သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

‌ေဒၚေအာင္ဆန္းစုၾကည္အမႈသံုးမႈ တရားလိုျပသက္ေသေတြကိုစစ္ေဆး


ေဒၚ ေအာင္ဆန္းစုၾကည္ နွင့္ သမၼတ ဦး၀င္းျမင့္အား မထမအၾကိမ္ ရံုးထုတ္စစ္ေဆးစဥ္ ( ဓာတ္ပံု - AFP)

(Zawgyi/Unicode)

ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဦးဝင္းျမင့္တို႔ရဲ႕ အပတ္စဥ္စစ္ေမးတဲ့ ႐ုံးခ်ိန္းအ မႈေတြမွာ တရားလိုျပသက္ေသေတြကိုအျပန္အလွန္စစ္ေဆးႏိုင္ခဲ့သလို အမႈကို အေကာင္းဆုံး ခုခံေခ်ပ ႏိုင္ခဲ့တယ္လို႔ ေရွ႕ေနေတြကေျပာပါတယ္။ အတိုင္ပင္ခံကိုယ္တိုင္ကလည္းအမႈေတြကို ေသခ်ာရွင္းရွင္း လင္းလင္း နဲ႔ တိတိက်က်ျဖစ္ေအာင္ လုပ္ေဆာင္ေပးဖို႔ေရွ႕ေနေတြကို ေျပာဆိုတယ္လို႔ ေျပာပါတယ္။ ဒီကေန႔ အမႈစစ္ေဆးမႈအေျခအေနေတြ ရန္ကုန္က သတင္းေပးပို႔ထားတာကို အလိမၼာေျပာျပေပးပါမယ္။

ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဦးဝင္းျမင့္တို႔ကို ေနျပည္ေတာ္မွာ ဇြန္လ ၂၁ ရက္ တနလၤာ ေန႔ ႐ုံးထုတ္မွာေတာ့သူတို႔ အမႈ ၄ မႈ အတြက္ တရားလိုျပသက္ေသေတြကို စစ္ေဆး ခဲ့ တယ္လို႔ ေရွ႕ေနေတြကေျပာပါတယ္။ ၿပီးခဲ့တဲ့ ႐ုံးခ်ိန္းမွာ တရားလို စစ္ၿပီးသြားတာေၾကာင့္ ဒီကေန႔မွာ တရားလိုျပ သက္ေသေတြကို တစ္မႈ ႏွစ္ေယာက္ စစ္တာျဖစ္ကာ အဓိက စစ္ေမးတာေတြ လုပ္ခဲ့တာ ျဖစ္ပါတယ္။ ေရွ႕ေနေတြနဲ႔ အျပန္အလွန္ စစ္ေဆးတဲ့ အေျခအေနနဲ႔ပတ္သတ္လို႔ ေရွ႕ေနဦးၾကည္ဝင္း ကအခုလိုေျပာျပပါတယ္။

"ဒီေန႔ ေဒၚေအာင္ဆန္းစုၾကည္အမႈစစ္ျဖစ္တယ္ေပါ့။ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၇ရယ္၊ ပို႔ကုန္သြင္းကုန္ ဥပေဒရယ္ ၂ခုစလုံးကို စစ္တယ္။ တရားလိုဘက္က သက္ေသက ဗိုလ္ႀကီးအာကာမင္း လာတယ္။ အဲတေယာက္ထဲကို ၂မႈစလုံးစစ္တာေပါ့။ သူကသက္ေသ ၂ခုစလုံးပါေနတာကို။ ေနာက္အမႈက သမၼတဦးဝင္းျမင့္ေကာေပါ့ ။သဘာဝေဘး အႏၲရာယ္ ၂၅ အဲဒါကိုရဲတေယာက္နဲ႔ ၿမိဳ႕မေစ်းက အုပ္ခ်ဳပ္ေရးမႈး။ ေက်း႐ြာ၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႈးကိုစစ္တယ္။ အဲဒါနဲ႔ ဒီေန႔တေနကုန္တာ ေပါ့."

ဒီကေန႔စစ္ေဆးတဲ့ အမႈေတြကေတာ့ ေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ ၂၅ ၊ ပို႔ကုန္သြင္းကုန္ ဥပေဒ ပုဒ္မ ၈ နဲ႔ ဆက္သြယ္ေရး ဥပေဒ ပုဒ္မ ၆၇ တို႔နဲ႔ စြဲဆိုထားတဲ့ ေဒၚေအာင္ဆန္းစုၾကည္အမႈ ၃ မႈ နဲ႔ သမၼတ ဦး၀င္းျမင့္ ကိုေတာ့ ေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈ ပုဒ္မ ၂၅ နဲ႔ စြဲထားတဲ့ တစ္မႈ စုစုေပါင္း အမႈ ၄ မႈ အတြက္ ၾကားနာ စစ္ေဆးတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဇြန္လ ၁၄ရက္ တနလၤာ၊ ၿပီးခဲ့တဲ့ ႐ုံးခ်ိန္းတုန္းကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကို စြဲဆိုထားတဲ့ အမႈေတြထဲက သုံးမႈကို ပထမဆုံး စတင္ၾကားနာခဲ့ရာမွာ တရားလိုေတြကိုသာ စစ္ေဆးခဲ့ၿပီး တရားလိုျပ သက္ေသေတြကို စစ္ေဆးႏိုင္ျခင္း မရွိခဲ့ ပါဘူး။ ေဒၚေအာင္ဆန္းစုၾကည္ကို စြဲဆိုထားတဲ့အမႈ ၃ မႈက တရားလိုေတြျဖစ္တဲ့ ရဲမႉးၾကည္လင္း နဲ႔ ရဲမႉးျမင့္ႏိုင္ တို႔ကို အရင္႐ုံးခ်ိန္းမွာ စစ္ေဆးခဲ့ပါတယ္။သမၼတ ဦး၀င္းျမင့္ အမႈမွာလည္း အဲေန႔က ရဲမႉးျမင့္ႏိုင္ ကိုဘဲစစ္ႏိုင္ခဲ့ပါတယ္။

ဒီကေန႔စစ္ေဆးမႈေတြမွာ တဖက္က တင္ျပခ်က္ေတြကို အေကာင္းဆုံးခုခံေခ်ပႏိုင္ခဲ့သလို အျပန္အလွန္ ေမးခြန္းေတြေမးတာမွာလဲ အျပစ္ကင္းေၾကာင္းကို သက္ေသထူႏိုင္ေလာက္တဲ့ အထိ တင္ျပႏိုင္ခဲ့တယ္ လို႔ ပို႔ကုန္သြင္းကုန္ ဥပေဒ ပုဒ္မ ၈ နဲ႔ ဆက္သြယ္ေရး ဥပေဒ ပုဒ္မ ၆၇ အမႈကို စစ္ေမးခဲ့တဲ့ ဦးၾကည္ဝင္း ကေျပာပါတယ္။

"ေဒၚေအာင္ဆန္းစုၾကည္အမႈကေတာ့ဒီေန႔ကိုယ္စစ္ရတာကို ကိုယ္စစ္တဲ့ အခါက်ေတာ့ ဥပေဒ အရ ၿငိစြန္းမႈမရွိဘူးေပ့ါ။ ဆက္သြယ္ေရးပစၥည္းေတြက ျပည္ထဲေရးဌာနသုံး တာေတြဘဲေလ။ သူ႔ဆီကမိတာမဟူတ္ဘူးေလ။ တိုင္တဲ့ အမ်ိဳးအစားေပၚရွင္းေနတာဘဲေလ။ အဲဒါ ေတြကို ေဒၚေအာင္ဆန္းစုၾကည္ဆီကသိမ္းတာမဟုတ္ဘူး။ မနက္ ၃နာရီေလာက္ေရာက္ၿပီးေတာ့ လုံၿခဳံေရးအဖြဲ႕ဆီက ၆လုံး ေနာက္ကင္းဂိတ္ကတလုံး ကိုယ္ေရးအရာရွိေဆာင္က တလုံး ဒါဘဲ။ ေဒၚေအာင္ဆန္းစုၾကည္ဆီကသိမ္းတာမပါဘူး။ ဒါေၾကာင့္မို႔ ဒီအမႈတင္မဟုတ္ဘူး။ ေရွ႕ေနပညာ အရ သိေနတာဘဲ။ ျပစ္မႈကင္းမကင္းသိတယ္ေလ။ ေနာက္ရဲကိုယ္တိုင္ကကိုယ္ ေဒၚေအာင္ဆန္းစုၾကည္ဆီ ကသိမ္းမသိမ္းကိုေပၚတာဘဲ။ ထုံးစံအရဆို မူးယစ္ေဆးေတြမိရင္ ရွာေဖြပုံစံနဲ႔သိမ္းၾကတယ္ေလ။ဒါကက်ေနာ့္ အိမ္ထဲက၊ ကုတင္ဆီကစသျဖင့္သိမ္းၾကရတယ္။ ခုက သူတို႔ရဲေတြကသူတို႔ဘာသာအပ္တာေလ။ ေဒၚေအာင္ဆန္းစုၾကည္အပ္တာမွမဟုတ္တာ။"

အမႈေတြကိုရင္ဆိုင္ေနရတဲ့ အတိုင္ပငိခံရဲ႕ အမႈေတြအေပၚသေဘာထားနဲ႔ပတ္သတ္လို႔ဗြီအိုေအက အတိုင္ပင္ခံေရွ႕ေနေတြကိုေမးၾကည့္တာမွာေတာ့ သူ႔သေဘာထားနဲ႔ပတ္သတ္လို႔ ေရွ႕ေနဦးၾကည္ဝင္းက အခုလိုေျပာပါတယ္။

"သူကေတာ့သူ႔သေဘာထားကေတာ့ ဒီအမႈေတြကို ရွင္းရွင္းလင္းလင္းျဖစ္သြား ေအာင္ အမႈကိုေပၚလြင္ေအာင္စစ္ေပးပါတဲ့ ေပၚလြင္ေအာင္စစ္ေပးပါတဲ့။"

ဒီကေန႔ ႐ုံးခ်ိန္းမွာ အတိုင္ပင္ခံက သူမေမြးေန႔ကို တကူးတက က်င္းပေပးၾကတဲ့ ျပည္သူေတြကိုေက်း ဇူးတင္ေၾကာင္းနဲ႔ သူမအေနနဲ႔ ျပည္သူေတြက်န္းမာဖို႔နဲ႔ ညီၫႊတ္စြာေနထိုင္ၾကဖို႔ မွာၾကားတယ္လို႔ ေျပာပါတယ္။ ေမြးေန႔ ဆုေတာင္းအေနနဲ႔ ျပည္သူေတြ က်န္းမာဖို႔ကို ျပန္ဆုေတာင္းေပးခဲ့တယ္လို႔ ေရွ႕ေနအဖြဲ႕ကေနတဆင့္ မွာၾကားလိုက္တယ္လို႔ ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၅၊ အစိုးရလွ်ိဳ႕ဝွက္ ခ်က္ေပါက္ ၾကားမႈဥပေဒပုဒ္မ ၃ (၁) (ဂ)၊ ပို႔ကုန္သြင္းကုန္ဥပဒပုဒ္မ ၈ ၊ ဆက္သြယ္ေရး ဥပေဒ ပုဒ္မ ၆၇ ၊ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္လႈံေဆာ္မႈ လုပ္ေဆာင္မႈဆိုင္ရာ ဥပေဒပုဒ္မ ၅၀၅(ခ)၊ တို႔ အျပင္ သဘာဝ ေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ ၂၅ နဲ႔ အမႈ ၂ ခု၊ စုစုေပါင္း ၇ မႈနဲ႔ တရားစြဲခံထားရပါတယ္။ ရန္ကုန္မွာ တရားစြဲခဲ့တဲ့ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္ေပါက္ ၾကားမႈ ဥပေဒပုဒ္မ ၃(၁) (ဂ)ကို ေနျပည္ေတာ္မွာ ႐ုံးေျပာင္း စစ္ေဆးခြင့္ရမရ ၾကားနာမႈကိုလည္း ေနျပည္ေတာ္တရားလႊတ္ေတာ္ခ်ဳပ္မွာ လာမယ့္ သီတင္းပတ္အတြင္း ဇြန္လ ၂၃ ရက္ေန႔မွာျပဳလုပ္ဖို႔ ရွိေနပါတယ္။

မနက္ဖန္ ဇြန္လ ၂၂ ရက္ေန႔ အဂၤါေန႔႐ုံးခ်ိန္းမွာေတာ့ ေဒါက္တာမ်ိဳးေအာင္ အပါအ၀င္ ၃ေယာက္ကို တရားလို ဦးစိုးထြန္းေ႐ႊက စြဲထားတဲ့ အမ်ားျပည္သူတည္ ၿငိမ္မႈေအးခ်မ္းမႈ ပ်က္ေအာင္ လုပ္ေဆာင္မႈ၊ အမႈကို စစ္ေဆးမွာ ျဖစ္သလို၊တရားလို ဦးထြန္းျမင့္ေအာင္ ေခၚ ဦးညီညီက သဘာ၀ေဘးအႏၲရာယ္ တားဆီးကာကြယ္ေရး ဥပေဒနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကို စြဲထားတဲ့ အမႈကိုလည္း စစ္ေဆးသြားဖို႔ ရွိ ပါတယ္။

..........................................................................................

တိုက္႐ိုက္ လင့္ခ္


‌ဒေါ်အောင်ဆန်းစုကြည်အမှုသုံးမှု တရားလိုပြသက်သေတွေကိုစစ်ဆေး

(Unicode)

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ရဲ့ အပတ်စဉ်စစ်မေးတဲ့ ရုံးချိန်းအ မှုတွေမှာ တရားလိုပြသက်သေတွေကိုအပြန်အလှန်စစ်ဆေးနိုင်ခဲ့သလို အမှုကို အကောင်းဆုံး ခုခံချေပ နိုင်ခဲ့တယ်လို့ ရှေ့နေတွေကပြောပါတယ်။ အတိုင်ပင်ခံကိုယ်တိုင်ကလည်းအမှုတွေကို သေချာရှင်းရှင်း လင်းလင်း နဲ့ တိတိကျကျဖြစ်အောင် လုပ်ဆောင်ပေးဖို့ရှေ့နေတွေကို ပြောဆိုတယ်လို့ ပြောပါတယ်။ ဒီကနေ့ အမှုစစ်ဆေးမှုအခြေအနေတွေ ရန်ကုန်က သတင်းပေးပို့ထားတာကို အလိမ္မာပြောပြပေးပါမယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို နေပြည်တော်မှာ ဇွန်လ ၂၁ ရက် တနင်္လာ နေ့ ရုံးထုတ်မှာတော့သူတို့ အမှု ၄ မှု အတွက် တရားလိုပြသက်သေတွေကို စစ်ဆေး ခဲ့ တယ်လို့ ရှေ့နေတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ရုံးချိန်းမှာ တရားလို စစ်ပြီးသွားတာကြောင့် ဒီကနေ့မှာ တရားလိုပြ သက်သေတွေကို တစ်မှု နှစ်ယောက် စစ်တာဖြစ်ကာ အဓိက စစ်မေးတာတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ရှေ့နေတွေနဲ့ အပြန်အလှန် စစ်ဆေးတဲ့ အခြေအနေနဲ့ပတ်သတ်လို့ ရှေ့နေဦးကြည်ဝင်း ကအခုလိုပြောပြပါတယ်။

"ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်အမှုစစ်ဖြစ်တယ်ပေါ့။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ရယ်၊ ပို့ကုန်သွင်းကုန် ဥပဒေရယ် ၂ခုစလုံးကို စစ်တယ်။ တရားလိုဘက်က သက်သေက ဗိုလ်ကြီးအာကာမင်း လာတယ်။ အဲတယောက်ထဲကို ၂မှုစလုံးစစ်တာပေါ့။ သူကသက်သေ ၂ခုစလုံးပါနေတာကို။ နောက်အမှုက သမ္မတဦးဝင်းမြင့်ကောပေါ့ ။သဘာဝဘေး အန္တရာယ် ၂၅ အဲဒါကိုရဲတယောက်နဲ့ မြို့မဈေးက အုပ်ချုပ်ရေးမှုး။ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးကိုစစ်တယ်။ အဲဒါနဲ့ ဒီနေ့တနေကုန်တာ ပေါ့."

ဒီကနေ့စစ်ဆေးတဲ့ အမှုတွေကတော့ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ၊ ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ နဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ တို့နဲ့ စွဲဆိုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အမှု ၃ မှု နဲ့ သမ္မတ ဦးဝင်းမြင့် ကိုတော့ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ပုဒ်မ ၂၅ နဲ့ စွဲထားတဲ့ တစ်မှု စုစုပေါင်း အမှု ၄ မှု အတွက် ကြားနာ စစ်ဆေးတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၄ရက် တနင်္လာ၊ ပြီးခဲ့တဲ့ ရုံးချိန်းတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှုတွေထဲက သုံးမှုကို ပထမဆုံး စတင်ကြားနာခဲ့ရာမှာ တရားလိုတွေကိုသာ စစ်ဆေးခဲ့ပြီး တရားလိုပြ သက်သေတွေကို စစ်ဆေးနိုင်ခြင်း မရှိခဲ့ ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှု ၃ မှုက တရားလိုတွေဖြစ်တဲ့ ရဲမှူးကြည်လင်း နဲ့ ရဲမှူးမြင့်နိုင် တို့ကို အရင်ရုံးချိန်းမှာ စစ်ဆေးခဲ့ပါတယ်။သမ္မတ ဦးဝင်းမြင့် အမှုမှာလည်း အဲနေ့က ရဲမှူးမြင့်နိုင် ကိုဘဲစစ်နိုင်ခဲ့ပါတယ်။

ဒီကနေ့စစ်ဆေးမှုတွေမှာ တဖက်က တင်ပြချက်တွေကို အကောင်းဆုံးခုခံချေပနိုင်ခဲ့သလို အပြန်အလှန် မေးခွန်းတွေမေးတာမှာလဲ အပြစ်ကင်းကြောင်းကို သက်သေထူနိုင်လောက်တဲ့ အထိ တင်ပြနိုင်ခဲ့တယ် လို့ ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ နဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ အမှုကို စစ်မေးခဲ့တဲ့ ဦးကြည်ဝင်း ကပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်အမှုကတော့ဒီနေ့ကိုယ်စစ်ရတာကို ကိုယ်စစ်တဲ့ အခါကျတော့ ဥပဒေ အရ ငြိစွန်းမှုမရှိဘူးပေ့ါ။ ဆက်သွယ်ရေးပစ္စည်းတွေက ပြည်ထဲရေးဌာနသုံး တာတွေဘဲလေ။ သူ့ဆီကမိတာမဟူတ်ဘူးလေ။ တိုင်တဲ့ အမျိုးအစားပေါ်ရှင်းနေတာဘဲလေ။ အဲဒါ တွေကို ဒေါ်အောင်ဆန်းစုကြည်ဆီကသိမ်းတာမဟုတ်ဘူး။ မနက် ၃နာရီလောက်ရောက်ပြီးတော့ လုံခြုံရေးအဖွဲ့ဆီက ၆လုံး နောက်ကင်းဂိတ်ကတလုံး ကိုယ်ရေးအရာရှိဆောင်က တလုံး ဒါဘဲ။ ဒေါ်အောင်ဆန်းစုကြည်ဆီကသိမ်းတာမပါဘူး။ ဒါကြောင့်မို့ ဒီအမှုတင်မဟုတ်ဘူး။ ရှေ့နေပညာ အရ သိနေတာဘဲ။ ပြစ်မှုကင်းမကင်းသိတယ်လေ။ နောက်ရဲကိုယ်တိုင်ကကိုယ် ဒေါ်အောင်ဆန်းစုကြည်ဆီ ကသိမ်းမသိမ်းကိုပေါ်တာဘဲ။ ထုံးစံအရဆို မူးယစ်ဆေးတွေမိရင် ရှာဖွေပုံစံနဲ့သိမ်းကြတယ်လေ။ဒါကကျနော့် အိမ်ထဲက၊ ကုတင်ဆီကစသဖြင့်သိမ်းကြရတယ်။ ခုက သူတို့ရဲတွေကသူတို့ဘာသာအပ်တာလေ။ ဒေါ်အောင်ဆန်းစုကြည်အပ်တာမှမဟုတ်တာ။"

အမှုတွေကိုရင်ဆိုင်နေရတဲ့ အတိုင်ပငိခံရဲ့ အမှုတွေအပေါ်သဘောထားနဲ့ပတ်သတ်လို့ဗွီအိုအေက အတိုင်ပင်ခံရှေ့နေတွေကိုမေးကြည့်တာမှာတော့ သူ့သဘောထားနဲ့ပတ်သတ်လို့ ရှေ့နေဦးကြည်ဝင်းက အခုလိုပြောပါတယ်။

"သူကတော့သူ့သဘောထားကတော့ ဒီအမှုတွေကို ရှင်းရှင်းလင်းလင်းဖြစ်သွား အောင် အမှုကိုပေါ်လွင်အောင်စစ်ပေးပါတဲ့ ပေါ်လွင်အောင်စစ်ပေးပါတဲ့။"

ဒီကနေ့ ရုံးချိန်းမှာ အတိုင်ပင်ခံက သူမမွေးနေ့ကို တကူးတက ကျင်းပပေးကြတဲ့ ပြည်သူတွေကိုကျေး ဇူးတင်ကြောင်းနဲ့ သူမအနေနဲ့ ပြည်သူတွေကျန်းမာဖို့နဲ့ ညီညွှတ်စွာနေထိုင်ကြဖို့ မှာကြားတယ်လို့ ပြောပါတယ်။ မွေးနေ့ ဆုတောင်းအနေနဲ့ ပြည်သူတွေ ကျန်းမာဖို့ကို ပြန်ဆုတောင်းပေးခဲ့တယ်လို့ ရှေ့နေအဖွဲ့ကနေတဆင့် မှာကြားလိုက်တယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅၊ အစိုးရလျှို့ဝှက် ချက်ပေါက် ကြားမှုဥပဒေပုဒ်မ ၃ (၁) (ဂ)၊ ပို့ကုန်သွင်းကုန်ဥပဒပုဒ်မ ၈ ၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ ၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လှုံဆော်မှု လုပ်ဆောင်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ)၊ တို့ အပြင် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ အမှု ၂ ခု၊ စုစုပေါင်း ၇ မှုနဲ့ တရားစွဲခံထားရပါတယ်။ ရန်ကုန်မှာ တရားစွဲခဲ့တဲ့ နိုင်ငံတော်လျှို့ဝှက်ချက်ပေါက် ကြားမှု ဥပဒေပုဒ်မ ၃(၁) (ဂ)ကို နေပြည်တော်မှာ ရုံးပြောင်း စစ်ဆေးခွင့်ရမရ ကြားနာမှုကိုလည်း နေပြည်တော်တရားလွှတ်တော်ချုပ်မှာ လာမယ့် သီတင်းပတ်အတွင်း ဇွန်လ ၂၃ ရက်နေ့မှာပြုလုပ်ဖို့ ရှိနေပါတယ်။

မနက်ဖန် ဇွန်လ ၂၂ ရက်နေ့ အင်္ဂါနေ့ရုံးချိန်းမှာတော့ ဒေါက်တာမျိုးအောင် အပါအဝင် ၃ယောက်ကို တရားလို ဦးစိုးထွန်းရွှေက စွဲထားတဲ့ အများပြည်သူတည် ငြိမ်မှုအေးချမ်းမှု ပျက်အောင် လုပ်ဆောင်မှု၊ အမှုကို စစ်ဆေးမှာ ဖြစ်သလို၊တရားလို ဦးထွန်းမြင့်အောင် ခေါ် ဦးညီညီက သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး ဥပဒေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့ အမှုကိုလည်း စစ်ဆေးသွားဖို့ ရှိ ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG