သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ထားဝယ္အေျခစိုက္ သတင္းသမား ၃ ဦး စစ္ေကာင္စီဖမ္းဆီး


Hong Kong

ထားဝယ္အေျခစိုက္ သတင္းသမား ၃ ဦး စစ္ေကာင္စီဖမ္းဆီး

{{Zawgyi/Unicode}}

တနသၤာရီတိုင္း၊ ထားဝယ္အေျခစိုက္ Dawei Watch သတင္းဌာနက သတင္းေထာက္ႏွစ္ဦး ျဖစ္တဲ့ ကိုေဇာ္နဲ႔ မမိုးျမင့္ တို႔နဲ႔အတူ ရံုးဝန္ထမ္း ကိုသားႀကီးတုိ႔ ၃ ဦးကို ဇန္နဝါရီလ ၁၈ ရက္ေန႔ ည သန္းေကာင္ယံအခ်ိန္မွာ စစ္ေကာင္စီက ဖမ္းဆီးသြား ခဲ့ပါတယ္။

ညသန္းေကာင္ယံမွာ လာေရာက္ဖမ္းဆီးခဲ့တာျဖစ္ၿပီး ဘာေၾကာင့္ဖမ္းဆီးတယ္၊ ဘယ္ကို ေခၚသြားမယ္ဆိုတာ ဘာမွမသိရတဲ့အတြက္ စိုးရိမ္ေနၾကခ်ိန္မွာပဲအဖမ္းဆီးခံခဲ့ရသူ ၃ ေယာက္စလံုး အခု ထားဝယ္ရဲစခန္းတခုမွာ ေရာက္ေနတာ ေတြ႔ရတယ္လို႔Dawei Watch သတင္းဌာန တာဝန္ရွိသူတဦးက ေျပာပါတယ္။

“ ဒီေန႔ ညေနအထိက ထားဝယ္ၿမိဳ႕ေပၚက ရဲစခန္းတခုမွာ သံုးေယာက္စလံုးရွိေနတယ္ခင္ဗ်ာ၊ မိသားစုဝင္ေတြကေတာ့ အစားအစာေတြ လိုအပ္တဲ့ေဆး အကၤ် ီအဝတ္အစားေတြ ပုိ႔ခြင့္ရတယ္ဗ်ာ၊ အဲေလာက္ပဲ အဲေလာက္ရွိေသးတယ္။ က်ေနာ္တို႔ ဘာဆက္ျဖစ္မယ္ဆိုတာေတာ့ မသိေသးဘူး၊ ထိုင္ၿပီးစကားေျပာခြင့္ေတာ့ မရဘူး ။ အစားအေသာက္ေတြပို႔တာ ၿပီးရင္ ျမင္ရတာေတာ့ ရွိတယ္။ အခန္းထဲမွာ ရွိေနတယ္။ အရုိက္ခံထားရတာေတာ့မရွိဘူး။ ေကာင္းေကာင္းမြန္မြန္ လန္းလန္းဆန္းဆန္းပါပဲ။”

သူတုိ႔ရဲ့ သတင္းေထာက္ေတြဟာ သူတုိ႔အလုပ္သာ သူတို႔လုပ္ကိုင္ေနတာျဖစ္ၿပီး အဖမ္းခံရသူေတြ မတရား အႏွိပ္စက္ခံရမွာ မလိုလားအပ္တဲ့ ပုဒ္မေတြတပ္ၿပီး အေရးယူခံရမွာေတြကို စိုးရိမ္တယ္လို႔လည္း ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း သတင္းေထာက္ ၁၀၀ေက်ာ္အထိ ဖမ္းဆီးခံခဲ့ရၿပီး အဲဒီထဲကတခ်ိဳ႕ကို ျပန္လြတ္ေပးခဲ့တာရွိသလို ၊ လက္ရွိအခ်ိန္ထိေတာ့ သတင္းေထာက္ ၄၀ေက်ာ္ ဖမ္းဆီးထိမ္းသိမ္းထားဆဲရွိပါတယ္။ ၂၀၂၁ခုႏွစ္ ဒီဇင္ဘာလ ၁၀ ရက္ေန႔ကလည္း အလြတ္တန္းဓာတ္ပုံ သတင္းေထာက္တဦး၊ စစ္ေကာင္စီရဲ႕ ဖမ္းဆီးတာခံရၿပီး ၃ ရက္အၾကာမွာ စစ္ေၾကာေရးအတြင္း ေသဆုံးသြားခဲ့ပါတယ္။

...............................................................

တိုက္႐ိုက္ လင့္ခ္


ထားဝယ်အခြေစိုက် သတင်းသမား ၃ ဦး စစ်ကောင်စီဖမ်းဆီး

{{Unicode}}

တနင်္သာရီတိုင်း၊ ထားဝယ်အခြေစိုက် Dawei Watch သတင်းဌာနက သတင်းထောက်နှစ်ဦး ဖြစ်တဲ့ ကိုဇော်နဲ့ မမိုးမြင့် တို့နဲ့အတူ ရုံးဝန်ထမ်း ကိုသားကြီးတို့ ၃ ဦးကို ဇန်နဝါရီလ ၁၈ ရက်နေ့ ည သန်းကောင်ယံအချိန်မှာ စစ်ကောင်စီက ဖမ်းဆီးသွား ခဲ့ပါတယ်။

ညသန်းကောင်ယံမှာ လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဘာကြောင့်ဖမ်းဆီးတယ်၊ ဘယ်ကို ခေါ်သွားမယ်ဆိုတာ ဘာမှမသိရတဲ့အတွက် စိုးရိမ်နေကြချိန်မှာပဲ အဖမ်းဆီးခံခဲ့ရသူ ၃ ယောက်စလုံး အခု ထားဝယ်ရဲစခန်းတခုမှာ ရောက်နေတာ တွေ့ရတယ်လို့ Dawei Watch သတင်းဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

“ ဒီနေ့ ညနေအထိက ထားဝယ်မြို့ပေါ်က ရဲစခန်းတခုမှာ သုံးယောက်စလုံးရှိနေတယ်ခင်ဗျာ၊ မိသားစုဝင်တွေကတော့ အစားအစာတွေ လိုအပ်တဲ့ဆေး အင်္ကျ ီအဝတ်အစားတွေ ပို့ခွင့်ရတယ်ဗျာ၊ အဲလောက်ပဲ အဲလောက်ရှိသေးတယ်။ ကျနော်တို့ ဘာဆက်ဖြစ်မယ်ဆိုတာတော့ မသိသေးဘူး၊ ထိုင်ပြီးစကားပြောခွင့်တော့ မရဘူး ။ အစားအသောက်တွေပို့တာ ပြီးရင် မြင်ရတာတော့ ရှိတယ်။ အခန်းထဲမှာ ရှိနေတယ်။ အရိုက်ခံထားရတာတော့မရှိဘူး။ ကောင်းကောင်းမွန်မွန် လန်းလန်းဆန်းဆန်းပါပဲ။”

သူတို့ရဲ့ သတင်းထောက်တွေဟာ သူတို့အလုပ်သာ သူတို့လုပ်ကိုင်နေတာဖြစ်ပြီး အဖမ်းခံရသူတွေ မတရား အနှိပ်စက်ခံရမှာ မလိုလားအပ်တဲ့ ပုဒ်မတွေတပ်ပြီး အရေးယူခံရမှာတွေကို စိုးရိမ်တယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက် ၁၀၀ကျော်အထိ ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက တချို့ကို ပြန်လွတ်ပေးခဲ့တာရှိသလို ၊ လက်ရှိအချိန်ထိတော့ သတင်းထောက် ၄၀ကျော် ဖမ်းဆီးထိမ်းသိမ်းထားဆဲရှိပါတယ်။ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း အလွတ်တန်းဓာတ်ပုံ သတင်းထောက်တဦး၊ စစ်ကောင်စီရဲ့ ဖမ်းဆီးတာခံရပြီး ၃ ရက်အကြာမှာ စစ်ကြောရေးအတွင်း သေဆုံးသွားခဲ့ပါတယ်။

XS
SM
MD
LG