(Zawgyi / Unicode)
ျမန္မာႏုိင္ငံအတြင္း COVID-19 ကူးစက္ ေသဆုံးမႈ အေျခအေနနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီ က်န္းမာေရးဝန္ႀကီးဌာနက ဒီကေန႔ည ၈ နာရီ ထုတ္ျပန္တာမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ဓာတ္ခြဲစမ္းသပ္မႈေပါင္း ၁၅,၂၆၉ ဦးကို စစ္ေဆးခဲ့ၿပီး ၁,၃၁၈ ဦးမွာ ေရာဂါပိုး ကူးစက္ေနတာ ေတြ႔ရွိေၾကာင္း ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္းမွာပဲ ေသဆုံးသူ ၃၀ ဦးရွိေၾကာင္း ေဖာ္ျပထားတာေၾကာင့္ အခုခ်ိန္ထိ ေသဆုံးသူ စုစုေပါင္း ၁၈,၁၃၄ ဦး ရွိသြားၿပီ ျဖစ္ပါတယ္။
ဒါေပမယ့္ ကိုဗစ္တတိယလိႈင္းအတြင္း အမွန္တကယ္ ေရာဂါပိုး ကူးစက္သူနဲ႔ ေသဆုံးသူ အေရအတြက္ဟာ က်န္းမာေရးဌာနက ထုတ္ျပန္ေနတာထက္ အမ်ားႀကီး ပိုမ်ားႏိုင္ေၾကာင္း က်န္းမာေရးပညာရွင္ေတြနဲ႔ ပရဟိတ အဖြဲ႔အစည္းေတြက ေျပာပါတယ္။
COVID-19 တတိယလႈိင္းဒဏ္ကို ရင္ဆိုင္ေနရဆဲျဖစ္တဲ့ ျမန္မာႏိုင္ငံမွာ ေရာဂါပိုး ကူးစက္သူနဲ႔ ေသဆုံးသူ အေရအတြက္ဟာ စစ္ေကာင္စီ က်န္းမာေရးဌာနက ထုတ္ျပန္ခ်က္ေတြအရ အခုရက္ပိုင္းအတြင္း သိသိသာသာ ေလ်ာ့က်လာေနပါတယ္။
ဒီအေတာအတြင္းမွာပဲ ျမန္မာႏိုင္ငံအတြက္ အိႏၵိယကလွဴဒါန္းတဲ့ Covishield ကိုဗစ္ကာကြယ္ေဆး ၁ သန္း ရန္ကုန္ေလဆိပ္ကို မေန႔ညက ေရာက္လာေၾကာင္း စစ္ေကာင္စီ က်န္းမာေရးဌာနက သတင္းထုတ္ျပန္ပါတယ္။
ျမန္မာႏိုင္ငံကို လာေရာက္တဲ့ ခရီးသြားေတြအေပၚ ျပည္ဝင္ခြင့္ဆိုင္ရာ ယာယီကန႔္သတ္ခ်က္ အားလုံးကို စက္တင္ဘာလ ၃၀ ရက္ေန႔အထိ ထုတ္ျပန္ထားတာကေန ေအာက္တိုဘာလ ၃၁ ရက္ေန႔အထိ တိုးျမႇင့္သတ္မွတ္လိုက္ေၾကာင္းလည္း စစ္ေကာင္စီ ႏိုင္ငံျခားေရးဌာနက ေအာက္တိုဘာလ ၁ ရက္ေန႔က ထုတ္ျပန္ထားပါတယ္။
---------------------
(Unicode)
မြန်မာ COVID-19 ကူးစက်သူ ၁,၃၁၈ ယောက်၊ သေဆုံးသူ အယောက် ၃၀ ထပ်တိုး
မြန်မာနိုင်ငံအတွင်း COVID-19 ကူးစက် သေဆုံးမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ည ၈ နာရီ ထုတ်ပြန်တာမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၁၅,၂၆၉ ဦးကို စစ်ဆေးခဲ့ပြီး ၁,၃၁၈ ဦးမှာ ရောဂါပိုး ကူးစက်နေတာ တွေ့ရှိကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာပဲ သေဆုံးသူ ၃၀ ဦးရှိကြောင်း ဖော်ပြထားတာကြောင့် အခုချိန်ထိ သေဆုံးသူ စုစုပေါင်း ၁၈,၁၃၄ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
ဒါပေမယ့် ကိုဗစ်တတိယလှိုင်းအတွင်း အမှန်တကယ် ရောဂါပိုး ကူးစက်သူနဲ့ သေဆုံးသူ အရေအတွက်ဟာ ကျန်းမာရေးဌာနက ထုတ်ပြန်နေတာထက် အများကြီး ပိုများနိုင်ကြောင်း ကျန်းမာရေးပညာရှင်တွေနဲ့ ပရဟိတ အဖွဲ့အစည်းတွေက ပြောပါတယ်။
COVID-19 တတိယလှိုင်းဒဏ်ကို ရင်ဆိုင်နေရဆဲဖြစ်တဲ့ မြန်မာနိုင်ငံမှာ ရောဂါပိုး ကူးစက်သူနဲ့ သေဆုံးသူ အရေအတွက်ဟာ စစ်ကောင်စီ ကျန်းမာရေးဌာနက ထုတ်ပြန်ချက်တွေအရ အခုရက်ပိုင်းအတွင်း သိသိသာသာ လျော့ကျလာနေပါတယ်။
ဒီအတောအတွင်းမှာပဲ မြန်မာနိုင်ငံအတွက် အိန္ဒိယကလှူဒါန်းတဲ့ Covishield ကိုဗစ်ကာကွယ်ဆေး ၁ သန်း ရန်ကုန်လေဆိပ်ကို မနေ့ညက ရောက်လာကြောင်း စစ်ကောင်စီ ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးသွားတွေအပေါ် ပြည်ဝင်ခွင့်ဆိုင်ရာ ယာယီကန့်သတ်ချက် အားလုံးကို စက်တင်ဘာလ ၃၀ ရက်နေ့အထိ ထုတ်ပြန်ထားတာကနေ အောက်တိုဘာလ ၃၁ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်းလည်း စစ်ကောင်စီ နိုင်ငံခြားရေးဌာနက အောက်တိုဘာလ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။