သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္စတုတၳလိႈင္းအတြက္ စိုးရိမ္ဖြယ္ မရွိေပမဲ႔ မေပါ႔ဆဖို႔ က်န္းမာေရးဌာန သတိေပး


ကေလးၿမိဳ႔က ကိုဗစ္လူနာတဦးကို ေစတနာ့၀န္ထမ္းတဦးက ေအာက္ဆီဂ်င္ပိုက္တပ္ဆင္ေပးေနပုံ၊ ဂ်ဴလုိင္ ၅၊ ၂၀၂၁။

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါ စတုတၳလႈိင္း စတင္မွာကို ျပည္သူေတြၾကား စိုးရိမ္ပူပင္မႈေတြ ရွိေနေပမယ့္ ဓာတ္ခြဲစစ္ေဆးမႈေတြအရ ကပ္ေရာဂါ ေနာက္ထပ္လႈိင္းတခု ျဖစ္ပြားႏိုင္ေျခ မရွိေသးဘူးလို႔ က်န္းမာေရးဌာန တာဝန္ရွိသူက ေျပာပါတယ္။ ရာသီအကူးအေျပာင္း ဖ်ားနာတာေတြရွိႏိုင္တာေၾကာင့္ အေျခခံက်န္းမာေရးနည္းလမ္းေတြ လိုက္နာဖို႔ကိုလည္း တိုက္တြန္းထားတဲ့အေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို မသိဂၤီထိုက္ က ေျပာျပမွာပါ။

အခုရက္ပိုင္းအတြင္း ေဆးခန္းေတြမွာလာျပတဲ့ ဖ်ားနာသူ လူနာေတြ သိသိသာသာမ်ားလာတာေၾကာင့္ ကိုဗစ္ကပ္ေရာဂါကူးစက္မႈ ထပ္ၿပီးျမင့္တက္ႏိုင္သလားဆိုတဲ့ ျပည္သူေတြၾကား စိုးရိမ္မႈေတြလည္း ထြက္ေပၚေနပါတယ္။ ဒီအေျခအေနေတြေၾကာင့္ အခုလတ္တေလာ ဖ်ားနာသူတခ်ိဳ႕မွာ ကိုဗစ္ေရာဂါရွိ၊ မရွိ ဓာတ္ခြဲစစ္ေဆးတာေတြ ရွိေနၿပီး အမ်ားစုက သာမန္တုတ္ေကြးျဖစ္ပြားေနတာကိုသာ ေတြ႕ရတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာန တာဝန္ရွိသူတဦးက VOA ကိုေျပာပါတယ္။

"အခုလို မိုးအကုန္ ေဆာင္းအကူး ဒီလိုမ်ိဳး စပ္ကူးမတ္ကူးကာလ ေခၚတာေပါ့။ ရာသီအေျပာင္းအလဲ ျဖစ္တဲ့အခ်ိန္ေတြေပါ့ေနာ္။ မိုးလည္းမ်ားတယ္ဆိုေတာ့ ဒီလိုမ်ိဳး ပုံမွန္တုပ္ေကြးေတြလည္း ျဖစ္ႏိုင္တယ္ေပါ့ေနာ္။ အဲေတာ့ က်ေနာ္လည္း ဒီကိစၥနဲ႔ပတ္သက္ၿပီး သက္ဆိုင္ရာဌာနကို ေမးထားပါတယ္။ ေမးတဲ့အခါက်ေတာ့ သူကစစ္တဲ့အခါ ကိုဗစ္ေတာ့ မေတြ႕ရဘူးေပါ့ေနာ္။ ကိုဗစ္ေတြ႕ရမႈကေတာ့ အင္မတန္နည္းတယ္။ ဒါေပမယ့္ တျခား ဒီတုတ္ေကြးတို႔၊ အေအးမိတာတို႔ ဒါေတြလည္း ျဖစ္ႏိုင္တယ္ေပါ့ေနာ္။"

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ဇူလိုင္လနဲ႔ ဩဂုတ္လအစပိုင္းမွာ ကပ္ေရာဂါတတိယလႈိင္း ျပင္းျပင္းထန္ထန္ျဖစ္ပြားၿပီးခဲ့ေပမဲ့ အခုခ်ိန္မွာေတာ့ ကိုဗစ္တတိယလႈိင္း အဆုံးသတ္ေတာ့မယ့္ အလားအလာရွိၿပီလို႔လည္း သူက ေျပာပါတယ္။ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ဓါတ္ခြဲအတည္ျပဳ ထုတ္ျပန္ခ်က္အရ ေန႔စဥ္ ၂၄ နာရီအတြင္း ကူးစက္ခံရသူ ၁,၀၀၀ ေက်ာ္ရွိေနၿပီး ကပ္ေရာဂါေၾကာင့္ ေသဆုံးသူဦးေရကေတာ့ ၃၀ ဝန္းက်င္မွာ ရွိေနပါတယ္။ လက္ရွိျဖစ္ပြားေနတဲ့ ကိုဗစ္တတိယလႈိင္း အဆုံးသတ္ႏိုင္ဖို႔နဲ႔ ေနာက္ထပ္စတုတၳလႈိင္းဒဏ္ ကာကြယ္ႏိုင္ဖို႔အတြက္ဆိုရင္ လက္ေဆးတာ၊ ပါးစပ္နဲ႔ ႏွာေခါင္းစည္းတပ္တာ၊ လူမ်ားတဲ့ေနရာေတြကိုေရွာင္ၿပီး အေျခခံက်န္းမာေရး နည္းလမ္းေတြကို ဆက္ၿပီးလိုက္နာဖို႔နဲ႔ ေရာဂါကာကြယ္ေဆးထိုးဖို႔လည္း လိုတယ္လို႔ ဆက္ေျပာပါတယ္။

"စစ္ရင္ေတာ့ က်ေနာ္တို႔ကေတြ႕ရင္ေတာ့ ထုတ္ျပန္ေပးမွာပဲေလ။ အခုကေတာ့ က်ေနာ္တို႔စစ္သမွ်က ဒါ ကိုဗစ္ေတြ႕ရတဲ့ႏႈန္းက အင္မတန္နည္းတယ္။ ဒါကလည္း ဒီ Mask တပ္၊ လက္ေဆး၊ ခပ္ခြာခြာေနေပါ့။ ဒါေတြကို က်ေနာ္တို႔က်င့္သုံးလို႔ ဒီေလာက္ထိနည္းသြားတာေပါ့။ ဒါေပမယ့္ ခုနကေျပာတဲ့ ဒီတုတ္ေကြးဆိုတဲ့ သေဘာကလည္း မ်ားေသာအားျဖင့္က အမ်ိဳးမ်ိဳးရွိတာကို။ အဲေတာ့ အေျခခံက်န္းမာေရးနည္းလမ္းေတြကို လိုက္နာဖို႔လိုတာေပါ့ေနာ္။ အဲေတာ့ ဒီစတုတၳလႈိင္းေတြ ဘာေတြကေတာ့ ဒါလတ္တေလာအေနအထားကေတာ့ ျဖစ္ႏိုင္စရာေတာ့ မရွိေသးဘူးေနာ္။ ဒါေပမယ့္လည္း ေပါ့လို႔ေတာ့မရဘူး။ အဓိကေျပာခ်င္တာကေတာ့ ဒါပါပဲ။"

ျမန္မာနိုင္ငံမွာ ေရာဂါကာကြယ္ေဆး အျပည့္အဝထိုးၿပီးသူက ၄၁ သိန္းေက်ာ္ ရွိၿပီလို႔ က်န္းမာေရးဌာနက ထုတ္ျပန္ထားပါတယ္။ ကပ္ေရာဂါကာကြယ္ေဆး ထိုးႏွံရမယ့္ ဦးစားေပးအုပ္စုထဲ ပါသူေတြတိုင္း အျပည့္အဝထိုးႏွံဖို႔ကို အရွိန္ျမႇင့္ေဆာင္႐ြက္ေနတယ္လို႔လည္း ႏိုင္ငံပိုင္မီဒီယာေတြကေန ေဖာ္ျပေနပါတယ္။ အခုရက္ပိုင္းမွာပဲ အသက္ ၁၂ နဲ႔အထက္ကေန ၁၈ ႏွစ္အထိ ေက်ာင္းသား ေက်ာင္းသူေတြကို ကိုဗစ္ကာကြယ္ေဆးေတြ ထိုးေပးေနပါတယ္။ ဇြန္လက ေက်ာင္းအပ္ထားသူ အဲဒီအ႐ြယ္အုပ္စု အားလံုးကို ကိုဗစ္ကာကြယ္ေဆး ထိုးေပးမွာျဖစ္တယ္လို႔ စစ္ေကာင္စီက ေျပာထားပါတယ္။

လက္႐ွိ ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္ဖုိ႔ဆိုၿပီး မလုိအပ္ရင္ အိမ္ျပင္မထြက္ရ Stay at Home အျဖစ္ ဆက္သတ္မွတ္ထားတဲ့ ၿမိဳ႕နယ္ ၁၁၃ ၿမိဳ႕နယ္ ႐ွိေနပါေသးတယ္။ အဲဒီၿမိဳ႕နယ္ေတြရဲ႕ ေရာဂါျဖစ္ပြားႏႈန္း က်ဆင္းမႈေပၚမူတည္ၿပီး ေျဖေလွ်ာ့မႈေတြဆက္လုပ္သြားမယ္လို႔က်န္းမာေရးဌာန တာဝန္႐ွိသူေတြက ေျပာထားပါတယ္။

........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ စတုတ္ထလှိုင်း စတင်မှာကို ပြည်သူတွေကြား စိုးရိမ်ပူပင်မှုတွေ ရှိနေပေမယ့် ဓာတ်ခွဲစစ်ဆေးမှုတွေအရ ကပ်ရောဂါ နောက်ထပ်လှိုင်းတခု ဖြစ်ပွားနိုင်ခြေ မရှိသေးဘူးလို့ ကျန်းမာရေးဌာန တာဝန်ရှိသူက ပြောပါတယ်။ ရာသီအကူးအပြောင်း ဖျားနာတာတွေရှိနိုင်တာကြောင့် အခြေခံကျန်းမာရေးနည်းလမ်းတွေ လိုက်နာဖို့ကိုလည်း တိုက်တွန်းထားတဲ့အကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မသိင်္ဂီထိုက် က ပြောပြမှာပါ။

အခုရက်ပိုင်းအတွင်း ဆေးခန်းတွေမှာလာပြတဲ့ ဖျားနာသူ လူနာတွေ သိသိသာသာများလာတာကြောင့် ကိုဗစ်ကပ်ရောဂါကူးစက်မှု ထပ်ပြီးမြင့်တက်နိုင်သလားဆိုတဲ့ ပြည်သူတွေကြား စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီအခြေအနေတွေကြောင့် အခုလတ်တလော ဖျားနာသူတချို့မှာ ကိုဗစ်ရောဂါရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးတာတွေ ရှိနေပြီး အများစုက သာမန်တုတ်ကွေးဖြစ်ပွားနေတာကိုသာ တွေ့ရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက VOA ကိုပြောပါတယ်။

"အခုလို မိုးအကုန် ဆောင်းအကူး ဒီလိုမျိုး စပ်ကူးမတ်ကူးကာလ ခေါ်တာပေါ့။ ရာသီအပြောင်းအလဲ ဖြစ်တဲ့အချိန်တွေပေါ့နော်။ မိုးလည်းများတယ်ဆိုတော့ ဒီလိုမျိုး ပုံမှန်တုပ်ကွေးတွေလည်း ဖြစ်နိုင်တယ်ပေါ့နော်။ အဲတော့ ကျနော်လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဌာနကို မေးထားပါတယ်။ မေးတဲ့အခါကျတော့ သူကစစ်တဲ့အခါ ကိုဗစ်တော့ မတွေ့ရဘူးပေါ့နော်။ ကိုဗစ်တွေ့ရမှုကတော့ အင်မတန်နည်းတယ်။ ဒါပေမယ့် တခြား ဒီတုတ်ကွေးတို့၊ အအေးမိတာတို့ ဒါတွေလည်း ဖြစ်နိုင်တယ်ပေါ့နော်။"

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ ဩဂုတ်လအစပိုင်းမှာ ကပ်ရောဂါတတိယလှိုင်း ပြင်းပြင်းထန်ထန်ဖြစ်ပွားပြီးခဲ့ပေမဲ့ အခုချိန်မှာတော့ ကိုဗစ်တတိယလှိုင်း အဆုံးသတ်တော့မယ့် အလားအလာရှိပြီလို့လည်း သူက ပြောပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဓါတ်ခွဲအတည်ပြု ထုတ်ပြန်ချက်အရ နေ့စဉ် ၂၄ နာရီအတွင်း ကူးစက်ခံရသူ ၁,၀၀၀ ကျော်ရှိနေပြီး ကပ်ရောဂါကြောင့် သေဆုံးသူဦးရေကတော့ ၃၀ ဝန်းကျင်မှာ ရှိနေပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်တတိယလှိုင်း အဆုံးသတ်နိုင်ဖို့နဲ့ နောက်ထပ်စတုတ္ထလှိုင်းဒဏ် ကာကွယ်နိုင်ဖို့အတွက်ဆိုရင် လက်ဆေးတာ၊ ပါးစပ်နဲ့ နှာခေါင်းစည်းတပ်တာ၊ လူများတဲ့နေရာတွေကိုရှောင်ပြီး အခြေခံကျန်းမာရေး နည်းလမ်းတွေကို ဆက်ပြီးလိုက်နာဖို့နဲ့ ရောဂါကာကွယ်ဆေးထိုးဖို့လည်း လိုတယ်လို့ ဆက်ပြောပါတယ်။

"စစ်ရင်တော့ ကျနော်တို့ကတွေ့ရင်တော့ ထုတ်ပြန်ပေးမှာပဲလေ။ အခုကတော့ ကျနော်တို့စစ်သမျှက ဒါ ကိုဗစ်တွေ့ရတဲ့နှုန်းက အင်မတန်နည်းတယ်။ ဒါကလည်း ဒီ Mask တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေပေါ့။ ဒါတွေကို ကျနော်တို့ကျင့်သုံးလို့ ဒီလောက်ထိနည်းသွားတာပေါ့။ ဒါပေမယ့် ခုနကပြောတဲ့ ဒီတုတ်ကွေးဆိုတဲ့ သဘောကလည်း များသောအားဖြင့်က အမျိုးမျိုးရှိတာကို။ အဲတော့ အခြေခံကျန်းမာရေးနည်းလမ်းတွေကို လိုက်နာဖို့လိုတာပေါ့နော်။ အဲတော့ ဒီစတုတ္ထလှိုင်းတွေ ဘာတွေကတော့ ဒါလတ်တလောအနေအထားကတော့ ဖြစ်နိုင်စရာတော့ မရှိသေးဘူးနော်။ ဒါပေမယ့်လည်း ပေါ့လို့တော့မရဘူး။ အဓိကပြောချင်တာကတော့ ဒါပါပဲ။"

မြန်မာနိုင်ငံမှာ ရောဂါကာကွယ်ဆေး အပြည့်အဝထိုးပြီးသူက ၄၁ သိန်းကျော် ရှိပြီလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ ကပ်ရောဂါကာကွယ်ဆေး ထိုးနှံရမယ့် ဦးစားပေးအုပ်စုထဲ ပါသူတွေတိုင်း အပြည့်အဝထိုးနှံဖို့ကို အရှိန်မြှင့်ဆောင်ရွက်နေတယ်လို့လည်း နိုင်ငံပိုင်မီဒီယာတွေကနေ ဖော်ပြနေပါတယ်။ အခုရက်ပိုင်းမှာပဲ အသက် ၁၂ နဲ့အထက်ကနေ ၁၈ နှစ်အထိ ကျောင်းသား ကျောင်းသူတွေကို ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးနေပါတယ်။ ဇွန်လက ကျောင်းအပ်ထားသူ အဲဒီအရွယ်အုပ်စု အားလုံးကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးမှာဖြစ်တယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ဖို့ဆိုပြီး မလိုအပ်ရင် အိမ်ပြင်မထွက်ရ Stay at Home အဖြစ် ဆက်သတ်မှတ်ထားတဲ့ မြို့နယ် ၁၁၃ မြို့နယ် ရှိနေပါသေးတယ်။ အဲဒီမြို့နယ်တွေရဲ့ ရောဂါဖြစ်ပွားနှုန်း ကျဆင်းမှုပေါ်မူတည်ပြီး ဖြေလျှော့မှုတွေဆက်လုပ်သွားမယ်လို့ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG