{{Zawgyi/Unicode}}
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦးဝင္းျမင့္ တို႔ကို တရားရုံးထုတ္ စစ္ေဆးျခင္းမရွိတာ တလခြဲနီးပါး ၾကာျမင္ေနၿပီျဖစ္ပါတယ္။ အဲဒီအတြက္ အသစ္တိုးခ်မွတ္တဲ့အမႈေတြနဲ႔ ပတ္သက္ၿပီး ဆက္လက္ေမးျမန္းတုိင္ပင္စရာေတြ ရွိတဲ့အတြက္ေၾကာင့္ လူခ်င္းေတြ႔ဖို႔ ႀကိဳးစားေနတယ္လို႔လည္း ဦးခင္ေမာင္ေဇာ္ က RFA သတင္းဌာနကို ေျပာပါတယ္။
ဖမ္းဆီးခံထားရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အေပၚ စစ္ေကာင္စီက စြဲဆိုထားတဲ့ အမႈေတြအတြက္ တရား႐ုံးၾကားနာစစ္ေဆးမႈေတြကို အပတ္စဥ္ျပဳလုပ္ေနရာမွာ၊ ကိုဗစ္ကပ္ေရာဂါကန္႔သတ္ခ်က္အရ အမ်ားျပည္သူ႐ုံးပိတ္ရက္႐ွည္ သတ္မွတ္ထားတာေၾကာင့္ ေနာက္လာမယ့္႐ုံးခ်ိန္းေတြကိုေတာ့ ေ႐ႊ႕ဆိုင္းလိုက္ပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ဟာ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၅ခ်ိဳးေဖာက္မႈနဲ႔ အမႈ ၄ မႈ၊ ႏိုင္ငံေတာ္လိႈ႕ဝွက္ခ်က္ေပါက္ၾကားမႈ ဥပေဒပုဒ္မ ၃ (၁) (ဂ)၊ ပို႔ကုန္သြင္းကုန္ဥပဒပုဒ္မ ၈ ၊ ဆက္သြယ္ ေရး ဥပေဒ ပုဒ္မ ၆၇ ၊ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္လႈံေဆာ္မႈ လုပ္ေဆာင္မႈ ဆိုင္ရာ ဥပေဒပုဒ္မ ၅၀၅(ခ)၊ တို႔ အျပင္ သဘာဝ ေဘးအႏၲရာယ္ စီမံခန္႔ခြဲမႈ ဥပေဒ ပုဒ္မ ၂၅ နဲ႔ အမႈ ၂ ခု၊ စုစုေပါင္း ၁၀ မႈနဲ႔ တရားစြဲခံထားရ ပါတယ္။
.........................................
{{Unicode}}
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် တို့ကို တရားရုံးထုတ် စစ်ဆေးခြင်းမရှိတာ တလခွဲနီးပါး ကြာမြင်နေပြီဖြစ်ပါတယ်။ အဲဒီအတွက် အသစ်တိုးချမှတ်တဲ့အမှုတွေနဲ့ ပတ်သက်ပြီး ဆက်လက်မေးမြန်းတိုင်ပင်စရာတွေ ရှိတဲ့အတွက်ကြောင့် လူချင်းတွေ့ဖို့ ကြိုးစားနေတယ်လို့လည်း ဦးခင်မောင်ဇော် က RFA သတင်းဌာနကို ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့ အမှုတွေအတွက် တရားရုံးကြားနာစစ်ဆေးမှုတွေကို အပတ်စဉ်ပြုလုပ်နေရာမှာ၊ ကိုဗစ်ကပ်ရောဂါကန့်သတ်ချက်အရ အများပြည်သူရုံးပိတ်ရက်ရှည် သတ်မှတ်ထားတာကြောင့် နောက်လာမယ့်ရုံးချိန်းတွေကိုတော့ ရွှေ့ဆိုင်းလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ချိုးဖောက်မှုနဲ့ အမှု ၄ မှု၊ နိုင်ငံတော်လှို့ဝှက်ချက်ပေါက်ကြားမှု ဥပဒေပုဒ်မ ၃ (၁) (ဂ)၊ ပို့ကုန်သွင်းကုန်ဥပဒပုဒ်မ ၈ ၊ ဆက်သွယ် ရေး ဥပဒေ ပုဒ်မ ၆၇ ၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လှုံဆော်မှု လုပ်ဆောင်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ)၊ တို့ အပြင် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ အမှု ၂ ခု၊ စုစုပေါင်း ၁၀ မှုနဲ့ တရားစွဲခံထားရ ပါတယ်။