(Zawgyi / Unicode)
အေမရိကန္ျပည္ေထာင္စုမွာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၉ သိန္းေက်ာ္သြားတဲ့အတြက္ ဝမ္းနည္းစရာ မွတ္တိုင္တခုအျဖစ္ သမၼတ ဂ်ိဳးဘိုင္ဒန္က ေျပာပါတယ္။ ကုိယ္ခ်စ္ခင္တဲ့ မိဘေတြ၊ အဘိုးအဘြားေတြ၊ သားသမီးေတြ၊ ညီအစ္ကို ေမာင္ႏွမေတြ၊ အိမ္နီးခ်င္းေတြ၊ မိတ္ေဆြသဂၤဟေတြ ေသဆုံးေနၾကတာျဖစ္ၿပီး အေမရိကန္ျပည္သူေတြ အားလုံး ကိုဗစ္ကပ္ေရာဂါ ကာကြယ္ေဆး ထိုးၾကဖို႔လည္း တိုိက္တြန္းလုိက္ပါတယ္။
႐ုရွားႏိုင္ငံမွာလည္း Omicron ကိုဗစ္ကပ္ေရာဂါ ဗိုင္းရပ္စ္ပုိး ကူးစက္မႈေတြ ေန႔စဥ္တုိးလာေနရာမွာ စေနေန႔ကဆိုရင္ ၁၇၇,၂၈၂ ေယာက္အထိ စံခ်ိန္တင္ ကူးစက္ခဲ့ပါတယ္။
ကူးစက္မႈေတြ တုိးလာေနေပမယ့္လည္း Omicron ကိုဗစ္ပုိး ကူးစက္မႈေတြေၾကာင့္ ကပ္ေရာဂါထိန္းခ်ဳပ္ေရး ကန္႔သတ္ခ်က္ေတြဟာ အဓိပၸါယ္မရွိေတာ့ဘူးဆုိၿပီး ဒီကေန႔ တနဂၤေႏြေန႔ကစၿပီး စည္းကမ္းေတြကုိ ေလွ်ာ့ေပါ့မယ့္အေၾကာင္း ႐ုရွား က်န္းမာေရး တာဝန္ရွိသူေတြက ေသာၾကာေန႔မွာ ေျပာဆုိထားပါတယ္။
တနဂၤေႏြေန႔ကစၿပီး ကိုဗစ္ကပ္ေရာဂါ ကူးစက္သူေတြနဲ႔ ထိေတြ႔ဆက္ဆံခဲ့သူေတြ အေနနဲ႔ သီးျခားခြဲေနဖို႔ မလိုအပ္ဘူးလို႔လည္း ေျပာပါတယ္။
ေမာ္စကိုၿမိဳ႕ေတာ္မွာရွိၾကတဲ့ ေက်ာင္းေတြနဲ႔ မူႀကိဳေတြက ေက်ာင္းသားေတြကိုလည္း ေရွ႕အပတ္ကစၿပီး လုိအပ္ခ်က္အရ သီးသန္႔ခြဲထားေရး အစီအစဥ္ကိုလည္း ရပ္ဆိုင္းေကာင္း ရပ္ဆိုင္းမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။
ၾသစႀတီးယားႏိုင္ငံမွာလည္း စေနေန႔ကစၿပီး အသက္ ၁၈ ႏွစ္ျပည့္သူနဲ႔ အဲဒီအထက္ အားလုံးကို ကာကြယ္ေဆး မထိုးမေနရ သတ္မွတ္လိုက္ပါတယ္။ တကယ္လို႔ မလုိက္နာပါက ႀကီးေလးတဲ့ဒဏ္ေငြကို ခ်မွတ္မွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ကိုယ္ဝန္ေဆာင္ အမ်ဳိးသမီးေတြ၊ ၿပီးခဲ့တဲ့ ၆ လက ကိုဗစ္ကပ္ေရာဂါပိုး ေတြ႔ရွိခဲ့သူေတြနဲ႔ က်န္းမာေရးအရ ခၽြင္းခ်က္ထားရမယ့္ သူေတြကိုေတာ့ ကင္းလြတ္ခြင့္ ေပးထားပါတယ္။
အေမရိကန္ျပည္ေထာင္စု Johns Hopkin တကၠသုိလ္က တကမၻာလုံးမွာ ကိုဗစ္ကပ္ေရာဂါပိုး ေတြ႔ရွိသူေပါင္း ၃၉၂ သန္းနီးပါးနဲ႔ ေသဆုံးသူက ၆ သန္းနီးပါး ရွိတယ္လို႔ စေနေန႔က ထုတ္ျပန္ထားပါတယ္။
------------------------
(Unicode)
အမေရိကန်မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၉ သိန်းကျော်
အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၉ သိန်းကျော်သွားတဲ့အတွက် ဝမ်းနည်းစရာ မှတ်တိုင်တခုအဖြစ် သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။ ကိုယ်ချစ်ခင်တဲ့ မိဘတွေ၊ အဘိုးအဘွားတွေ၊ သားသမီးတွေ၊ ညီအစ်ကို မောင်နှမတွေ၊ အိမ်နီးချင်းတွေ၊ မိတ်ဆွေသင်္ဂဟတွေ သေဆုံးနေကြတာဖြစ်ပြီး အမေရိကန်ပြည်သူတွေ အားလုံး ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေး ထိုးကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
ရုရှားနိုင်ငံမှာလည်း Omicron ကိုဗစ်ကပ်ရောဂါ ဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေ နေ့စဉ်တိုးလာနေရာမှာ စနေနေ့ကဆိုရင် ၁၇၇,၂၈၂ ယောက်အထိ စံချိန်တင် ကူးစက်ခဲ့ပါတယ်။
ကူးစက်မှုတွေ တိုးလာနေပေမယ့်လည်း Omicron ကိုဗစ်ပိုး ကူးစက်မှုတွေကြောင့် ကပ်ရောဂါထိန်းချုပ်ရေး ကန့်သတ်ချက်တွေဟာ အဓိပ္ပါယ်မရှိတော့ဘူးဆိုပြီး ဒီကနေ့ တနင်္ဂနွေနေ့ကစပြီး စည်းကမ်းတွေကို လျှော့ပေါ့မယ့်အကြောင်း ရုရှား ကျန်းမာရေး တာဝန်ရှိသူတွေက သောကြာနေ့မှာ ပြောဆိုထားပါတယ်။
တနင်္ဂနွေနေ့ကစပြီး ကိုဗစ်ကပ်ရောဂါ ကူးစက်သူတွေနဲ့ ထိတွေ့ဆက်ဆံခဲ့သူတွေ အနေနဲ့ သီးခြားခွဲနေဖို့ မလိုအပ်ဘူးလို့လည်း ပြောပါတယ်။
မော်စကိုမြို့တော်မှာရှိကြတဲ့ ကျောင်းတွေနဲ့ မူကြိုတွေက ကျောင်းသားတွေကိုလည်း ရှေ့အပတ်ကစပြီး လိုအပ်ချက်အရ သီးသန့်ခွဲထားရေး အစီအစဉ်ကိုလည်း ရပ်ဆိုင်းကောင်း ရပ်ဆိုင်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
သြစတြီးယားနိုင်ငံမှာလည်း စနေနေ့ကစပြီး အသက် ၁၈ နှစ်ပြည့်သူနဲ့ အဲဒီအထက် အားလုံးကို ကာကွယ်ဆေး မထိုးမနေရ သတ်မှတ်လိုက်ပါတယ်။ တကယ်လို့ မလိုက်နာပါက ကြီးလေးတဲ့ဒဏ်ငွေကို ချမှတ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ ပြီးခဲ့တဲ့ ၆ လက ကိုဗစ်ကပ်ရောဂါပိုး တွေ့ရှိခဲ့သူတွေနဲ့ ကျန်းမာရေးအရ ချွင်းချက်ထားရမယ့် သူတွေကိုတော့ ကင်းလွတ်ခွင့် ပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စု Johns Hopkin တက္ကသိုလ်က တကမ္ဘာလုံးမှာ ကိုဗစ်ကပ်ရောဂါပိုး တွေ့ရှိသူပေါင်း ၃၉၂ သန်းနီးပါးနဲ့ သေဆုံးသူက ၆ သန်းနီးပါး ရှိတယ်လို့ စနေနေ့က ထုတ်ပြန်ထားပါတယ်။