သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ကိုစဲြဆိုတဲ့ အဂတိမႈေတြအတြက္ ေရွ႕ေနလက္မွတ္ယူ


ေဒၚ ေအာင္ဆန္းစုၾကည္ရဲ႕ ေရွ ့ေနတဦးျဖစ္တဲ့ ဦးခင္ေမာင္ေဇာ္က မီဒီယာမ်ားကို ေျဖၾကားစဥ္ ( ဓာတ္ပံု - AP)

(Zawgyi/Unicode)

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အေပၚ အဂတိလိုက္စားမႈစြဲခ်က္ေတြနဲ႔ စစ္ေကာင္စီက တရားစြဲထားတဲ့အမႈေတြ ရင္ဆိုင္ဖုိ႔ သူ႔ရဲ႕ ေ႐ွ႕ေနေတြ ျပင္ဆင္မႈေတြလုပ္ေနပါတယ္။ မႏၱေလးတိုင္းတရား႐ံုးမွာ တင္ထားတဲ့အမႈ အဂတိလိုက္စားမႈ ၄ မႈနဲ႔ပါတ္သက္လို႔ သူ႔ေ႐ွ႕ေနေတြဘက္က အေသးစိတ္ အေသအခ်ာ မသိၾကရေသးပါဘူး။ ေနျပည္ေတာ္မွာ စစ္ေဆးေနတဲ့ အမႈေတြထဲက ၂ မႈကိုေတာ့ေနျပည္ေတာ္ သီးသန႔္တရား႐ုံးမွာ ဒီေန႔ ဇူလိုင္လ ၁၃ ရက္ေန႔မွာ ဆက္လက္ၾကားနာစစ္ေဆးခဲ့ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမႈေတြအေၾကာင္း ေနာက္ဆုံးသိရထားသမွ် ရန္ကုန္ကေပးပို႔တဲ့သတင္း မခင္ျဖဴေထြးေျပာျပပါမယ္။

ေဒၚေအာင္ဆန္းစုၾကည္အေပၚ တရားစြဲထားတဲ့ထဲက အေသးစားအမႈေတြအတြက္ ေနျပည္ေတာ္ သီးသန္႔တရား႐ံုးမွာ ဒီေန႔ဆက္လက္စစ္ေဆးပါတယ္။ သူ႔အေပၚ မႏၱေလးတိုင္းတရား႐ံုးမွာ စစ္ေကာင္စီက အမႈဖြင့္ထားတဲ့အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၅ ခ်ိဳးေဖာက္မႈ၊၄ မႈ ကုိ ရင္ဆိုင္ဖုိ႔ ေဒၚေအာင္ဆန္းစုၾကည္က သူ႔ေ႐ွ႕ေနေတြကို ဒီေန႔႐ံုးခ်ိန္းေတြ႔စဥ္ ေ႐ွ႕ေနလိုက္ခြင့္ လက္မွတ္ထိုးေပးခဲ့ပါတယ္။ အဂတိလိုက္စားမႈနဲ႔ အမႈ ၄ ခု ထပ္တိုးတယ္ဆိုတာသာ ေလာေလာဆယ္သိထားၿပီး အမႈေတြနဲ႔ပါတ္သက္တဲ့အေသးစိတ္အေၾကာင္းအရာေတြခုထက္ထိ မသိရေသးဘူးလို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေ႐ွ႕ေနတေယာက္ျဖစ္တဲ့ေဒၚစန္းမာလာၫႊန႔္ကေျပာျပပါတယ္။

" ကိုယ္စားလွယ္စာရၿပီ. အမတို႔႐ုံးခ်ိန္းက ၂၂ ရက္ေန႔မွေလ။ အမတို႔ေသခ်ာေတာ့မသိေသးဘူး. ရဲမႈးေျပာတာကေတာ့ အန္တီက တေယာက္ထဲ ၂မႈ၊ ၃ေယာက္တြဲ ၂မႈ ၊ ၃ေယာက္တြဲကေတာ့ ေဒါက္တာမ်ိဳးေအာင္၊ ကိုရဲမင္းဦးနဲ႔တမႈ၊ ေဒါက္တာမ်ိဳးေအာင္နဲ႔ ဦးမင္းသူနဲ႔ တမႈေပါ့။ အဲလိုေျပာတာဘဲ။ အမတို႔ကေသခ်ာကိုမသိေသးတာ၊အမႈသြားတင္မွသာသိမွာ။ အန္တီတေယာက္ထဲ ၂မႈ၊၃ေယာက္တြဲက ၂ မႈ အဲလိုေပါ့။ ၿပီးခဲ့အပတ္က ရမာန္ေပးတယ္ လာမယ့္႐ုံးခ်ိန္းမွာပါဝါတင္မယ္။"

ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ လာဘ္ထိုးတဲ့အေနနဲ႔ေပးတဲ့ အေမရိကန္ေဒၚလာ ေျခာက္သိန္း နဲ႔ အကယ္ဒမီ အေခါက္ေ႐ႊ ခုနစ္ပိႆာကို ေဒၚေအာင္ဆန္းစုၾကည္လက္ခံယူခဲ့တာအျပင္၊ ေဒၚေအာင္ဆန္းစုၾကည္ ဥကၠ႒အျဖစ္ တာဝန္ယူထားတဲ့ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းနဲ႔ပတ္သက္တဲ့ ရန္ကုန္နဲ႔ ေနျပည္ေတာ္တို႔မွာ ေျမေနရာရယူတာ၊ အေဆာက္အဦးေတြနဲ႔ပတ္သက္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ရာထူးအာဏာကို အလြဲသုံးစားလုပ္ခဲ့တာကိုအဂတိလိုက္စားမႈေကာ္မရွင္ကစစ္ေဆးေတြ႔႐ွိထားတယ္လို႔ ဇြန္လကစစ္ေကာင္စီက ထုတ္ျပန္ထားပါတယ္။ အဲဒီအခ်က္ေတြကို အေျခခံၿပီး အခုမွ မႏၱေလးတိုင္းတရား႐ံုးမွာ စစ္ေကာင္စီက အမႈတင္ခဲ့တာျဖစ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကို အေစာပိုင္းက တရားစြဲခံထားရတဲ့ အမႈေတြထဲက အမ်ား ျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္လႈံေဆာ္၊ လုပ္ေဆာင္တယ္ဆိုၿပီး ရာဇသတ္ ႀကီးပုဒ္မ ၅၀၅-ခ နဲ႔ စြဲထားတဲ့ အမႈနဲ႔ သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲေရးဥပေဒ တို႔ကိုဒီေန႔ ဆက္လက္ ၾကားနာပါတယ္။သဘာဝ ေဘးအႏၲရာယ္နဲ႔စဲြထားတဲ့ အမႈအတြက္မ်က္ျမင္သက္ေသေတြ ခရီးထြက္ေနတာေၾကာင့္ ဒီတပါတ္ေမးျမန္းေလ ွ်ာက္ထားမႈ မလုပ္ႏိုင္ခဲ့ဘူး လို႔ေျပာပါတယ္။ ၅၀၅-ခ အမႈအတြက္ကေတာ့ မ်က္ျမင္သက္ေသေတြကိုအၿပီးသတ္ စစ္ေဆးေမးျမန္းၿပီးသြားၿပီမို႔ လာမယ့္ အပတ္ထဲမွာေတာ့ စြဲခ်က္တင္သင့္မတင္သင့္ကို ေလွ်ာက္လဲခ်က္တင္မယ္လို႔ ေဒၚ စန္းမာလာၫႊန႔္ကေျပာပါတယ္။ စြပ္စြဲထားတဲ့ အမႈ က်ဴးလြန္ခဲ့ျခင္းမ႐ွိဘူးဆိုတာ သက္ေသျပႏုိင္ခဲ့သလို တရားလုိဘက္ကလည္းအမႈက်ဴးလြန္ေၾကာင္းခိုင္မာတဲ့သက္ေသ မတင္ႏိုင္ခဲ့ဘူးလို႔သူကေျပာပါ တယ္။

" ၅၀၅ အမႈကဟိုတပါတ္က ၂ေယာက္ ဒီတပါတ္ ၂ေယာက္စစ္တယ္။ ဒု ဗိုလ္မႈးသန္းေအးရယ္။ ေနာက္ဦးသန္းထူးဆိုတာလဝကကရယ္ လာတာေပါ့။ ၂ ေယာက္သူတို႔ဘက္က သက္ေသအကုန္စစ္ၿပီးၿပီ။ ေနာက္တပါတ္ေက်ာ္ရင္ အမက ေလွ်ာက္လဲခ်က္တင္ရမယ္။ ၂၇ ရက္ေန႔ တင္ရမယ္။ စြဲခ်က္ တင္သင့္ မတင္သင့္ေလွ်ာက္လဲခ်က္တင္ရမယ္။ စဆြဲထဲကဟုတ္မွမဟုတ္တာ။ ၅၀၅ နဲ႔စြဲခံရတဲ့ သူေတြ အကုန္ထိန္းသိမ္းထားၿပီး ဒီစာထုတ္လို႔ဆြဲတယ္ဆိုတာ ဟုတ္မွမဟုတ္တာ။ သူတို႔ကစာ ထုတ္ခ်ိန္ ထိန္းသိမ္းခံေနရၿပီ ေနာက္ သူတို႔လက္မွတ္ေတြလဲမပါဘူး။ ထုတ္ပါတယ္ဆိုတဲ့ သက္ေသျပႏိုင္တာမဟုတ္ဘူး။ တရား႐ုံးဘက္ကလည္း သက္ေသခံေတြအေနနဲ႔လက္ခံေပမယ့္လည္း ဥပေဒအရ ဝင္မဝင္ျဖစ္လာရဦးမွာေလ။ ႐ုံးလုပ္ငန္းလုပ္လဲ ဘယ္လိုထုတ္လဲသက္ေသျပႏိုင္ရမယ္။ အဲလိုမျပႏိုင္တာမို႔ ဒီအမႈက သက္ေသမခိုင္ဘဲ ဆြဲထားတာ။"

ၿပီးခဲ့တဲ့ ႐ုံးခ်ိန္းမွာ ပုဒ္မ ၅၀၅ (ခ) ခ်ိဳးေဖာက္တယ္ဆိုတဲ့ အမႈအတြက္ တရားလိုတင္တဲ့ သက္ေသအခ်က္အလက္ေတြဟာ လုပ္ထုံး လုပ္နည္းနဲ႔ မညီ ဘူးဆိုၿပီး ေဒၚေအာင္ဆန္းစုၾကည္ေရွ႕ေနေတြက ပယ္ခ်ခဲ့ေပမဲ့ တရားသူႀကီးကလက္မခံပါဘူး။ဒါေၾကာင့္ ဇူလိုင္ ၅ ရက္ေန႔က ခ႐ိုင္တရား႐ုံးမွာ အယူခံဝင္ခဲ့ေပမယ့္ ခ႐ိုင္ကလည္းလက္မခံဘဲ ပယ္ခ်လိုက္တာေၾကာင့္ တိုင္းတရား႐ုံး တင္ျပဖို႔ ေရွ႕ေနေတြဘက္က ျပင္ဆင္ေနပါတယ္။ အဂတိလိုက္စားမႈဆိုင္ရာ အမႈေတြအတြက္ ပါဝါတင္တဲ့ ဇူလိုင္ ၂၂ရက္မွာဘဲ ၅၀၅- ခအမႈ၊ဆက္သြယ္ေရးဥပေဒနဲ႔ ဆြဲထားတဲ့ အမႈေတြနဲ႔ပါတ္သက္လို႔ ေအာက္႐ုံးက ဆုံးျဖတ္ခ်က္ကို ျပင္ဆင္ဖို႔ တိုင္းတရား႐ံုးမွာ အယူခံတင္မယ္လို႔ ေျပာပါတယ္။ဆက္သြယ္ေရးဥပေဒနဲ႔ ဆြဲထားတဲ့ အမႈအတြက္က ျပန္လွန္ ေမးခြန္းေမးခြင့္မွာ ေမးရမယ့္ ေမးခြန္းေတြကို ေမးခြင့္မရဘဲ ကန႔္သတ္တာကို မေက်နပ္လို႔ တိုင္းတရား႐ံုးကိုတင္တာျဖစ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမႈေတြကို စစ္ေဆးေနတဲ့ သီးသန္႔ တရားခြင္အတြင္း သတ္မွတ္စည္းကမ္းခ်က္ေတြနဲ႔ မညီဘဲ လုံၿခဳံေရးေတြဘက္က ဓါတ္ပုံ႐ိုက္ယူတာ၊ တရားၿပိဳင္ေရွ႕ေနေတြရဲ႕ အမႈနဲ႔ပတ္သတ္လို႔ စစ္ေဆးမႈအက်ဥ္း ေရးမွတ္တဲ့စာအုပ္စာတမ္းေတြနဲ႔ အမႈအေျခအေန အေသးစိတ္ကို လုံၿခဳံေရးေတြဘက္က ဖြင့္ဖတ္တာ စတဲ့လုပ္ရပ္ေတြ ႐ွိတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေ႐ွ႕ေနေတြကေျပာပါတယ္။ ဒါေတြဟာတရားၿပိဳင္ေတြနဲ႔ တရားၿပိဳင္ေရွ႕ေနေတြရဲ႕ ရပိုင္ခြင့္ဆုံးရႈံးေစတဲ့လုပ္ရပ္ေတြျဖစ္တာမို႔ ေရွ႕ေနေတြဘက္ကတရားသူႀကီးကို တင္ျပ ကန္႔ကြက္ခဲ့ရတာမ်ိဳးအထိ ျဖစ္ခဲ့တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ေရွ႕ေနေတြကေျပာပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ဟာ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၅ခ်ဳိးေဖာက္မႈနဲ႔ အမႈ ၄ မႈ၊ ႏိုင္ငံေတာ္လႈိ႕ဝွက္ခ်က္ေပါက္ၾကားမႈ ဥပေဒပုဒ္မ ၃ (၁) (ဂ)၊ ပို႔ကုန္သြင္းကုန္ဥပဒပုဒ္မ ၈ ၊ ဆက္သြယ္ေရး ဥပေဒ ပုဒ္မ ၆၇ ၊ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္လႈံေဆာ္မႈ လုပ္ေဆာင္မႈဆိုင္ရာ ဥပေဒပုဒ္မ ၅၀၅(ခ)၊ တို႔ အျပင္ သဘာဝ ေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ ၂၅ နဲ႔ အမႈ ၂ ခု၊ စုစုေပါင္း ၁၀ မႈနဲ႔ တရားစြဲခံထားရ ပါတယ္။

...............................................................................................

တိုက္႐ိုက္ လင့္ခ္


ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုတဲ့ အဂတိမှုတွေအတွက် ရှေ့နေလက်မှတ်ယူ

(Unicode)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုစွဲချက်တွေနဲ့ စစ်ကောင်စီက တရားစွဲထားတဲ့အမှုတွေ ရင်ဆိုင်ဖို့ သူ့ရဲ့ ရှေ့နေတွေ ပြင်ဆင်မှုတွေလုပ်နေပါတယ်။ မန္တလေးတိုင်းတရားရုံးမှာ တင်ထားတဲ့အမှု အဂတိလိုက်စားမှု ၄ မှုနဲ့ပါတ်သက်လို့ သူ့ရှေ့နေတွေဘက်က အသေးစိတ် အသေအချာ မသိကြရသေးပါဘူး။ နေပြည်တော်မှာ စစ်ဆေးနေတဲ့ အမှုတွေထဲက ၂ မှုကိုတော့နေပြည်တော် သီးသန့်တရားရုံးမှာ ဒီနေ့ ဇူလိုင်လ ၁၃ ရက်နေ့မှာ ဆက်လက်ကြားနာစစ်ဆေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေအကြောင်း နောက်ဆုံးသိရထားသမျှ ရန်ကုန်ကပေးပို့တဲ့သတင်း မခင်ဖြူထွေးပြောပြပါမယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲထားတဲ့ထဲက အသေးစားအမှုတွေအတွက် နေပြည်တော် သီးသန့်တရားရုံးမှာ ဒီနေ့ဆက်လက်စစ်ဆေးပါတယ်။ သူ့အပေါ် မန္တလေးတိုင်းတရားရုံးမှာ စစ်ကောင်စီက အမှုဖွင့်ထားတဲ့အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ချိုးဖောက်မှု၊၄ မှု ကို ရင်ဆိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရှေ့နေတွေကို ဒီနေ့ရုံးချိန်းတွေ့စဉ် ရှေ့နေလိုက်ခွင့် လက်မှတ်ထိုးပေးခဲ့ပါတယ်။ အဂတိလိုက်စားမှုနဲ့ အမှု ၄ ခု ထပ်တိုးတယ်ဆိုတာသာ လောလောဆယ်သိထားပြီး အမှုတွေနဲ့ပါတ်သက်တဲ့အသေးစိတ်အကြောင်းအရာတွေခုထက်ထိ မသိရသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတယောက်ဖြစ်တဲ့ဒေါ်စန်းမာလာညွှန့်ကပြောပြပါတယ်။

" ကိုယ်စားလှယ်စာရပြီ. အမတို့ရုံးချိန်းက ၂၂ ရက်နေ့မှလေ။ အမတို့သေချာတော့မသိသေးဘူး. ရဲမှုးပြောတာကတော့ အန်တီက တယောက်ထဲ ၂မှု၊ ၃ယောက်တွဲ ၂မှု ၊ ၃ယောက်တွဲကတော့ ဒေါက်တာမျိုးအောင်၊ ကိုရဲမင်းဦးနဲ့တမှု၊ ဒေါက်တာမျိုးအောင်နဲ့ ဦးမင်းသူနဲ့ တမှုပေါ့။ အဲလိုပြောတာဘဲ။ အမတို့ကသေချာကိုမသိသေးတာ၊အမှုသွားတင်မှသာသိမှာ။ အန်တီတယောက်ထဲ ၂မှု၊၃ယောက်တွဲက ၂ မှု အဲလိုပေါ့။ ပြီးခဲ့အပတ်က ရမာန်ပေးတယ် လာမယ့်ရုံးချိန်းမှာပါဝါတင်မယ်။"

ရန်ကုန်တိုင်းဝန်ကြီးချုပ် လာဘ်ထိုးတဲ့အနေနဲ့ပေးတဲ့ အမေရိကန်ဒေါ်လာ ခြောက်သိန်း နဲ့ အကယ်ဒမီ အခေါက်ရွှေ ခုနစ်ပိဿာကို ဒေါ်အောင်ဆန်းစုကြည်လက်ခံယူခဲ့တာအပြင်၊ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့ ရန်ကုန်နဲ့ နေပြည်တော်တို့မှာ မြေနေရာရယူတာ၊ အဆောက်အဦးတွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က ရာထူးအာဏာကို အလွဲသုံးစားလုပ်ခဲ့တာကိုအဂတိလိုက်စားမှုကော်မရှင်ကစစ်ဆေးတွေ့ရှိထားတယ်လို့ ဇွန်လကစစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ အဲဒီအချက်တွေကို အခြေခံပြီး အခုမှ မန္တလေးတိုင်းတရားရုံးမှာ စစ်ကောင်စီက အမှုတင်ခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အစောပိုင်းက တရားစွဲခံထားရတဲ့ အမှုတွေထဲက အများ ပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လှုံဆော်၊ လုပ်ဆောင်တယ်ဆိုပြီး ရာဇသတ် ကြီးပုဒ်မ ၅၀၅-ခ နဲ့ စွဲထားတဲ့ အမှုနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေ တို့ကိုဒီနေ့ ဆက်လက် ကြားနာပါတယ်။သဘာဝ ဘေးအန္တရာယ်နဲ့စွဲထားတဲ့ အမှုအတွက်မျက်မြင်သက်သေတွေ ခရီးထွက်နေတာကြောင့် ဒီတပါတ်မေးမြန်းလေ ျှာက်ထားမှု မလုပ်နိုင်ခဲ့ဘူး လို့ပြောပါတယ်။ ၅၀၅-ခ အမှုအတွက်ကတော့ မျက်မြင်သက်သေတွေကိုအပြီးသတ် စစ်ဆေးမေးမြန်းပြီးသွားပြီမို့ လာမယ့် အပတ်ထဲမှာတော့ စွဲချက်တင်သင့်မတင်သင့်ကို လျှောက်လဲချက်တင်မယ်လို့ ဒေါ် စန်းမာလာညွှန့်ကပြောပါတယ်။ စွပ်စွဲထားတဲ့ အမှု ကျူးလွန်ခဲ့ခြင်းမရှိဘူးဆိုတာ သက်သေပြနိုင်ခဲ့သလို တရားလိုဘက်ကလည်းအမှုကျူးလွန်ကြောင်းခိုင်မာတဲ့သက်သေ မတင်နိုင်ခဲ့ဘူးလို့သူကပြောပါ တယ်။

" ၅၀၅ အမှုကဟိုတပါတ်က ၂ယောက် ဒီတပါတ် ၂ယောက်စစ်တယ်။ ဒု ဗိုလ်မှုးသန်းအေးရယ်။ နောက်ဦးသန်းထူးဆိုတာလဝကကရယ် လာတာပေါ့။ ၂ ယောက်သူတို့ဘက်က သက်သေအကုန်စစ်ပြီးပြီ။ နောက်တပါတ်ကျော်ရင် အမက လျှောက်လဲချက်တင်ရမယ်။ ၂၇ ရက်နေ့ တင်ရမယ်။ စွဲချက် တင်သင့် မတင်သင့်လျှောက်လဲချက်တင်ရမယ်။ စဆွဲထဲကဟုတ်မှမဟုတ်တာ။ ၅၀၅ နဲ့စွဲခံရတဲ့ သူတွေ အကုန်ထိန်းသိမ်းထားပြီး ဒီစာထုတ်လို့ဆွဲတယ်ဆိုတာ ဟုတ်မှမဟုတ်တာ။ သူတို့ကစာ ထုတ်ချိန် ထိန်းသိမ်းခံနေရပြီ နောက် သူတို့လက်မှတ်တွေလဲမပါဘူး။ ထုတ်ပါတယ်ဆိုတဲ့ သက်သေပြနိုင်တာမဟုတ်ဘူး။ တရားရုံးဘက်ကလည်း သက်သေခံတွေအနေနဲ့လက်ခံပေမယ့်လည်း ဥပဒေအရ ဝင်မဝင်ဖြစ်လာရဦးမှာလေ။ ရုံးလုပ်ငန်းလုပ်လဲ ဘယ်လိုထုတ်လဲသက်သေပြနိုင်ရမယ်။ အဲလိုမပြနိုင်တာမို့ ဒီအမှုက သက်သေမခိုင်ဘဲ ဆွဲထားတာ။"

ပြီးခဲ့တဲ့ ရုံးချိန်းမှာ ပုဒ်မ ၅၀၅ (ခ) ချိုးဖောက်တယ်ဆိုတဲ့ အမှုအတွက် တရားလိုတင်တဲ့ သက်သေအချက်အလက်တွေဟာ လုပ်ထုံး လုပ်နည်းနဲ့ မညီ ဘူးဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေက ပယ်ချခဲ့ပေမဲ့ တရားသူကြီးကလက်မခံပါဘူး။ဒါကြောင့် ဇူလိုင် ၅ ရက်နေ့က ခရိုင်တရားရုံးမှာ အယူခံဝင်ခဲ့ပေမယ့် ခရိုင်ကလည်းလက်မခံဘဲ ပယ်ချလိုက်တာကြောင့် တိုင်းတရားရုံး တင်ပြဖို့ ရှေ့နေတွေဘက်က ပြင်ဆင်နေပါတယ်။ အဂတိလိုက်စားမှုဆိုင်ရာ အမှုတွေအတွက် ပါဝါတင်တဲ့ ဇူလိုင် ၂၂ရက်မှာဘဲ ၅၀၅- ခအမှု၊ဆက်သွယ်ရေးဥပဒေနဲ့ ဆွဲထားတဲ့ အမှုတွေနဲ့ပါတ်သက်လို့ အောက်ရုံးက ဆုံးဖြတ်ချက်ကို ပြင်ဆင်ဖို့ တိုင်းတရားရုံးမှာ အယူခံတင်မယ်လို့ ပြောပါတယ်။ဆက်သွယ်ရေးဥပဒေနဲ့ ဆွဲထားတဲ့ အမှုအတွက်က ပြန်လှန် မေးခွန်းမေးခွင့်မှာ မေးရမယ့် မေးခွန်းတွေကို မေးခွင့်မရဘဲ ကန့်သတ်တာကို မကျေနပ်လို့ တိုင်းတရားရုံးကိုတင်တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေကို စစ်ဆေးနေတဲ့ သီးသန့် တရားခွင်အတွင်း သတ်မှတ်စည်းကမ်းချက်တွေနဲ့ မညီဘဲ လုံခြုံရေးတွေဘက်က ဓါတ်ပုံရိုက်ယူတာ၊ တရားပြိုင်ရှေ့နေတွေရဲ့ အမှုနဲ့ပတ်သတ်လို့ စစ်ဆေးမှုအကျဉ်း ရေးမှတ်တဲ့စာအုပ်စာတမ်းတွေနဲ့ အမှုအခြေအနေ အသေးစိတ်ကို လုံခြုံရေးတွေဘက်က ဖွင့်ဖတ်တာ စတဲ့လုပ်ရပ်တွေ ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကပြောပါတယ်။ ဒါတွေဟာတရားပြိုင်တွေနဲ့ တရားပြိုင်ရှေ့နေတွေရဲ့ ရပိုင်ခွင့်ဆုံးရှုံးစေတဲ့လုပ်ရပ်တွေဖြစ်တာမို့ ရှေ့နေတွေဘက်ကတရားသူကြီးကို တင်ပြ ကန့်ကွက်ခဲ့ရတာမျိုးအထိ ဖြစ်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ချိုးဖောက်မှုနဲ့ အမှု ၄ မှု၊ နိုင်ငံတော်လှို့ဝှက်ချက်ပေါက်ကြားမှု ဥပဒေပုဒ်မ ၃ (၁) (ဂ)၊ ပို့ကုန်သွင်းကုန်ဥပဒပုဒ်မ ၈ ၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ ၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လှုံဆော်မှု လုပ်ဆောင်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ)၊ တို့ အပြင် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ အမှု ၂ ခု၊ စုစုပေါင်း ၁၀ မှုနဲ့ တရားစွဲခံထားရ ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG