သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အဂတိစဲြခ်က္မ်ား ေဒၚေအာင္ဆန္းစုၾကည္ ျငင္းဆန္ခဲ့ - ေရွ႕ေနဦးၾကည္ဝင္း


စစ္အာဏာသိမ္းၿပီးေနာက္ ေနျပည္ေတာ္မွာ ေဒၚေအာင္ဆန္းစုၾကည္ လြတ္ေျမာက္ေရး ေတာင္းဆုိ ဆႏၵျပေနသူမ်ား။ (ေဖေဖာ္ဝါရီ ၁၇၊ ၂၀၂၁)

(Zawgyi / Unicode)

အဂတိလိုက္စားမႈ စဲြခ်က္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ စြပ္စဲြထားသလို အဂတိေငြေတြကို သူ႔အေနနဲ႔ လက္ခံစရာ အေၾကာင္းလည္း မရွိခဲ့သလို ေပးစရာအေၾကာင္းလည္း မရွိဘူးလို႔ ေဒၚေအာင္ဆန္းစုၾကည္က ေရွ႕ေနျဖစ္သူေတြကို ျငင္းဆန္ေျပာဆိုခဲ့ပါတယ္။ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂိၢဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို အဂတိလိုက္စားမႈ ၄ မႈနဲ႔ စစ္ေကာင္စီဘက္က အခုတပတ္မွာ ေနာက္ထပ္ ထပ္ၿပီးေတာ့ တရားစဲြဆုိလိုက္တာပါ။ အခုတပတ္အတြင္း တရား႐ုံးရဲ႕ အမႈသြားအမႈလာ အေျခအေနေတြကိုေတာ့ ကိုရန္ႏုိင္က သုံးသပ္ တင္ျပေပးမွာ ျဖစ္ပါတယ္။

နုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အေပၚ စစ္ေကာင္စီဘက္က တရားစဲြထားတဲ့ အမႈေတြကို ေနျပည္ေတာ္က သီးသန္႔တရား႐ုံးမွာ ၾကားနာစစ္ေဆးေနတာဟာ အခုဆုိရင္ သီတင္းပတ္ ၅ ပတ္ေျမာက္ရွိသြားၿပီ ျဖစ္ပါတယ္။ ဒီတပတ္မွာေတာ့ စစ္ေကာင္စီဘက္က ေဒၚေအာင္ဆန္းစုၾကည္ကို အဂတိလိုက္စားမႈ ၄ မႈနဲ႔ ထပ္ၿပီးေတာ့ တရားစဲြလိုက္ပါတယ္။ အဂတိလိုက္စားမႈနဲ႔ဆုိင္တဲ့ အမႈတဲြစာရြက္စာတမ္းေတြကို မရေသးတဲ့အတြက္ အမႈမွာပါတဲ့ အေၾကာင္းအရာ အခ်က္အလက္ အေသးစိတ္ေတြကို မသိရေသးေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ကိုိယ္က်င့္တရားအေပၚမွာ အျပည့္အဝ ယုံၾကည္တယ္လို႔ သူမရဲ႕ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။

“က်ေနာ္ တေလွ်ာက္လုံး ေျပာခဲ့ပါတယ္၊ ဒီအမႈေတြကို ပထမဆုံး စၿပီးေတာ့ သတင္းစာရွင္းလင္းပဲြမွာ ဦးၿဖိဳးမင္းသိန္းနဲ႔ ေမာင္ဝိတ္နာမည္ ေဖာ္ၿပီးေတာ့ ေျပာကတည္းက စြပ္စဲြကတည္းက ကမာၻကိုေတာင္ က်ေနာ္ေျပာခဲ့ပါတယ္။ အရင္ကတည္းက ေဒၚေအာင္ဆန္းစုၾကည္နဲ႔ က်ေနာ္နဲ႔ ကဲြလဲြမႈေတြရွိတယ္။ ဒါေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္က ဘယ္ေလာက္ပဲ ခ်ိဳ႕ယြင္းခ်က္ရွိတယ္ပဲေျပာေျပာ၊ ခုနကလို လူမ်ိဳးေရးကိစၥမ်ိဳးေတြ ရွိေကာင္းရွိမယ္၊ ေက်ာင္းသားကိစၥမ်ိဳးေတြ ရွိေကာင္းရွိမယ္၊ ဒါေပမယ့္ ကိုယ္က်င့္စာရိတၱ၊ ေနာက္တခါ ကိုယ္က်ိဳးရွာမႈ၊ ကိုယ္က်ိဳးစြန္႔မႈ အဲဒါေတြနဲ႔ ပတ္သက္ရင္ေတာ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ ျမန္မာျပည္မွာ က်ေနာ္ ႏွစ္ေပါင္းမ်ားစြာ ႏုိင္ငံေရးေလ့လာသူအျဖစ္ ရွိခဲ့တဲ့ အေတြ႔အႀကဳံအရ သူဟာ အသန္႔စင္ဆုံးထဲမွာ တေယာက္ပါတယ္လို႔ ယူဆပါတယ္။ အဲဒီေတာ့ အမႈအေၾကာင္းအရာေတြကို ခဏထားလိုက္၊ လူပုဂၢိဳလ္အရကိုပဲ က်ေနာ္က ယုံယုံၾကည္ၾကည္ရွိတယ္။ သူဟာ ဒီဟာေတြကို မက်ဴးလြန္ႏုိင္ဘူးလို႔။ အဲဒါကေတာ့ က်ေနာ့္သေဘာထားပါ။”

ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္က လာဘ္ထိုးတဲ့အေနနဲ႔ေပးတဲ့ အေမရိကန္ေဒၚလာ ၆ သိန္းနဲ႔ အကယ္ဒမီ အေခါက္ေရႊ ၇ ပိႆာကို ေဒၚေအာင္ဆန္းစုၾကည္ လက္ခံယူခဲ့တာအျပင္ ေဒၚေအာင္ဆန္းစုၾကည္ဟာ သူ ဥကၠ႒အျဖစ္ တာဝန္ယူထားတဲ့ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းအတြက္ ရန္ကုန္နဲ႔ ေနျပည္ေတာ္တို႔မွာ ေျမေနရာရယူတာ၊ အေဆာက္အဦးေတြနဲ႔ ပတ္သက္လို႔ ရာထူးအာဏာကို အလြဲသုံးစား လုပ္ခဲ့တာကို အဂတိလိုက္စားမႈ ေကာ္မရွင္က စစ္ေဆးေတြ႔ရွိထားတယ္လို႔ စစ္ေကာင္စီက ၿပီးခဲ့တဲ့ ဇြန္လက ထုတ္ျပန္ထားပါတယ္။ အဂတိလိုက္စားမႈ စြဲခ်က္ေတြနဲ႔ ပတ္သက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ကေရာ ဘယ္လိုမ်ား တုံ႔ျပန္ေျပာဆုိထားတာ ရွိပါသလဲ၊ ဒါနဲ႔ပတ္သက္ၿပီး သူမရဲ႕ေရွ႕ေန ေနာက္တဦးျဖစ္တဲ့ ဦးၾကည္ဝင္းေျပာတာက ...

“အဲဒါကေတာ့ သူကိုယ္တုိင္က ေျပာတာကေတာ့ ၿဖိဳးမင္းသိန္းအေနနဲ႔ကေတာ့ သူ႔ကိုမေပးရဲပါဘူးတဲ့။ ေပးစရာအေၾကာင္းလည္း မရွိဘူးတဲ့။ သူကလည္း ဒီဥစၥာကို လက္ခံစရာအေၾကာင္း မရွိဘူးတဲ့။ သူကိုယ္တုိင္ကလည္း လက္ခံမွာမဟုတ္တာကို ၿဖိဳးမင္းသိန္းလည္း သိမွာပဲတဲ့။ အဲဒီလိုေျပာတယ္။ ျဖစ္ရပ္ေပၚ အေၾကာင္းအရာက သဘာဝမက်ဘူးေပါ့။ ျဖစ္ႏုိင္ေခ်မရွိဘူးေပါ့။ ဒါ ဖန္တီးတဲ့သေဘာမ်ိဳးလို႔ပဲ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ အဲဒီလိုေျပာတယ္။”

ေဒၚေအာင္ဆန္းစုၾကည္ကို အဂတိလိုက္စားမႈနဲ႔ တရားစဲြတာဟာ ပုဂၢိဳလ္ေရး အာဃာတေတြ အၿငိဳးအေတးေတြနဲ႔ သိကၡာခ်ဖို႔အတြက္ လုပ္ေဆာင္တာျဖစ္တယ္လို႔ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းရဲ႕ အမႈေဆာင္ညႊန္ၾကားေရးမွဴး ဦးမိုးေဇာ္ဦး အပါအဝင္ ႏုိင္ငံေရးေလ့လာသူေတြက သုံးသပ္ၾကပါတယ္။

ဒီတပတ္ တရား႐ုံးၾကားနာမႈေတြမွာ ေနာက္ထပ္ ထူးျခားတာကေတာ့ စစ္တပ္က အာဏာသိမ္းၿပီး ျမနန္းဘုံသာလမ္းမွာရွိတ့ဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေနအိမ္ကို ေဖေဖာ္ဝါရီ ၁ ရက္ေန႔က ဝင္ေရာက္စီးနင္းခ်ိန္မွာ ဥပေဒက်င့္ထုံးေတြ၊ လုပ္ထုံးလုပ္နည္းေတြနဲ႔အညီ လုပ္ေဆာင္ခဲ့ျခင္း မရွိတာေတြကို စစ္ေဆးေတြ႔ရွိခဲ့တာပါ။ ပုံမွန္အားျဖင့္ေတာ့ လူတေယာက္ကို ဖမ္းဆီးတဲ့အခ်ိန္မွာ တရား႐ုံးရဲ႕ ဖမ္းဝရမ္း ပါရွိရမွာျဖစ္ေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္ကို ဖမ္းဆီးထိန္းသိမ္းခ်ိန္မွာေတာ့ တရား႐ုံးရဲ႕ဝရမ္း မပါရွိခဲ့သလို ဆက္သြယ္ေရး စက္ပစၥည္းေတြ သိမ္းဆည္းမိတဲ့ အခ်ိန္မွာလည္း ရွာေဖြပုံစံနဲ႔ သိမ္းဆည္းခဲ့တာ မဟုတ္တဲ့အတြက္ ဥပေဒက်င့္ထုံးေတြနဲ႔ မညီဘူးလို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးၾကည္ဝင္းက ေျပာပါတယ္။

“ရာဇဝတ္က်င့္ထုံး ၁၀၂ တုိ႔ ၁၀၃ တုိ႔၊ ရွာေဖြပုံစံနဲ႔ ရွာေဖြပုံ ရွာေဖြနည္း၊ ရွာေဖြေတြ႔ရွိတဲ့ ေနရာမွာပဲ ခ်က္ခ်င္း အဲဒီမွာပဲ သိမ္းရတယ္။ အဲဒီမွာပဲ မ်က္ျမင္သက္ေသေတြရွိရင္ မ်က္ျမင္သက္ေသေတြေရွ႕မွာတင္ ေတြ႔ရွိေၾကာင္းကို အဲဒီမွာတင္ သိမ္းဆည္းရတယ္။ ရာဇဝတ္က်င့္ထုံးနဲ႔ မညီဘူးေပါ့။ လုပ္ထုံးလုပ္နည္းနဲ႔ မညီညြတ္ဘူးေပါ့။ လုပ္ထုံးလုပ္နည္းနဲ႔ မညီလို႔ရွိရင္ ဒီဘက္က သိမ္းဆည္းတဲ့ ပစၥည္းအေပၚမွာ အက်ိဳးသက္ေရာက္မႈ မရွိဘူးေပါ့။ လုပ္ထုံးလုပ္နည္းနဲ႔ မညီလို႔ရွိရင္ အဲဒီလို လုပ္ထုံးလုပ္နည္းနဲ႔ မညီတဲ့ အက်ိဳးဆက္ေတြရဲ႕ ေနာက္ဘက္မွာ အက်ိဳးသက္ေရာက္မႈေတြက ပ်က္ျပယ္တတ္တယ္။”

စစ္ေကာင္စီဘက္ကေတာ့ ဆက္သြယ္ေရး စကားေျပာစက္ေတြ ရွာေဖြေတြ႔ရွိတာကို အေၾကာင္းျပၿပီး ေဒၚေအာင္ဆန္းစုၾကည္ကို တရားစဲြထားေပမယ့္ ဒါေတြဟာ ေဒၚေအာင္ဆန္းစုၾကည္ ေနအိမ္ထဲက ရွာေဖြေတြ႔ရွိတာ မဟုတ္သလို ဒီပစၥည္းေတြဟာ ျပည္ထဲေရးဝန္ႀကီးဌာနက ခန္႔ထားတဲ့ လုံၿခဳံေရးေတြ အသုံးျပဳတဲ့ ပစၥည္းေတြ ျဖစ္ေနတဲ့အတြက္ ဥပေဒေၾကာင္းအရေရာ၊ လုပ္ထုံးလုပ္နည္း အပိုင္းေတြမွာပါ အားနည္းခ်က္ေတြ ရွိတယ္လို႔ သုံးသပ္ရမွာျဖစ္ပါတယ္။ လာမယ့္႐ုံးခ်ိန္းကိုေတာ့ ဇူလိုင္လ ၂၆၊ ၂၇ နဲ႔ ၃၀ ရက္ေန႔ေတြမွာ စစ္ေဆးသြားမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

အဂတိစွဲချက်များ ဒေါ်အောင်ဆန်းစုကြည် ငြင်းဆန်ခဲ့ - ရှေ့နေဦးကြည်ဝင်း

အဂတိလိုက်စားမှု စွဲချက်တွေနဲ့ ပတ်သက်ပြီးတော့ စွပ်စွဲထားသလို အဂတိငွေတွေကို သူ့အနေနဲ့ လက်ခံစရာ အကြောင်းလည်း မရှိခဲ့သလို ပေးစရာအကြောင်းလည်း မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေဖြစ်သူတွေကို ငြင်းဆန်ပြောဆိုခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု ၄ မှုနဲ့ စစ်ကောင်စီဘက်က အခုတပတ်မှာ နောက်ထပ် ထပ်ပြီးတော့ တရားစွဲဆိုလိုက်တာပါ။ အခုတပတ်အတွင်း တရားရုံးရဲ့ အမှုသွားအမှုလာ အခြေအနေတွေကိုတော့ ကိုရန်နိုင်က သုံးသပ် တင်ပြပေးမှာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီဘက်က တရားစွဲထားတဲ့ အမှုတွေကို နေပြည်တော်က သီးသန့်တရားရုံးမှာ ကြားနာစစ်ဆေးနေတာဟာ အခုဆိုရင် သီတင်းပတ် ၅ ပတ်မြောက်ရှိသွားပြီ ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ စစ်ကောင်စီဘက်က ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု ၄ မှုနဲ့ ထပ်ပြီးတော့ တရားစွဲလိုက်ပါတယ်။ အဂတိလိုက်စားမှုနဲ့ဆိုင်တဲ့ အမှုတွဲစာရွက်စာတမ်းတွေကို မရသေးတဲ့အတွက် အမှုမှာပါတဲ့ အကြောင်းအရာ အချက်အလက် အသေးစိတ်တွေကို မသိရသေးပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ကျင့်တရားအပေါ်မှာ အပြည့်အဝ ယုံကြည်တယ်လို့ သူမရဲ့ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

“ကျနော် တလျှောက်လုံး ပြောခဲ့ပါတယ်၊ ဒီအမှုတွေကို ပထမဆုံး စပြီးတော့ သတင်းစာရှင်းလင်းပွဲမှာ ဦးဖြိုးမင်းသိန်းနဲ့ မောင်ဝိတ်နာမည် ဖော်ပြီးတော့ ပြောကတည်းက စွပ်စွဲကတည်းက ကမ္ဘာကိုတောင် ကျနော်ပြောခဲ့ပါတယ်။ အရင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်နဲ့ ကွဲလွဲမှုတွေရှိတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ဘယ်လောက်ပဲ ချို့ယွင်းချက်ရှိတယ်ပဲပြောပြော၊ ခုနကလို လူမျိုးရေးကိစ္စမျိုးတွေ ရှိကောင်းရှိမယ်၊ ကျောင်းသားကိစ္စမျိုးတွေ ရှိကောင်းရှိမယ်၊ ဒါပေမယ့် ကိုယ်ကျင့်စာရိတ္တ၊ နောက်တခါ ကိုယ်ကျိုးရှာမှု၊ ကိုယ်ကျိုးစွန့်မှု အဲဒါတွေနဲ့ ပတ်သက်ရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်မှာ ကျနော် နှစ်ပေါင်းများစွာ နိုင်ငံရေးလေ့လာသူအဖြစ် ရှိခဲ့တဲ့ အတွေ့အကြုံအရ သူဟာ အသန့်စင်ဆုံးထဲမှာ တယောက်ပါတယ်လို့ ယူဆပါတယ်။ အဲဒီတော့ အမှုအကြောင်းအရာတွေကို ခဏထားလိုက်၊ လူပုဂ္ဂိုလ်အရကိုပဲ ကျနော်က ယုံယုံကြည်ကြည်ရှိတယ်။ သူဟာ ဒီဟာတွေကို မကျူးလွန်နိုင်ဘူးလို့။ အဲဒါကတော့ ကျနော့်သဘောထားပါ။”

ရန်ကုန်တိုင်းဝန်ကြီးချုပ်က လာဘ်ထိုးတဲ့အနေနဲ့ပေးတဲ့ အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့ အကယ်ဒမီ အခေါက်ရွှေ ၇ ပိဿာကို ဒေါ်အောင်ဆန်းစုကြည် လက်ခံယူခဲ့တာအပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ရန်ကုန်နဲ့ နေပြည်တော်တို့မှာ မြေနေရာရယူတာ၊ အဆောက်အဦးတွေနဲ့ ပတ်သက်လို့ ရာထူးအာဏာကို အလွဲသုံးစား လုပ်ခဲ့တာကို အဂတိလိုက်စားမှု ကော်မရှင်က စစ်ဆေးတွေ့ရှိထားတယ်လို့ စစ်ကောင်စီက ပြီးခဲ့တဲ့ ဇွန်လက ထုတ်ပြန်ထားပါတယ်။ အဂတိလိုက်စားမှု စွဲချက်တွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကရော ဘယ်လိုများ တုံ့ပြန်ပြောဆိုထားတာ ရှိပါသလဲ၊ ဒါနဲ့ပတ်သက်ပြီး သူမရဲ့ရှေ့နေ နောက်တဦးဖြစ်တဲ့ ဦးကြည်ဝင်းပြောတာက ...

“အဲဒါကတော့ သူကိုယ်တိုင်က ပြောတာကတော့ ဖြိုးမင်းသိန်းအနေနဲ့ကတော့ သူ့ကိုမပေးရဲပါဘူးတဲ့။ ပေးစရာအကြောင်းလည်း မရှိဘူးတဲ့။ သူကလည်း ဒီဥစ္စာကို လက်ခံစရာအကြောင်း မရှိဘူးတဲ့။ သူကိုယ်တိုင်ကလည်း လက်ခံမှာမဟုတ်တာကို ဖြိုးမင်းသိန်းလည်း သိမှာပဲတဲ့။ အဲဒီလိုပြောတယ်။ ဖြစ်ရပ်ပေါ် အကြောင်းအရာက သဘာဝမကျဘူးပေါ့။ ဖြစ်နိုင်ချေမရှိဘူးပေါ့။ ဒါ ဖန်တီးတဲ့သဘောမျိုးလို့ပဲ ဒေါ်အောင်ဆန်းစုကြည်ကတော့ အဲဒီလိုပြောတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုနဲ့ တရားစွဲတာဟာ ပုဂ္ဂိုလ်ရေး အာဃာတတွေ အငြိုးအတေးတွေနဲ့ သိက္ခာချဖို့အတွက် လုပ်ဆောင်တာဖြစ်တယ်လို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးမိုးဇော်ဦး အပါအဝင် နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဒီတပတ် တရားရုံးကြားနာမှုတွေမှာ နောက်ထပ် ထူးခြားတာကတော့ စစ်တပ်က အာဏာသိမ်းပြီး မြနန်းဘုံသာလမ်းမှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ဖေဖော်ဝါရီ ၁ ရက်နေ့က ဝင်ရောက်စီးနင်းချိန်မှာ ဥပဒေကျင့်ထုံးတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လုပ်ဆောင်ခဲ့ခြင်း မရှိတာတွေကို စစ်ဆေးတွေ့ရှိခဲ့တာပါ။ ပုံမှန်အားဖြင့်တော့ လူတယောက်ကို ဖမ်းဆီးတဲ့အချိန်မှာ တရားရုံးရဲ့ ဖမ်းဝရမ်း ပါရှိရမှာဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းချိန်မှာတော့ တရားရုံးရဲ့ဝရမ်း မပါရှိခဲ့သလို ဆက်သွယ်ရေး စက်ပစ္စည်းတွေ သိမ်းဆည်းမိတဲ့ အချိန်မှာလည်း ရှာဖွေပုံစံနဲ့ သိမ်းဆည်းခဲ့တာ မဟုတ်တဲ့အတွက် ဥပဒေကျင့်ထုံးတွေနဲ့ မညီဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။

“ရာဇဝတ်ကျင့်ထုံး ၁၀၂ တို့ ၁၀၃ တို့၊ ရှာဖွေပုံစံနဲ့ ရှာဖွေပုံ ရှာဖွေနည်း၊ ရှာဖွေတွေ့ရှိတဲ့ နေရာမှာပဲ ချက်ချင်း အဲဒီမှာပဲ သိမ်းရတယ်။ အဲဒီမှာပဲ မျက်မြင်သက်သေတွေရှိရင် မျက်မြင်သက်သေတွေရှေ့မှာတင် တွေ့ရှိကြောင်းကို အဲဒီမှာတင် သိမ်းဆည်းရတယ်။ ရာဇဝတ်ကျင့်ထုံးနဲ့ မညီဘူးပေါ့။ လုပ်ထုံးလုပ်နည်းနဲ့ မညီညွတ်ဘူးပေါ့။ လုပ်ထုံးလုပ်နည်းနဲ့ မညီလို့ရှိရင် ဒီဘက်က သိမ်းဆည်းတဲ့ ပစ္စည်းအပေါ်မှာ အကျိုးသက်ရောက်မှု မရှိဘူးပေါ့။ လုပ်ထုံးလုပ်နည်းနဲ့ မညီလို့ရှိရင် အဲဒီလို လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့ အကျိုးဆက်တွေရဲ့ နောက်ဘက်မှာ အကျိုးသက်ရောက်မှုတွေက ပျက်ပြယ်တတ်တယ်။”

စစ်ကောင်စီဘက်ကတော့ ဆက်သွယ်ရေး စကားပြောစက်တွေ ရှာဖွေတွေ့ရှိတာကို အကြောင်းပြပြီး ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားပေမယ့် ဒါတွေဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ထဲက ရှာဖွေတွေ့ရှိတာ မဟုတ်သလို ဒီပစ္စည်းတွေဟာ ပြည်ထဲရေးဝန်ကြီးဌာနက ခန့်ထားတဲ့ လုံခြုံရေးတွေ အသုံးပြုတဲ့ ပစ္စည်းတွေ ဖြစ်နေတဲ့အတွက် ဥပဒေကြောင်းအရရော၊ လုပ်ထုံးလုပ်နည်း အပိုင်းတွေမှာပါ အားနည်းချက်တွေ ရှိတယ်လို့ သုံးသပ်ရမှာဖြစ်ပါတယ်။ လာမယ့်ရုံးချိန်းကိုတော့ ဇူလိုင်လ ၂၆၊ ၂၇ နဲ့ ၃၀ ရက်နေ့တွေမှာ စစ်ဆေးသွားမှာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG