သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထားဝယ်မြို့အခြေစိုက် သတင်းသမားနှစ်ဦးဖမ်းဆီးခံရ


မြန်မာ့သတင်းလွတ်လပ်ခွင့် (ဓာတ်ပုံ - Reuters)
မြန်မာ့သတင်းလွတ်လပ်ခွင့် (ဓာတ်ပုံ - Reuters)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ အခြေစိုက် Dawei Watch သတင်းဌာနာက သတင်း ထောက် နှစ်ဦးအပါအဝင် ရုံးဝန်ထမ်းတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်း ထောက်တွေ စစ်ကြောရေးအတွင်း သေဆုံးတာတွေ ထောင်ချခံရတာတွေရှိတာကြောင့် အခုဖမ်းခံရသူတွေအတွက် စိုးရိမ်မိတယ်လို့ Dawei Watchတာဝန့်ရှိသူ က ပြောပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်အခြေစိုက် Dawei Watch သတင်းဌာနက သတင်း ထောက် နှစ်ဦး အပါအဝင် ရုံးဝန်ထမ်းတစ်ဦးကို မနေ့က ညသန်းခါင်အချိန် စစ်ကောင်စီကလာရောက် ဖမ်းဆီး သွားတယ်လို့ Dawei Watch သတင်း ဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

“ သတင်းထောက်နှစ်ယောက်ပေါ့လေ ကိုဇော်ရယ် မမိုးမြင့်ရယ်၊ နောက် ရုံးဝန်ထမ်း ကိုသားကြီးဆိုတော့ သုံးယောက်ပေါ့လေ၊ သူတို့ရှိနေတဲ့ နေရာတွေကို လာဖမ်းသွားတယ်၊ ၁၂နာရီနဲ့ ၂ နာရီကြားလောက်၊မှာ တစ်ယောက် တစ်ယောက်စီ လာဖမ်းသွားတာ၊ သူတို့အားလုံးက မြို့ပေါ်မှာပဲ၊ သုံးယောက်လုံး ဖမ်းတာက မတူဘူးဗျာ၊ တစ်ချို့လူတွေ ဖမ်းတာကတော့ စစ်တပ်က ၊တစ်ချို့နေရာတွေမှာ ကျတော့ အရပ်ဝတ်နဲ့ လာဖမ်းသွားတာဟုတ်။”

လက်ရှိအချိန်ထိ ဖမ်းသွားတဲ့ သတင်းထောက်တွေကို ဘယ်မှာထားလဲဆိုတာ အဆက်အသွယ်မရသေးဘူးလို့သိရပါတယ်။ သူတို့တွေဟာ သတင်းလုပ်ငန်းကိုသာ လုပ်နေသူတွေသာဖြစ်တယ်လို့လည်း Dawei Watch သတင်းဌာန တာဝန်ရှိသူက ပြောပါတယ်။

“ အဓိကတော့ ကျနော်တို့ သတင်းထောက်တွေ အားလုံးက ပြည်သူတွေ သတင်းသိပိုင်ခွင့်နဲ့ မြေပြင်မှာ တကယ်ဖြစ်နေတဲ့ ဟာကို Reportလုပ်ရတာပေါ့နော်၊ သတင်းတင်ဆက်ရတာပေါ့၊ အဲဒီအတွက် ဖမ်းတယ်ဆီးတယ်ဆိုတာကတော့ တော်တော်ကြီး ရုပ်ဆိုးတယ်၊ လိုအပ်လို့ ခေါ်မေးတယ်ဆိုရင်လည်း အေးအေးဆေးဆေးစကား ပြောပေါ့ ခေါ်မေးလို့ရတယ်။ ကျနော်တို့က ကိစ္စမရှိဘူး၊ ဒါမျိုးက ညည့်နက်သန်းခေါင် လာဖမ်းတယ်ဆိုတာ နည်းနည်း အရုပ်ဆိုးတယ်၊ ကျနော်ဆိုရင် သတင်းထောက်လုပ်တာဆယ်နှစ်ပြည့်တော့မှာပေါ့နော်၊ ဆယ်နှစ်ထဲမှာ ကိုယ့်အလုပ်ကို ကိုယ်ပဲ တစိုက်မတ်မတ် professional ကျကျလုပ် လာ တာဖြစ်တယ်၊ ဆိုတော့ ကျနော်တို့ သတင်းထောက်တွေကို ရုပ်ဆိုးတဲ့ အလုပ်ဖြစ်တယ်။ ချက်ချင်းလွှတ်ပေးဖို့ ကျနော်တောင်းဆိုချင်ပါတယ်”

သတင်းသမားတွေကို ဖမ်းဆီးတယ်ဆိုတဲ့ကိစ္စမှာ သတင်းအလုပ်ကိုပဲ လုပ်တာမဟုတ်ပဲ အခြားလုပ်ရပ်တွေနဲ့ နိုင်ငံရေးမှာပါဝင်ပတ်သက်မှုတွေကြောင့်သာ ဖမ်းဆီးတာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA ကို ပြောခဲ့ဖူးပါတယ်။ Dawei Watch တာဝန်ရှိသူကတော့ အခုဖမ်းခံရသူတွေကို မတရားပုဒ်မှုတွေနဲ့ စွဲဆိုထောင်ချမှာ စိုးရိမ်တယ်လို့ဆိုပါတယ်။

“ ကျနော်တို့ သတင်းထောက်တွေကလည်း မဟုတ်တာ လုပ်ထားတာမရှိပါဘူး။ သူ့အလုပ်ပဲ သူလုပ်ကြတာလေ၊ သိတဲ့အတိုင်းပဲ အားလုံးက သတင်းမှာပါတာပဲ၊ သတင်းမှာပါတဲ့ ဟာပဲ သူတို့ကလုပ်တာကို စိုးရိမ်တာကတော့ ရိုက်နက်ထုထောင်းပြီးတော့ နှိပ်စက်တာ၊ တစ်ချို့ ဆိုရင် ဆုံးပါးသွားတဲ့ အထိဖြစ်သွားတယ်လေ၊ အဲတာပဲ ကျနော်တို့ စိုးရိမ်မှုရှိတယ်၊ နောက်ပြီး တော့ မလိုလားအပ်တဲ့ ပုဒ်မတပ်ပြီးတော့ အရေးယူခံရမှာကိုလည်း စိုးရိမ်တယ်”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက် ၁၀၀ကျော်အထိ ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက တချို့ကို ပြန်လွတ်ပေးခဲ့တာရှိသလို၊ လက်ရှိအချိန်ထိတော့ သတင်းထောက် ၄၀ကျော် ဖမ်းဆီးထိမ်းသိမ်းထားဆဲရှိပါတယ်။ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း အလွတ်တန်းဓာတ်ပုံ သတင်းထောက်တဦး၊ စစ်ကောင်စီရဲ့ ဖမ်းဆီးတာခံရပြီး ၃ ရက်အကြာမှာ စစ်ကြောရေးအတွင်း သေဆုံးသွားခဲ့ပါတယ်။

.....................................................................................................


(Unicode)









XS
SM
MD
LG