမှာ အများဆုံးဖြစ်လာခဲ့ပြီး တောင်ကိုရီးယားအစိုးရက အပြင်ထွက်တဲ့အခါမှာ နှာခေါင်းစည်းမတပ်တဲ့သူတွေကို စတင်ပြီးတော့ ဒဏ်ရိုက်နေပါတယ်။ တောင်ကိုရီးယားမှာ ဒီနေ့ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၉၁ ယောက်ရှိပြီး ဒါဟာ စက်တင်ဘာ ၄ ရက်နောက်ပိုင်း နေ့စဉ်ကူးစက်မှုမှာ အများဆုံးဖြစ်သလို ကူးစက်သူ ၁၀၀ ကျော်သွားခဲ့တာ ၆ ရက် ဆက်တိုက်ရှိသွားပြီဖြစ်ပါတယ်။ ဒီနေ့ရောဂါပိုးတွေ့ရှိသူတွေထဲက ၁၂၀ ကျော်ဟာ ဆိုးလ်မြို့တဝိုက်က ဖြစ်ပါတယ်။ ဒီနေ့ကစပြီး အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာနှာခေါင်းစည်းသေချာမတပ်ဆင်တဲ့သူတွေကို အမေရိကန်ဒေါ်လာ ၉၀ ဒဏ်ငွေ ရိုက်မှာဖြစ်ပါတယ်။

မွန်ဂိုလီးယားနိုင်ငံမှာတော့ ဗိုင်းရပ်စ်ကူးစက်မှုအသစ်တွေ တွေ့ရှိပြီးတဲ့နောက် မြို့တော် အူလမ်ဘာတာအပါအဝင် နိုင်ငံတဝန်းမှာ လူတွေကို လာမယ့် အင်္ဂါနေ့အထိ အပြင်မထွက်ဘဲ အိမ်ထဲမှာနေဖို့ အမိန့်ထုတ်ထားပါတယ်။ ဒေသခံတွေအနေနဲ့ ဈေးဝယ်ဖို့၊ ဆေးခန်းပြဖို့ စတဲ့ကိစ္စတွေအတွက်ပဲ အပြင်ထွက်ခွင့်ရတာဖြစ်ပြီး အပြင်ထွက်တဲ့အခါမှာလည်း တစ်ယောက်နဲ့ တစ်ယောက်ခပ်ခွာနေကြဖို့ ညွှန်ကြားထားပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာတော့ အစိုးရဆေးရုံတွေမှာ ကိုဗစ် ၁၉ ရောဂါကူးစက်ခံရတဲ့သူတွေကို လက်ခံနိုင်တဲ့ ပမာဏ ပြည့်သွားပြီဖြစ်လို့ ဒေလီမြို့က ပုဂ္ဂလိက ဆေးရုံ ၃၃ ခုက အရေးပေါ်ကုသဆောင်ရဲ့ ကုတင် ၈၀% လောက်ကို ချန်ထားပေးဖို့ နယူးဒေလီမြို့ အစိုးရအာဏာပိုင် တွေကပြောလိုက်ပါတယ်။ အိန္ဒိယနိုင်ငံတဝန်းမှာ ဒီနေ့ နေ့စဉ်ဗိုင်းရပ်စ်ကူးစက်မှုဟာ ၄၄,၀၀၀ ကျော် သေဆုံးသူ ၅၄၇ ယောက်ရှိပါတယ်။ အခုချိန်ထိတော့ အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်ကူးစက်ခံရသူ ၈.၇ သန်းကျော် နဲ့ ကမ္ဘာပေါ်မှာ ဒုတိယအများဆုံးဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာတော့ တာဝန်ရှိသူတွေအနေနဲ့ ဗိုင်းရပ်စ်စစ်ဆေးတာတွေနဲ့ ခြေရာခံလိုက်တာတွေတိုးလုပ်ဖို့ နဲ့ လူတွေအနေနဲ့ နှာခေါင်းစည်းတပ်တာ၊ လက်ဆေးတာစတဲ့ ဗိုင်းရပ်စ်ကာကွယ်ရေးတွေကို မဖြစ်မနေ ဆက်လုပ်ဖို့ ဂျပန်ဝန်ကြီးချုပ် Suga က ပြောလိုက်ပါတယ်။ ဖိလစ်ပိုင်မှာတော့ ဒီနေ့မှာ ကူးစက်သူ ၁,၉၀၂ ယောက် နဲ့ သေဆုံးသူ ၃၁ ယောက်ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG