သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျူးဘားမှာ ဒေသန္တရာအုပ်ချုပ်ရေးပိုင်း ရွေးကောက်ပွဲကျင်းပ


ကျူးဘားနိုင်ငံမှာ ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ ရွေးကောက်ပွဲတွေ ကျင်းပနေပါတယ်။ ဒါဟာ ကွယ်လွန်သူ ကျူးဘားခေါင်းဆောင်ဟောင်း Fidel Castro ရဲ့ အုပ်ချုပ်မှု ယန္တရားကို အဆုံးသတ်စေမယ့် ပထမဆုံး ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။

လက်ရှိ အာဏာရ ကွန်မြူနစ်ပါတီက ကြီးကြပ် ဆောင်ရွက်တဲ့ ဒီရွေးကောက်ပွဲတွေကိုတော့ ခေါင်းဆောင်ဟောင်း Castro ကွယ်လွန်ခြင်း တနှစ်ပြည့်ပြီး နောက်တနေ့မှာ ကျင်းပတာလည်း ဖြစ်ပါတယ်။

ကောင်စီ နေရာပေါင်း ၁၂,၅၀၀ အတွက် တနင်္ဂနွေနေ့က ကျင်းပတဲ့ ဒီရွေးကောက်ပွဲတွေမှာ အတိုက်အခံ ကိုယ်စားလှယ် တဦးတယောက်မှ ပါဝင်ခြင်း မရှိပေမယ့် မဲဆန္ဒရှင်တွေအနေနဲ့ ရပ်/ကျေး စည်းဝေးပွဲတွေကနေ တခဲနက် ရွေးချယ်လိုက်ကြတဲ့ ကိုယ်စားလှယ်ပေါင်း ၃၀,၀၀၀ ထဲက မိမိ ကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်ကို မေးပေး ရွေးချယ်ခွင့် ရကြမှာ ဖြစ်ပါတယ်။

ဒီ ဒေသန္တရ ရွေးကောက်ပွဲတွေဟာ တင်းကျပ်စွာ ထိန်းချုပ်ထားတဲ့ ကျူးဘားနိုင်ငံက တခုထဲသော တိုက်ရိုက် ရွေးချယ်တင်မြောက်တဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။ ဒီကနေမှ ပိုပြီး အဆင့်မြင့်တဲ့ အစိုးရအဖွဲ့ နေရာတွေအတွက် ရွေးချယ်ကြမှာ ဖြစ်ပါတယ်။

လက်ရှိသမ္မတ Raul Castro နေရာမှာ အစားထိုး တာဝန်ထမ်းဆောင့် ခေါင်းဆောင်သစ်ကိုတော့ ဖေဖော်ဝါရီလမှာ ကျင်းပဖို့ရှိတဲ့ စီရင်စုနဲ့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲတွေကနေ အဆုံးအဖြတ်ပေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG