သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကာကြယ္ေဆး အညီအမွ်မရလို႔ ကိုဗစ္ကူးစက္မႈ ဆက္ရွိေနဟု WHO အႀကီးအကဲ ယူဆ


WHO ၫႊန္ၾကားေရးမွဴးခ်ဳပ္ Tedros Adhanom Ghebreyesus. (စက္တင္ဘာ ၂၇၊ ၂၀၂၁)

(Zawgyi / Unicode)

COVID-19 ကူးစက္မႈ ဆက္လက္တက္ေနတာဟာ ကာကြယ္ေဆးကို မညီမမွ် ျဖန႔္ေဝေနရတာေၾကာင့္ ျဖစ္တယ္လို႔ ကမၻာ့က်န္းမာေရးအဖြဲ႔ႀကီး (WHO) ရဲ႕ အႀကီးအကဲက ေျပာပါတယ္။ အာဖရိက ျပည္သူ႔က်န္းမာေရး ႏိုင္ငံတကာ ပထမညီလာခံမွာ ေျပာၾကားခဲ့တာပါ။

ကပ္ေဘးက တတိယႏွစ္ထဲ ေရာက္လာခဲ့ေပမယ့္ ေသဆုံးေနတာက သုံးဆ ေက်ာ္လာပါတယ္။ လူဦးေရ ၅ သန္း ေသဆုံးခဲ့ၾကၿပီးပါၿပီ။ ဒါကလည္း တရားဝင္ အေၾကာင္းၾကားတဲ့ စာရင္းသာ ျဖစ္ပါေသးတယ္လို႔ WHO ရဲ႕ ၫႊန္ၾကားေရးမွဴးခ်ဳပ္ Tedros Adhanom Ghebreyesus က ေျပာပါတယ္။ ကာကြယ္ေဆးက တမ်ဳိးတည္းမဟုတ္၊ အမ်ိဳးမ်ိဳး ထုတ္ႏိုင္ခဲ့တာက သိပၸံပညာရဲ႕ ေအာင္ပြဲ ျဖစ္ေပမယ့္ ကာကြယ္ေဆးကို မညီမမွ် ျဖန႔္ေဝေနရတာကေတာ့ လူသားမ်ိဳးႏြယ္ တရပ္လုံးရဲ႕ က်ဆုံးမႈ ျဖစ္ပါတယ္လို႔ သူက ေျပာပါတယ္။

တကမၻာလုံးမွာ ကာကြယ္ေဆး အလုံးေပါင္း သန္း ၈,၅၀၀ ေက်ာ္ ထိုးၿပီးပါၿပီ။ သမိုင္းမွာ အႀကီးမားဆုံး ကာကြယ္ေဆးထိုး လႈပ္ရွားမႈ ျဖစ္ေပမယ့္ အာဖရိက လူဦးေရရဲ႕ ၈ ရာခုိင္ႏႈန္းကပဲ ကာကြယ္ေဆးကို အျပည့္ ရရွိႏိုင္ၾကပါတယ္လို႔ WHO ၫႊန္ၾကားေရးမွဴးခ်ဳပ္က ဆိုပါတယ္။

အဲဒီလို ေဆးမထိုးၾကရတဲ့အတြက္ ဗိုင္းရပ္စ္က ပိုမို ပ်ံ႕ႏွံ႔ ၿပီး မ်ိဳးကြဲေတြ ေပၚ‌ေပါက္လာရတာပါ။ ဒီမ်ိဳးကြဲေတြကို ဘယ္လိုကာကြယ္ရမယ္ ဆိုတာ မသိေသးသလို ဘာျဖစ္လာမယ္ ဆိုတာကိုလည္း ႀကိဳတင္ခန႔္မွန္းလို႔ မရေသးပါဘူးလို႔ သူက ေျပာသြားပါတယ္။ ဒါေၾကာင့္ အိုမီခရြန္မ်ိဳးကြဲ ေပၚေပါက္လာရတာ ျဖစ္ပါတယ္။

ကာကြယ္ေဆးထိုးတာ တႏွစ္ေက်ာ္လာခဲ့တဲ့ အခ်ိန္မွာ လြန္ခဲ့တဲ့ ၁၀ ပတ္အတြင္း ကာကြယ္ေဆး မွ်ေဝႏိုင္တာက ေရွ႕ ၉ လမွာ စုစုေပါင္း မွ်ေဝႏိုင္တာထက္ ပိုမ်ားလာခဲ့တဲ့အတြက္ အရွိန္အဟုန္ေတာ့ ရရွိလာၿပီလို႔ WHO ၫႊန္ၾကားေရးမွဴးခ်ဳပ္က ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ကာကွယ်ဆေး အညီအမျှမရလို့ ကိုဗစ်ကူးစက်မှု ဆက်ရှိနေဟု WHO အကြီးအကဲ ယူဆ

COVID-19 ကူးစက်မှု ဆက်လက်တက်နေတာဟာ ကာကွယ်ဆေးကို မညီမမျှ ဖြန့်ဝေနေရတာကြောင့် ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ အကြီးအကဲက ပြောပါတယ်။ အာဖရိက ပြည်သူ့ကျန်းမာရေး နိုင်ငံတကာ ပထမညီလာခံမှာ ပြောကြားခဲ့တာပါ။

ကပ်ဘေးက တတိယနှစ်ထဲ ရောက်လာခဲ့ပေမယ့် သေဆုံးနေတာက သုံးဆ ကျော်လာပါတယ်။ လူဦးရေ ၅ သန်း သေဆုံးခဲ့ကြပြီးပါပြီ။ ဒါကလည်း တရားဝင် အကြောင်းကြားတဲ့ စာရင်းသာ ဖြစ်ပါသေးတယ်လို့ WHO ရဲ့ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ပြောပါတယ်။ ကာကွယ်ဆေးက တမျိုးတည်းမဟုတ်၊ အမျိုးမျိုး ထုတ်နိုင်ခဲ့တာက သိပ္ပံပညာရဲ့ အောင်ပွဲ ဖြစ်ပေမယ့် ကာကွယ်ဆေးကို မညီမမျှ ဖြန့်ဝေနေရတာကတော့ လူသားမျိုးနွယ် တရပ်လုံးရဲ့ ကျဆုံးမှု ဖြစ်ပါတယ်လို့ သူက ပြောပါတယ်။

တကမ္ဘာလုံးမှာ ကာကွယ်ဆေး အလုံးပေါင်း သန်း ၈,၅၀၀ ကျော် ထိုးပြီးပါပြီ။ သမိုင်းမှာ အကြီးမားဆုံး ကာကွယ်ဆေးထိုး လှုပ်ရှားမှု ဖြစ်ပေမယ့် အာဖရိက လူဦးရေရဲ့ ၈ ရာခိုင်နှုန်းကပဲ ကာကွယ်ဆေးကို အပြည့် ရရှိနိုင်ကြပါတယ်လို့ WHO ညွှန်ကြားရေးမှူးချုပ်က ဆိုပါတယ်။

အဲဒီလို ဆေးမထိုးကြရတဲ့အတွက် ဗိုင်းရပ်စ်က ပိုမို ပျံ့နှံ့ ပြီး မျိုးကွဲတွေ ပေါ်‌ပေါက်လာရတာပါ။ ဒီမျိုးကွဲတွေကို ဘယ်လိုကာကွယ်ရမယ် ဆိုတာ မသိသေးသလို ဘာဖြစ်လာမယ် ဆိုတာကိုလည်း ကြိုတင်ခန့်မှန်းလို့ မရသေးပါဘူးလို့ သူက ပြောသွားပါတယ်။ ဒါကြောင့် အိုမီခရွန်မျိုးကွဲ ပေါ်ပေါက်လာရတာ ဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးတာ တနှစ်ကျော်လာခဲ့တဲ့ အချိန်မှာ လွန်ခဲ့တဲ့ ၁၀ ပတ်အတွင်း ကာကွယ်ဆေး မျှဝေနိုင်တာက ရှေ့ ၉ လမှာ စုစုပေါင်း မျှဝေနိုင်တာထက် ပိုများလာခဲ့တဲ့အတွက် အရှိန်အဟုန်တော့ ရရှိလာပြီလို့ WHO ညွှန်ကြားရေးမှူးချုပ်က ဆိုပါတယ်။

XS
SM
MD
LG