သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျပည္နယ္ဖဲြ႕စည္းပံုေရးဆဲြ ႏိုင္ဖို႔ ရွမ္းအင္အားစုေတြ ညီၫြတ္ေရး ဦးစားေပးေဆာင္ရြက္


၂ဝ၁၇ ေမလ ၄ ရက္ေန႔က ထုိင္းႏုိင္ငံ ခ်င္းမိုင္ၿမိဳ႕တြင္ ရွမ္းျပည္ညီညြတ္ေရးေကာ္မတီ CSSU အစည္းအေဝး က်င္းပခဲ့စဥ္ (ဓါတ္ပံု- NMG)

ျပည္နယ္ဖဲြ႕စည္းပံုေရးဆဲြ ႏိုင္ဖို႔ ရွမ္းအင္အားစုေတြ ညီၫြတ္ေရး ဦးစားေပးေဆာင္ရြက္

{{Zawgyi/Unicode}}

ရွမ္းျပည္ညီညြတ္ေရးေကာ္မတီ CSSU က ဖက္ဒရယ္အေျခခံမူ နဲ႔ ရွမ္းျပည္နယ္ဖဲြ႔စည္းပံုအေျခခံဥပေဒ မူၾကမ္းကို ေရးဆဲြထားၿပီး ရွမ္းျပည္နယ္ရိွ တိုင္းရင္းသားအားလံုးနဲ႔ အတူ ပူးေပါင္းအတည္ျပဳႏိုင္ဖုိ႔ ေဆာင္ရြက္ေနပါတယ္။ တစ္ခ်ိန္တည္းမွာေတာ့ ရွမ္းျပည္နယ္ဖဲြ႔စည္းပံုအေျခခံဥပေဒေပၚေပါက္ေရးအတြက္ အဟန္႔အတားျဖစ္ေစတဲ့ ရွမ္းလက္နက္ကိုင္ေတြအၾကား တိုက္ပဲြကိုလည္းရွမ္းျပည္သားအခ်င္းခ်င္း ညီညြတ္ေရးနဲ႔အတူ တၿပိဳင္တည္းေဆာင္ရြက္သြားဖို႔ ျပင္ဆင္ေနပါတယ္။ ရန္ကုန္ကလာတဲ့ ရွမ္းျပည္နယ္က ႏိုင္ငံေရးအေျခအေနေတြကို ကိုေဇာ္မိုးေက်ာ္ က တင္ျပထားပါတယ္။

ရွမ္းျပည္ညီညြတ္ေရးေကာ္မတီ CSSU က ျပည္ေထာင္စုအတြင္းရိွ တိုင္းရင္းသားေတြအားလံုး ၿငိမ္းခ်မ္းစြာ အတူတကြ ယွဥ္တဲြေနထုိင္ေရးအတြက္ ဖက္ဒရယ္ဒီမုိကေရစီ ျပည္ေထာင္စု တည္ေဆာက္ေရးကို ၾကိဳးပမ္းသြားမွာျဖစ္ေၾကာင္း ႏွစ္သစ္ကူးသ၀ဏ္လႊာမွာ ကတိျပဳေဖာ္ျပခဲ့တာပါ။

လတ္တေလာ ဖက္ဒရယ္ဒီမုိကေရစီ ျပည္ေထာင္စု တည္ေဆာက္ေရးနဲ႔ ပတ္သက္ၿပီး CSSU ရဲ့ ေဆာင္ရြက္ခ်က္ေတြကို ေကာ္မတီ အတြင္းေရးမႈးခ်ဳပ္ ဦးစိုင္းလိတ္က VOA ကို အခုလုိေျပာပါတယ္။

“ က်ေနာ္တို႔ ေရးဆဲြထားတာေတာ့ ႏွစ္ပိုင္းရိွတယ္ဗ်။ ဖက္ဒရယ္ေရးဆဲြေရး အေျခခံမူေပါ့ေနာ္။ ေနာက္တစ္ခုက ရွမ္းျပည္နယ္ဖဲြ႔စည္းပံု အေျခခံဥပေဒေပါ့။ အဲဒီ ၂ခုကို CSSU အတြင္းေရးမႈးအဖဲြ႔အေနနဲ႔ ဒီဇင္ဘာလ ၂၈ရက္ေန႔မွာ အတည္ျပဳလုိက္တာပါခင္ဗ်။ အခု ဆက္လက္လုပ္မယ့္ အပိုင္းကေတာ့ အဲဒီ ၂ခုကို ရွမ္းျပည္ထဲမွာရိွတဲ့ CSO အဖဲြ႔အစည္း၊ ႏိုင္ငံေရးပါတီ၊ ၿပီးေတာ့ EAO အဖဲြ႔အစည္းေတြေပါ့ေနာ္။ သြားေရာက္တင္ျပမယ္။ ၿပီးလို႔ ရိွရင္ေတာ့ ရွမ္းျပည္တုိင္းရင္းသားအကုန္လံုးပါ၀င္တဲ့ အစုအဖဲြ႔ေတြနဲ႔ ဒီဖဲြ႔စည္းပံုအေျခခံဥပေဒ ၀ိုင္း၀န္းေရးဆဲြႏိုင္ဖို႔ကို ဆက္လက္ ၾကိဳးပမ္းသြားမွာပါ။ ”

ရွမ္းျပည္ညီညြတ္ေရးေကာ္မတီ CSSU မွာ ရွမ္းႏိုင္ငံေရးပါတီ၊ ရွမ္းလက္နက္ကိုင္အဖဲြ႔ေတြနဲ႔ ရွမ္းအရပ္ဘက္အဖဲြ႔အစည္းေတြ ပူးေပါင္းပါ၀င္ေနတာပါ။

လက္ရိွအခ်ိန္မွာ CSSU အဖဲြ႔၀င္ေတြျဖစ္တဲ့ SSPP ရွမ္းျပည္တိုးတက္ေရးပါတီနဲ႔ RCSS ရွမ္းျပည္ျပန္လည္ထူေထာင္ေရးပါတီတို႔ရဲ့ တပ္ေတြအၾကားမွာ တိုက္ပဲြေတြ ျဖစ္ပြားေနပါတယ္။

ဒါဟာ လက္ရိွေဆာင္ရြက္ေနတဲ့ လုပ္ငန္းစဥ္အေပၚ အဟန္႔အတားျဖစ္ေစေၾကာင္း ဦးစိုင္းလိတ္က သံုးသပ္ၿပီး ရွမ္းအမ်ိဳးသားအခ်င္းခ်င္းအၾကားညီညြတ္ေရးနဲ႔ ရွမ္းျပည္သားအခ်င္းခ်င္း ညီညြတ္ေရးကို တၿပိဳင္တည္း ေဆာင္ရြက္သြားမယ္လုိ႔လည္း အခုလို ဆက္ေျပာပါတယ္။

“ ရွမ္းအမ်ိဳးသားအခ်င္းခ်င္းညီညြတ္ေရးကို တည္ေဆာင္ၿပီးမွ ရွမ္းျပည္တြင္း ညီညြတ္ေရးကို ဆက္ၿပီး တည္ေဆာက္မယ္ဆုိရင္လည္း အခ်ိန္က တအားၾကီးေနာက္က်သြားႏိုင္စရာရိွတယ္။ အဲဒါေၾကာင့္ ရွမ္းအမ်ိဳးသားအခ်င္းခ်င္း ညီညြတ္ေရးနဲ႔ ရွမ္းျပည္တြင္း ညီညြတ္ေရးကို တစ္ခ်ိန္တည္း တစ္ၿပိဳင္တည္း လုပ္သြားဖို႔ကို က်ေနာ္တုိ႔ စတင္ၿပီး ေျခလွမ္း လွမ္းေနပါတယ္ခင္ဗ်။ အခုျဖစ္ေနတဲ့ တိုက္ပဲြကို အျမန္ဆံုး ရပ္တန္႔ဖို႔ အတြက္ကို က်ေနာ္တုိ႔ အတြင္းေရးမႈးအဖဲြ႔ကေနၿပီးေတာ့မွ သက္ဆုိင္ရာအဖဲြ႔ ၂ဖဲြ႔စလံုးကို ေတာင္းဆိုထားပါတယ္ခင္ဗ်။ အဓိကကေတာ့ ႏိုင္ငံေရးကိစၥကို ေဆြးေႏြးမယ္ဆုိရင္ စစ္ေရးပဋိပကၡကို အရင္ဆံုး ေျဖရွင္းရမွာေပါ့ေနာ္။ အခုက ၂ဘက္စလံုးကလည္း ေတြ႔ဆံုေဆြးေႏြးဖို႔အတြက္ကို စတင္ ေျခလွမ္းလွမ္းေနၿပီလို႔ က်ေနာ္တုိ႔ သိရပါတယ္။ ”

SSPP ရွမ္းျပည္တိုးတက္ေရးပါတီနဲ႔ RCSS ရွမ္းျပည္ျပန္လည္ထူေထာင္ေရးပါတီအၾကား တုိက္ပဲြေတြဟာ ၂၀၁၅ခုႏွစ္က စတင္ျပင္းထန္လာတာပါ။

ဒီရက္ပိုင္းအတြင္း ျဖစ္ပြားေနတဲ့ တုိက္ပဲြေတြေၾကာင့္ ရွမ္းျပည္နယ္ေတာင္ပိုင္း မိုင္းကိုင္ၿမိဳ႔ကို စစ္ေျပးဒုကၡသည္ ၂ေထာင္နီးပါး ေရာက္ရိွလာေနပါတယ္။

“ မေန႔က update စာရင္းေတာ့ စစ္ေဘးေရွာင္က ၂ေထာင္ ၀န္းက်င္ေလာက္ ရိွမယ္ ထင္တယ္ဗ်။ ဒီေန႔လည္း တခ်ိဳ႔ရြာေတြက ထပ္ေရႊ႔လာတယ္လို႔ ေျပာတယ္ခင္ဗ်။ က်ေနာ္တုိ႔ ၿမိဳ႔ အေရွ႔ဘက္ျခမ္းက ရြာေတြေလ။ အခုထပ္၀င္လာတယ္ ေျပာတယ္။ အခုစစ္ေရွာင္ေတြက ၿမိဳ႔နဲ႔ ၆မိုင္၊ ၆မုိင္၀န္းက်င္ရိွတဲ့ ၿမိဳ႔ရဲ့ ေျမာက္ဖက္ ရြာေတြရယ္၊ ၿပီးက်ေတာ့ ၿမိဳ႔ ရဲ့ အေရွ႔ဖက္ ရြာေတြေပ့ါေနာ္။”

ဒါကေတာ့ မိုင္းကိုင္ၿမိဳ႔က စစ္ေရွာင္ေတြကို ကူညီသူ တစ္ဦးက ေျပာတာပါ။ ေလာေလာဆည္မွာ စစ္ေဘးဒုကၡသည္ေတြကို ဘုန္းေတာ္ၾကီးေက်ာင္းေတြမွာ ေနရာခ်ထားေပးၿပီး ဆန္၊ဆီ၊ ဆား စတဲ့စားနပ္ရိကၡာနဲ႔ အေႏြးထည္ေတြ လုိအပ္ေနသလို ကိုဗစ္ကာကြယ္ေရးအတြက္ က်န္းမာေရး အသံုးအေဆာင္ေတြ လိုအပ္ေနပါတယ္။

မိုင္းကိုင္ၿမိဳ႔နယ္အတြင္းတိုက္ပဲြေတြဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလေလာက္က စတင္ျဖစ္ပြားခဲ့တာပါ။

ဒီလို ရွမ္းတပ္ဖဲြ႔ ၂ဖဲြ႔အၾကား ျဖစ္ပြားတဲ့ တိုက္ပဲြေတြ ရပ္ဆုိင္းဖုိ႔ကို ရွမ္းသံဃာေတာ္ေတြ၊ အရပ္ဘက္အဖဲြ႔အစည္းေတြ၊ ႏိုင္ငံေရးပါတီေတြနဲ႔ ေဒသခံ ျပည္သူေတြက မၾကာခန ေတာင္းဆုိထားတာလည္း ရိွခဲ့ပါတယ္။

.......................................

တိုက္႐ိုက္ လင့္ခ္


ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲ နိုင်ဖို့ ရှမ်းအင်အားစုတွေ ညီညွတ်ရေး ဦးစားပေးဆောင်ရွက်

{{Unicode}}

ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU က ဖက်ဒရယ်အခြေခံမူ နဲ့ ရှမ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ရေးဆွဲထားပြီး ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားအားလုံးနဲ့ အတူ ပူးပေါင်းအတည်ပြုနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ တစ်ချိန်တည်းမှာတော့ ရှမ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးအတွက် အဟန့်အတားဖြစ်စေတဲ့ ရှမ်းလက်နက်ကိုင်တွေအကြား တိုက်ပွဲကိုလည်း ရှမ်းပြည်သားအချင်းချင်း ညီညွတ်ရေးနဲ့အတူ တပြိုင်တည်းဆောင်ရွက်သွားဖို့ ပြင်ဆင်နေပါတယ်။ ရန်ကုန်ကလာတဲ့ ရှမ်းပြည်နယ်က နိုင်ငံရေးအခြေအနေတွေကို ကိုဇော်မိုးကျော် က တင်ပြထားပါတယ်။

ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU က ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားတွေအားလုံး ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ကြိုးပမ်းသွားမှာဖြစ်ကြောင်း နှစ်သစ်ကူးသဝဏ်လွှာမှာ ကတိပြုဖော်ပြခဲ့တာပါ။

လတ်တလော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး CSSU ရဲ့ ဆောင်ရွက်ချက်တွေကို ကော်မတီ အတွင်းရေးမှုးချုပ် ဦးစိုင်းလိတ်က VOA ကို အခုလိုပြောပါတယ်။

“ ကျနော်တို့ ရေးဆွဲထားတာတော့ နှစ်ပိုင်းရှိတယ်ဗျ။ ဖက်ဒရယ်ရေးဆွဲရေး အခြေခံမူပေါ့နော်။ နောက်တစ်ခုက ရှမ်းပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ့။ အဲဒီ ၂ခုကို CSSU အတွင်းရေးမှုးအဖွဲ့အနေနဲ့ ဒီဇင်ဘာလ ၂၈ရက်နေ့မှာ အတည်ပြုလိုက်တာပါခင်ဗျ။ အခု ဆက်လက်လုပ်မယ့် အပိုင်းကတော့ အဲဒီ ၂ခုကို ရှမ်းပြည်ထဲမှာရှိတဲ့ CSO အဖွဲ့အစည်း၊ နိုင်ငံရေးပါတီ၊ ပြီးတော့ EAO အဖွဲ့အစည်းတွေပေါ့နော်။ သွားရောက်တင်ပြမယ်။ ပြီးလို့ ရှိရင်တော့ ရှမ်းပြည်တိုင်းရင်းသားအကုန်လုံးပါဝင်တဲ့ အစုအဖွဲ့တွေနဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ဝိုင်းဝန်းရေးဆွဲနိုင်ဖို့ကို ဆက်လက် ကြိုးပမ်းသွားမှာပါ။ ”

ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU မှာ ရှမ်းနိုင်ငံရေးပါတီ၊ ရှမ်းလက်နက်ကိုင်အဖွဲ့တွေနဲ့ ရှမ်းအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်နေတာပါ။

လက်ရှိအချိန်မှာ CSSU အဖွဲ့ဝင်တွေဖြစ်တဲ့ SSPP ရှမ်းပြည်တိုးတက်ရေးပါတီနဲ့ RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီတို့ရဲ့ တပ်တွေအကြားမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ဒါဟာ လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်အပေါ် အဟန့်အတားဖြစ်စေကြောင်း ဦးစိုင်းလိတ်က သုံးသပ်ပြီး ရှမ်းအမျိုးသားအချင်းချင်းအကြားညီညွတ်ရေးနဲ့ ရှမ်းပြည်သားအချင်းချင်း ညီညွတ်ရေးကို တပြိုင်တည်း ဆောင်ရွက်သွားမယ်လို့လည်း အခုလို ဆက်ပြောပါတယ်။

“ ရှမ်းအမျိုးသားအချင်းချင်းညီညွတ်ရေးကို တည်ဆောင်ပြီးမှ ရှမ်းပြည်တွင်း ညီညွတ်ရေးကို ဆက်ပြီး တည်ဆောက်မယ်ဆိုရင်လည်း အချိန်က တအားကြီးနောက်ကျသွားနိုင်စရာရှိတယ်။ အဲဒါကြောင့် ရှမ်းအမျိုးသားအချင်းချင်း ညီညွတ်ရေးနဲ့ ရှမ်းပြည်တွင်း ညီညွတ်ရေးကို တစ်ချိန်တည်း တစ်ပြိုင်တည်း လုပ်သွားဖို့ကို ကျနော်တို့ စတင်ပြီး ခြေလှမ်း လှမ်းနေပါတယ်ခင်ဗျ။ အခုဖြစ်နေတဲ့ တိုက်ပွဲကို အမြန်ဆုံး ရပ်တန့်ဖို့ အတွက်ကို ကျနော်တို့ အတွင်းရေးမှုးအဖွဲ့ကနေပြီးတော့မှ သက်ဆိုင်ရာအဖွဲ့ ၂ဖွဲ့စလုံးကို တောင်းဆိုထားပါတယ်ခင်ဗျ။ အဓိကကတော့ နိုင်ငံရေးကိစ္စကို ဆွေးနွေးမယ်ဆိုရင် စစ်ရေးပဋိပက္ခကို အရင်ဆုံး ဖြေရှင်းရမှာပေါ့နော်။ အခုက ၂ဘက်စလုံးကလည်း တွေ့ဆုံဆွေးနွေးဖို့အတွက်ကို စတင် ခြေလှမ်းလှမ်းနေပြီလို့ ကျနော်တို့ သိရပါတယ်။ ”

SSPP ရှမ်းပြည်တိုးတက်ရေးပါတီနဲ့ RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီအကြား တိုက်ပွဲတွေဟာ ၂၀၁၅ခုနှစ်က စတင်ပြင်းထန်လာတာပါ။

ဒီရက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့ကို စစ်ပြေးဒုက္ခသည် ၂ထောင်နီးပါး ရောက်ရှိလာနေပါတယ်။

“ မနေ့က update စာရင်းတော့ စစ်ဘေးရှောင်က ၂ထောင် ဝန်းကျင်လောက် ရှိမယ် ထင်တယ်ဗျ။ ဒီနေ့လည်း တချို့ရွာတွေက ထပ်ရွှေ့လာတယ်လို့ ပြောတယ်ခင်ဗျ။ ကျနော်တို့ မြို့ အရှေ့ဘက်ခြမ်းက ရွာတွေလေ။ အခုထပ်ဝင်လာတယ် ပြောတယ်။ အခုစစ်ရှောင်တွေက မြို့နဲ့ ၆မိုင်၊ ၆မိုင်ဝန်းကျင်ရှိတဲ့ မြို့ရဲ့ မြောက်ဖက် ရွာတွေရယ်၊ ပြီးကျတော့ မြို့ ရဲ့ အရှေ့ဖက် ရွာတွေပေ့ါနော်။”

ဒါကတော့ မိုင်းကိုင်မြို့က စစ်ရှောင်တွေကို ကူညီသူ တစ်ဦးက ပြောတာပါ။ လောလောဆည်မှာ စစ်ဘေးဒုက္ခသည်တွေကို ဘုန်းတော်ကြီးကျောင်းတွေမှာ နေရာချထားပေးပြီး ဆန်၊ဆီ၊ ဆား စတဲ့စားနပ်ရိက္ခာနဲ့ အနွေးထည်တွေ လိုအပ်နေသလို ကိုဗစ်ကာကွယ်ရေးအတွက် ကျန်းမာရေး အသုံးအဆောင်တွေ လိုအပ်နေပါတယ်။

မိုင်းကိုင်မြို့နယ်အတွင်းတိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလလောက်က စတင်ဖြစ်ပွားခဲ့တာပါ။

ဒီလို ရှမ်းတပ်ဖွဲ့ ၂ဖွဲ့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ကို ရှမ်းသံဃာတော်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ဒေသခံ ပြည်သူတွေက မကြာခန တောင်းဆိုထားတာလည်း ရှိခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG