သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝန်း COVID-19 ကူးစက်သူ ၁.၇ သန်း ကျော်သွားပြီ


နယူးယောက်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူများကို သယ်လာသည့် ကျန်းမာရေးဝန်ထမ်းများ။ (ဧပြီ ၄၊ ၂၀၂၀)
နယူးယောက်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူများကို သယ်လာသည့် ကျန်းမာရေးဝန်ထမ်းများ။ (ဧပြီ ၄၊ ၂၀၂၀)

(Zawgyi / Unicode)

ကမ္ဘာတဝန်း COVID-19 ကပ်ရောဂါ ကူးစက်သူပေါင်း ၁.၇ သန်းဝန်းကျင် ရှိသွားပြီလို့ အမေရိကန်ပြည်ထောင်စု Johns Hopkins တက္ကသိုလ်ရဲ့ သောကြာနေ့ညပိုင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကူးစက်ခံရသူတွေအနက် ၁ သိန်းကျော် သေဆုံးခဲ့တယ်လို့ ဆိုပေမယ့် တကယ်သေဆုံးတဲ့ ဦးရေဟာ ဒီထက်မက ပိုများနိုင်တယ်လို့ လူထုကျန်းမာရေး ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။ တချို့ အိုးအိမ်မဲ့နဲ့ တခြား သေဆုံးသူတွေကို ရင်ခွဲစစ်ဆေးတာတွေ မလုပ်နိုင်ခဲ့ဘူးလို့ ပြောပါတယ်။

ဥပမာ အမေရိကန် ရောဂါထိန်းချုပ်ရေးဌာနက ဓာတ်ခွဲခန်း အတည်ပြုလူနာ သေဆုံးစာရင်းကိုပဲ ထုတ်ပြန်တာမို့ ရင်ခွဲစစ်ဆေးတာ မလုပ်နိုင်တဲ့ ကျန်သေဆုံးသူတွေ စာရင်းထဲမှာ မပါဖြစ်ရတယ်လို့ ထောက်ပြပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ COVID-19 ကူးစက်မှုကြောင့် သောကြာနေ့ တရက်တည်းမှာ ၂၁၀၀ ကျော် သေဆုံးခဲ့ရပြီး ကူးစက်သူဦးရေ ၅ သိန်းအထိ တိုးလာတယ်လို့ Johns Hokpins တက္ကသိုလ်က စာရင်းထုတ်ပြန်လိုက်ပါတယ်။

ကမ္ဘာတဝန်း COVID-19 ကူးစက်သူ ၁.၇ သန်း ကျော်သွားပြီ
please wait

No media source currently available

0:00 0:00:51 0:00
တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)






XS
SM
MD
LG