သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TNLA ၊ MNDAA ၊ AA သုံးဖွဲ့နဲ့ ငြိမ်းချမ်းရေး ညီလာခံကော်မတီ တွေ့မည်


နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ။

ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန်လက်ထက်က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် (NCA) မှာ ပါဝင်လက်မှတ် ရေးထိုးခွင့်မပြုခဲ့တဲ့ တအာင်း-ပလောင်(TNLA)၊ ကိုးကန့်(MNDAA)၊ ရခိုင် လက်နက် ကိုင်အဖွဲ့ (AA) တို့ကို NLD အစိုးရသစ် လက်ထက်မှာ ဖွဲ့စည်းလိုက်တဲ့ ၂၁ရာစု ပင်လုံ ညီလာခံ အကြိုပြင် ဆင်ရေး ကော်မတီက တွေ့ဆုံဖို့ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ တပ်မတော်ဘက် ကလည်း သဘောတူတယ် လို့ သမ္မတရုံး ဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြထားပါတယ်။

NLD အစိုးရသစ် လက်ထက် ၂၁ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီအနေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မထိုး ရသေးတဲ့ တအာင်း-ပ လောင် (TNLA)၊ ကိုးကန့် (MNDAA)၊ ရက္ခိုင့်တပ်မတော် (AA)တို့နဲ့ မကြာခင် တွေ့ဆုံညှိနှိုင်းဖို့ရှိပါတယ်။

အစိုးရနဲ့ NCA လက်မှတ်မထိုးရသေးတဲ့ မဟာမိတ်လက်နက်ကိုင်အဖွဲ့ ၃ဖွဲ့ တွေ့ ဆုံဆွေးနွေးမယ့် အပေါ် တပ်မတော်ဘက်ကလည်း သဘောတူ ထားတယ်လို့ သမ္မတရုံး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦး ဇော်ဌေး က ပြောပါတယ်။

" အဲ့သုံးဖွဲ့ကို ဆွေးနွေးရမယ်။ ထိတွေ့ရမယ်။ တွေ့ဆုံရမယ်။ ဆွေးနွေးရမယ်။ အဲ့တာမှ သူတို့ ဘယ်လိုပါလာနိုင်မလဲဆိုတာကို အဖြေရှာလို့ရမယ်။ အဲ့တာကို ဆွေးနွေးရမယ် တွေ့ဆုံရမယ်ဆိုတာကိုလည်း တပ်မတော်က သဘောတူတယ်။ သဘောတူတဲ့အတွက် ကျနော်တို့ ဆပ်ကော်မတီ(၂)မှာ တပ်မတော်က ကိုယ်စားလှယ်တွေ ထည့်ဖွဲ့ထားတယ်။"

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံညှိနှိုင်းဖို့ ဖွဲ့စည်း ထားတဲ့ ၂၁ ရာစု ပင်လုံ အကြို ပြင်ဆင်ရေး ဆပ်ကော်မတီ ၂ မှာ တပ်မတော်ဘက်က ကိုယ်စားလှယ် တွေလည်း ပါဝင်ပြီးသားဖြစ် တယ်လို့ ဦးဇော်ဌေးက ဆက်ပြောပါတယ်။

တပ်မတော်အနေနဲ့ ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရ လက်ထက်မှာတော့ အဲ့ဒီ မဟာမိတ် လက်နက်ကိုင်အဖွဲ့ ၃ဖွဲ့ ကို NCA မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တာလည်းဖြစ်ပါတယ်။

အစိုးရဘက်က ကမ်းလှမ်းမှုကြောင့် မဟာမိတ် လက်နက်ကိုင်သုံးဖွဲ့ နဲ့ ၂၁ရာစု ပင်လုံအကြိုပြင်ဆင်ရေး ကော်မတီနဲ့ မကြာခင်မှာ တွေ့ဆုံဖို့ရှိပြီး အချိန်နဲ့ နေရာ ကိုတော့ အတိအကျ မသတ်မှတ်ရသေးဘူးလို့ တအာင်း-ပလောင်တပ်ဖွဲ့ TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ မိုင်အိုက်ကျော်က ပြောပါတယ်။

" သုံးဖွဲ့လုံးကို ဒီသုံးဖွဲ့စလုံးကို တပြိုင်နက်တည်း တွေ့ဖို့များတယ်။ လူကြီးတွေနဲ့ချိတ်ဆက်ပြီး တွေ့ဖို့ရာတော့ လုပ်နေတယ်။"

တအာင်း-ပလောင် (TNLA)၊ ကိုးကန့် (MNDAA)၊ ရက္ခိုင့်တပ်မတော် (AA)စတဲ့ မဟာမိတ် လက်နက်ကိုင် အဖွဲ့ ၃ဖွဲ့နဲ့ ပတ်သက်လို့ တပ်မတော်ဘက်က သဘောပျော့ပျောင်းလာရင် ငြိမ်းချမ်းရေး ဆွေးနွေး မှုတွေ ပို အဆင်ပြေလာတဲ့ သဘောရှိတယ်လို့ သူက ဆက်ပြောပါတယ်။

" တပ်ဘက် က သဘောတူတယ် ဆိုရင်တော့ ပိုပြီး အဆင်ပြေတာပေါ့။ နဂိုကတည်း က တပ်မတော်ဘက်က သူတို့ပြောတယ်။ ဒီအဖွဲ့တွေက လက်နက် စွန့်ရမယ်။ လက်နက်စွန့်ပြီးမှ ဒီငြိမ်းချမ်းရေး စကားပြောမယ် ဆိုပြီး ပြောထားတာ ရှိတယ်။ အခုလို ခွင့်ပြုတယ်ဆိုရင်တော့ ပိုပြီး အဆင်ပြေတာပေါ့။ ညှိနှိုင်းမှုက ပိုပြီး အဆင်ပြေလာနိုင်တဲ့ အနေအထားရှိတာပေါ့။ "

ပြီးခဲ့တဲ့ ဇွန်လ ၃ရက်နေ့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီ ၂နဲ့ UNFC ကဖွဲ့စည်းထားတဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မကြာခင်မှာ UNFC မှာ မပါဝင်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် - မိုင်းလားအဖွဲ့ NDAA တို့နဲ့လည်းတွေ့ဆုံဖို့ ရှိပါ တယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရ ာစုပင်လုံ အကြိုပြင်ဆင်ရေး ကော် မတီ ဖွဲ့စည်းခဲ့ပြီး NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ညှိနှိုင်းဆွေး နွေးဖို့အပြင် NCA လက်မှတ် မရေးထိုးသေးတဲ့ အဖွဲ့တွေနဲ့ ညှိနှိုင်းဖို့ ဆပ်ကော်မတီ ၂ခုဖွဲ့ပြီး တာဝန် ပေးခဲ့ တာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG