သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့ COVID အေျခအေန  


Virus Outbreak Myanmar

ျမန္မာႏိုင္ငံမွာ ကိုဗစ္ပိုးေတြ႕သူ ေရာဂါအတည္ျပဳလူနာ အေရအတြက္ နည္းသြားၿပီး လူနာေတြမွာ ေရာဂါလကၡဏာ ျပင္းထန္တာမ်ိဳးလည္း မရွိသေလာက္ ျဖစ္ေနၿပီလို႔ ကူညီေဆာင္႐ြက္ေန သူေတြက ေျပာပါတယ္။ ရန္ကုန္ က  သတင္းေပးပို႔ထားတာကို ကိုခင္ေမာင္စိုးမင္း က   ေျပာျပမွာပါ။

ျမန္မာ့ COVID အေျခအေန

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ ကိုဗစ္ပိုးေတြ႕သူ ေရာဂါအတည္ျပဳလူနာ အေရအတြက္ နည္းသြားၿပီး လူနာေတြမွာ ေရာဂါလကၡဏာ ျပင္းထန္တာမ်ိဳးလည္း မရွိသေလာက္ ျဖစ္ေနၿပီလို႔ ကူညီေဆာင္႐ြက္ေန သူေတြက ေျပာပါတယ္။ ဒါေပမဲ့လည္း ပရဟိတ ကူညီ ေပးေနသူေတြကေတာ့ ေရာဂါလိုက္နာေရး နည္းလမ္းေတြကို ဆက္ၿပီးက်င့္သုံးေနသလို စစ္ေဆးတာေတြလည္း ဆက္လုပ္ေနတယ္လို႔ ဆိုပါတယ္။ ရန္ကုန္ က သတင္းေပးပို႔ထားတာကို ကိုခင္ေမာင္စိုးမင္း က ေျပာျပမွာပါ။

က်န္းမာေရးဌာနက ထုတ္ျပန္တဲ့ ကိုဗစ္အတည္ျပဳလူနာ ဦးေရဟာ ျပည္တြင္းမွာ ေန႔စဥ္ေတြ႕ရွိသူ ၁၆၀ ဝန္းက်င္ေလာက္မွာပဲ ရွိေနပါတယ္။ ဓာတ္ခြဲအတည္ျပဳ လူနာေတြ႕ရွိႏႈန္း က်ဆင္းသြားသလို ေရာဂါပိုးရွိသူေတြမွာလည္း လကၡဏာျပင္းထန္တာမ်ိဳး မရွိဘူးလို႔ ကိုဗစ္တိုက္ဖ်က္ေရး ေဆာင္႐ြက္ေနသူေတြက ေျပာပါတယ္။

ဒါေပမဲ့လည္း နယ္ျခားက ျပန္လာသူေတြ ေရာဂါပိုးရွိမရွိ စစ္ေဆးတာေတြကိုေတာ့ ဆက္လက္ ေဆာင္႐ြက္ေနဆဲပဲလို႔ ပရဟိတ ကူညီ ေပးေနသူေတြက ေျပာပါတယ္။ ထိုင္းႏိုင္ငံကေန ျပန္လာၾကတဲ့ ေ႐ႊ႕ေျပာင္းလုပ္သားေတြမွာ ကိုဗစ္ေရာဂါပိုးရွိ မရွိ စစ္ေဆးေပးေနတဲ့ ထိုင္း - ျမန္မာ နယ္စပ္ တာခ်ီလိတ္ၿမိဳ႕က ဝမ္လုံး ကိုဗစ္စင္တာက ေမတၱာရွင္ လူမႈကူညီေရးအသင္း တာဝန္ရွိသူတဦးက အခုလို ေျပာပါတယ္။

"အခုလက္တေလာ Positive မိတဲ့ သူေတြကေတာ့ အရင္ေလာက္ေတာ့ ျပင္းျပင္းထန္ထန္ မရွိဘူးခင္ဗ်။ ေရာဂါလကၡဏာ သာမန္ေလာက္ပဲ။ ထိုင္းအဝင္ေတြမွာလည္း စစ္လိုက္တဲ့ အခါက်ေတာ့ ၂၁ ရက္ေန႔က ၈၁ ေယာက္ဝင္တယ္၊ ၁ ေယာက္ပဲ ပိုးေတြ႕တယ္။ ေနာက္ ဒုတိယအႀကိမ္ ျပန္ၿပီးစစ္လိုက္မွ ေယာက်္ားေလး ၅ ေယာက္နဲ႔ မိန္းကေလး ၂ ေယာက္ ထပ္ေတြ႕တာပဲရွိတယ္။"

ေရာဂါပိုးေတြ႕ရွိ သူေတြကို Quarantine သီးျခားေနေစၿပီးမွ ေနရပ္အသီးသီးဆီ ျပန္ပို႔ေပးေနတယ္လို႔လည္း ေျပာပါတယ္။

ျမန္မာျပည္အထက္ပိုင္းမွာ ရာသီဥတုေအးလာတဲ့ဒဏ္ေၾကာင့္ ရာသီတုပ္ေကြးလို ေရာဂါမ်ိဳး အျဖစ္မ်ားလာေပမယ့္ လူနာေတြမွာ ကိုဗစ္လကၡဏာ မေတြ႕ရဘူးလို႔ ကူညီေပးေနသူေတြက ေျပာပါတယ္။ ေရာဂါပိုးေတြ႕ရွိသူ နည္းသြားေပမယ့္ ကပ္ေရာဂါစည္းမ်ဥ္းေတြကိုေတာ့ ဆက္ၿပီးလိုက္နာေနတယ္လို႔ ရွမ္းျပည္နယ္ေျမာက္ပိုင္း ေနာင္ခ်ိဳၿမိဳ႕က သဖန္းကိုင္း ပရဟိတ လူမႈကူညီေရးအသင္း တာဝန္ရွိသူတဦးက ေျပာပါတယ္။

"ရာသီတုပ္ေကြးေတာ့ ေတြ႕ပါတယ္ဗ်။ ေရာဂါေတြကေတာ့ စုံတယ္။ ပရဟိတလမ္းေၾကာင္းလည္း မ်ားေတာ့ ေသြးလြန္တုပ္ေကြး ျဖစ္ၾကတာလည္း ေတြ႕တယ္။ အသက္ႀကီးတဲ့လူနာ ေရာဂါလည္း ေတြ႕ရတယ္ဗ်။ ကိုဗစ္လကၡဏာေတာ့ မေတြ႕ရဘူး။ ပရဟိတေဆာင္႐ြက္ သူေတြကေတာ့ လူနာတေယာက္ ကိုင္မယ္ဆိုရင္ လက္အိတ္စြပ္မယ္၊ Mask တပ္မယ္။ လူနာကို ကယ္လို႔ၿပီးတာနဲ႔ လက္ကိုေျပာင္ေအာင္ ေဆးမယ္၊ အဝတ္အစား အသစ္ေတြ ျပန္လဲမယ္ေပါ့ဗ်ာ။ အဲဒါေတြေတာ့ အဓိကလုပ္ျဖစ္တယ္။ ယာဥ္ေမာင္းေတြကိုေတာ့ အဓိက ၫႊန္ၾကားရတယ္ဗ်။"

ျမန္မာႏိုင္ငံမွာ ကပ္ေရာဂါလႈိင္းဒဏ္ေတြကို ခက္ခက္ခဲခဲ ရင္ဆိုင္ခဲ့ၾကရၿပီး အစုလိုက္ကူးစက္မႈေတြနဲ႔ ေသဆုံးသူဦးေရကလည္း ေသာင္းနဲ႔ခ်ီရွိခဲ့တာပါ။ အခုလို ရာသီအကူးအေျပာင္းမွာ အျဖစ္မ်ားတဲ့ ေရာဂါေတြနဲ႔ ကိုဗစ္ ကူးစက္တာလားဆိုတာကို ခြဲခြဲျခားျခား မစစ္ေဆးႏိုင္တဲ့ေနရာေတြလည္း အမ်ားႀကီး ရွိေနပါတယ္။

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕မွာရွိတဲ့ စစ္ေဘးဒုကၡသည္ေတြကေတာ့ စားေသာက္ေရး နဲ႔ တိုက္ပြဲေတြၾကား ေဘးလြတ္ရာ ေရွာင္တိမ္းရင္း ဘာေၾကာင့္ ဖ်ားနာတယ္ဆိုတာ သတိမျပဳႏိုင္ေသးဘူးလို႔ စစ္ေရွာင္စခန္း တာဝန္ခံတဦးက ေျပာပါတယ္။

"က်န္းမာေရးလည္း က်န္းမာေရးတပိုင္းေပါ့။ ေရာဂါလည္း ေရာဂါေပါ့။ ဒါေပမဲ့ အာ႐ုံစူးစိုက္မႈကေတာ့ အားနည္းသြားတာေပါ့။ အသက္ရွင္သန္ဖို႔ေတာ့ စားနပ္ရိကၡာက အဓိက လိုအပ္တာေလ။ ဒါေပမဲ့ ျဖစ္လာၿပီဆိုရင္လည္း ကိုဗစ္တဖက္၊ စားနပ္ရိကၡာ အၾကပ္အတည္းတဖက္၊ စစ္ေဘးေၾကာင့္တဖက္ ဆိုေတာ့ စစ္ေရွာင္ေတြမွာ အခက္အခဲကေတာ့ မ်ိဳးစုံေပါ့။"

ကပ္ေရာဂါ အတည္ျပဳလူနာ ေတြ႕ရွိႏႈန္း က်ဆင္းသြားတာဟာ ေရာဂါကာကြယ္ေဆး ထိုးႏွံထားတာေၾကာင့္လည္း ပါဝင္တယ္လို႔ ေရာဂါတိုက္ဖ်က္ေရးမွာ ပါဝင္ေဆာင္႐ြက္ေန သူေတြက ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ ကိုဗစ္ ၁၉ ေရာဂါကာကြယ္ေဆး ထိုးႏွံၿပီးသူဦးေရဟာ ၃၇ သန္းေက်ာ္ ရွိထားတယ္လို႔ က်န္းမာေရးဌာနကေတာ့ ထုတ္ျပန္ထားပါတယ္။

ျမန္မာ့ COVID အေျခအေန  
please wait

No media source currently available

0:00 0:03:18 0:00
တိုက္႐ိုက္ လင့္ခ္

.............................................

မြန်မာ့ COVID အခြေအနေ
{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့သူ ရောဂါအတည်ပြုလူနာ အရေအတွက် နည်းသွားပြီး လူနာတွေမှာ ရောဂါလက္ခဏာ ပြင်းထန်တာမျိုးလည်း မရှိသလောက် ဖြစ်နေပြီလို့ ကူညီဆောင်ရွက်နေ သူတွေက ပြောပါတယ်။ ဒါပေမဲ့လည်း ပရဟိတ ကူညီ ပေးနေသူတွေကတော့ ရောဂါလိုက်နာရေး နည်းလမ်းတွေကို ဆက်ပြီးကျင့်သုံးနေသလို စစ်ဆေးတာတွေလည်း ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။ ရန်ကုန် က သတင်းပေးပို့ထားတာကို ကိုခင်မောင်စိုးမင်း က ပြောပြမှာပါ။

ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ ကိုဗစ်အတည်ပြုလူနာ ဦးရေဟာ ပြည်တွင်းမှာ နေ့စဉ်တွေ့ရှိသူ ၁၆၀ ဝန်းကျင်လောက်မှာပဲ ရှိနေပါတယ်။ ဓာတ်ခွဲအတည်ပြု လူနာတွေ့ရှိနှုန်း ကျဆင်းသွားသလို ရောဂါပိုးရှိသူတွေမှာလည်း လက္ခဏာပြင်းထန်တာမျိုး မရှိဘူးလို့ ကိုဗစ်တိုက်ဖျက်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

ဒါပေမဲ့လည်း နယ်ခြားက ပြန်လာသူတွေ ရောဂါပိုးရှိမရှိ စစ်ဆေးတာတွေကိုတော့ ဆက်လက် ဆောင်ရွက်နေဆဲပဲလို့ ပရဟိတ ကူညီ ပေးနေသူတွေက ပြောပါတယ်။ ထိုင်းနိုင်ငံကနေ ပြန်လာကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေမှာ ကိုဗစ်ရောဂါပိုးရှိ မရှိ စစ်ဆေးပေးနေတဲ့ ထိုင်း - မြန်မာ နယ်စပ် တာချီလိတ်မြို့က ဝမ်လုံး ကိုဗစ်စင်တာက မေတ္တာရှင် လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

"အခုလက်တလော Positive မိတဲ့ သူတွေကတော့ အရင်လောက်တော့ ပြင်းပြင်းထန်ထန် မရှိဘူးခင်ဗျ။ ရောဂါလက္ခဏာ သာမန်လောက်ပဲ။ ထိုင်းအဝင်တွေမှာလည်း စစ်လိုက်တဲ့ အခါကျတော့ ၂၁ ရက်နေ့က ၈၁ ယောက်ဝင်တယ်၊ ၁ ယောက်ပဲ ပိုးတွေ့တယ်။ နောက် ဒုတိယအကြိမ် ပြန်ပြီးစစ်လိုက်မှ ယောကျ်ားလေး ၅ ယောက်နဲ့ မိန်းကလေး ၂ ယောက် ထပ်တွေ့တာပဲရှိတယ်။"

ရောဂါပိုးတွေ့ရှိ သူတွေကို Quarantine သီးခြားနေစေပြီးမှ နေရပ်အသီးသီးဆီ ပြန်ပို့ပေးနေတယ်လို့လည်း ပြောပါတယ်။

မြန်မာပြည်အထက်ပိုင်းမှာ ရာသီဥတုအေးလာတဲ့ဒဏ်ကြောင့် ရာသီတုပ်ကွေးလို ရောဂါမျိုး အဖြစ်များလာပေမယ့် လူနာတွေမှာ ကိုဗစ်လက္ခဏာ မတွေ့ရဘူးလို့ ကူညီပေးနေသူတွေက ပြောပါတယ်။ ရောဂါပိုးတွေ့ရှိသူ နည်းသွားပေမယ့် ကပ်ရောဂါစည်းမျဉ်းတွေကိုတော့ ဆက်ပြီးလိုက်နာနေတယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့က သဖန်းကိုင်း ပရဟိတ လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

"ရာသီတုပ်ကွေးတော့ တွေ့ပါတယ်ဗျ။ ရောဂါတွေကတော့ စုံတယ်။ ပရဟိတလမ်းကြောင်းလည်း များတော့ သွေးလွန်တုပ်ကွေး ဖြစ်ကြတာလည်း တွေ့တယ်။ အသက်ကြီးတဲ့လူနာ ရောဂါလည်း တွေ့ရတယ်ဗျ။ ကိုဗစ်လက္ခဏာတော့ မတွေ့ရဘူး။ ပရဟိတဆောင်ရွက် သူတွေကတော့ လူနာတယောက် ကိုင်မယ်ဆိုရင် လက်အိတ်စွပ်မယ်၊ Mask တပ်မယ်။ လူနာကို ကယ်လို့ပြီးတာနဲ့ လက်ကိုပြောင်အောင် ဆေးမယ်၊ အဝတ်အစား အသစ်တွေ ပြန်လဲမယ်ပေါ့ဗျာ။ အဲဒါတွေတော့ အဓိကလုပ်ဖြစ်တယ်။ ယာဉ်မောင်းတွေကိုတော့ အဓိက ညွှန်ကြားရတယ်ဗျ။"

မြန်မာနိုင်ငံမှာ ကပ်ရောဂါလှိုင်းဒဏ်တွေကို ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ကြရပြီး အစုလိုက်ကူးစက်မှုတွေနဲ့ သေဆုံးသူဦးရေကလည်း သောင်းနဲ့ချီရှိခဲ့တာပါ။ အခုလို ရာသီအကူးအပြောင်းမှာ အဖြစ်များတဲ့ ရောဂါတွေနဲ့ ကိုဗစ် ကူးစက်တာလားဆိုတာကို ခွဲခွဲခြားခြား မစစ်ဆေးနိုင်တဲ့နေရာတွေလည်း အများကြီး ရှိနေပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကတော့ စားသောက်ရေး နဲ့ တိုက်ပွဲတွေကြား ဘေးလွတ်ရာ ရှောင်တိမ်းရင်း ဘာကြောင့် ဖျားနာတယ်ဆိုတာ သတိမပြုနိုင်သေးဘူးလို့ စစ်ရှောင်စခန်း တာဝန်ခံတဦးက ပြောပါတယ်။

"ကျန်းမာရေးလည်း ကျန်းမာရေးတပိုင်းပေါ့။ ရောဂါလည်း ရောဂါပေါ့။ ဒါပေမဲ့ အာရုံစူးစိုက်မှုကတော့ အားနည်းသွားတာပေါ့။ အသက်ရှင်သန်ဖို့တော့ စားနပ်ရိက္ခာက အဓိက လိုအပ်တာလေ။ ဒါပေမဲ့ ဖြစ်လာပြီဆိုရင်လည်း ကိုဗစ်တဖက်၊ စားနပ်ရိက္ခာ အကြပ်အတည်းတဖက်၊ စစ်ဘေးကြောင့်တဖက် ဆိုတော့ စစ်ရှောင်တွေမှာ အခက်အခဲကတော့ မျိုးစုံပေါ့။"

ကပ်ရောဂါ အတည်ပြုလူနာ တွေ့ရှိနှုန်း ကျဆင်းသွားတာဟာ ရောဂါကာကွယ်ဆေး ထိုးနှံထားတာကြောင့်လည်း ပါဝင်တယ်လို့ ရောဂါတိုက်ဖျက်ရေးမှာ ပါဝင်ဆောင်ရွက်နေ သူတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူဦးရေဟာ ၃၇ သန်းကျော် ရှိထားတယ်လို့ ကျန်းမာရေးဌာနကတော့ ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG