[[Zawgyi/Unicode]]
တ႐ုတ္ျမန္မာနယ္စပ္ဂိတ္ကို အခုလာမယ့္ ဇန္နဝါရီလ ၈ ရက္မွာ ျပန္ဖြင့္ေပးမယ္လို႔ ေၾကညာထားတဲ့ တ႐ုတ္ႏိုင္ငံက သူ႔ႏိုင္ငံကိုလာမယ့္ ႏိုင္ငံျခားသားေတြအတြက္ ကိုဗစ္ကန႔္သတ္ခ်က္ေတြကိုလည္း ေျဖေလွ်ာ့ေပးထားပါတယ္။ ဒါေပမယ့္ တ႐ုတ္ႏိုင္ငံတြင္း ကိုဗစ္ကူးစက္မႈေတြ တိုးမ်ားလာတဲ့သတင္းေတြေၾကာင့္ ျမန္မာအပါအဝင္ အိမ္နီးခ်င္းႏိုင္ငံေတြမွာ ေရာဂါကာကြယ္ေရးအဆင္သင့္ျဖစ္ၿပီလား ေမးခြန္းေတြထြက္ေပၚေနတဲ့အေၾကာင္း ရန္ကုန္ သတင္းေပးပို႔တာကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။
ျမန္မာႏိုင္ငံအပါအဝင္ တ႐ုတ္-ယူနန္ျပည္နယ္နဲ႔ထိစပ္ေနတဲ့ႏိုင္ငံေတြရဲ႕ နယ္စပ္ဂိတ္ေတြကို ဇန္နဝါရီ ၈ ရက္မွာ ျပန္ဖြင့္ေပးမယ္လို႔ ယူနန္ျပည္နယ္၊ ႏိုင္ငံျခားေရးဌာနဘက္က ေၾကညာခ်က္အသီးသီး ထုတ္ထားပါတယ္။ သုံးႏွစ္ေလာက္ရပ္တန႔္ေနတဲ့ နယ္စပ္ကုန္သြယ္ေရးျပန္စႏိုင္ဖို႔ ကုန္သည္ေတြကေမွ်ာ္လင့္ေနၾကေပမဲ့ တဘက္မွာလည္း တ႐ုတ္ႏိုင္ငံထဲ ဆိုး႐ြားတဲ့ကိုဗစ္ကူးစက္မႈေတြေၾကာင့္ နယ္စပ္ဂိတ္ေတြ ဘယ္လိုျဖစ္လာမလဲဆိုတာ ကုန္သည္ေတြက မွန္းရခက္ေနပါတယ္။ ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္နယ္စပ္ကုန္သြယ္ေရးက ျမန္မာတာဝန္ရွိသူေတြကေတာ့ ျမန္မာဘက္က ဖြင့္မယ္၊ မဖြင့္ဘူးဆိုတာကို ဒီေန႔အထိ အေၾကာင္းမျပန္ေသးပါဘူး။ ဒီအေျခအေနကို ေစာင့္ၾကည့္ေနေၾကာင္း မူဆယ္ သစ္သီးဝလံကုန္စည္ဒိုင္ ဒုဥကၠ႒ စိုင္းခင္ေမာင္က ဗြီအိုေအကို ေျပာပါတယ္။
" တ႐ုတ္ဘက္ကေတာ့ ေသခ်ာတယ္။ သူတို႔ကေတာ့ ဖြင့္မယ္လို႔ေျပာတယ္။ ဒါေပမဲ့ ႏွစ္ႏိုင္ငံ ဂိတ္ေပါက္ဆိုတာက ႏွစ္ႏိုင္ငံလုံးနဲ႔ သက္ဆိုင္ေတာ့ တဖက္သတ္ဖြင့္လို႔လည္း မရဘူး။ ဒါေပမဲ့ ၈ ရက္ေန႔အထိ ေစာင့္ၾကည့္ရမယ္။ အရပ္သားစကားနဲ႔ ေျပာရရင္ သူတို႔ ဘက္ကျဖစ္တဲ့ ေရာဂါက နည္းနည္း အားျပင္းေနေသးတယ္။ ဒီဘက္ကေတာ့ အားေပ်ာ့သြားၿပီ။ ဒါေပမဲ့ အခ်ိန္ကာလတခုက အားလုံးကို ကုစားသြားမွာပါ။ အဓိကေတာ့ အားလုံးပြင့္သြားၿပီ ဆိုရင္ေတာ့ အားလုံးအဆင္ေျပသြားမွာပါ။"
ျမန္မာနဲ႔ထိစပ္ေနတဲ့ ယူနန္ျပည္နယ္၊ ေ႐ႊလီၿမိဳ႕မွာလည္း တၿမိဳ႕လုံးနီးပါး ကူးစက္ေနေၾကာင္း မူဆယ္ၿမိဳ႕က ကုန္သည္ေတြက ေျပာပါတယ္။ ဒီႏႈန္းအတိုင္းသာ ကူးစက္ေနတယ္ဆိုရင္ ကုန္သြယ္ေရးဂိတ္ကို ျပန္ဖြင့္တာထက္ မဖြင့္တာက ပိုေကာင္းေၾကာင္း ကုန္သည္ေတြက ေျပာပါတယ္။ တ႐ုတ္ဘက္က ျမန္မာတာဝန္ရွိသူေတြရဲ႕ သေဘာထားကို ေမးျမန္းထားေပမဲ့ ျမန္မာဘက္ကေတာ့ ဗဟိုအဆင့္ရဲ႕ ခြင့္ျပဳခ်က္ကို ေစာင့္ဆိုင္းဖို႔ တ႐ုတ္ဘက္ကို အေၾကာင္းျပန္ထားတာပါ။ မူဆယ္ကုန္သည္အသင္းရဲ႕ တာဝန္ရွိသူတဦးက အခုလိုေျပာပါတယ္။
"၈ ရက္ေန႔က်ေနာ္တို႔ဘက္က ဖြင့္ေပးမယ္ ဆိုတာကေတာ့ နယ္စပ္အာဏာပိုင္အဆင့္နဲ႔ မၿပီးပါဘူးဆိုၿပီး အေၾကာင္းျပန္ထားတယ္။ ဒါေၾကာင့္ ကူမင္းမွာရွိတဲ့ ျမန္မာသံ႐ုံးနဲ႔ ဆက္ သြယ္ၿပီးေတာ့ပဲ ဖြင့္ဖို႔ကိစၥကို ေဆာင္႐ြက္ပါတဲ့။ အထက္က သံတမန္ကိစၥနဲ႔ ေဆာင္႐ြက္ၿပီးလို႔ရွိရင္ က်ေနာ္တို႔ ဗဟိုအစိုးရကေနၿပီးေတာ့ ဖြင့္မယ္၊ မဖြင့္ဘူးဆိုတာကို ၫႊန္ၾကားလိမ့္မယ္ေပါ့ေလ။ သူတို႔က တအားဖြင့္ခ်င္ေနၿပီ။ သူတို႔ထဲမွာ ဆႏၵျပတဲ့သူေတြ၊ ေ႐ႊလီမွာဆို ကိုယ့္ကိုယ္ကိုယ္ သတ္ေသတဲ့သူေတြ အမ်ားႀကီး။ စီးပြားေရး၊ ေဆာက္လုပ္ေရး ကန္ထ႐ိုက္ေတြ ဘာေတြ။ ေျပာရဲတာက ၈ ရက္ေန႔ မဖြင့္ႏိုင္ေတာ့ဘူး။"
ျပည္ဝင္ခရီးစဥ္ေတြအတြက္ ကိုဗစ္ကန႔္သတ္ခ်က္ေတြကိုလည္း တ႐ုတ္က ေျဖေလွ်ာ့လိုက္ပါတယ္။ ၄၈ နာရီအတြင္း ကိုဗစ္စစ္ေဆးထားတဲ့ အေထာက္အထားတခုပဲ စစ္ေဆးေတာ့မွာ ျဖစ္ပါတယ္။ ဒါေပမဲ့ တ႐ုတ္ႏွစ္သစ္ကူးနီးလာခ်ိန္ တ႐ုတ္ႏိုင္ငံအဝန္းမွာ ကိုဗစ္ေရာဂါပိုးကူးစက္မႈေတြ၊ ေသဆုံးမႈေတြက မ်ားျပားေနပါတယ္။ တ႐ုတ္နယ္စပ္ဂိတ္ေတြ ဖြင့္တာနဲ႔အတူ ေရာဂါကူးစက္မႈေတြအတြက္ ျမန္မာဘက္မွာလည္ စိုးရိမ္မႈေတြ ရွိေနတာပါ။ က်န္းမာေရး ပညာရွင္တဦးကေတာ့ ျမန္မာႏိုင္ငံအတြက္ ယခင္ ကိုဗစ္တတိယလႈိင္းေလာက္ စိုးရိမ္စရာမရွိေပမဲ့ အေျခခံ ေရာဂါကာကြယ္ေရးစည္းကမ္းေတြကိုေတာ့ ဆက္ၿပီးလိုက္နာသင့္တယ္လို႔ သူကေျပာပါတယ္။
"အဲဒီေကာင္ကေတာ့ new strain သက္သက္ႀကီးေတာ့၊ ဟိုဘက္ကပါလာတဲ့ဟာေတာ့ ဒီဘက္က ရွိတဲ့ဟာနဲ႔ေတာ့ new strain (ဗိုင္းရပ္စ္မ်ိဳးကြဲသစ္) ေတြေတာ့ ထပ္ေတာ့ ေပၚလာဦးမယ္ေပါ့ေနာ္။ ကိုဗစ္ကေတာ့ ဘယ္လိုေျပာရမလဲ စိုးရိမ္စရာ ႀကီးႀကီးမားမားေတာ့ က်ေနာ္တို႔ႏိုင္ငံမွာဆိုရင္ flu (တုပ္ေကြး)လိုမ်ိဳးပဲ က်န္ခဲ့မယ္ထင္တယ္။ ကာကြယ္ေဆးကလည္း ေတာ္ေတာ္မ်ားမ်ားကလည္း ထိုးထားၾကတယ္၊ ကိုယ္ခံအားေတြ ကလည္း ထြက္ၿပီးသားဆိုေတာ့ေလ။ အရမ္းႀကီး third wave ေလာက္ ဆိုးဆိုး႐ြား႐ြားႀကီး မျဖစ္ေလာက္ဘူးလို႔ က်ေနာ္ေတာ့ ထင္တယ္။"
ျမန္မာ၊ လာအို၊ ကေမာၻဒီးယား၊ ေဟာင္ေကာင္၊ နိေပါ စတဲ့ႏိုင္ငံေတြနဲ႔ နယ္စပ္ေျဖေလွ်ာ့မႈေတြကို တ႐ုတ္ဘက္က စတင္လုပ္ေဆာင္ လာေပမဲ့ နိေပါနဲ႔ ကေမာၻဒီးယား ႏိုင္ငံေတြကေတာ့ တ႐ုတ္ဘက္က ကူးစက္မႈေတြကို စိုးရိမ္ေၾကာင္း ထုတ္ေဖာ္ေျပာထားပါတယ္။ ကေမာၻဒီယားဝန္ႀကီးခ်ဳပ္ မစၥတာဟြန္ဆန္ကေတာ့ ကိုဗစ္စည္းကမ္းေတြကို တျခားႏိုင္ငံရဲ႕ ပုံစံအတိုင္း ထပ္တူက်လိုက္လုပ္မွာ မဟုတ္ဘူးလို႔ ေျပာလိုက္ပါတယ္။ သူ႔အေနနဲ႔ တ႐ုတ္ျပည္မႀကီးက ပိုၿပီးအႏၲရာယ္မ်ားတဲ့ ကို႐ိုနာမ်ိဳးကြဲေတြအတြက္ စိုးရိမ္ေနေၾကာင္းလည္း ဖႏြမ္းပင္ပို႔စ္ သတင္းစာက ေရးသား၊ ေဖာ္ျပခဲ့ပါတယ္။
ျမန္မာဘက္ကေတာ့ နယ္စပ္ကုန္သြယ္ေရးနဲ႔ တ႐ုတ္ရဲ႕ကိုဗစ္ကူးစက္မႈ ဒီႏွစ္ခုၾကားမွာ ဘယ္လိုအစီအမံေတြနဲ႔ ဆက္လုပ္မလဲဆိုတာ ေစာင့္ၾကည့္ရဦးမယ္လို႔ နယ္စပ္စီးပြားေရးကို မွီခိုေနသူေတြက ေျပာေနၾကတာ ျဖစ္ပါတယ္။
===================
[[Unicode]]
ပြန်ဖွင့်တော့မယ့် တရုတ်မြန်မာနယ်စပ်နဲ့ ကိုဗစ်စိုးရိမ်မှု
တရုတ်မြန်မာနယ်စပ်ဂိတ်ကို အခုလာမယ့် ဇန်နဝါရီလ ၈ ရက်မှာ ပြန်ဖွင့်ပေးမယ်လို့ ကြေညာထားတဲ့ တရုတ်နိုင်ငံက သူ့နိုင်ငံကိုလာမယ့် နိုင်ငံခြားသားတွေအတွက် ကိုဗစ်ကန့်သတ်ချက်တွေကိုလည်း ဖြေလျှော့ပေးထားပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံတွင်း ကိုဗစ်ကူးစက်မှုတွေ တိုးများလာတဲ့သတင်းတွေကြောင့် မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေမှာ ရောဂါကာကွယ်ရေးအဆင်သင့်ဖြစ်ပြီလား မေးခွန်းတွေထွက်ပေါ်နေတဲ့အကြောင်း ရန်ကုန် သတင်းပေးပို့တာကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံအပါအဝင် တရုတ်-ယူနန်ပြည်နယ်နဲ့ထိစပ်နေတဲ့နိုင်ငံတွေရဲ့ နယ်စပ်ဂိတ်တွေကို ဇန်နဝါရီ ၈ ရက်မှာ ပြန်ဖွင့်ပေးမယ်လို့ ယူနန်ပြည်နယ်၊ နိုင်ငံခြားရေးဌာနဘက်က ကြေညာချက်အသီးသီး ထုတ်ထားပါတယ်။ သုံးနှစ်လောက်ရပ်တန့်နေတဲ့ နယ်စပ်ကုန်သွယ်ရေးပြန်စနိုင်ဖို့ ကုန်သည်တွေကမျှော်လင့်နေကြပေမဲ့ တဘက်မှာလည်း တရုတ်နိုင်ငံထဲ ဆိုးရွားတဲ့ကိုဗစ်ကူးစက်မှုတွေကြောင့် နယ်စပ်ဂိတ်တွေ ဘယ်လိုဖြစ်လာမလဲဆိုတာ ကုန်သည်တွေက မှန်းရခက်နေပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နယ်စပ်ကုန်သွယ်ရေးက မြန်မာတာဝန်ရှိသူတွေကတော့ မြန်မာဘက်က ဖွင့်မယ်၊ မဖွင့်ဘူးဆိုတာကို ဒီနေ့အထိ အကြောင်းမပြန်သေးပါဘူး။ ဒီအခြေအနေကို စောင့်ကြည့်နေကြောင်း မူဆယ် သစ်သီးဝလံကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ စိုင်းခင်မောင်က ဗွီအိုအေကို ပြောပါတယ်။
" တရုတ်ဘက်ကတော့ သေချာတယ်။ သူတို့ကတော့ ဖွင့်မယ်လို့ပြောတယ်။ ဒါပေမဲ့ နှစ်နိုင်ငံ ဂိတ်ပေါက်ဆိုတာက နှစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တော့ တဖက်သတ်ဖွင့်လို့လည်း မရဘူး။ ဒါပေမဲ့ ၈ ရက်နေ့အထိ စောင့်ကြည့်ရမယ်။ အရပ်သားစကားနဲ့ ပြောရရင် သူတို့ ဘက်ကဖြစ်တဲ့ ရောဂါက နည်းနည်း အားပြင်းနေသေးတယ်။ ဒီဘက်ကတော့ အားပျော့သွားပြီ။ ဒါပေမဲ့ အချိန်ကာလတခုက အားလုံးကို ကုစားသွားမှာပါ။ အဓိကတော့ အားလုံးပွင့်သွားပြီ ဆိုရင်တော့ အားလုံးအဆင်ပြေသွားမှာပါ။"
မြန်မာနဲ့ထိစပ်နေတဲ့ ယူနန်ပြည်နယ်၊ ရွှေလီမြို့မှာလည်း တမြို့လုံးနီးပါး ကူးစက်နေကြောင်း မူဆယ်မြို့က ကုန်သည်တွေက ပြောပါတယ်။ ဒီနှုန်းအတိုင်းသာ ကူးစက်နေတယ်ဆိုရင် ကုန်သွယ်ရေးဂိတ်ကို ပြန်ဖွင့်တာထက် မဖွင့်တာက ပိုကောင်းကြောင်း ကုန်သည်တွေက ပြောပါတယ်။ တရုတ်ဘက်က မြန်မာတာဝန်ရှိသူတွေရဲ့ သဘောထားကို မေးမြန်းထားပေမဲ့ မြန်မာဘက်ကတော့ ဗဟိုအဆင့်ရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းဖို့ တရုတ်ဘက်ကို အကြောင်းပြန်ထားတာပါ။ မူဆယ်ကုန်သည်အသင်းရဲ့ တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။
"၈ ရက်နေ့ကျနော်တို့ဘက်က ဖွင့်ပေးမယ် ဆိုတာကတော့ နယ်စပ်အာဏာပိုင်အဆင့်နဲ့ မပြီးပါဘူးဆိုပြီး အကြောင်းပြန်ထားတယ်။ ဒါကြောင့် ကူမင်းမှာရှိတဲ့ မြန်မာသံရုံးနဲ့ ဆက် သွယ်ပြီးတော့ပဲ ဖွင့်ဖို့ကိစ္စကို ဆောင်ရွက်ပါတဲ့။ အထက်က သံတမန်ကိစ္စနဲ့ ဆောင်ရွက်ပြီးလို့ရှိရင် ကျနော်တို့ ဗဟိုအစိုးရကနေပြီးတော့ ဖွင့်မယ်၊ မဖွင့်ဘူးဆိုတာကို ညွှန်ကြားလိမ့်မယ်ပေါ့လေ။ သူတို့က တအားဖွင့်ချင်နေပြီ။ သူတို့ထဲမှာ ဆန္ဒပြတဲ့သူတွေ၊ ရွှေလီမှာဆို ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့သူတွေ အများကြီး။ စီးပွားရေး၊ ဆောက်လုပ်ရေး ကန်ထရိုက်တွေ ဘာတွေ။ ပြောရဲတာက ၈ ရက်နေ့ မဖွင့်နိုင်တော့ဘူး။"
ပြည်ဝင်ခရီးစဉ်တွေအတွက် ကိုဗစ်ကန့်သတ်ချက်တွေကိုလည်း တရုတ်က ဖြေလျှော့လိုက်ပါတယ်။ ၄၈ နာရီအတွင်း ကိုဗစ်စစ်ဆေးထားတဲ့ အထောက်အထားတခုပဲ စစ်ဆေးတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်နှစ်သစ်ကူးနီးလာချိန် တရုတ်နိုင်ငံအဝန်းမှာ ကိုဗစ်ရောဂါပိုးကူးစက်မှုတွေ၊ သေဆုံးမှုတွေက များပြားနေပါတယ်။ တရုတ်နယ်စပ်ဂိတ်တွေ ဖွင့်တာနဲ့အတူ ရောဂါကူးစက်မှုတွေအတွက် မြန်မာဘက်မှာလည် စိုးရိမ်မှုတွေ ရှိနေတာပါ။ ကျန်းမာရေး ပညာရှင်တဦးကတော့ မြန်မာနိုင်ငံအတွက် ယခင် ကိုဗစ်တတိယလှိုင်းလောက် စိုးရိမ်စရာမရှိပေမဲ့ အခြေခံ ရောဂါကာကွယ်ရေးစည်းကမ်းတွေကိုတော့ ဆက်ပြီးလိုက်နာသင့်တယ်လို့ သူကပြောပါတယ်။
"အဲဒီကောင်ကတော့ new strain သက်သက်ကြီးတော့၊ ဟိုဘက်ကပါလာတဲ့ဟာတော့ ဒီဘက်က ရှိတဲ့ဟာနဲ့တော့ new strain (ဗိုင်းရပ်စ်မျိုးကွဲသစ်) တွေတော့ ထပ်တော့ ပေါ်လာဦးမယ်ပေါ့နော်။ ကိုဗစ်ကတော့ ဘယ်လိုပြောရမလဲ စိုးရိမ်စရာ ကြီးကြီးမားမားတော့ ကျနော်တို့နိုင်ငံမှာဆိုရင် flu (တုပ်ကွေး)လိုမျိုးပဲ ကျန်ခဲ့မယ်ထင်တယ်။ ကာကွယ်ဆေးကလည်း တော်တော်များများကလည်း ထိုးထားကြတယ်၊ ကိုယ်ခံအားတွေ ကလည်း ထွက်ပြီးသားဆိုတော့လေ။ အရမ်းကြီး third wave လောက် ဆိုးဆိုးရွားရွားကြီး မဖြစ်လောက်ဘူးလို့ ကျနော်တော့ ထင်တယ်။"
မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ နိပေါ စတဲ့နိုင်ငံတွေနဲ့ နယ်စပ်ဖြေလျှော့မှုတွေကို တရုတ်ဘက်က စတင်လုပ်ဆောင် လာပေမဲ့ နိပေါနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေကတော့ တရုတ်ဘက်က ကူးစက်မှုတွေကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောထားပါတယ်။ ကမ္ဘောဒီယားဝန်ကြီးချုပ် မစ္စတာဟွန်ဆန်ကတော့ ကိုဗစ်စည်းကမ်းတွေကို တခြားနိုင်ငံရဲ့ ပုံစံအတိုင်း ထပ်တူကျလိုက်လုပ်မှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ သူ့အနေနဲ့ တရုတ်ပြည်မကြီးက ပိုပြီးအန္တရာယ်များတဲ့ ကိုရိုနာမျိုးကွဲတွေအတွက် စိုးရိမ်နေကြောင်းလည်း ဖနွမ်းပင်ပို့စ် သတင်းစာက ရေးသား၊ ဖော်ပြခဲ့ပါတယ်။
မြန်မာဘက်ကတော့ နယ်စပ်ကုန်သွယ်ရေးနဲ့ တရုတ်ရဲ့ကိုဗစ်ကူးစက်မှု ဒီနှစ်ခုကြားမှာ ဘယ်လိုအစီအမံတွေနဲ့ ဆက်လုပ်မလဲဆိုတာ စောင့်ကြည့်ရဦးမယ်လို့ နယ်စပ်စီးပွားရေးကို မှီခိုနေသူတွေက ပြောနေကြတာ ဖြစ်ပါတယ်။