သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီအေပၚ ပိတ္ဆို႔ဒဏ္ခတ္မႈေတြ တိုးျမႇင့္ဖို႔ RSF ေတာင္းဆို 


စစ္ေကာင္စီတပ္ဖြဲ႔ေတြရဲ႕ ထုိးစစ္ေၾကာင့္ လက္နက္ႀကီး က်ည္စ ဦးေခါင္းထိမွန္ ေသဆုံးခဲ့သည့္ သတင္းေထာက္ စိုင္းဝင္းေအာင္ ( ဓါတ္ပုံ ။ RSF Twitter)

စစ္ေကာင္စီအေပၚ ပိတ္ဆို႔ဒဏ္ခတ္မႈေတြ တိုးျမႇင့္ဖို႔ RSF ေတာင္းဆို

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ လက္နက္ကိုင္ ပဋိပကၡေတြေၾကာင့္ ထြက္ေျပးေနရတဲ့ ဒုကၡသည္ေတြအေရး သတင္းယူေနတဲ့ တိုင္းရင္းသား သတင္းသမားတဦး မၾကာေသးခင္တုန္းက စစ္တပ္ရဲ႕ ထိုးစစ္အတြင္း ေသဆုံးခဲ့ရေၾကာင္း ျပင္သစ္ႏိုင္ငံ အေျခစိုက္ နယ္စည္းမျခားသတင္းသမားမ်ားအဖဲြ႕ (RSF) က သတင္းထုတ္ျပန္လိုက္ပါတယ္။

အရပ္သားေတြ ထိခိုက္ေသဆုံးမႈေတြအတြက္ တာ၀န္ရွိတဲ့ စစ္အာဏာပိုင္ေတြအေပၚ ႏိုင္ငံတကာက အေရးယူ ဒဏ္ခတ္မႈေတြ တိုးျမႇင့္ဖို႔လည္း တိုက္တြန္းထားတာပါ။

ျမ၀တီခ႐ိုင္၊ ေလးေက့ေကာ္ ေဒသမွာ လက္နက္ကိုင္ အင္အားစုေတြအေပၚ ပစ္မွတ္ထား ထိုးစစ္ဆင္ေနတဲ့ စစ္တပ္ရဲ႕ လက္နက္ႀကီးက်ည္စ ဦးေခါင္းကို ထိမွန္ၿပီး ၿပီးခဲ့တဲ့ စေနေန႔မွာပဲ ဖယ္ဒရယ္သတင္း ဂ်ာနယ္ အယ္ဒီတာ စိုင္း၀င္းေအာင္ ေသဆုံးခဲ့တာလို႔လည္း အဂၤါေန႔က ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း လူထုအေပၚ စစ္တပ္ရဲ႕ ထိတ္လန္႔တုန္လႈပ္ဖြယ္ရာ လုပ္ရပ္ေတြကို ေဖာ္ထုတ္ႏိုင္ဖို႔ ႀကိဳးစားရင္း သတင္းသမား စိုင္း၀င္းေအာင္ အသက္ေပးခဲ့ရတာဟာ အခ်ီးအႏွီးမျဖစ္သင့္ပဲ စစ္အာဏာပိုင္ေတြရဲ႕ ရက္စက္တဲ့ လုပ္ရပ္ေတြ အဆုံးသတ္ႏိုင္ေအာင္ ႏိုင္ငံတကာ အသိုင္းအ၀န္းက ဖိအားေပးဖို႔လည္း RSF အဖဲြ႕ရဲ႕ အာရွ၊ ပစိဖိတ္ေရးရာ တာ၀န္ခံ Daniel Bastard ကတိုက္တြန္းခဲ့တာပါ။

ဒါဟာ သီတင္း ၂ ပတ္ မျပည့္ခင္မွာပဲ သတင္းသမား ၂ ဦး စစ္အာဏာပိုင္ေတြ လက္ခ်က္နဲ႔ ေသဆုံးခဲ့ရတာလို႔လည္း ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕မွာ လုံျခံဳေရးတပ္ဖဲြ႕ေတြ ဖမ္းဆီးသြားၿပီးေနာက္ ဒီဇင္ဘာလ ၁၄ ရက္ေန႔မွာပဲ အလြတ္တန္း ဓာတ္ပုံဆရာ ကိုစိုးႏိုင္ ေသဆုံးခဲ့တာပါ။

ကမာၻမွာ သတင္းသမားေတြ ဖမ္းဆီးမႈမွာ ဒုတိယအမ်ားဆုံးျဖစ္တဲ့ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဖမ္းဆီးခံရသူ အမ်ားစု အပါအ၀င္ ထိန္းသိမ္းခံထားရသူ မီဒီယာသမား ၅၇ ေယာက္ထက္မနည္း ရွိတယ္လို႔လည္း RSF ကေျပာပါတယ္။

................................................

တိုက္႐ိုက္ လင့္ခ္

စစ်ကောင်စီအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ တိုးမြှင့်ဖို့ RSF တောင်းဆို

{{Unicode}}
မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေအရေး သတင်းယူနေတဲ့ တိုင်းရင်းသား သတင်းသမားတဦး မကြာသေးခင်တုန်းက စစ်တပ်ရဲ့ ထိုးစစ်အတွင်း သေဆုံးခဲ့ရကြောင်း ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF) က သတင်းထုတ်ပြန်လိုက်ပါတယ်။

အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေအတွက် တာဝန်ရှိတဲ့ စစ်အာဏာပိုင်တွေအပေါ် နိုင်ငံတကာက အရေးယူ ဒဏ်ခတ်မှုတွေ တိုးမြှင့်ဖို့လည်း တိုက်တွန်းထားတာပါ။

မြဝတီခရိုင်၊ လေးကေ့ကော် ဒေသမှာ လက်နက်ကိုင် အင်အားစုတွေအပေါ် ပစ်မှတ်ထား ထိုးစစ်ဆင်နေတဲ့ စစ်တပ်ရဲ့ လက်နက်ကြီးကျည်စ ဦးခေါင်းကို ထိမှန်ပြီး ပြီးခဲ့တဲ့ စနေနေ့မှာပဲ ဖယ်ဒရယ်သတင်း ဂျာနယ် အယ်ဒီတာ စိုင်းဝင်းအောင် သေဆုံးခဲ့တာလို့လည်း အင်္ဂါနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူထုအပေါ် စစ်တပ်ရဲ့ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ လုပ်ရပ်တွေကို ဖော်ထုတ်နိုင်ဖို့ ကြိုးစားရင်း သတင်းသမား စိုင်းဝင်းအောင် အသက်ပေးခဲ့ရတာဟာ အချီးအနှီးမဖြစ်သင့်ပဲ စစ်အာဏာပိုင်တွေရဲ့ ရက်စက်တဲ့ လုပ်ရပ်တွေ အဆုံးသတ်နိုင်အောင် နိုင်ငံတကာ အသိုင်းအဝန်းက ဖိအားပေးဖို့လည်း RSF အဖွဲ့ရဲ့ အာရှ၊ ပစိဖိတ်ရေးရာ တာဝန်ခံ Daniel Bastard ကတိုက်တွန်းခဲ့တာပါ။

ဒါဟာ သီတင်း ၂ ပတ် မပြည့်ခင်မှာပဲ သတင်းသမား ၂ ဦး စစ်အာဏာပိုင်တွေ လက်ချက်နဲ့ သေဆုံးခဲ့ရတာလို့လည်း ပြောပါတယ်။

ရန်ကုန်မြို့မှာ လုံခြုံရေးတပ်ဖွဲ့တွေ ဖမ်းဆီးသွားပြီးနောက် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာပဲ အလွတ်တန်း ဓာတ်ပုံဆရာ ကိုစိုးနိုင် သေဆုံးခဲ့တာပါ။

ကမ္ဘာမှာ သတင်းသမားတွေ ဖမ်းဆီးမှုမှာ ဒုတိယအများဆုံးဖြစ်တဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူ အများစု အပါအဝင် ထိန်းသိမ်းခံထားရသူ မီဒီယာသမား ၅၇ ယောက်ထက်မနည်း ရှိတယ်လို့လည်း RSF ကပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG