အဂတိမှုထောင်ဒဏ် အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံ လျှောက်လဲခွင့်မပေးပဲ ပယ်ချ
{{Zawgyi/Unicode}}
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုနဲ့ ထောင်ဒါဏ် ၅ နှစ်ချခဲ့တဲ့အပေါ် အယူခံတင်သွင်းခဲ့တာကို တရားရုံးချုပ်က ဗုဒ္ဓဟူးနေ့မှာ ပယ်ချခဲ့ပါ တယ်။
အယူခံနဲ့ ပတ်သက်ပြီး လက်ခံသင့် လက်မခံသင့် လျောက်လဲချက် ပြုလုပ်ခဲ့တာမျိုးမရှိဘဲ၊ အယူခံလက်ခံရရခြင်း တရားရုံးချုပ်က ပယ်ချခဲ့တာပါ။
အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်လာ ၆ သိန်း တန်ဘိုးရှိတဲ့ ရွှေချောင်းတွေ လက်ခံရယူခဲ့တယ်ဆိုတဲ့စွဲချက် အပါအဝင် အဂတိလိုက်စားမှုစွဲချက် ၁၁ ခုနဲ့အပြစ်ရှိတယ်ဆိုကာ ပြီးခဲ့တဲ့ အပတ်ထဲက ထောင်ဒါဏ် ၅ နှစ်ချမှတ်ခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကတော့ စွဲဆိုချက်တွေဟာ မှန်ကန်မှုမရှိဘူးလို့ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေး အန္တရယ် စီမံရေးဥပဒေ၊ ဒါ့အပြင် ဆက်သွယ်ရေးပုဒ်မတွေ အပါအဝင် အခြားစွဲချက်တွေနဲ့ ထောင်ဒါဏ် ၆ နှစ်ချထားပြီးဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက်မျိုးစုံနဲ့ စွဲဆိုထားပြီး၊ စွဲချက်အားလုံး အပြစ်ရှိတယ်ဆိုရင် ထောင်ဒါဏ်စုစုပေါင်း နှစ်ပေါင်း ၁၅၀ လောက်ကျခံရနိုင်ပါတယ်။
.........................................
{{Zawgyi/Unicode}}