သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္သမၼတနဲ႔ ျမန္မာေခါင္းေဆာင္ ၂ ႏိုင္ငံသေဘာတူညီခ်က္မ်ား လက္မွတ္ေရးထိုး


ေနျပည္ေတာ္တြင္ ေတြ႔ဆုံေဆြးေႏြးခဲ့သည့္ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္။ (ဇန္နဝါရီ ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

တ႐ုတ္-ျမန္မာ သံတမန္ဆက္ဆံေရး ႏွစ္ ၇၀ ျပည့္ အထိမ္းအမွတ္နဲ႔ ျမန္မာႏုိင္ငံကို ၂ ရက္တာ ခရီးစဥ္နဲ႔ ေရာက္ရွိေနတ့ဲ တ႐ုတ္သမၼတ Xi Jinping ဟာ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေနျပည္ေတာ္မွာ ဒီကေန႔ ေတြ႔ဆုံၿပီး ႏွစ္ႏုိင္ငံဆက္ဆံေရး တုိးတက္ဖို႔ ပူးေပါင္းလုပ္ကိုင္သြားေရး ေဆြးေႏြးခဲ့ၾကပါတယ္။

ျမန္မာႏုိင္ငံရဲ႕ သတင္းနဲ႔ နည္းပညာလုပ္ငန္း၊ စိုက္ပ်ိဳးေရးနဲ႔ စက္မႈလက္မႈလုပ္ငန္း၊ ဆက္သြယ္ေရးလုပ္ငန္းေတြကေန ကခ်င္ျပည္နယ္ထဲက စစ္ေဘးေရွာင္ ဒုကၡသည္ေတြ ေနရာျပန္လည္ခ်ထားေရးနဲ႔ လုံၿခဳံေရးဆုိင္ရာ လုပ္ငန္းေတြမွာပါ တ႐ုတ္တို႔နဲ႔ ပူးေပါင္းေဆာင္ရြက္မယ့္ စီမံကိန္း ၃၃ ခုအတြက္ ႏွစ္ႏုိင္ငံ သေဘာတူစာခ်ဳပ္ေတြကိုလည္း တ႐ုတ္သမၼတနဲ႔ ႏုိင္ငံေတာ္အတုိင္ပင္ခံတို႔ လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။

ဒီစီမံကိန္းေတြထဲမွာ ေက်ာက္ျဖဴ အထူးစီးပြားေရးဇုန္အျပင္ ေက်ာက္ျဖဴ ေရနက္ဆိပ္ကမ္း စီမံကိန္းနဲ႔ ပတ္သက္ၿပီး တ႐ုတ္ႏုိင္ငံနဲ႔ သေဘာတူ လက္မွတ္ေရးထိုးႏိုင္ခဲ့တာကေတာ့ ထူးျခားတဲ့ စီမံကိန္းေတြ ျဖစ္ပါတယ္။

ေက်ာက္ျဖဴ ေရနက္ဆိပ္ကမ္းဟာ မုိင္ေပါင္း ၁ ေထာင္ေက်ာ္ရွည္တဲ့ China-Myanmar Economic Corridor လို႔ေခၚတဲ့ တ႐ုတ္-ျမန္မာ စီးပြားေရးစႀကၤန္အတြက္ သိပ္ကိုအေရးပါပါတယ္။

တ႐ုတ္ႏုိင္ငံရဲ႕ Belt and Road လို႔ေခၚတဲ့ ခါးပတ္လမ္းစီမံကိန္း တစိတ္တပိုင္းအျဖစ္ ေက်ာက္ျဖဴ ေရနက္ဆိပ္ကမ္း ၀င္လာတဲ့ ကုန္စည္ေတြကို ျမန္မာႏုိင္ငံကိုျဖတ္ၿပီး တ႐ုတ္ႏုိင္ငံ ယူနန္ျပည္နယ္ကို အေရာက္ပို႔ေပးႏုိင္တာ ျဖစ္ပါတယ္။

မကၠာေရလက္ၾကားကိုျဖတ္ၿပီး ပါရွန္းပင္လယ္ေကြ႔ကေန တင္ပို႔လာမယ့္ ေလာင္စာဆီေတြကို ျမန္မာႏုိင္ငံကတဆင့္ တ႐ုတ္ႏုိင္ငံဆီ တင္ပို႔ႏုိင္တာေၾကာင့္ ျမန္မာဟာ တ႐ုတ္အတြက္ ပထ၀ီ၀င္ အေနအထားအရ အခရာက်တဲ့ေနရာမွာ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


--------------------------------

(Unicode)

တရုတ်သမ္မတနဲ့ မြန်မာခေါင်းဆောင် ၂ နိုင်ငံသဘောတူညီချက်များ လက်မှတ်ရေးထိုး

တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ်နဲ့ မြန်မာနိုင်ငံကို ၂ ရက်တာ ခရီးစဉ်နဲ့ ရောက်ရှိနေတဲ့ တရုတ်သမ္မတ Xi Jinping ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ဖို့ ပူးပေါင်းလုပ်ကိုင်သွားရေး ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံရဲ့ သတင်းနဲ့ နည်းပညာလုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ စက်မှုလက်မှုလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်းတွေကနေ ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင် ဒုက္ခသည်တွေ နေရာပြန်လည်ချထားရေးနဲ့ လုံခြုံရေးဆိုင်ရာ လုပ်ငန်းတွေမှာပါ တရုတ်တို့နဲ့ ပူးပေါင်းဆောင်ရွက်မယ့် စီမံကိန်း ၃၃ ခုအတွက် နှစ်နိုင်ငံ သဘောတူစာချုပ်တွေကိုလည်း တရုတ်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံတို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒီစီမံကိန်းတွေထဲမှာ ကျောက်ဖြူ အထူးစီးပွားရေးဇုန်အပြင် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့တာကတော့ ထူးခြားတဲ့ စီမံကိန်းတွေ ဖြစ်ပါတယ်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းဟာ မိုင်ပေါင်း ၁ ထောင်ကျော်ရှည်တဲ့ China-Myanmar Economic Corridor လို့ခေါ်တဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်အတွက် သိပ်ကိုအရေးပါပါတယ်။

တရုတ်နိုင်ငံရဲ့ Belt and Road လို့ခေါ်တဲ့ ခါးပတ်လမ်းစီမံကိန်း တစိတ်တပိုင်းအဖြစ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း ဝင်လာတဲ့ ကုန်စည်တွေကို မြန်မာနိုင်ငံကိုဖြတ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို အရောက်ပို့ပေးနိုင်တာ ဖြစ်ပါတယ်။

မက္ကာရေလက်ကြားကိုဖြတ်ပြီး ပါရှန်းပင်လယ်ကွေ့ကနေ တင်ပို့လာမယ့် လောင်စာဆီတွေကို မြန်မာနိုင်ငံကတဆင့် တရုတ်နိုင်ငံဆီ တင်ပို့နိုင်တာကြောင့်မြန်မာဟာ တရုတ်အတွက် ပထဝီဝင် အနေအထားအရ အခရာကျတဲ့နေရာမှာ ရှိပါတယ်။

XS
SM
MD
LG