သုံးရလွယ်ကူစေသည့် Link များ
site logo
နောက်ဆုံးရသတင်း
{{Zawgyi/Unicode}}
...............................................
တိုက်ရိုက် လင့်ခ်
ဖမ်းဆီးခံ Dawei Watch သတင်းဌာန ဝန်ထမ်း ၃ ဦး ပြန်လည်လွတ်မြောက်
{{Zawgyi/Unicode}}
စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ ဝန်ထမ်း ၃ ဦး အင်္ဂါနေ့က ပြန်လွတ်လာကြောင်း Dawei Watch သတင်းဌာနက ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ပြောဆိုထားပါတယ်။
Dawei Watch သတင်းဌာနက သတင်းထောက်တွေဖြစ်ကြတဲ့ ကိုဇော်နဲ့ မမိုးမြင့်၊ နောက် ဒီဇိုင်နာ ကိုသားကြီးတို့ကိုတနသာၤရီတိုင်း ထားဝယ်မြို့တွင်း နေရာအသီးသီးကနေ ဇန်နဝါရီလ ၁၈ ရက်နေ့ ည သန်းခေါင် အချိန်မှာ ဖမ်းဆီးသွားတာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အဖမ်းခံရစဉ်အတွင်း ကူညီပေးခဲ့သူ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း Dawei Watch က ပြောဆိုထားပါတယ်။
ဒါပေမယ့် သူတို့ကို ဘာကြောင့် ဖမ်းဆီးရသလဲ ဆိုတာနဲ့ ဘာကြောင့် ပြန်လွှတ်ပေးခဲ့သလဲ ဆိုတာကိုတော့ ဖော်ပြမထားပါဘူး။ သူတို့ သုံးယောက်လုံးကိုတော့ စွဲချက်တင်ထားတာ မရှိကြောင်း သတင်းဌာနရဲ့ အယ်ဒီတာတဦးက AFP သတင်းအေဂျင်စီကို ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း သတင်းဌာနတွေကို ထုတ်ဝေခွင့် လိုင်စင် ရုပ်သိမ်း၊ သတင်းထောက်တွေကို ဖမ်းဆီးခဲ့တာပါ။
XS
SM
MD
LG