သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာလအတွင်း အမျိုးသမီးများ ပိုမိုအနိုင်ကျင့်ခံရ


UN Women pandemic violence
UN Women pandemic violence

ကိုဗစ်ကာလအတွင်း အမျိုးသမီးများ ပိုမိုအနိုင်ကျင့်ခံရ

ကိုဗစ်ရောဂါကပ်ဆိုးကြီးအတွင်း အမျိုးသမိးများအပေါ်အကြမ်းဖက်မှုပိုမိုအခြေအနေဆိုးရွား မြင့်တက်လာခဲ့ တယ်လို့ ကုလသမဂ္ဂအမျိုးသမီးအခွင့်အရေးဆိုင်ရာတာဝန်ရှိသူတွေက နိုဝင်ဘာလ ၂၄ ရက်နေ့မှာပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂအမျိုးသမီးအခွင့်အရေးဆိုင်ရာ အကြီးအကဲ Kalliopi Mingeirou ကပြောဆိုရာမှာ

“အမျိုးသမီး ၃ ဦးထဲက ၁ ဦးဟာ ရုပ်ပိုင်းဆိုင်ရာအရသို့မဟုတ်လိင်ပိုင်းဆိုင်ရာအရ အကြမ်း ဖက်ခံနေရဆဲဖြစ်ပြီး၊ အများအားဖြင့် သူတို့နဲ့ပေါင်းဖက်နေထိုင်သူတွေရဲ့အကြမ်းဖက် တိုက်ခိုက်တာကိုခံခဲ့ကြရတာဖြစ်ပါတယ်။” လို့ပြောဆိုသွားတာပါ။

နိုင်ဝင်ဘာလ ၂၅ ရက်နေ့မှာကျရောက်မယ့် အမျိုးသမီးများအပေါ်အကြမ်းဖက်တိုက်ခိုက်မှု အဆုံးသတ်ရေးနိုင်ငံကတာနေ့မှာ ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ အစီရင်ခံစာတစောင်ကိုထုတ်ပြန်သွားဖို့ရှိပါတယ်။

ကိုဗစ်ကပ်ရာဂါကြီးစတင်ချိန်ကစပြီး အမျိုးသမီးနှစ်ဦးမှာ တဦးကသူတို့ကိုယ်တိုင် ဒါမှမဟုတ် သူတို့အသိမိတ် ဆွေသူငယ်ချင်းတဦးဦးဟာ အကြမ်ဖက်တိုက်မှုတမျိုးမျိုးကိုတွေ့ ကြုံခံစားခဲ့ရ တယ်လို့ တိုင်တန်းခဲ့ကြောင်း ကုလသမဂ္ဂအမျိုးသမိးအခွင့်အရေးဆိုင်ရာတာဝန်ရှိသူတဦး ဖြစ်တဲ့ Papa Seck ကပြောဆို ရာမှာလည်းပြောဆိုခဲ့ပါတယ်။

အမျိုးသမီးများအပေါ် အကြမ်းဖက်တိုက်ခိုက်ခံရမှုမြင့်မားတဲ့ နိုင်ငံတွေဟာ ကင်ညာ၊ မော်ရိုကို၊ ဂျော်ဒန်နဲ့ နိုက်ဂျီးရီးယား နိုင်ငံတွေဖြစ်ပါတယ်။

အခုလို အကြမ်းဖက်တိုက်ခိုက်ခံရတယ်လို့ဖေါ်ပြထားတဲ့နှုန်းဟာ အပေါ်ယံမြင်သာတဲ့အပိုင်း သာဖြစ်ပြီး၊ ဖေါ်ပြနိုင်ခြင်းမရှိတဲ့အရေအတွက်ဟာဒီထက်ပိုများတယ်လို့လဲပြောဆိုခဲ့ပါတယ်။ အမျိုးသမီးနဲ့ မိန်းခလေးငယ်တွေဟာ အာဏာပိုင်တွေအပေါ်မှာယုံကြည်မှုမရှိတာတကြောင်း နဲ့ အမဲစက်ကြီးတခုလို ကျန်ရစ်မှာကိုစိုးတဲ့အတွက်ကြောင့်တကြောင်း ဖွင့်ဟတိုင်တန်းကြခြင်း မရှိဘူးလို့ Kalliopi Mingeirou ကပြောဆိုခဲ့ပါတယ်။

###

တိုက်ရိုက် လင့်ခ်

Unicode



ကုလသမဂ်ဂအမြိုးသမီးအခှင့ျအရေးဆိုငျရာ အကွီးအကဲ Kalliopi Mingeirou ကပွောဆိုရာမှာ






XS
SM
MD
LG