သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရားေဟာဆရာ ေဒးဗစ္လား စတင္ တရားရင္ဆုိင္ရၿပီ


ရန္ကုန္ၿမိဳ႕ မရမ္းကုန္းၿမိဳ႕နယ္ တရား႐ုံးမွာ ရံုးထုတ္ခံခဲ့ရတဲ့ တရားေဟာဆရာ ေဒးဗစ္လား (ေမ ၂၀၊ ၂၀၂၀)

(Zawgyi/Unicode)

COVID-19 ကပ္ေဘးေၾကာင့္ လူစုလူေဝးလုပ္တာတားျမစ္ထားခ်ိန္ ဘာသာေရးအခမ္းအနား တစ္ခုလုပ္လို႔ အမႈဖြင့္ခံထားရတဲ့ တရားေဟာဆရာ ေဒးဗစ္လားကို ဒီေန႔မွာ ရန္ကုန္ၿမိဳ႕ မရမ္းကုန္းၿမိဳ႕နယ္ တရား႐ုံးမွာ ႐ုံးထုတ္ခဲ့တာ ေျပာျပေပးပါမယ္။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက တင္ဆက္ေပးထားပါတယ္။

ကိုဗစ္ကပ္ေရာဂါကာလအတြင္း လူစုလူေဝး မလုပ္ဖို႔ တားျဖစ္ထားခ်က္ကို ေဖာက္ဖ်က္ခဲ့လို႔ အမႈဖြင့္ခံထားရတဲ့ တရားေဟာဆရာ ေဒးဗစ္လားကို ဒီကေန႔မွာ ရန္ကုန္ၿမိဳ႕ မရမ္းကုန္းၿမိဳ႕နယ္တရား႐ုံးမွာ ပထမဆုံးအႀကိမ္ ႐ုံးထုတ္ခဲ့တာပါ။ တရား႐ုံးကေန ခ်ဳပ္ရက္ ရမန္ ၂ ပတ္ ယူၿပီး အင္းစိန္ေထာင္ကို ပို႔လိုက္တယ္လို႔ မရမ္းကုန္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွ တာဝန္က် အရာရွိ တဦးက ဗြီအိုေအကိုေျပာပါတယ္။တရားေဟာဆရာနဲ႔ အတူ တရားစြဲခံထားရတဲ့ ဦးေဝထြန္း(နဝရတ္ေတး သံသြင္း) ကေတာ့ က်န္းမာေရး မေကာင္းေသးတာမို႔ ေဆး႐ုံက မဆင္းရေသးဘဲ တကယ္လို႔ ေဆး႐ုံက ဆင္းလာရင္ အခုလိုပဲ အေရးယူသြားမွာလို႔ ေျပာ ပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီ ၁၄ ရက္က တရားေဟာဆရာ ေဒးဗစ္လားအပါအဝင္ ၄ ဦးကို COVID ကာလအတြင္း ႏိုင္ငံေတာ္က ခ်မွတ္ထားတဲ့ လူစုလူေဝး မျပဳလုပ္ရဆိုတဲ့ အမိန႔္ကို ခ်ိဳးေဖာက္ခါ ဘာသာေရးပြဲတစ္ခုကိုက်င္းပျပဳလုပ္ခဲ့လို႔ မရမ္းကုန္းၿမိဳ႕နယ္ (၇)ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးရဲဝင္းေအာင္က တရားေဟာဆရာေဒးဗစ္လား နဲ႔ ဦးေဝထြန္း(နဝရတ္ေတးသံသြင္း) တို႔ကို တိုင္းအစိုးရ ကိုယ္စား တရားစြဲခဲ့ပါတယ္။

လက္ရွိမွာ ျမန္မာႏိုင္ငံမွာ ကိုဗစ္ ေရာဂါကူးစက္ခံရသူ အေယာက္ ၂၀၀ နီးပါးရွိေနၿပီး အဲဒီထဲက ထက္ဝက္ေက်ာ္ဟာ ျမန္မာျပည္ဖြား ကေနဒါႏိုင္ငံသား ခံယူထားသူ တရားေဟာဆရာ ေဒးဗစ္လားရဲ႕ ဒီတရားပြဲက်င္းပရာကေန ကူးစက္ခံရတဲ့ အုပ္စုလိုက္ကူးစက္မႈ ျဖစ္ပါတယ္။

ဒီလို အုပ္စုလိုက္ကူးစက္ခံရတာနဲ႔ ပတ္သတ္လို႔ တရားေဟာဆရာနဲ႔ ပတ္သတ္ၿပီး ျမန္မာလူမႈကြန္ယက္ေတြေပၚမွာ ေဝဖန္ေျပာဆိုမႈေတြ အေတာ္ေလး ရွိခဲ့တာပါ။ သူဟာ ဒုသမၼတ ဇနီးအပါအဝင္ ေနျပည္ေတာ္က ခရစ္ယာန္ဘာသာဝင္ အစိုးရအရာရွိႀကီးေတြနဲ႔လည္း ရင္းႏွီးသူျဖစ္တာမို႔ သူ႔ကို တကယ္ပဲ အေရးယူပါ့မလားဆိုတာလည္း ေမးခြန္းေတြျဖစ္ခဲ့ပါတယ္။

ခရစ္ယာန္ ဆရာေတာ္တပါးလည္းျဖစ္ က်မ္းစာျပဳစုသူ တဦးျဖစ္တဲ့ လူငယ္သင္းအုပ္ ဆရာမန္ပီးကေတာ့ အခုလို တရားစြဲခံရမႈနဲ႔ ပတ္သတ္လို႔ တရားေရးရဲ႕ ဆုံးျဖတ္မႈကို အေလးထား သြားမွာျဖစ္ေပမယ့္ လတ္တေလာ ဒီအေရးယူမႈကေန ဘာသာေရးဆိုင္ရာထိပါးမႈေတြ မျဖစ္လာဖို႔ သူကေမွ်ာ္လင့္ေနပါတယ္။

"က်ေနာ္အေနနဲ႔ ျမန္မာတရားစီရင္ေရးက ဘယ္လိုပဲ ရွိရွိ။ တခ်ိဳ႕က အမႈမေပၚတာျဖစ္တာလည္းရွိတယ္။ ဒီလို ျဖစ္တာကေတာ့ ဘုရားသခင္အလိုေတာ္အတိုင္းပါပဲ။ ႐ိုးသားစြာျမင္တာကေတာ့ ဒါကႏိုင္ငံေရးႏြယ္မယ္ ထင္တယ္။ ဘယ္သူမဆိုေရာဂါျဖစ္ခ်င္လို႔ေတာ့ ဘုရားရွိခိုးပြဲ လုပ္တာမဟုတ္ဘူး။ ေနာက္လူ ၂၀ ပဲဆိုတာက ဒါက ပြဲမဟုတ္ဘူး။ ဘာသာေရးဆိုင္ရာ မိသားစုဆုေတာင္းပြဲ သတ္သတ္ပဲ ျဖစ္တယ္။ ဥပေဒခ်ိဳးေဖာက္တာ၊ မေဖာက္တာကေတာ့ တရား႐ုံးက ဆက္ေျဖတာပဲ ေကာင္းပါလိမ့္မယ္။"

လူမႈသဟဇာတ ေဖာ္ေဆာင္ေရးအဖြဲ႕မွ ဦးသက္ေဆြဝင္းကေတာ့ ကိုဗစ္ ေရာဂါနဲ႔ ပတ္သတ္ၿပီး အေရးယူတာမွာ ေက်ာသားရင္သား ခြဲျခားအေရးယူတာမ်ိဳး မျဖစ္ေစရေအာင္ ဥပေဒဘက္က တိတိက်က် ပြင့္ပြင့္လင္းလင္းေဖာ္ျပႏိုင္ဖို႔ က တရားေရးရဲ႕ဆင္ျခင္တုံတရားကေန အဆုံးအျဖတ္ေပးသြားမွာ ျဖစ္သလို လက္ရွိ အေျခအေနမွာ အာဏာရပါတီအေနနဲ႔ သိမ့္ေမြ႕စြာ ကိုင္တြယ္တတ္ဖို႔ ေထာက္ျပသြားပါတယ္။

"အစိုးရျပႆနာက မကိုင္ဘူးဆိုရင္ ဒီလိုဟာေတြကိုပါမကိုင္နဲ႔။ အေရွ႕မွာ ေကစ္ ၂ခုကိုေထာင္ခ်ထားတယ္။ ဒီကိစၥကို မကိုင္ရင္လည္း ျပႆနာရွိတယ္။ ဘယ္လိုကိုင္ရမလဲ ဆိုတာ ကြန္ထ႐ိုဗာရွယ္ တခုျဖစ္သြားတယ္။ တရားဥပေဒကို မွတ္ေက်ာက္တင္ရမယ့္ case ျဖစ္သြားမယ္။ ေဒးဗစ္လားကိုက ခရစ္ယာန္ အမ်ားစုက လက္မခံဘူး၊ ျပႆနာဘာေတြ႕လဲ ဆို ဒီၾကားထဲ ဗုဒဘာသာနဲ႔ ခရစ္ယာန္ၾကား ျပႆနာျဖစ္လာတယ္။ ေဒးဗစ္လားကိုဘဲ ဦးတည္ေျပာတာ မဟုတ္ေတာ့ဘဲ ဘာသာေရးကို ပါလာတယ္။ ဘာသာေရးပဋိပကျဖစ္ဖို႔ အလားအလာမ်ားလာတယ္။ ဘာသာေရးအဖြဲ႕ အႀကီးအကဲေတြက ဝင္ထိန္းဖို႔ လိုမယ္ထင္တယ္။"

ရန္ကုန္ၿမိဳ႕ မရမ္းကုန္းၿမိဳ႕နယ္ တရား႐ုံးမွာ ရံုးထုတ္ခံခဲ့ရတဲ့ တရားေဟာဆရာ ေဒးဗစ္လား (ေမ ၂၀၊ ၂၀၂၀)
ရန္ကုန္ၿမိဳ႕ မရမ္းကုန္းၿမိဳ႕နယ္ တရား႐ုံးမွာ ရံုးထုတ္ခံခဲ့ရတဲ့ တရားေဟာဆရာ ေဒးဗစ္လား (ေမ ၂၀၊ ၂၀၂၀)

ကိုဗစ္ ေရာဂါကူးစက္ခံေနရတဲ့ ၿပီးခဲ့တဲ့ ဧၿပီလနဲ႔ မတ္လ အတြင္းမွာ ထားဝယ္ခ႐ိုင္ ေရျဖဴၿမိဳ႕နယ္ မွာ ဘုန္းႀကီးပ်ံပြဲလုပ္ခဲ့သူ ေတြနဲ႔ ေနအိမ္အတြင္း လူစုလူေဝးနဲ႔ ဘာသာေရးဝတ္ျပဳဆုေတာင္းခဲ့တဲ့ မႏၲေလးၿမိဳ႕၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္က အစၥလမ္ဘာသာဝင္တို႔ကို သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈ ဥေပဒ ပုဒ္မ ၃၀ (က)နဲ႔ အေရးယူကာ တရား႐ုံးက ေထာင္ဒဏ္ျပစ္ဒဏ္ ခ်မွတ္ခဲ့ဖူးပါတယ္။

တည္ဆဲ ၂၀၁၃ ခုႏွစ္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ ပုဒ္မ ၂၅ အရ ဘယ္သူမဆို ဆန္းစစ္ခ်က္မျပဳလုပ္ဘဲနဲ႔ ေပါ့ဆစြာ ေဆာင္႐ြက္တာ၊ ေဘးအႏၲရာယ္ တခုခု က်ႏိုင္တာကို သိလို႔ ျဖစ္ေစ တမင္လုပ္လို႔ျဖစ္ေစ သဘာဝေဘးအႏၲရာယ္ျဖစ္ခဲ့ရတာ ဒါမွမဟုတ္ျဖစ္ဖို႔ အေထာက္အပံ့ေပးတာျဖစ္ခဲ့တယ္ဆို ဒီလိုလုပ္ေဆာင္ သူကိုေထာင္ဒဏ္ ၃ ႏွစ္ထက္ မပိုတဲ့ ေထာင္ဒဏ္၊ ေနာက္ၿပီး ေထာင္ဒဏ္နဲ႔အတူ ေငြဒဏ္ကိုလည္း ေပးႏိုင္တယ္လို႔ ျပဌာန္းထားပါတယ္။

တရားေဟာဆရာ ေဒးဗစ္လား စတင္ တရားရင္ဆုိင္ရၿပီ
please wait

No media source currently available

0:00 0:04:39 0:00
တိုက္႐ိုက္ လင့္ခ္


[Unicode Version]

တရားဟောဆရာ ဒေးဗစ်လား စတင် တရားရင်ဆိုင်ရပြီ

COVID-19 ကပ်ဘေးကြောင့် လူစုလူဝေးလုပ်တာတားမြစ်ထားချိန် ဘာသာရေးအခမ်းအနား တစ်ခုလုပ်လို့ အမှုဖွင့်ခံထားရတဲ့ တရားဟောဆရာ ဒေးဗစ်လားကို ဒီနေ့မှာ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့တာ ပြောပြပေးပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက တင်ဆက်ပေးထားပါတယ်။

ကိုဗစ်ကပ်ရောဂါကာလအတွင်း လူစုလူဝေး မလုပ်ဖို့ တားဖြစ်ထားချက်ကို ဖောက်ဖျက်ခဲ့လို့ အမှုဖွင့်ခံထားရတဲ့ တရားဟောဆရာ ဒေးဗစ်လားကို ဒီကနေ့မှာ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တာပါ။ တရားရုံးကနေ ချုပ်ရက် ရမန် ၂ ပတ် ယူပြီး အင်းစိန်ထောင်ကို ပို့လိုက်တယ်လို့ မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ကျ အရာရှိ တဦးက ဗွီအိုအေကိုပြောပါတယ်။တရားဟောဆရာနဲ့ အတူ တရားစွဲခံထားရတဲ့ ဦးဝေထွန်း(နဝရတ်တေး သံသွင်း) ကတော့ ကျန်းမာရေး မကောင်းသေးတာမို့ ဆေးရုံက မဆင်းရသေးဘဲ တကယ်လို့ ဆေးရုံက ဆင်းလာရင် အခုလိုပဲ အရေးယူသွားမှာလို့ ပြော ပါတယ်။

ရန္ကုန္ၿမိဳ႕ မရမ္းကုန္းၿမိဳ႕နယ္ တရား႐ုံးမွာ ရံုးထုတ္ခံခဲ့ရတဲ့ တရားေဟာဆရာ ေဒးဗစ္လား (ေမ ၂၀၊ ၂၀၂၀)
ရန္ကုန္ၿမိဳ႕ မရမ္းကုန္းၿမိဳ႕နယ္ တရား႐ုံးမွာ ရံုးထုတ္ခံခဲ့ရတဲ့ တရားေဟာဆရာ ေဒးဗစ္လား (ေမ ၂၀၊ ၂၀၂၀)

ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်က တရားဟောဆရာ ဒေးဗစ်လားအပါအဝင် ၄ ဦးကို COVID ကာလအတွင်း နိုင်ငံတော်က ချမှတ်ထားတဲ့ လူစုလူဝေး မပြုလုပ်ရဆိုတဲ့ အမိန့်ကို ချိုးဖောက်ခါ ဘာသာရေးပွဲတစ်ခုကိုကျင်းပပြုလုပ်ခဲ့လို့ မရမ်းကုန်းမြို့နယ် (၇)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းအောင်က တရားဟောဆရာဒေးဗစ်လား နဲ့ ဦးဝေထွန်း(နဝရတ်တေးသံသွင်း) တို့ကို တိုင်းအစိုးရ ကိုယ်စား တရားစွဲခဲ့ပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံမှာ ကိုဗစ် ရောဂါကူးစက်ခံရသူ အယောက် ၂၀၀ နီးပါးရှိနေပြီး အဲဒီထဲက ထက်ဝက်ကျော်ဟာ မြန်မာပြည်ဖွား ကနေဒါနိုင်ငံသား ခံယူထားသူ တရားဟောဆရာ ဒေးဗစ်လားရဲ့ ဒီတရားပွဲကျင်းပရာကနေ ကူးစက်ခံရတဲ့ အုပ်စုလိုက်ကူးစက်မှု ဖြစ်ပါတယ်။

ဒီလို အုပ်စုလိုက်ကူးစက်ခံရတာနဲ့ ပတ်သတ်လို့ တရားဟောဆရာနဲ့ ပတ်သတ်ပြီး မြန်မာလူမှုကွန်ယက်တွေပေါ်မှာ ဝေဖန်ပြောဆိုမှုတွေ အတော်လေး ရှိခဲ့တာပါ။ သူဟာ ဒုသမ္မတ ဇနီးအပါအဝင် နေပြည်တော်က ခရစ်ယာန်ဘာသာဝင် အစိုးရအရာရှိကြီးတွေနဲ့လည်း ရင်းနှီးသူဖြစ်တာမို့ သူ့ကို တကယ်ပဲ အရေးယူပါ့မလားဆိုတာလည်း မေးခွန်းတွေဖြစ်ခဲ့ပါတယ်။

ခရစ်ယာန် ဆရာတော်တပါးလည်းဖြစ် ကျမ်းစာပြုစုသူ တဦးဖြစ်တဲ့ လူငယ်သင်းအုပ် ဆရာမန်ပီးကတော့ အခုလို တရားစွဲခံရမှုနဲ့ ပတ်သတ်လို့ တရားရေးရဲ့ ဆုံးဖြတ်မှုကို အလေးထား သွားမှာဖြစ်ပေမယ့် လတ်တလော ဒီအရေးယူမှုကနေ ဘာသာရေးဆိုင်ရာထိပါးမှုတွေ မဖြစ်လာဖို့ သူကမျှော်လင့်နေပါတယ်။

"ကျနော်အနေနဲ့ မြန်မာတရားစီရင်ရေးက ဘယ်လိုပဲ ရှိရှိ။ တချို့က အမှုမပေါ်တာဖြစ်တာလည်းရှိတယ်။ ဒီလို ဖြစ်တာကတော့ ဘုရားသခင်အလိုတော်အတိုင်းပါပဲ။ ရိုးသားစွာမြင်တာကတော့ ဒါကနိုင်ငံရေးနွယ်မယ် ထင်တယ်။ ဘယ်သူမဆိုရောဂါဖြစ်ချင်လို့တော့ ဘုရားရှိခိုးပွဲ လုပ်တာမဟုတ်ဘူး။ နောက်လူ ၂၀ ပဲဆိုတာက ဒါက ပွဲမဟုတ်ဘူး။ ဘာသာရေးဆိုင်ရာ မိသားစုဆုတောင်းပွဲ သတ်သတ်ပဲ ဖြစ်တယ်။ ဥပဒေချိုးဖောက်တာ၊ မဖောက်တာကတော့ တရားရုံးက ဆက်ဖြေတာပဲ ကောင်းပါလိမ့်မယ်။"

လူမှုသဟဇာတ ဖော်ဆောင်ရေးအဖွဲ့မှ ဦးသက်ဆွေဝင်းကတော့ ကိုဗစ် ရောဂါနဲ့ ပတ်သတ်ပြီး အရေးယူတာမှာ ကျောသားရင်သား ခွဲခြားအရေးယူတာမျိုး မဖြစ်စေရအောင် ဥပဒေဘက်က တိတိကျကျ ပွင့်ပွင့်လင်းလင်းဖော်ပြနိုင်ဖို့ က တရားရေးရဲ့ဆင်ခြင်တုံတရားကနေ အဆုံးအဖြတ်ပေးသွားမှာ ဖြစ်သလို လက်ရှိ အခြေအနေမှာ အာဏာရပါတီအနေနဲ့ သိမ့်မွေ့စွာ ကိုင်တွယ်တတ်ဖို့ ထောက်ပြသွားပါတယ်။

"အစိုးရပြႆနာက မကိုင်ဘူးဆိုရင် ဒီလိုဟာတွေကိုပါမကိုင်နဲ့။ အရှေ့မှာ ကေစ် ၂ခုကိုထောင်ချထားတယ်။ ဒီကိစ္စကို မကိုင်ရင်လည်း ပြဿနာရှိတယ်။ ဘယ်လိုကိုင်ရမလဲ ဆိုတာ ကွန်ထရိုဗာရှယ် တခုဖြစ်သွားတယ်။ တရားဥပဒေကို မှတ်ကျောက်တင်ရမယ့် case ဖြစ်သွားမယ်။ ဒေးဗစ်လားကိုက ခရစ်ယာန် အများစုက လက်မခံဘူး၊ ပြဿနာဘာတွေ့လဲ ဆို ဒီကြားထဲ ဗုဒဘာသာနဲ့ ခရစ်ယာန်ကြား ပြဿနာဖြစ်လာတယ်။ ဒေးဗစ်လားကိုဘဲ ဦးတည်ပြောတာ မဟုတ်တော့ဘဲ ဘာသာရေးကို ပါလာတယ်။ ဘာသာရေးပဋိပကဖြစ်ဖို့ အလားအလာများလာတယ်။ ဘာသာရေးအဖွဲ့ အကြီးအကဲတွေက ဝင်ထိန်းဖို့ လိုမယ်ထင်တယ်။"

ကိုဗစ် ရောဂါကူးစက်ခံနေရတဲ့ ပြီးခဲ့တဲ့ ဧပြီလနဲ့ မတ်လ အတွင်းမှာ ထားဝယ်ခရိုင် ရေဖြူမြို့နယ် မှာ ဘုန်းကြီးပျံပွဲလုပ်ခဲ့သူ တွေနဲ့ နေအိမ်အတွင်း လူစုလူဝေးနဲ့ ဘာသာရေးဝတ်ပြုဆုတောင်းခဲ့တဲ့ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်က အစ္စလမ်ဘာသာဝင်တို့ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပေဒ ပုဒ်မ ၃၀ (က)နဲ့ အရေးယူကာ တရားရုံးက ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်ခဲ့ဖူးပါတယ်။

တည်ဆဲ ၂၀၁၃ ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပုဒ်မ ၂၅ အရ ဘယ်သူမဆို ဆန်းစစ်ချက်မပြုလုပ်ဘဲနဲ့ ပေါ့ဆစွာ ဆောင်ရွက်တာ၊ ဘေးအန္တရာယ် တခုခု ကျနိုင်တာကို သိလို့ ဖြစ်စေ တမင်လုပ်လို့ဖြစ်စေ သဘာဝဘေးအန္တရာယ်ဖြစ်ခဲ့ရတာ ဒါမှမဟုတ်ဖြစ်ဖို့ အထောက်အပံ့ပေးတာဖြစ်ခဲ့တယ်ဆို ဒီလိုလုပ်ဆောင် သူကိုထောင်ဒဏ် ၃ နှစ်ထက် မပိုတဲ့ ထောင်ဒဏ်၊ နောက်ပြီး ထောင်ဒဏ်နဲ့အတူ ငွေဒဏ်ကိုလည်း ပေးနိုင်တယ်လို့ ပြဌာန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG