သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ေရွေနေတြသက္ေသေမးျမန္းခ်က္ တဖက္ကန္႔ကြက္


နိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚ ေအာင္ဆန္းစုၾကည္ (ဓာတ္ပံု - AP)

(Zawgyi/Unicode)

သမၼတဦးဝင္းျမင့္ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔အေပၚ တရားစြဲထားတဲ့အမႈေတြကို ေနျပည္ေတာ္ သီးသန္႔တရား႐ံုးမွာ ဒီေန႔ ဆက္လက္စစ္ေဆးေနတာမွာ ဦးဝင္းျမင့္ရဲ႕ အမႈ ၁ ခုနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမႈ ၃ ခုကို ဒီေန႔ စစ္ေဆးပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ကို စြဲထားတဲ့ အမႈ ၂ ခုအတြက္ သူ႔ရဲ႕ေ႐ွ႕ေနေတြဘက္က သက္ေသကိုျပန္လွန္ေမးတဲ့ ေမးခြန္းေတြအေပၚ တဘက္က ကန္႔ကြက္တာေၾကာင့္ ေမးခြန္းေမးျမန္းခြင့္ရေအာင္ အထက္တရား႐ုံးကို တင္ျပသြားဖို႔ရွိတယ္လို႔ ေရွ႕ေနေတြကေျပာပါ တယ္။ ဒီကေန႔ အမႈစစ္ေဆး မႈ အေျခအေနေတြနဲ႔ပတ္သတ္လို႔ ရန္ကုန္ကေပးပို႔တဲ့သတင္းကို မဆုမြန္ ေျပာျပ ေပးမွာပါ။

ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြဲခ်က္တင္ထားတဲ့ အမႈေတြထဲက ၃ မႈျဖစ္တဲ့ သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ ၂၅ ၊ ပို႔ကုန္သြင္းကုန္ ဥပေဒ ပုဒ္မ ၈ နဲ႔ ဆက္သြယ္ေရး ဥပေဒ ပုဒ္မ ၆၇ တို႔စတဲ့ အမႈ ၃ ခုနဲ႔ သမၼတ ဦးဝင္းျမင့္အေပၚ တရားစြဲထားတဲ့ ေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈ ပုဒ္မ ၂၅ တို႔အတြက္ ေနျပည္ေတာ္က သီးသန္႔အထူးတရား႐ံုးမွာ ဒီေန႔ဆက္လက္ စစ္ေဆးပါတယ္။ ပို႔ကုန္သြင္းကုန္ အမႈနဲ႔ ဆက္သြယ္ေရးအမႈတို႔ကို စစ္ေဆးၾကားနာတာမွာ ေရွ႕ေနေတြ ဘက္က ျပန္လွန္ေမးခြန္းေမးတာကို တဖက္က ကန႔္ကြက္ခဲ့တာေၾကာင့္ ေမးခြန္းေမးျမန္းခြင့္ရေအာင္ အထက္တရား႐ုံးကို တင္ျပသြားဖို႔ရွိတယ္လို႔ ေရွ႕ေန ဦးၾကည္ဝင္း က ဗြီအိုေအကိုေျပာျပပါတယ္။

"ဒီေန႔ကေမးခြန္းေမးတာမွာ ဟိုဘက္ကကန႔္ကြက္တာေပါ့ေနာ္။ ဆက္သြယ္ေရးဥပေဒက မတ္လက်မွဆြဲတာေလ။ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ဟာကို မတ္လ တလေက်ာ္ၾကာမွထပ္ဆြဲတာေလ အမႈကလည္းအေၾကာင္းအရာအတူတူဘဲ။ ပို႔ကုန္သြင္းကုန္ဆိုတာကလည္း ဆက္သြယ္ေရးစက္ေတြဘဲ။ ဆက္သြယ္ေရး ဥပေဒ ပုဒ္မ ၆၇ ဆိုတာက လိုင္စင္ေပးထားတဲ့ ဝန္ေဆာင္မႈလုပ္ငန္းေတြ၊ ဆက္သြယ္ေရးလုပ္ငန္းေတြနဲ႔ဆိုင္တာ။ ဒီစက္ေတြနဲ႔မဆိုင္ဘူး။ စီးပြားကူးသန္းက ျပန္ၾကားစာေတြကိုကိုးကားၿပီးေတာ့ ဒီအမႈကို ေဒၚေအာင္ဆန္းစုၾကည္ကို ဆက္သြယ္ေရး ဥပေဒ ပုဒ္မ ၆၇ နဲ႔တရားစြဲလို႔ မရဘူးဆိုတာသိလား အဲလိုဆြဲဖို႔ အေၾကာင္းမေပၚေပါက္ဘူးဆိုတာကိုေမးတာကို ကန႔္ကြက္တယ္။ ကန႔္ကြက္တာကိုမကန႔္ကြက္ သင့္ဘူးေျပာၿပီးေတာ့ ဒါကို မကန႔္ကြက္သင့္ဘူးဆိုၿပီး အထက္႐ုံးေတြကို ျပင္ဆင္မႈတက္ဖို႔ တရားသူႀကီးကိုေလွ်ာက္ေတာ့ တရားသူႀကီးကလုပ္ပါတဲ့။ ဒီေမးခြန္းေတြဟာေမးခြင့္ရွိတယ္၊ တရားခံဘက္ကေရွ႕ေနက ျပန္လွန္ေမးခြန္း မည္သည့္ေမးခြန္းမဆို ေမးခြင့္ရွိတယ္ "

ဒီေမးခြန္းေမးခြင့္ရဖို႔ကို အထက္႐ုံးေတြကိုဆက္လက္တင္ျပသြားမယ္လို႔ ေ႐ွ႕ေန ဦးၾကည္ဝင္းက ေျပာပါတယ္။ သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ ၂၅ ကိုခ်ဳိးေဖာက္မႈနဲ႔ တရားစြဲထားတဲ့ အမႈအတြက္လည္း ဒီေန႔ စစ္ေဆးပါတယ္။ ဒီအမႈမွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဦးဝင္းျမင့္တုိ႔ အမႈတတြဲထဲျဖစ္ပါတယ္။ ဒီအမႈအတြက္ကေတာ့ တဖက္ကတင္လာတဲ့ တရားလိုျပ သက္ေသေတြကို ဘဲစစ္ေဆးတာေတြ လုပ္ခဲ့ပါတယ္။ ဒီကေန႔မွာ အမႈ စုစုေပါင္း ၄ ခုအတြက္ တရားလိုျပ သက္ေသ ၁၀ ေယာက္ ဦးနီးပါးစစ္ေမးခဲ့ၿပီး ေနာက္ထပ္ က်န္ရွိသူေတြကို ေနာက္အပတ္စဥ္လုပ္မယ့္ လာမယ့္ ဇူလိုင္ ၅ရက္ေန႔႐ုံးခ်ိန္းမွာစစ္ေမးသြားမွာျဖစ္ပါတယ္။ စစ္ေမးတာေတြနဲ႔ပတ္သတ္ လို႔ ေရွ႕ေန ဦးၾကည္ဝင္းကအခုလိုေျပာျပပါတယ္။

"ဒီကေန႔က သက္ေသေတြဘဲစစ္တာ။ တေယာက္ကစစ္တပ္က ဗိုလ္ႀကီး၊ ေနာက္တေယာက္က ဇဗၼဴသီရိကရဲစခန္းမႈး။ တိုင္ခ်က္လာဖြင့္တာကို လက္ခံဖြင့္တဲ့သူ။ အရင္တုန္းက သက္ေသေတြ ေနာက္သက္ေသေတြ စစ္တာ။ ၁၀ေယာက္ေလာက္ရွိတာကို အဲေတာ့က်န္တဲ့ သက္ေသေတြကိုစစ္တာ ၃ေယာက္ေျမာက္ ၄ေယာက္ေျမာက္ ၅ေယာက္ေျမာက္ျဖစ္ၿပီေပါ့ေလ။"

ၿပီးခဲ့တဲ့ ဇြန္လ ၁၄ရက္ တနလၤာ၊ ၿပီးခဲ့တဲ့ ႐ုံးခ်ိန္းတုန္းကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကို စြဲဆိုထားတဲ့ အမႈေတြထဲက သုံးမႈကို ပထမဆုံး စတင္ၾကားနာခဲ့ရာမွာ တရားလိုေတြကိုသာ စစ္ေဆးခဲ့ၿပီး တရားလိုျပ သက္ေသေတြကို စစ္ေဆးႏိုင္ျခင္း မရွိခဲ့ ပါဘူး။ ေဒၚေအာင္ဆန္းစုၾကည္ကို စြဲဆိုထားတဲ့အမႈ ၃ မႈက တရားလိုေတြျဖစ္တဲ့ ရဲမႉးၾကည္လင္း နဲ႔ ရဲမႉးျမင့္ႏိုင္ တို႔ကို အရင္႐ုံးခ်ိန္းမွာ စစ္ေဆးခဲ့ပါတယ္။သမၼတ ဦးဝင္းျမင့္ အမႈမွာလည္း အဲေန႔က ရဲမႉးျမင့္ႏိုင္ ကိုဘဲစစ္ႏိုင္ခဲ့ပါတယ္။

ဒီကေန႔စစ္ေဆးမႈေတြမွာ တဖက္က တင္ျပခ်က္ေတြကို အေကာင္းဆုံးခုခံေခ်ပႏိုင္ခဲ့သလို အျပန္အလွန္ ေမးခြန္းေတြေမးတာမွာလဲ အျပစ္ကင္းေၾကာင္းကို သက္ေသထူႏိုင္ေလာက္တဲ့ အထိ တင္ျပႏိုင္ခဲ့တယ္လို႔ ေရွ႕ေနေတြဘက္ကေျပာပါတယ္။ ဒီကေန႔ ႐ုံးခ်ိန္းမွာ ေ႐ွ႕ေနေတြနဲ႔ သီးသန္႔ ေတ႔ြဆံုခ်ိန္အတြင္း ေဒၚေအာင္ဆန္းစုၾကည္က လက္ရွိႏိုင္ငံတြင္းကိုဗစ္ျဖစ္ပြားမႈႏႈန္းအေပၚ ေရွ႕ေနေတြကုိ ေမးျမန္းပါတယ္။ ကိုဗစ္ကပ္ေရာဂါ ကူးစက္သူ တိုးေနတဲ့အေပၚ အထူး စိုးရိမ္ေၾကာင္းနဲ႔ ျပည္သူေတြ က်န္းမာဖို႔ နဲ႔ကိုဗစ္ စည္းမ်ဥ္းေတြကို အေသအခ်ာလိုက္နာဖို႔ ကို ေရွ႕ေနအဖြဲ႕ကေနတဆင့္ မွာၾကားလိုက္တယ္လို႔ေရွ႕ေန ေဒၚမင္းမင္းစိုးက ေျပာပါတယ္။


" ျပည္သူေတြကို ေသခ်ာဂ႐ုစိုက္ဖို႔ သူမွာပါတယ္။ ကိုဗစ္နဲ႔ပတ္သတ္လို႔ တအားစိတ္ပူေနပါတယ္။ တႏိုင္ငံလုံးအတိုင္းအတာမွာ ကိုဗစ္ဘယ္လိုျဖစ္ေနလဲဆိုတဲ့ အေနအထား ရယ္ေနျပည္ေတာ္မွာ ကိုဗစ္ဘယ္လိုျဖစ္ေနလဲဆိုတဲ့ အေနအထားရယ္ကို သူသိခ်င္လို႔ေမးတာရွိပါတယ္။ ခါတိုင္းသူေျပာသလို မက္စ္တပ္ဖို႔ လက္ေဆးဖို႔ကိုသူေျပာပါတယ္။ အခုကာလမွာပိုဂ႐ုစိုက္ၾကဖို႔ကိုေျပာပါတယ္ရွင့္"။

ေဒၚေအာင္ဆန္းစုၾကည္ဟာ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၅၊ အစိုးရလွ်ိဳ႕ဝွက္ ခ်က္ေပါက္ ၾကားမႈဥပေဒပုဒ္မ ၃ (၁) (ဂ)၊ ပို႔ကုန္သြင္းကုန္ဥပဒပုဒ္မ ၈ ၊ ဆက္သြယ္ေရး ဥပေဒ ပုဒ္မ ၆၇ ၊ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္လႈံေဆာ္မႈ လုပ္ေဆာင္မႈဆိုင္ရာ ဥပေဒပုဒ္မ ၅၀၅(ခ)၊ တို႔ အျပင္ သဘာဝ ေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ ၂၅ နဲ႔ အမႈ ၂ ခု၊ စုစုေပါင္း ၇ မႈနဲ႔ တရားစြဲခံထားရပါတယ္။

..................................................................................

တိုက္႐ိုက္ လင့္ခ္


ဒေါ်အောင်ဆန်းစုကြည်ရှေနေတွေသက်သေမေးမြန်းချက် တဖက်ကန့်ကွက်

(Unicode)

သမ္မတဦးဝင်းမြင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် တရားစွဲထားတဲ့အမှုတွေကို နေပြည်တော် သီးသန့်တရားရုံးမှာ ဒီနေ့ ဆက်လက်စစ်ဆေးနေတာမှာ ဦးဝင်းမြင့်ရဲ့ အမှု ၁ ခုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု ၃ ခုကို ဒီနေ့ စစ်ဆေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့ အမှု ၂ ခုအတွက် သူ့ရဲ့ရှေ့နေတွေဘက်က သက်သေကိုပြန်လှန်မေးတဲ့ မေးခွန်းတွေအပေါ် တဘက်က ကန့်ကွက်တာကြောင့် မေးခွန်းမေးမြန်းခွင့်ရအောင် အထက်တရားရုံးကို တင်ပြသွားဖို့ရှိတယ်လို့ ရှေ့နေတွေကပြောပါ တယ်။ ဒီကနေ့ အမှုစစ်ဆေး မှု အခြေအနေတွေနဲ့ပတ်သတ်လို့ ရန်ကုန်ကပေးပို့တဲ့သတင်းကို မဆုမွန် ပြောပြ ပေးမှာပါ။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက်တင်ထားတဲ့ အမှုတွေထဲက ၃ မှုဖြစ်တဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ၊ ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ နဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ တို့စတဲ့ အမှု ၃ ခုနဲ့ သမ္မတ ဦးဝင်းမြင့်အပေါ် တရားစွဲထားတဲ့ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ပုဒ်မ ၂၅ တို့အတွက် နေပြည်တော်က သီးသန့်အထူးတရားရုံးမှာ ဒီနေ့ဆက်လက် စစ်ဆေးပါတယ်။ ပို့ကုန်သွင်းကုန် အမှုနဲ့ ဆက်သွယ်ရေးအမှုတို့ကို စစ်ဆေးကြားနာတာမှာ ရှေ့နေတွေ ဘက်က ပြန်လှန်မေးခွန်းမေးတာကို တဖက်က ကန့်ကွက်ခဲ့တာကြောင့် မေးခွန်းမေးမြန်းခွင့်ရအောင် အထက်တရားရုံးကို တင်ပြသွားဖို့ရှိတယ်လို့ ရှေ့နေ ဦးကြည်ဝင်း က ဗွီအိုအေကိုပြောပြပါတယ်။

"ဒီနေ့ကမေးခွန်းမေးတာမှာ ဟိုဘက်ကကန့်ကွက်တာပေါ့နော်။ ဆက်သွယ်ရေးဥပဒေက မတ်လကျမှဆွဲတာလေ။ ဖေဖော်ဝါရီ ၁ ရက်နေ့ဟာကို မတ်လ တလကျော်ကြာမှထပ်ဆွဲတာလေ အမှုကလည်းအကြောင်းအရာအတူတူဘဲ။ ပို့ကုန်သွင်းကုန်ဆိုတာကလည်း ဆက်သွယ်ရေးစက်တွေဘဲ။ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ ဆိုတာက လိုင်စင်ပေးထားတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ၊ ဆက်သွယ်ရေးလုပ်ငန်းတွေနဲ့ဆိုင်တာ။ ဒီစက်တွေနဲ့မဆိုင်ဘူး။ စီးပွားကူးသန်းက ပြန်ကြားစာတွေကိုကိုးကားပြီးတော့ ဒီအမှုကို ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ နဲ့တရားစွဲလို့ မရဘူးဆိုတာသိလား အဲလိုဆွဲဖို့ အကြောင်းမပေါ်ပေါက်ဘူးဆိုတာကိုမေးတာကို ကန့်ကွက်တယ်။ ကန့်ကွက်တာကိုမကန့်ကွက် သင့်ဘူးပြောပြီးတော့ ဒါကို မကန့်ကွက်သင့်ဘူးဆိုပြီး အထက်ရုံးတွေကို ပြင်ဆင်မှုတက်ဖို့ တရားသူကြီးကိုလျှောက်တော့ တရားသူကြီးကလုပ်ပါတဲ့။ ဒီမေးခွန်းတွေဟာမေးခွင့်ရှိတယ်၊ တရားခံဘက်ကရှေ့နေက ပြန်လှန်မေးခွန်း မည်သည့်မေးခွန်းမဆို မေးခွင့်ရှိတယ် "

ဒီမေးခွန်းမေးခွင့်ရဖို့ကို အထက်ရုံးတွေကိုဆက်လက်တင်ပြသွားမယ်လို့ ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ကိုချိုးဖောက်မှုနဲ့ တရားစွဲထားတဲ့ အမှုအတွက်လည်း ဒီနေ့ စစ်ဆေးပါတယ်။ ဒီအမှုမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ အမှုတတွဲထဲဖြစ်ပါတယ်။ ဒီအမှုအတွက်ကတော့ တဖက်ကတင်လာတဲ့ တရားလိုပြ သက်သေတွေကို ဘဲစစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။ ဒီကနေ့မှာ အမှု စုစုပေါင်း ၄ ခုအတွက် တရားလိုပြ သက်သေ ၁၀ ယောက် ဦးနီးပါးစစ်မေးခဲ့ပြီး နောက်ထပ် ကျန်ရှိသူတွေကို နောက်အပတ်စဉ်လုပ်မယ့် လာမယ့် ဇူလိုင် ၅ရက်နေ့ရုံးချိန်းမှာစစ်မေးသွားမှာဖြစ်ပါတယ်။ စစ်မေးတာတွေနဲ့ပတ်သတ် လို့ ရှေ့နေ ဦးကြည်ဝင်းကအခုလိုပြောပြပါတယ်။

"ဒီကနေ့က သက်သေတွေဘဲစစ်တာ။ တယောက်ကစစ်တပ်က ဗိုလ်ကြီး၊ နောက်တယောက်က ဇဗ္မူသီရိကရဲစခန်းမှုး။ တိုင်ချက်လာဖွင့်တာကို လက်ခံဖွင့်တဲ့သူ။ အရင်တုန်းက သက်သေတွေ နောက်သက်သေတွေ စစ်တာ။ ၁၀ယောက်လောက်ရှိတာကို အဲတော့ကျန်တဲ့ သက်သေတွေကိုစစ်တာ ၃ယောက်မြောက် ၄ယောက်မြောက် ၅ယောက်မြောက်ဖြစ်ပြီပေါ့လေ။"

ပြီးခဲ့တဲ့ ဇွန်လ ၁၄ရက် တနင်္လာ၊ ပြီးခဲ့တဲ့ ရုံးချိန်းတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှုတွေထဲက သုံးမှုကို ပထမဆုံး စတင်ကြားနာခဲ့ရာမှာ တရားလိုတွေကိုသာ စစ်ဆေးခဲ့ပြီး တရားလိုပြ သက်သေတွေကို စစ်ဆေးနိုင်ခြင်း မရှိခဲ့ ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှု ၃ မှုက တရားလိုတွေဖြစ်တဲ့ ရဲမှူးကြည်လင်း နဲ့ ရဲမှူးမြင့်နိုင် တို့ကို အရင်ရုံးချိန်းမှာ စစ်ဆေးခဲ့ပါတယ်။သမ္မတ ဦးဝင်းမြင့် အမှုမှာလည်း အဲနေ့က ရဲမှူးမြင့်နိုင် ကိုဘဲစစ်နိုင်ခဲ့ပါတယ်။

ဒီကနေ့စစ်ဆေးမှုတွေမှာ တဖက်က တင်ပြချက်တွေကို အကောင်းဆုံးခုခံချေပနိုင်ခဲ့သလို အပြန်အလှန် မေးခွန်းတွေမေးတာမှာလဲ အပြစ်ကင်းကြောင်းကို သက်သေထူနိုင်လောက်တဲ့ အထိ တင်ပြနိုင်ခဲ့တယ်လို့ ရှေ့နေတွေဘက်ကပြောပါတယ်။ ဒီကနေ့ ရုံးချိန်းမှာ ရှေ့နေတွေနဲ့ သီးသန့် တေ့ွဆုံချိန်အတွင်း ဒေါ်အောင်ဆန်းစုကြည်က လက်ရှိနိုင်ငံတွင်းကိုဗစ်ဖြစ်ပွားမှုနှုန်းအပေါ် ရှေ့နေတွေကို မေးမြန်းပါတယ်။ ကိုဗစ်ကပ်ရောဂါ ကူးစက်သူ တိုးနေတဲ့အပေါ် အထူး စိုးရိမ်ကြောင်းနဲ့ ပြည်သူတွေ ကျန်းမာဖို့ နဲ့ကိုဗစ် စည်းမျဉ်းတွေကို အသေအချာလိုက်နာဖို့ ကို ရှေ့နေအဖွဲ့ကနေတဆင့် မှာကြားလိုက်တယ်လို့ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။


" ပြည်သူတွေကို သေချာဂရုစိုက်ဖို့ သူမှာပါတယ်။ ကိုဗစ်နဲ့ပတ်သတ်လို့ တအားစိတ်ပူနေပါတယ်။ တနိုင်ငံလုံးအတိုင်းအတာမှာ ကိုဗစ်ဘယ်လိုဖြစ်နေလဲဆိုတဲ့ အနေအထား ရယ်နေပြည်တော်မှာ ကိုဗစ်ဘယ်လိုဖြစ်နေလဲဆိုတဲ့ အနေအထားရယ်ကို သူသိချင်လို့မေးတာရှိပါတယ်။ ခါတိုင်းသူပြောသလို မက်စ်တပ်ဖို့ လက်ဆေးဖို့ကိုသူပြောပါတယ်။ အခုကာလမှာပိုဂရုစိုက်ကြဖို့ကိုပြောပါတယ်ရှင့်"။

ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅၊ အစိုးရလျှို့ဝှက် ချက်ပေါက် ကြားမှုဥပဒေပုဒ်မ ၃ (၁) (ဂ)၊ ပို့ကုန်သွင်းကုန်ဥပဒပုဒ်မ ၈ ၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ ၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လှုံဆော်မှု လုပ်ဆောင်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ)၊ တို့ အပြင် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ အမှု ၂ ခု၊ စုစုပေါင်း ၇ မှုနဲ့ တရားစွဲခံထားရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG