သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နိုင်ငံတွင်း ကိုဗစ်ရောဂါ ကာကွယ်ရေး အစီအစဉ်များ တိုးမြှင့်


နယူးယောက်က COVID-19 စစ်ဆေးပေးတဲ့နေရာမှာ ကိုဗစ်စစ်ဆေးနေမှုမြင်ကွင်း။ (ဒီဇင်ဘာ ၈၊ ၂၀၂၁)
နယူးယောက်က COVID-19 စစ်ဆေးပေးတဲ့နေရာမှာ ကိုဗစ်စစ်ဆေးနေမှုမြင်ကွင်း။ (ဒီဇင်ဘာ ၈၊ ၂၀၂၁)

(Zawgyi / Unicode)

အမေရိကန်ပြည်ထောင်စုမှာ COVID-19 ရောဂါ ကူးစက်မှုကို ထိန်းချုပ်ဖို့ အပြင်းအထန် ကြိုးစားနေရတဲ့ ပြည်နယ်တွေအနေနဲ့ ဆေးရုံတွေနဲ့ ရောဂါကုသရေးဆိုင်ရာ တခြားဌာနတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အထောက်အကူပြုဖို့ ပြည်တွင်းကာကွယ်ရေး အရန်တပ်ဖွဲ့နဲ့ တခြား စစ်ဘက်ဝန်ထမ်းတွေကိုပါ တာဝန်ပေးထားပါတယ်။

အမေရိကန်မှာ COVID-19 ရောဂါ နောက်ထပ် ကူးစက်သူ အရေအတွက်ဟာ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း နေ့စဉ်လို တိုးလာနေတာပါ။ ပြီးခဲ့တဲ့ ကြာသပတေးနေ့အထိဆိုရင် တပတ်အတွင်း ပျမ်းမျှကူးစက်သူ အရေအတွက် ၁၁၇,၀၀၀ ကျော် ရှိခဲ့ပါတယ်။ နိုဝင်ဘာလ ၂၅ ရက်၊ ကျေးဇူးတော်နေ့ကဆိုရင် တပတ်အတွင်း ပျမ်းမျှကူးစက်သူ အရေအတွက်ဟာ ၈၄,၀၀၀ ကျော်ပဲ ရှိခဲ့တယ်လို့ စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Johns Hopkins တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

COVID-19 ရောဂါကြောင့် ဆေးရုံတက်ရသူ အရေအတွက်ဟာလည်း ပိုတိုးလာပြီး ပျမ်းမျှခြင်းအားဖြင့် ၅၄,၀၀၀ နီးပါးထိ ရှိလာပြီလို့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန (CDC) က ပြောပါတယ်။

တချို့ပြည်နယ်တွေ၊ အထူးသဖြင့် အရှေ့မြောက်နဲ့ အနောက်အလယ်ပိုင်း အထက်ဘက်ပြည်နယ်တွေမှာ ကာကွယ်ဆေး ထိုးမထားသူတွေကြား ကိုဗစ်ကူးစက်သူ များလွန်းတာကြောင့် ဆေးရုံတွေ မနိုင်မနင်း ဖြစ်နေပါတယ်။

ဒီအတောအတွင်းမှာပဲ နယူးယောက်ပြည်နယ်မှာတော့ တနင်္လာနေ့ကစပြီး အားလပ်ရက် ကာလတလျှောက် သီတင်းငါးပတ်ကြာထိ အဆောက်အဦးအတွင်းမှာ ရှိနေရင်တောင် နှာခေါင်းစည်းတပ်ရမယ်လို့ ပြည်နယ်တခုလုံးအတွက် ညွှန်ကြားထားပါတယ်။

မီရှီဂန်ပြည်နယ် ကျန်းမာရေးဌာန ညွှန်ကြားရေးမှူးကလည်း ကာကွယ်ဆေး မထိုးကြဘူးဆိုရင်တော့ ဆိုးဆိုးရွားရွား ဖျားနာတာ၊ ဆေးရုံတက်ရတာသာမက သေဘေးနဲ့ပါ ကြုံရနိုင်တယ်လို့ အပြင်းအထန် သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)








XS
SM
MD
LG