သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ COVID-19 ကူးစက္သူ ၁,၄၄၈ ေယာက္၊ ေသဆံုးသူ ၃၆ ေယာက္ ထပ္တိုး


ရန္ကုန္ ဧရာဝတီ ကုိဗစ္စင္တာမွာ ကုိဗစ္လူနာေတြကို ကုသေပးေနတဲ့ျမင္ကြင္း။ (ဇန္နဝါရီ ၁၄၊ ၂၀၂၁)

(Zawgyi / Unicode)

COVID-19 တတိယလႈိင္းဒဏ္ကို ရင္ဆိုင္ေနရဆဲျဖစ္တဲ့ ျမန္မာႏုိင္ငံမွာ စစ္ေကာင္စီ က်န္းမာေရးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္အရ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ဓာတ္ခြဲစမ္းသပ္မႈေပါင္း ၁၉,၆၃၁ စစ္ေဆးခဲ့တာမွာ ေရာဂါပိုးကူးစက္သူ ၁,၄၄၈ ေယာက္ ထပ္မံ အတည္ျပဳထားပါတယ္။

လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ေသဆံုးသူကေတာ့ ၃၆ ဦး ရွိတဲ့အေၾကာင္း ေဖာ္ျပထားၿပီး ဒီကေန႔စာရင္းနဲ႔ပါဆိုရင္ ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါေၾကာင့္ ေသဆံုးသူ စုစုေပါင္း ၁၈,၁၀၄ ေယာက္ရွိပါၿပီ။

ဒီကေန႔အထိ ဓာတ္ခဲြစမ္းသပ္မႈေပါင္း ၄၄ သန္းေက်ာ္ စစ္ေဆးၿပီးစီးခဲ့တာမွာ ေရာဂါကူးစက္သူ စုစုေပါင္းကေတာ့ ၄၇၇,၀၀၀ ေက်ာ္ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။ က်န္းမာေရး ကၽြမ္းက်င္ပညာရွင္ေတြကေတာ့ ျမန္မာႏိုင္ငံမွာ ေရာဂါရွာေဖြ စမ္းသပ္စစ္ေဆးမႈေတြ အလံုအေလာက္မရွိတာ၊ ကာကြယ္ေဆးထိုးၿပီးသူ အေရအတြက္ နည္းတာနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈ အားနည္းတာေတြကို ေထာက္ျပၿပီး အမွန္တကယ္ ကူးစက္မႈနဲ႔ ေသဆံုးမႈ အေရအတြက္ဟာ က်န္းမာေရးဌာနက ထုတ္ျပန္တဲ့စာရင္းထက္ အမ်ားႀကီး ပိုမ်ားႏိုင္တယ္လို႔ ေျပာဆိုၾကပါတယ္။

ၿပီးခဲ့တဲ့ ဇြန္လကုန္ပိုင္းမွာ စခဲ့တဲ့ COVID-19 တတိယလႈိင္းေၾကာင့္ ဇူလိုင္လအတြင္း ကူးစက္ေသဆုံးမႈ အမ်ားဆုံးျဖစ္ခဲ့ၿပီး အခုေနာက္ပိုင္း ကူးစက္သူနဲ႔ ေသဆံုးသူ အေရအတြက္ ေလ်ာ့က်လာတယ္ဆိုေပမယ့္ ေန႔စဥ္ ကူးစက္ေသဆံုးမႈေတြ ဆက္ရွိေနဆဲျဖစ္တာမို႔ ျပည္သူေတြၾကား ေရာဂါအႏၲရာယ္ မေပါ့ဆေရး က်န္းမာေရးပညာရွင္ေတြက သတိေပးေနပါတယ္။

စစ္ေကာင္စီကေတာ့ ကာကြယ္ေဆးထိုး အစီအစဥ္ေတြ တိုးျမႇင့္လုပ္ေဆာင္ေနေၾကာင္း ေျပာဆိုထားၿပီး ဒီႏွစ္အတြင္း ႏိုင္ငံလူဦးေရ ထက္ဝက္ေလာက္အထိ ကာကြယ္ေဆး ထိုးေပးႏိုင္ဖို႔ ရည္မွန္းလုပ္ေဆာင္ေနေၾကာင္း ေျပာဆိုထားပါတယ္။

က်န္းမာေရးဌာန စာရင္းအရ ျမန္မာႏိုင္ငံမွာ လက္ရွိအခ်ိန္ထိ ကာကြယ္ေဆးထိုးၿပီးသူ ၈ သန္းေက်ာ္ရွိတာမွာ ၃ သန္းေက်ာ္က ကာကြယ္ေဆး အျပည့္ထိုးၿပီးသူေတြျဖစ္ၿပီး ၄ သန္းခဲြေက်ာ္ကေတာ့ ပထမတႀကိမ္ ထိုးၿပီးသူေတြ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

မြန်မာ COVID-19 ကူးစက်သူ ၁,၄၄၈ ယောက်၊ သေဆုံးသူ ၃၆ ယောက် ထပ်တိုး

COVID-19 တတိယလှိုင်းဒဏ်ကို ရင်ဆိုင်နေရဆဲဖြစ်တဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီ ကျန်းမာရေးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၁၉,၆၃၁ စစ်ဆေးခဲ့တာမှာ ရောဂါပိုးကူးစက်သူ ၁,၄၄၈ ယောက် ထပ်မံ အတည်ပြုထားပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူကတော့ ၃၆ ဦး ရှိတဲ့အကြောင်း ဖော်ပြထားပြီး ဒီကနေ့စာရင်းနဲ့ပါဆိုရင် မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁၈,၁၀၄ ယောက်ရှိပါပြီ။

ဒီကနေ့အထိ ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၄၄ သန်းကျော် စစ်ဆေးပြီးစီးခဲ့တာမှာ ရောဂါကူးစက်သူ စုစုပေါင်းကတော့ ၄၇၇,၀၀၀ ကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။ ကျန်းမာရေး ကျွမ်းကျင်ပညာရှင်တွေကတော့ မြန်မာနိုင်ငံမှာ ရောဂါရှာဖွေ စမ်းသပ်စစ်ဆေးမှုတွေ အလုံအလောက်မရှိတာ၊ ကာကွယ်ဆေးထိုးပြီးသူ အရေအတွက် နည်းတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတာတွေကို ထောက်ပြပြီး အမှန်တကယ် ကူးစက်မှုနဲ့ သေဆုံးမှု အရေအတွက်ဟာ ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့စာရင်းထက် အများကြီး ပိုများနိုင်တယ်လို့ ပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှာ စခဲ့တဲ့ COVID-19 တတိယလှိုင်းကြောင့် ဇူလိုင်လအတွင်း ကူးစက်သေဆုံးမှု အများဆုံးဖြစ်ခဲ့ပြီး အခုနောက်ပိုင်း ကူးစက်သူနဲ့ သေဆုံးသူ အရေအတွက် လျော့ကျလာတယ်ဆိုပေမယ့် နေ့စဉ် ကူးစက်သေဆုံးမှုတွေ ဆက်ရှိနေဆဲဖြစ်တာမို့ ပြည်သူတွေကြား ရောဂါအန္တရာယ် မပေါ့ဆရေး ကျန်းမာရေးပညာရှင်တွေက သတိပေးနေပါတယ်။

စစ်ကောင်စီကတော့ ကာကွယ်ဆေးထိုး အစီအစဉ်တွေ တိုးမြှင့်လုပ်ဆောင်နေကြောင်း ပြောဆိုထားပြီး ဒီနှစ်အတွင်း နိုင်ငံလူဦးရေ ထက်ဝက်လောက်အထိ ကာကွယ်ဆေး ထိုးပေးနိုင်ဖို့ ရည်မှန်းလုပ်ဆောင်နေကြောင်း ပြောဆိုထားပါတယ်။

ကျန်းမာရေးဌာန စာရင်းအရ မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ ကာကွယ်ဆေးထိုးပြီးသူ ၈ သန်းကျော်ရှိတာမှာ ၃ သန်းကျော်က ကာကွယ်ဆေး အပြည့်ထိုးပြီးသူတွေဖြစ်ပြီး ၄ သန်းခွဲကျော်ကတော့ ပထမတကြိမ် ထိုးပြီးသူတွေ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG