သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္အမႈၾကားနာမႈမ်ား ဩဂုတ္လဆန္းအထိေ႐ႊ႕ဆိုင္းထား


နိင္ငံေတာ္ အတိုင္ပင္ခံ ေဒၚ ေအာင္ဆန္းစုၾကည္ (ဓာတ္ပံု- AP)

(Zawgyi/Unicode)

ဖမ္းဆီးခံထားရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အေပၚ စစ္ေကာင္စီက စြဲဆိုထားတဲ့ အမႈေတြအတြက္ တရား႐ုံးၾကားနာစစ္ေဆးမႈေတြကို အပတ္စဥ္ျပဳလုပ္ေနရာမွာ၊ ကပ္ေရာဂါကန္႔သတ္ခ်က္အမ်ားျပည္သူ႐ုံးပိတ္ရက္႐ွည္ သတ္မွတ္ထားတာေၾကာင့္ ေနာက္လာမယ့္႐ုံးခ်ိန္းေတြကိုေတာ့ ဩဂုတ္လဆန္းအထိ ေ႐ႊ႕ဆိုင္းလိုက္ပါတယ္။ ရန္ကုန္က ေပးပို႔ထားတဲ့သတင္းကို မခင္ျဖဴေထြးေျပာျပမွာပါ။

စစ္အုပ္ခ်ဳပ္ေရးေကာင္စီဖက္က စြဲဆိုထားတဲ့ပုဒ္မေတြကို ေဒၚေအာင္ဆန္းစုၾကည္ဖက္က အပတ္စဥ္ တနလၤာ အဂၤါေန႔တိုင္း တရား႐ုံးမွာ ခုခံေခ်ပေနရတာပါ။ ကနဦးစြဲဆိုထားတဲ့ အမႈေတြထဲ ေနျပည္ေတာ္ သီးသန္႔တရား႐ုံးမွာ တနလၤာေန႔က်ရင္ ၃မႈ၊ အဂၤါေန႔မွာ ၂မႈနဲ႔ ပုံမွန္စစ္ေဆးေနခဲ့တာျဖစ္ပါတယ္။ ဒီကေန႔ ဇူလိုင္ ၂၆ နဲ႔ မနက္ျဖန္ ၂၇မွာ ႐ုံးခ်ိန္းရက္ျဖစ္ေပမဲ့ ၾသဂုတ္ ၁ ရက္ေန႔အထိကို အမ်ားျပည္သူ ႐ုံးပိတ္ရက္အျဖစ္သတ္မွတ္ထားတာေၾကာင့္ လာမယ့္ ၾသဂုတ္ ၂ရက္ေန႔ နဲ႔ ၃ရက္ေန႔ကို တရား႐ုံးၾကားနာမႈ ေ႐ႊ႕ဆိုင္းလိုက္တယ္လို႔ ေ႐ွ႕ေနဦးခင္ေမာင္ေဇာ္ ကေျပာပါတယ္။

“က်ေနာ္တို႔က အခုဟာက ဆက္တိုက္ ဆက္တိုက္ တနလၤာ၊ အဂၤါခ်ိန္းတာကိုဗ်။ တနလၤာေန႔ခ်ိန္းထားတဲ့ အမႈေတြကေတာ့ ၂ရက္ေန႔ေပးပါတယ္။ တဆက္တည္းမွာဘဲ အဂၤါေန႔ခ်ိန္းတဲ့ အမႈေတြအတြက္ ၂၇ရက္ခ်ိန္းတာအတြက္လည္း ၃ရက္ေန႔ကို ႐ုံးခ်ိန္းျပန္ေပးပါတယ္။ ဒီ႐ုံးခ်ိန္းေတြက ေခၚထားတဲ့ အတိုင္းဘဲ။ အဲအတိုင္းဘဲဆက္သြားမွာပါ။ တရားလိုျပသက္ေသေတြစစ္တာ။ ၃ရက္ေန႔မွာ ေတာ့ ၅၀၅-ခ အတြက္က စြဲခ်က္ေလွ်ာက္လဲခ်က္ေပးတာအဲဒါအတြက္ပါဘဲ။”

ဒီကေန႔စစ္ေဆးတာမွာ အြန္လိုင္းကေနသာ႐ုံးခ်ိန္းေပးေဆာင္႐ြက္တာျဖစ္တာမို႔ ေ႐ွ႕ေနေတြနဲ႔ ေဒၚေအာင္ဆန္းစုၾကည္တို႔မေတြ႕ခဲ့ရပါဘူး။ ႐ုံးခ်ိန္းေ႐ႊ႕တာမွာ ေဒၚေအာင္ဆန္းစုၾကည္အမႈေတြ အျပင္ ဦးဝင္းျမင့္အမႈပါပါဝင္တယ္လို႔ ေ႐ွ႕ေနေတြကေျပာပါတယ္။

ကနဦးတရားစြဲခံထားရတဲ့ အမႈေတြထဲက ဆက္သြယ္ေရး ဥပေဒ ပုဒ္မ ၆၇ ၊ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္လႈံေဆာ္မႈ လုပ္ေဆာင္မႈဆိုင္ရာ ဥပေဒပုဒ္မ ၅၀၅(ခ)တို႔ကို အထက္တရား႐ုံးေတြကို ျပင္ဆင္ခ်က္တက္ဖို႔ အတြက္လည္းေ႐ွ႕ေနေတြကလုပ္ေဆာင္ေနပါတယ္။

ဒါေတြနဲ႔ပတ္သတ္လို႔ ႐ုံးေတြပိတ္ထားတာမို႔ ျပင္ဆင္ခ်က္တက္ဖို႔က ေႏွာင့္ေႏွးဖြယ္႐ွိေနေပမယ့္ သတ္မွတ္ အခ်ိန္အတြင္းတက္ႏိုင္ဖို႔ လုပ္မယ္လို႔ ဦးခင္ေမာင္ေဇာ္ကေတာ့ေျပာပါတယ္။

“႐ုံးေတြပိတ္ထားေတာ့ရပ္ေနတာေပါ့ဗ်ာ။ ဒါေပမယ့္ ျပင္ဆင္ခ်က္တတ္တာက ေတာ့ က်ေနာ္တို႔က ရက္ေပါင္း ၆၀အတြင္းလုပ္ရမွာဆိုေတာ့ မွီတယ္ေပါ့႐ုံးဖြင့္ရင္ တက္မွာဘဲဗ်။”

ေဒၚေအာင္ဆန္းစုၾကည္ က်န္းမာေရးမေကာင္းဘူးလို႔ သတင္းေတြထြက္ေပၚေနေပမယ့္ မေန႔က ပစၥည္းမွာရာမွာ အစားေသာက္သာမွာၿပီး ေဆးဝါးထပ္မွာတာမ်ိဳးမ႐ွိဘူးလို႔ေ႐ွ႕ေနေတြကေျပာပါတယ္။ ႐ုံးခ်ိန္းေတြ ေ႐ႊ႕ရတာမို႔ ေတြ႕ဆုံခြင့္မ႐ွိတာေၾကာင့္ က်န္းမာေရးအေျခအေနသိရဖို႔ အခက္အခဲျဖစ္ေန တယ္လို႔ ေ႐ွ႕ေနေတြကေျပာပါတယ္။


လက္႐ွိေနျပည္ေတာ္မွာ အမႈရင္ဆိုင္ေနဆဲ ၅မႈအတြက္႐ုံးခ်ိန္းေတြေ႐ႊ႕ဆိုင္းရတာမို႔၊ ေနာက္ထပ္စြဲ ဆိုတဲ့ အဂတိမႈေတြကိုလည္း မႏၲေလးတရား႐ုံးက ဇူလိုင္ ၃၀ရက္ေန႔ ခ်ိန္းထားတာကိုလည္း ႐ုံးခ်ိန္းထပ္ ေ႐ႊ႕ႏိုင္ ဖြယ္ ႐ွိတယ္လို႔ သူ႕ရဲ႕ေ႐ွ႕ေနအဖြဲ႕ကေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၅ခ်ိဳးေဖာက္မႈနဲ႔ အမႈ ၄ မႈ၊ ႏိုင္ငံေတာ္လိႈ႕ဝွက္ခ်က္ေပါက္ၾကားမႈ ဥပေဒပုဒ္မ ၃ (၁) (ဂ)၊ ပို႔ကုန္သြင္းကုန္ဥပဒပုဒ္မ ၈ ၊ ဆက္သြယ္ ေရး ဥပေဒ ပုဒ္မ ၆၇ ၊ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္လႈံေဆာ္မႈ လုပ္ေဆာင္မႈ ဆိုင္ရာ ဥပေဒပုဒ္မ ၅၀၅(ခ)၊ တို႔ အျပင္ သဘာဝ ေဘးအႏၲရာယ္ စီမံခန္႔ခြဲမႈ ဥပေဒ ပုဒ္မ ၂၅ နဲ႔ အမႈ ၂ ခု၊ စုစုေပါင္း ၁၀ မႈနဲ႔ တရားစြဲခံထားရ ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............................................................................................

ဒေါ်အောင်ဆန်းစုကြည်အမှုကြားနာမှုများ ဩဂုတ်လဆန်းအထိရွှေ့ဆိုင်းထား

(Unicode)

ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့ အမှုတွေအတွက် တရားရုံးကြားနာစစ်ဆေးမှုတွေကို အပတ်စဉ်ပြုလုပ်နေရာမှာ၊ ကပ်ရောဂါကန့်သတ်ချက်အများပြည်သူရုံးပိတ်ရက်ရှည် သတ်မှတ်ထားတာကြောင့် နောက်လာမယ့်ရုံးချိန်းတွေကိုတော့ ဩဂုတ်လဆန်းအထိ ရွှေ့ဆိုင်းလိုက်ပါတယ်။ ရန်ကုန်က ပေးပို့ထားတဲ့သတင်းကို မခင်ဖြူထွေးပြောပြမှာပါ။

စစ်အုပ်ချုပ်ရေးကောင်စီဖက်က စွဲဆိုထားတဲ့ပုဒ်မတွေကို ဒေါ်အောင်ဆန်းစုကြည်ဖက်က အပတ်စဉ် တနင်္လာ အင်္ဂါနေ့တိုင်း တရားရုံးမှာ ခုခံချေပနေရတာပါ။ ကနဦးစွဲဆိုထားတဲ့ အမှုတွေထဲ နေပြည်တော် သီးသန့်တရားရုံးမှာ တနင်္လာနေ့ကျရင် ၃မှု၊ အင်္ဂါနေ့မှာ ၂မှုနဲ့ ပုံမှန်စစ်ဆေးနေခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ ဇူလိုင် ၂၆ နဲ့ မနက်ဖြန် ၂၇မှာ ရုံးချိန်းရက်ဖြစ်ပေမဲ့ သြဂုတ် ၁ ရက်နေ့အထိကို အများပြည်သူ ရုံးပိတ်ရက်အဖြစ်သတ်မှတ်ထားတာကြောင့် လာမယ့် သြဂုတ် ၂ရက်နေ့ နဲ့ ၃ရက်နေ့ကို တရားရုံးကြားနာမှု ရွှေ့ဆိုင်းလိုက်တယ်လို့ ရှေ့နေဦးခင်မောင်ဇော် ကပြောပါတယ်။

“ကျနော်တို့က အခုဟာက ဆက်တိုက် ဆက်တိုက် တနင်္လာ၊ အင်္ဂါချိန်းတာကိုဗျ။ တနင်္လာနေ့ချိန်းထားတဲ့ အမှုတွေကတော့ ၂ရက်နေ့ပေးပါတယ်။ တဆက်တည်းမှာဘဲ အင်္ဂါနေ့ချိန်းတဲ့ အမှုတွေအတွက် ၂၇ရက်ချိန်းတာအတွက်လည်း ၃ရက်နေ့ကို ရုံးချိန်းပြန်ပေးပါတယ်။ ဒီရုံးချိန်းတွေက ခေါ်ထားတဲ့ အတိုင်းဘဲ။ အဲအတိုင်းဘဲဆက်သွားမှာပါ။ တရားလိုပြသက်သေတွေစစ်တာ။ ၃ရက်နေ့မှာ တော့ ၅၀၅-ခ အတွက်က စွဲချက်လျှောက်လဲချက်ပေးတာအဲဒါအတွက်ပါဘဲ။”

ဒီကနေ့စစ်ဆေးတာမှာ အွန်လိုင်းကနေသာရုံးချိန်းပေးဆောင်ရွက်တာဖြစ်တာမို့ ရှေ့နေတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့မတွေ့ခဲ့ရပါဘူး။ ရုံးချိန်းရွှေ့တာမှာ ဒေါ်အောင်ဆန်းစုကြည်အမှုတွေ အပြင် ဦးဝင်းမြင့်အမှုပါပါဝင်တယ်လို့ ရှေ့နေတွေကပြောပါတယ်။

ကနဦးတရားစွဲခံထားရတဲ့ အမှုတွေထဲက ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ ၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လှုံဆော်မှု လုပ်ဆောင်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ)တို့ကို အထက်တရားရုံးတွေကို ပြင်ဆင်ချက်တက်ဖို့ အတွက်လည်းရှေ့နေတွေကလုပ်ဆောင်နေပါတယ်။

ဒါတွေနဲ့ပတ်သတ်လို့ ရုံးတွေပိတ်ထားတာမို့ ပြင်ဆင်ချက်တက်ဖို့က နှောင့်နှေးဖွယ်ရှိနေပေမယ့် သတ်မှတ် အချိန်အတွင်းတက်နိုင်ဖို့ လုပ်မယ်လို့ ဦးခင်မောင်ဇော်ကတော့ပြောပါတယ်။

“ရုံးတွေပိတ်ထားတော့ရပ်နေတာပေါ့ဗျာ။ ဒါပေမယ့် ပြင်ဆင်ချက်တတ်တာက တော့ ကျနော်တို့က ရက်ပေါင်း ၆၀အတွင်းလုပ်ရမှာဆိုတော့ မှီတယ်ပေါ့ရုံးဖွင့်ရင် တက်မှာဘဲဗျ။”

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းဘူးလို့ သတင်းတွေထွက်ပေါ်နေပေမယ့် မနေ့က ပစ္စည်းမှာရာမှာ အစားသောက်သာမှာပြီး ဆေးဝါးထပ်မှာတာမျိုးမရှိဘူးလို့ရှေ့နေတွေကပြောပါတယ်။ ရုံးချိန်းတွေ ရွှေ့ရတာမို့ တွေ့ဆုံခွင့်မရှိတာကြောင့် ကျန်းမာရေးအခြေအနေသိရဖို့ အခက်အခဲဖြစ်နေ တယ်လို့ ရှေ့နေတွေကပြောပါတယ်။


လက်ရှိနေပြည်တော်မှာ အမှုရင်ဆိုင်နေဆဲ ၅မှုအတွက်ရုံးချိန်းတွေရွှေ့ဆိုင်းရတာမို့၊ နောက်ထပ်စွဲ ဆိုတဲ့ အဂတိမှုတွေကိုလည်း မန္တလေးတရားရုံးက ဇူလိုင် ၃၀ရက်နေ့ ချိန်းထားတာကိုလည်း ရုံးချိန်းထပ် ရွှေ့နိုင် ဖွယ် ရှိတယ်လို့ သူ့ရဲ့ရှေ့နေအဖွဲ့ကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ချိုးဖောက်မှုနဲ့ အမှု ၄ မှု၊ နိုင်ငံတော်လှို့ဝှက်ချက်ပေါက်ကြားမှု ဥပဒေပုဒ်မ ၃ (၁) (ဂ)၊ ပို့ကုန်သွင်းကုန်ဥပဒပုဒ်မ ၈ ၊ ဆက်သွယ် ရေး ဥပဒေ ပုဒ်မ ၆၇ ၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လှုံဆော်မှု လုပ်ဆောင်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ)၊ တို့ အပြင် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ အမှု ၂ ခု၊ စုစုပေါင်း ၁၀ မှုနဲ့ တရားစွဲခံထားရ ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG