သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Credit Suisse ဘဏ် အကြပ်အတည်း အစုရှယ်ယာဈေးကွက်ကို ရိုက်ခတ်


ဆွတ်ဇာလန်ဘဏ် UBS နှင့် Credit Suisse ရင်းနှီးမြှပ်နှံမှုဘဏ် တံဆိပ်များကို ဆွတ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာတွေ့ရစဉ် (မတ် ၂၀၊ ၂၀၂၃)
ဆွတ်ဇာလန်ဘဏ် UBS နှင့် Credit Suisse ရင်းနှီးမြှပ်နှံမှုဘဏ် တံဆိပ်များကို ဆွတ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာတွေ့ရစဉ် (မတ် ၂၀၊ ၂၀၂၃)

ဘဏ္ဍာရေးအကြပ်ရိုက်နေတဲ့ ဆွတ်ဇာလန်နိုင်ငံ Credit Suisse ရင်းနှီးမြှပ်နှံမှုဘဏ်ကြီးကို ဆွတ်ဇာလန်အခြေစိုက် UBS အကြီးဆုံး နိုင်ငံတကာ ဘဏ်က ဒေါ်လာ ၃ ဒသမ ၂၅ ဘီလျံနဲ့ ဝယ်ယူဖို့ သဘောတူလိုက်ပါတယ်။ နိုင်ငံတကာ ဘဏ်လုပ်ငန်း အကြပ်အတည်းရင်ဆိုင်ရတာတွေကို ဟန့်တားဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်အတွင်း တက်သုတ်ရိုက် ဆွေးနွေးပြီး အခုလို ဝယ်ယူလိုက်တာပါ။ ဒါပေမဲ့လည်း နောက်ထပ်ဘဏ်လုပ်ငန်းတွေ ပြိုလဲမှာကို စိုးရိမ်မှုတွေ ရှိနေတာကြောင့် အာရှ အစုရှယ်ယာ တန်ဖိုးတွေ ဒီနေ့ ကျဆင်းခဲ့ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဒုတိယအကြီးဆုံးဘဏ်ဖြစ်တဲ့ Credit Suisse ကို အကြီးဆုံးဘဏ် UBS က ဝယ်ယူလိုက်တာဟာ နောက်ထပ် ပြည်တွင်းနဲ့ ပြည်တွင်းရဲ့ အပြင်ကို ကျော်လာနိုင်တဲ့ စီးပွားရေးအရ ထိခိုက်နိုင်ခြေတွေကို တားဆီးဖို့ အရေးကြီးတဲ့အကြောင်း ဆွစ်ဇာလန်အစိုးရကလည်း ကြေညာချက်ထုတ်ပြန်ပါတယ်။ အမေရိကန်ပြည်ထောင်စုက ဘဏ်ကြီးနှစ်ခု ပြိုလဲခဲ့ပြီး အကြပ်အတည်းနဲ့ ရိုက်ခတ်မှုတွေ ရှိနေတဲ့အချိန် ဆွစ်ဇာလန်ဘဏ်ကို ဝယ်ယူလိုက်တဲ့သတင်းကို အမေရိကန်ပြည်ထောင်စု၊ ဂျာမနီနဲ့ ဗြိတိန်အစိုးရတွေက ကြိုဆိုလိုက်ပါတယ်။

ပြီးခဲတဲ့ သီတင်းပတ်အတွင်းကပဲ Credit Suisse ဘဏ်က ဆွစ်ဇလန်အစိုးရရဲ့ ကျားကန်မှုကို ရယူပြီး ဗဟိုဘဏ်ကနေ ဒေါ်လာ ၅၄ ဘီလျံနီးပါး ငွေချေးမယ်လို့ ကြေညာခဲ့ပြီး အစုရှယ်ယာဈေးတချို့ ပြန်တက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ရင်းနှီးမြုပ်နှံသူတွေနဲ့ ငွေကြေးအပ်နှံသူတွေအကြား စိုးရိမ်မှုတွေကတော့ ဆက်ရှိနေပါတယ်။ အစိုးရရဲ့ အကူအညီရယူမယ်လို့ ကြေညာအပြီး Credit Suisse ဘဏ်ကို အခု UBS ဘဏ်က ဝယ်ယူလိုက်ပြီဆိုတဲ့ သတင်းထွက်လာတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG