သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဥေရာပတလႊား ကိုဗစ္ကူးစက္သူ သန္း ၁၀၀ ေက်ာ္ၿပီ


ျပင္သစ္ႏုိင္ငံ မာေဆးလ္ၿမိဳ႕က ေဆး႐ုံတခုမွာ ကုိဗစ္လူနာကို အသက္႐ွဴစက္နဲ႔ ကူညီေနပုံ သ႐ုပ္ျပေလ့က်င့္ေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ဒီဇင္ဘာ ၃၁၊ ၂၀၂၁)

(Zawgyi)

ကမၻာတလႊား ကိုဗစ္ေရာဂါ ကူးစက္မႈေတြ ၂ ႏွစ္နီးပါး ရွိလာခ်ိန္မွာပဲ ဥေရာပမွာ ကူးစက္ခံရသူ သန္း ၁၀၀ ေက်ာ္သြားၿပီျဖစ္ေၾကာင္း ကပ္ေရာဂါအေျခအေနေတြကို ေစာင့္ၾကည့္ မွတ္တမ္းတင္ေနတဲ့ John Hopkins တကၠသိုလ္က စေနေန႔မွာ ေဖာ္ျပလိုက္ပါတယ္။ ကမၻာတလႊား ကူးစက္ခံရသူကေတာ့ သန္းေပါင္း ၂၉၀ နီးပါး ရွိေနပါၿပီ။

စေနေန႔အထိ ဥေရာပမွာ ၇ ရက္အတြင္း ကူးစက္သူ ၅ သန္းရွိခဲ့ၿပီး ကူးစက္ျမန္ အိုမီခရြန္ပိုးသစ္ေၾကာင့္ ေန႔စဥ္ကူးစက္မႈဟာလည္း စံခ်ိန္တင္သြားခဲ့ပါတယ္။ ဒီအထဲက ျပင္သစ္မွာ ကူးစက္သူက ၁ သန္းေက်ာ္ ရွိေနတာေၾကာင့္ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ စတင္ခ်ိန္ကစၿပီး ကူးစက္သူ ၁၀ သန္းေက်ာ္ခဲ့တဲ့ ႏိုင္ငံေတြျဖစ္တဲ့ အေမရိကန္၊ အိႏၵိယ၊ ဘရာဇီးလ္၊ ၿဗိတိန္နဲ႔ ႐ုရွားတို႔ၿပီးရင္ ဆ႒မေျမာက္ စာရင္းဝင္ ျဖစ္သြားပါၿပီ။

အိႏၵိယႏုိင္ငံမွာေတာ့ ကိုဗစ္ကူးစက္သူ ၂၂,၀၀၀ ေက်ာ္ထဲမွာ အိုမီခရြန္ပိုး ကူးစက္သူ ၁,၄၀၀ ေက်ာ္ရွိေနတယ္လို႔ အိႏၵိယ က်န္းမာေရးဝန္ႀကီးဌာနက စေနေန႔က သတင္းထုတ္ျပန္ပါတယ္။ လူထုက်န္းမာေရးဆိုင္ရာ တာဝန္ရွိသူေတြကေတာ့ ကိုဗစ္ကူးစက္မႈဟာ ဒီထက္ပိုမ်ားႏိုင္တယ္လို႔ သတိေပးပါတယ္။

ၾသစေၾတးလ်ႏိုင္ငံ New South Wales ျပည္နယ္မွာလည္း ေဆး႐ုံေတြမွာ တညအတြင္း အေရးေပၚေခၚယူမႈ စံခ်ိန္တင္သြားတာေၾကာင့္ ဒီႏွစ္ဆန္းတရက္ စေနေန႔ဟာ ႏွစ္ေပါင္း ၁၂၆ ႏွစ္အတြင္း အလုပ္အမ်ားဆံုးည ျဖစ္ခဲ့ရတယ္လို႔ The Sydney Morning Herald က ဆိုပါတယ္။ ႏွစ္သစ္ကူးအႀကိဳညမွာ ႀကံဳေနက် အရက္ေသာက္တာ၊ မေတာ္တဆျဖစ္တာ၊ ထိခိုက္ဒဏ္ရာရတာေတြအျပင္ ကိုဗစ္ကပ္ေရာဂါေၾကာင့္ပါ အခုေလာက္ လူနာမ်ားခဲ့ရတယ္လို႔ ေျပာပါတယ္။

အိုမီခရြန္ပိုးသစ္ဟာ သာမန္ေဆာင္းရာသီထက္ထူးတဲ့ အခုလိုအခ်ိန္မ်ိဳးမွာ အမ်ိဳးသားက်န္းမာေရးဝန္ေဆာင္မႈဌာန (NHS) ရဲ႕ ခံႏိုင္စြမ္းကို စမ္းသပ္ေနတယ္လို႔လည္း ၿဗိတိန္ႏိုင္ငံရဲ႕ NHS အဖြဲ႔ အမႈေဆာင္အရာရွိခ်ဳပ္ Matthew Taylor က ေျပာပါတယ္။

ကိုဗစ္ပိုး ကူးစက္မႈေတြေၾကာင့္ အေမရိကန္က တကၠသိုလ္ ေကာလိပ္ေက်ာင္းေပါင္း ၃၀ ေက်ာ္ရဲ႕ ျပန္ဖြင့္မယ့္ အစီအစဥ္ေတြကိုလည္း ရက္ေရႊ႕ထားရပါတယ္။

ဥေရာပတလႊား ကိုဗစ္ကူးစက္သူ သန္း ၁၀၀ ေက်ာ္ၿပီ
please wait

No media source currently available

0:00 0:01:28 0:00
တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ဥရောပတလွှား ကိုဗစ်ကူးစက်သူ သန်း ၁၀၀ ကျော်ပြီ

ကမ္ဘာတလွှား ကိုဗစ်ရောဂါ ကူးစက်မှုတွေ ၂ နှစ်နီးပါး ရှိလာချိန်မှာပဲ ဥရောပမှာ ကူးစက်ခံရသူ သန်း ၁၀၀ ကျော်သွားပြီဖြစ်ကြောင်း ကပ်ရောဂါအခြေအနေတွေကို စောင့်ကြည့် မှတ်တမ်းတင်နေတဲ့ John Hopkins တက္ကသိုလ်က စနေနေ့မှာ ဖော်ပြလိုက်ပါတယ်။ ကမ္ဘာတလွှား ကူးစက်ခံရသူကတော့ သန်းပေါင်း ၂၉၀ နီးပါး ရှိနေပါပြီ။

စနေနေ့အထိ ဥရောပမှာ ၇ ရက်အတွင်း ကူးစက်သူ ၅ သန်းရှိခဲ့ပြီး ကူးစက်မြန် အိုမီခရွန်ပိုးသစ်ကြောင့် နေ့စဉ်ကူးစက်မှုဟာလည်း စံချိန်တင်သွားခဲ့ပါတယ်။ ဒီအထဲက ပြင်သစ်မှာ ကူးစက်သူက ၁ သန်းကျော် ရှိနေတာကြောင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ စတင်ချိန်ကစပြီး ကူးစက်သူ ၁၀ သန်းကျော်ခဲ့တဲ့ နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ အိန္ဒိယ၊ ဘရာဇီးလ်၊ ဗြိတိန်နဲ့ ရုရှားတို့ပြီးရင် ဆဋ္ဌမမြောက် စာရင်းဝင် ဖြစ်သွားပါပြီ။

အိန္ဒိယနိုင်ငံမှာတော့ ကိုဗစ်ကူးစက်သူ ၂၂,၀၀၀ ကျော်ထဲမှာ အိုမီခရွန်ပိုး ကူးစက်သူ ၁,၄၀၀ ကျော်ရှိနေတယ်လို့ အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက စနေနေ့က သတင်းထုတ်ပြန်ပါတယ်။ လူထုကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေကတော့ ကိုဗစ်ကူးစက်မှုဟာ ဒီထက်ပိုများနိုင်တယ်လို့ သတိပေးပါတယ်။

သြစတြေးလျနိုင်ငံ New South Wales ပြည်နယ်မှာလည်း ဆေးရုံတွေမှာ တညအတွင်း အရေးပေါ်ခေါ်ယူမှု စံချိန်တင်သွားတာကြောင့် ဒီနှစ်ဆန်းတရက် စနေနေ့ဟာ နှစ်ပေါင်း ၁၂၆ နှစ်အတွင်း အလုပ်အများဆုံးည ဖြစ်ခဲ့ရတယ်လို့ The Sydney Morning Herald က ဆိုပါတယ်။ နှစ်သစ်ကူးအကြိုညမှာ ကြုံနေကျ အရက်သောက်တာ၊ မတော်တဆဖြစ်တာ၊ ထိခိုက်ဒဏ်ရာရတာတွေအပြင် ကိုဗစ်ကပ်ရောဂါကြောင့်ပါ အခုလောက် လူနာများခဲ့ရတယ်လို့ ပြောပါတယ်။

အိုမီခရွန်ပိုးသစ်ဟာ သာမန်ဆောင်းရာသီထက်ထူးတဲ့ အခုလိုအချိန်မျိုးမှာ အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာန (NHS) ရဲ့ ခံနိုင်စွမ်းကို စမ်းသပ်နေတယ်လို့လည်း ဗြိတိန်နိုင်ငံရဲ့ NHS အဖွဲ့ အမှုဆောင်အရာရှိချုပ် Matthew Taylor က ပြောပါတယ်။

ကိုဗစ်ပိုး ကူးစက်မှုတွေကြောင့် အမေရိကန်က တက္ကသိုလ် ကောလိပ်ကျောင်းပေါင်း ၃၀ ကျော်ရဲ့ ပြန်ဖွင့်မယ့် အစီအစဉ်တွေကိုလည်း ရက်ရွှေ့ထားရပါတယ်။

XS
SM
MD
LG